Angsana Beauty
Beauty Product of Myanmar
02/08/2023
မင်္ဂလာပါ အချောလေးတို့ရေ …
မတွေ့ရတာကြာပြီနော် … Admin တို့ အလုပ်ရှုပ်နေလို့ ပို့စ်တွေမတင်ဖြစ်ပေမဲ့ အချောလေးတို့ ချစ်တဲ့ Angsana beauty ကတော့ ပုံမှန်အတိုင်း ဆက်လက်ရောင်းချပေးလျက်ပါ။
ခုဆိုရင်
🌿Angsana Beauty က တစ်နှစ်သားအရွယ်တောင် ရောက်ရှိလာခဲ့ပါပြီ ။ တစ်နှစ်အတွင်း ကုန်ကြမ်းစျေးတွေဗြောင်းဆန်ခဲ့ပေမဲ့ စျေးလုံးဝမတက်ဘဲ ကြ်ုးစားရောင်းချပေးခဲ့ပါတယ် ။
ဒီအတောအတွင်း
Angsana လေးရဲ့
🌼ရိုးသားမှု နဲ့ 🌹အရည်အသွေးကို
အသိအမှတ်ပြုပေးကြလို့ အထူး ကြည်နူးဝမ်းမြောက်ရပါတယ် ။
ဒါကြောင့်လည်း ခုထက်ပိုမိုကောင်းမွန်တဲ့ အရည်အသွေးမြင့် ပစ္စည်းကောင်းတွေ ပေးနိုင်ဖို့ အစဉ်မပြတ် ကြိုးစားနေသလို့ ….
ကျယ်ကျယ်ပြန့်ပြန့် လွယ်ကူစွာ ဝယ်ယူနိုင်ဖို့လည်း အားထုတ်နေပါတယ် ။
Angsana Beauty က
✅KBZPay Partner လည်း ဖြစ်လာခဲ့ပြီမို့
❇️K Pay ကနေလည်း လွယ်ကူစွာ ဝယ်ယူနိုင်ပါပြီ ။
18/08/23 မှ 26/08/23 ထိ 🧧health & Beauty Fair🧧 လေးမှာလည်း ပါဝင်ထားတာကြောင့် kbz market မှာ Angsana Beauty ကိုစောင့်မျှော် အားပေးကြပါဦးနော် ။
သဘာဝ ချစ်မြတ်နိုးသူတိုင်း Everyone ကို ထာဝစဉ် အလေးထားလျက် …
Angsana Beauty
11/05/2023
ရန်ကုန်ကမဟုတ်လို့ ပို့ပေးလားလို့ မေးကြတဲ့သူတွေအတွက်ပါ ။ အဝါရောင် ခြယ်ထားသော မြို့များမှအပ ကျန်မြို့များသို့ နင်ဂျာဗန်နဲ့အတူ စျေးနှုန်းသက်သာစွာ ပို့ဆောင်ပေးပါတယ် ။ စိတ်ချလက်ချဝယ်ယူနိုင်ပါပြီလို့ ။
09/05/2023
ခုလို review လေးတွေရရှိတဲ့အတွက် ကြည်နူးရပါတယ် … ။ ကျေးဇူးအများကြီးတင်ပါတယ်နော် ။
We felt delightful for those feedbacks. Thank you very much 🙏
07/05/2023
အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမေတစ်ခု သမီး တစ်ခု အစီအစဉ်လေးလာပါပြီနော် ။
8/5/23 မှ 14/5/23 ထိ ဝယ်ယူအားပေးနိုင်ပါတယ် ။
(၁) Detox foaming scrub -9000 ကျပ်တန် ၁ဗူး
ဝယ်ယူသူတိုင်အတွက် 30g ပါ Lip scrub -၁ဗူး
(၂) Glow foaming scrub -8000 ကျပ်တန် ၁ဗူး
ဝယ်ယူသူတိုင်အတွက် Gel scrub - ၁ဗူး
(Lavender/ Carrot နှစ်သက်ရာ ရွေးနိုင်ပါတယ်)
(၃) Cactus Soothing Gel - 6000 ကျပ်တန် ၁ထုပ်
ဝယ်ယူသူတိုင်အတွက် ကင်ပွန်းသီးစခရပ်မှုန့် ၁ထုပ်
(၄) Face wash powder - 5500 ကျပ်တန် ၁ဗူး
ဝယ်ယူသူတိုင်အတွက် scrub stone ၁ခု +mini face soap 3ခဲ
(၅) Pumpkin Clay mask set -15000ကျပ်တန် 1set ဝယ်ယူသူတိုင်အတွက်
ကင်ပွန်းသီစခရပ်မှုန့်၁ထုပ်+Lip scrub ၁ဗူး
(၆) Tamarind Soap ၁ခဲ -4500 ကျပ်တန် ၁တုံး
ဝယ်ယူသူတိုင်အတွက်
Mini Clay mask powder+mini Lip Scrub + mini Face Wash Powder+Mini soap
(၇) Coffee Soap ၁ခဲ -4500 ကျပ်တန် ၁တုံး
ဝယ်ယူသူတိုင်အတွက်
Mini Clay mask powder+mini Lip Scrub + mini Face Wash Powder+Mini soap
(၈) Rice Soap ၁ခဲ -4500 ကျပ်တန် ၁တုံး
ဝယ်ယူသူတိုင်အတွက်
Mini Clay mask powder+mini Lip Scrub + mini Face Wash Powder+Mini soap
👉အကျိုးအာနိသင်များနှင့် အသေးစိတ်ကို တစ်ပုံချင်းစီအောက်မှာ လေ့လာနိုင်ပါတယ် ။
🎉အချောလေးတို့တတွေ အမေများနေ့မှာ ကြည်နူးချမ်းမြေ့ခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေ ။ 🎉
Angsana Beauty
#သဘာဝဆပ်ပြာ
05/05/2023
Angsana Beauty မှ အမေများနေ့အတွက် ရည်ရွယ်ပြီး အမေတစ်ခု၊ သမီးတစ်ခု အစီအစဉ်လေးကို မကြာမီ စတင်တော့မှာဖြစ်ပါတယ် ။
💡ဘာပစ္စည်းလေးတွေဝယ်ရင်
💎ဘာလက်ဆောင်ရမလဲ ဆိုတာကို
“7.05.23 -ည 8 နာရီ” မှာ တင်ပေးသွားမှာဖြစ်ပါတယ် ။
အမေတစ်ခု၊ သမီးတစ်ခု လို့ တင်စားထားပေမဲ့
သားတို့လည်းရမှာပါနော် 😍
အမေကို ချစ်တဲ့ သားသမီးတိုင်းအတွက် ရည်ရွယ်ထားတာပါ။
🎁မေမေ့ကို လက်ဆောင်ပေးချင်တဲ့သူတွေရော
🧧ကိုယ့်ကိုယ်ကိုယ် ဆုချချင်သူတွေရော
အချောလေးတို့ အားလုံး ပျော်ဖို့
Promotion ကာလကို
8.05.23 မှ 14..05.23 ထိ တစ်ပတ်တိတိ ပြုလုပ်သွားမှာဖြစ်ပါတယ်ရှင့် ။
ပြည်သူပြည်သားအပေါင်း ချမ်းသာသုခများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည် ။
02/05/2023
ထူးကဲတဲ့ #လိမ္မော်ခွံ
လိမ္မော်ခွံထဲမှာ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ အသားအရေလှပဖို့အတွက် အလွန်ကောင်းမွန်တဲ့ အာဟာရတွေ ကိန်းအောင်းနေပါတယ် ။
Vitamin C / Fiber / Antioxidant နဲ့ အခြားသော အာဟာရဓါတ်များစွာ ပါဝင်ပါတယ် ။
✨Immune system တိုးပွါးစေပြီး
✨အစာချေစနစ်ကို ကောင်းမွန်စေကာ
✨ဝိတ်လည်းကျစေတယ် ။
✨ခံတွင်း သန့်ရှင်းရေးကိုလည်း အထောက်အကူဖြစ်စေတယ် ။
✨အရေပြားမှာ ဖြစ်တတ်တဲ့ ယောင်ယမ်းမှုများကို သက်သာစေနိုင်ပြီး
✨အသားအရေကို သန့်ရှင်းကြည်လင်စေတယ် ။
အလှအပရေးရာအတွက် အလွန် အာနိသင်ရှိတဲ့ သဘာဝရဲ့ လက်ဆောင်လေးပါ ။ လိမ္မော်ခွံဟာ
🍊သဘာဝကော်လာဂျင်ဖြစ်ပြီး ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးပါတယ် ။
🍊 vitaminC ပါဝင်လို့ အသားအရေကို လင်းလက် ချောမွတ်စေပါတယ် ။
🍊 ဆားဝက်ခြံနဲ့ ဝက်ခြံကြောင့်ဖြစ်တတ်တဲ့အမာရွတ်တွေကို လျော့ပါးစေပါတယ် ။
🍊 အဆီပြန်ခြင်းကိုသက်သာစေပါတယ် ။
🍊 အမည်းစက်တွေကိုလည်း လျော့ပါးစေပါတယ် ။
Angsana Beauty အနေနဲ့ သည်လို အာနိသင်ထူးကဲတဲ့ လိမ္မော်ခွံကို #ကော်ဖီလိမ္မော် သဘာဝဆပ်ပြာအဖြစ် ထုတ်လုပ်ပေးထားပါတယ်နော် ။
#သဘာဝဆပ်ပြာ
01/05/2023
အချောလေးတို့ရေ ….
ပျော်စရာတွေနဲ့ မေလကို ကြိုဆိုကြပါစို့ ။
မေလဟာ Angsana Beauty က Founder နှစ်ယောက်ရဲ့ မွေးလလည်း ဖြစ်တဲ့အပြင်
အမေများနေ့လည်း ရှိတာကြောင့် စိတ်ဝင်စားစရာ Promotion လေးလုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်နော် ။
🔎ဘယ်လို အစီအစဉ်လေးတွေလဲ?
🔎ဘယ်နေ့တွေမှာလုပ်မလဲ ?
ဆိုတာ မကြာခင်မှာ အသိပေးပါ့မယ်နော် ။
စောင့်မျှော် အားပေးကြပါဦး လို့ 💕
30/04/2023
Angsana Beauty က ထုတ်လုပ်တဲ့ Natural Skincare Porducts တွေထဲမှာ
ကာစတန်မာတွေက ရွေးချယ်ခဲ့ကြတဲ့ ရောင်းအားအကောင်းဆုံး ပစ္စည်းသုံးမျိုးကို ဖော်ပြလိုက်ပါတယ်ရှင် ။
1. Cactus Soothing Gel
2. Facewash Powder
3. မန်ကျည်းသစ်ကြား သဘာဝဆပ်ပြာ
တို့ပဲ ဖြစ်ပါတယ် ။
ဘာကြောင့် ဒီပစ္စည်းလေးတွေကို ရွေးချယ် ဖြစ်ခဲ့သလဲ ???
အမည်းစက်တွေ လျော့ပါးလာပြီး အသားအရေကို သိသိသာသာ ကြည်လင်ဝင်းပလာစေလို့ပါ …တဲ့ ။
သဘာဝပစ္စည်းတွေရဲ့ အစွမ်းအာနိသင်တွေကို ယံုကြည်ပေးကြလို့ အထူးပင်ကျေးဇူးတင်ရပါတယ် ။
နောက်နောင်များမှာလည်း ဆက်ပြီးတော့ အားပေးကြပါဦးနော် ❤️
#သဘာဝဆပ်ပြာ #မန်ကျည်းဆပ်ပြာ #မျက်နှာသစ်ပေါင်ဒါမှုန့်
29/04/2023
🌞 ပူတယ်လို့ပဲ ညည်းနေတော့မှာလား …. ။
ဒီရက်ပိုင်း အပူချိန်က အရမ်းမြင့်နေတဲ့အပြင် မီးကလည်း မမှန်တော့ စိတ်တွေ ညစ်ညူးနေကြပြီပေါ့ ။
ခရမ်းလွန်ရောင်ခြည်က ဘယ်လောက်ပြင်းလဲဆို အိမ်ထဲမှာနေတာတောင် အသားတွေပူစပ်စပ်နဲ့ နေလို့မကောင်းတော့ဘူး ။ အသားအရေတွေ ပျက်စီးနေပြီလို့ ခံစားနေရတယ် ။
ရာသီဥတုကတော့ ပူစရာရှိတာ ပူမှာပဲလေ ။
မိုးမလာ၊ မီးမလာတဲ့ ဘဝကြီးမှာ
ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာဖြစ်အောင် နေထိုင်ဖို့ မိမိကိုယ်တိုင် နည်းလမ်းရှာကြံရတော့တာပဲ ။
📍အသားအရေ နီမြန်းခြင်း၊
📍နေလောင်ခြင်း၊
📍ယားယံခြင်း၊
တို့ကို သက်သာစေပြီး
❤️🩹အသားအရေပျက်စီးခြင်းကို လျှင်မြန်စွာ ကုစားပေးနိုင်ကာ
☘️အေးမြတဲ့ ထိတွေ့မှုခံစားချက်လေး ရရှိနိုင်တဲ့
Angsana Beauty ရဲ့
🌵 Cactus Soothing Gel လေးနဲ့
အပူဒဏ်ကို အံတုဖို့ မိမိကိုယ်မိမိ နှစ်သိမ့်ပေးကြစို့ 😍
#အပူဒဏ်ကာကွယ်ခြင်း
#နေလောင်ခြင်း
#အသားနီမြန်းခြင်း
17/04/2023
09/04/2023
အချောလေးတို့ရေ …. မင်္ဂလာပါနော် ။
မအားလပ်လို့ ပို့စ်တွေမတင်နိုင်ပေမဲ့ Angsana Beauty Products လေးတွေကို ပုံမှန်အတိုင်းရောင်းချပေးလျှက်ပါ။ ခုတော့ ပိတောက်တွေ ကမယ့်အချိန်ရောက်လာလို့ ၁၂.၄.၂၃ မှ ၁၇.၄.၂၃ အတွင်း ပို့ဆောင်ရေး delivery service များရပ်နားမှာ ဖြစ်တဲ့အတွက် ပစ္စည်းလေးတွေ မှာလိုတယ်ဆိုရင် ရန်ကုန်/မန္တလေး မြို့များမှ အချောလေးတို့က ၁၂ရက်နေ့မတိုင်မီ (၁၁.၄.၂၃ ထိ) မှာယူနိုင်ပါတယ်နော် ။
၁၈.၀၄.၂၃ မှာတော့ ပုံမှန် အတိုင်းဆက်လက်ရောင်းချပေးသွားမှာဖြစ်ပါတယ် ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon