KKW Online Shopping

KKW Online Shopping

Share

Healthy

11/10/2022

* ဒါဟာ ဘဝပဲ *

အဝတ်ဗလာနဲ့ လာခဲ့တယ်။
အဝတ်တစ်ထည်, ကိုယ်တစ်ခုနဲ့ပဲ
ပြန်သွားကြရတယ်

ငိုကြွေးပြီး ရောက်လာကြတယ်။
ငိုကြွေးကြပြီး ပြန်သွားရတယ်။

ဥစ္စာဓန ပစ္စည်းတွေ မပါဘဲ လာခဲ့တယ်။
ဥစ္စာဓန ပစ္စည်းတွေ ထားပြီးပဲ ပြန်ရမယ်။

တစ်စုံတစ်ယောက်ကပဲ
ပထမဆုံး ရေချိုးပေးသလို..
တစ်စုံတစ်ယောက်ကပဲ
နောက်ဆုံး ရေချိုးပေးမှာပါပဲ။

ဒါဟာ-ဘဝပဲ

ဘာကြောင့်များ
အငြိုးတေးတွေ၊ မာန်မာနတွေ
အမုန်းတွေ၊ မကျေမချမ်းမှုတွေ၊
လောဘ ဒေါသ မောဟ တွေ
များနေကြရမှာပါလဲ...???

လက်ဗလာချည်း ပြန်ကြပေမယ့်
သူတွေချည်းပါပဲ။

ကြင်နာပါ။
တစ်ဦးနဲ့တစ်ဦး ဖေးမပါ။
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်ရမှာက
အကန့်အသတ်လေးနဲ့မို့...
အချိန်တွေကို တန်ဖိုးထားကြပါ။

တကယ်ဆို-
ဘဝမှာ ကုသိုလ်,အကုသိုလ်ကံကလွဲပြီး
ကိုယ့်နောက်ပါတာ ဘာတစ်ခုမှ မရှိနေပါဘူး။

crd_to_original uploader.

30/09/2022

" စိတ်ဓါတ်ကျတိုင်း အမြဲဖတ်ဖို့ "🌹🌹🌹

ပြုံးပြနိုင်ဖို့ အတွက်
ဝမ်းနည်းခြင်းတွေ ဟန်ဆောင်ခဲ့ရတာလည်း ရှိမယ်။

ခွင့်လွှတ်တတ်ဖို့ အတွက်
သည်းခံစိတ်တွေ မွေးမြူးခဲ့ရတာလည်း ရှိမယ်။

နားလည်းပေးနိုင်ဖို့ အတွက်
ဒေါသတွေ ဖြေလျော့ခဲ့ရတာလည်း ရှိမယ်။

ခံနိုင်ရည်ရှိဖို့ အတွက်
ထိုးနှက်ခဲ့တဲ့ လောကဓံဆိုးတွေကြောင့်
နာကျင်ခဲ့ရတာလည်း ရှိမယ်။

အဆင်ပြေဖို့ အတွက်
ဖြစ်ချင်တာတွေ လက်လျော့ခဲ့ရတာလည်း ရှိမယ်။

ရင်ဆိုင်ရဲဖို့ အတွက်
စိန်ခေါ်နေတဲ့ ပြဿနာတွေရဲ့
လှောင်ပြောင်ခံခဲ့ရတာလည်း ရှိမယ်။

သတိရွိဖို့ အတွက်
ဆုံးရှုံးကြတဲ့ အခွင့်အရေးတွေ
နောက်တစ်ကြိမ် ပြန်မရတော့တာလည်း ရှိမယ်။

အောင်မြင်မှုရဖို့ အတွက်
ကြိုးစားမှုနဲ့အတူ အချိန်တွေ ရင်းနှီးခဲ့ရတာလည်း ရှိမယ်။

နေတတ်ဖို့ အတွက်
ဆန္ဒတွေကို လူသိမခံ မျိုသိပ်ခဲ့ရတာလည်း ရှိမယ်။

စိတ်တည်ငြိမ်ဖို့ အတွက်
ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို
အသိဉာဏ်နဲ့ ချိန်ဆခဲ့ရတာလည်း ရှိမယ်။

ကိုယ် ဒုက္ခရောက်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်
အကူအညီမဲ့နေတဲ့ အခါ၊ အားပေးမယ့်သူ မရွိတဲ့အခါ
ငိုချင်ရင် ငိုချလိုက်ပါ။

ဒါပေမယ့် ငိုပြီးရင်တော့
ပြန်ပြီး နိုးကြားတက်ကြွရမယ်။

ဘာလို့လဲဆိုတော့လဲကျတိုင်းသာ ပြန်မထကြရင်
လူဆိုတာ တွားသွားသတ္တဝါတွေ ဖြစ်သွားမှာမို့လို့ပါ။

🌸🌸🌸🌸🌸

#ဂျူး

22/09/2022

⚜️⚜️⚜️* ဒါဟာ ဘဝပဲ *⚜️⚜️⚜️👇

🔶 အဝတ်ဗလာနဲ့ လာခဲ့တယ်။
အဝတ်တစ်ထည်, ကိုယ်တစ်ခုနဲ့ပဲ
ပြန်သွားကြရတယ်

🔶 ငိုကြွေးပြီး ရောက်လာကြတယ်။
ငိုကြွေးကြပြီး ပြန်သွားရတယ်။

🔶 ဥစ္စာဓန ပစ္စည်းတွေ မပါဘဲ လာခဲ့တယ်။
ဥစ္စာဓန ပစ္စည်းတွေ ထားပြီးပဲ ပြန်ရမယ်။

🔶 တစ်စုံတစ်ယောက်ကပဲ
ပထမဆုံး ရေချိုးပေးသလို..
တစ်စုံ‌တစ်ယောက်ကပဲ
နောက်ဆုံး ရေချိုးပေးမှာပါပဲ။

🔶 ဒါဟာ-ဘဝပဲ

🔶 ဘာကြောင့်များ
အငြိုးတေးတွေ၊ မာန်မာနတွေ
အမုန်းတွေ၊ မကျေမချမ်းမှုတွေ၊
လောဘ ဒေါသ မောဟ တွေ
များနေကြရမှာပါလဲ...???

🔶 လက်ဗလာချည်း ပြန်ကြပေမယ့်
သူတွေချည်းပါပဲ။

🔶 ကြင်နာပါ။
တစ်ဦးနဲ့တစ်ဦး ဖေးမပါ။
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်‌ရမှာက
အကန့်အသတ်လေးနဲ့မို့...
အချိန်တွေကို တန်ဖိုးထားကြပါ။

🔶 တကယ်ဆို-
ဘဝမှာ ကုသိုလ်,အကုသိုလ်ကံကလွဲပြီး
ကိုယ့်နောက်ပါတာ ဘာတစ်ခုမှ မရှိနေပါဘူး။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon