HWSM Management & Digital marketing institute/Group

HWSM Management & Digital marketing institute/Group

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HWSM Management & Digital marketing institute/Group, Health/Beauty, Yangon.

09/05/2025

ဒီဘုန်းကြီးကိုယ်တိုင်ဘဲ တရားအားထုတ်ခါစက ဆယ်မိနစ်နဲ့ စတာပါ...နဲတယ် မထင်ပါနဲ့

တစ်မိနစ်ဆိုရင် အသက်ရှူတဲ့အကြိမ်ဟာ ဆယ့်ငါးကြိမ်လောက်ရှိမယ်။

အဲဒီ ဆယ့်ငါးကြိမ်လောက်ကိုပဲ
သတိကို သေသေချာချာ ကပ်ပြီး
မပြတ်အောင် တစ်စပ်တည်း သတိကို
ကပ်နေမယ်ဆိုရင် တော်တော် ရနေပြီ။

တော်တော် အကျိုးများနေပြီလို့ ဆိုရမှာနော်။ သေသေချာချာ အာရုံစိုက်ပြီး
ဆက်စပ်နေအောင် လုပ်ကြည့်။

တစ်မိနစ်လောက် ရနိုင်တယ်ဆိုရင်ပဲ
စိတ်ကလေး တစ်မျိုးတည်ငြိမ်အေးဆေးပြီး တစ်မျိုး ချမ်းသာမယ်။

အလေ့အကျင့် များများရလာတဲ့သူဆိုရင် စိတ်သောက ဖြစ်စရာတစ်ခုခု စဉ်းစားမိတာနဲ့ တစ်ပြိုင်နက် အော် စိတ်သောက ဖြစ်စရာ စဉ်းစားမိပြီကိုး”လို့ သိတာနဲ့ တစ်ပြိုင်နက် သိပြီး ချက်ချင်းပဲ အာနာပါနမှာ စိတ်ကို ပြန်ထားလိုက်ရင် ချက်ချင်း စိတ်ကလေးက ငြိမ်ပြီး ကျလာတယ်။

အကယ်၍များ ငါးမိနစ်လောက်
တစ်စပ်တည်း ရမယ်ဆိုရင်
ဘယ်လောက် အကျိုးများမလဲ။

စဉ်းစားကြည့်နော်။ ဒါကြောင့် နဲတယ် မထင်ပါနဲ့။ ရသလောက် ယူကြည့်ပါ။

ဒီဘုန်းကြီးကိုယ်တိုင်ပဲ တရားအားထုတ်စက ဆယ်မိနစ်နဲ့ စတာပါ။

တစ်ခါတလေ အဲဒီဆယ်မိနစ်အတွင်းမှာပဲ အဆင်ပြေတဲ့အခါကျရင် အင်မတန် ငြိမ်းချမ်းတာကို တွေ့ရတယ်။

ဒီငြိမ်းချမ်းတာလောက်ဟာ တရားထူးလားဆိုတော့ မဟုတ်ပါဘူး။
ငြိမ်းချမ်းတယ်ဆိုတာဟာ သမာဓိလေး နဲနဲရလာလို့ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာတွေ ဖြစ်ခွင့် ခဏလောက် ရပ်နေတာ။

အဲဒီ ခဏလေးရပ်နေတာကို ခံစားဖူးတာကိုပဲ၊ ဪ...စိတ်ထဲမှာ လိုချင်တဲ့စိတ်ဖြစ်စေ၊ မကျေနပ်တဲ့စိတ်ဖြစ်စေ၊ စိုးရိမ်ပူပန်တာဖြစ်စေ၊ သူတစ်ပါးနဲ့ ပြိုင်လိုတဲ့စိတ်ဖြစ်စေ၊ သူတစ်ပါး ကြီးပွားချမ်းသာတာကို မနာလိုတဲ့စိတ်ဖြစ်စေ၊ ဒါမှမဟုတ် ငါ ဟိုကိစ္စ လုပ်ခဲ့မိတာ
မှားလေခြင်း၊ ငါ ဟိုကိစ္စ မလုပ်ခဲ့မိတာ
မှားလေခြင်း စသည်ဖြင့် ပြီးခဲ့တဲ့ကိစ္စတွေကို ပြန်တွေးပြီးတော့ ကုက္ကုစ္စ ဖြစ်နေတာမျိုး ဖြစ်စေ၊ အဲဒီလိုဟာမျိုးတွေ ခဏလေး ငြိမ်းတယ်ဆိုရင်ပဲ အများကြီး သက်သာနေပြီလို့ သဘောပေါက်လိုက်တယ်။

သူတို့ ဖြစ်နေတဲ့အချိန်မှာ အင်မတန်
ပူလောင်တယ် ဆိုတာကိုလည်း
သဘောပေါက်ဖို့လိုတယ်။

အဲဒါကိုမှ သဘောမပေါက်တဲ့လူဟာ
အမြဲတမ်းလိုပဲ အဲဒီလို ကိလေသာတစ်ခုခုနဲ့ နေကြတာပဲ။

သတိမှ မရှိရင်တော့ ဒါတွေဟာ
တစ်လှည့်စီ နေကြမှာပဲ။ သတိမရှိတဲ့အချိန်မှာ လောဘဖြစ်ချင် ဖြစ်နေတယ်။

တစ်ခုခုကို လိုချင်နေတယ် မြင်ချင်တယ်၊ ကြားချင်တယ်၊ စားချင်တယ်၊ ထိချင်တယ်။

သို့မဟုတ်ရင်လည်းပဲ ကိုယ်ဖြစ်ခဲ့တာတွေကို ပြန်တွေးပြီး စိတ်ကူးယဉ်ပြီးတော့ အင်း ဘယ်အချိန် ကျရင်တော့ဖြင့် ဘယ်လိုဖြစ်တော့မှာပဲ အဲသလိုဖြစ်ရင်တော့ ဟန်ကျတော့မှာ၊
ဘယ်လိုပျော်ရမှာ၊ ဘယ်လိုခံစားရမှာ ဆိုပြီးတော့ စိတ်ကူးယဉ်အတွေးထဲမှာ မျောပြီးတော့ နေတာပဲ။

သို့မဟုတ်ရင်လည်း ဘယ်သူကတော့
ငါ့ထက် သာသွားပြီ၊ ငါ့ကိုကျောသွားပြီ။ သူတို့နဲ့ ငါနဲ့က အရင်တုန်းကတော့ ဘွဲ့ရတုန်းကလည်းအတူတူ၊ အလုပ်ဝင်တုန်းကလည်း အတူအတူ ခုတော့ သူတို့က ဘယ်လို ကြီးပွားသွားလို့ပါလား။ ငါ့မှာတော့ အောက်ကျ နောက်ကျ ဖြစ်နေပြီ။

ငါကိုယ်က အသုံးမကျ တာပါ။
ငါဟာ တော်တော် အရည်အချင်းနဲတဲ့လူပဲ။ ကိုယ့်ကိုယ်ကို စိတ်ပျက်ပြီ စိတ်ဓာတ်ကျပြီး အဲဒီလိုအတွေးတွေ ကြာကြာတွေးလေလေ၊ များများတွေ လေလေ စိတ်ဓာတ်က
ကျကျလာလေလေ ဖြစ်လာတယ်နော်။

ကြုံဖူးရင် ကြိုးစားတော့မှာ.......................................

ဒီလို သတိနဲ့မနေရင် အမြဲဖြစ်နေတဲ့
ကိလေသာတွေရဲ့ ဒဏ်ချက်ကို ခံရမှာပဲ။ အဲသလို နေကြမှာလား။
ခဏလေးဖြစ်ဖြစ် သက်သာရင်ကော
မကောင်းဘူးလား။ အဲသလို ခဏလေးဖြစ်ဖြစ် သက်သာတာကို တွေ့ဖူးတဲ့သူဟာ အဲဒါလေးကို တန်ဖိုးထားတယ်။

ဒါမျိုးလေး ကြာကြာနေရရင်
ကောင်းမှာပဲဆိုပြီး ပိုပြီးတော့ ကြိုးစားမယ်။အချိန်ရရင် ရသလောက် ကြိုးစားတော့မှာပဲနော်၊

ငါးမိနစ်၊ ဆယ်မိနစ် အားထုတ်ရုံနဲ့
တရားထူးရမှာလား ဆိုတော့ အဲသလောက်တော့ လွယ်တယ်လို့ မဆိုလိုပါဘူး။

ဘာကြောင့်လဲဆိုတော့ ဘုရားဟောထဲမှာ ရှိတယ်။

ပျင်းပျင်းရိရိ၊ ပေါ့ပေါ့တန်တန် နေတဲ့လူအတွက် လောကုတ္တရာကိုးပါးကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့။

အားထုတ်တဲ့၊ လုံ့လဝီရိယရှိတဲ့ သူသာလျှင် လောကုတ္တရာကိုးပါးတရားကို ရဖို့ဆိုတာ စွမ်းနိုင်တယ်၊ တတ်နိုင် တယ်တဲ့။

သို့သော် ဘာဖြစ်ဖြစ် ခရီး မိုင်တစ်ထောင်ပဲဖြစ်ဖြစ် သွားရင်တော့ ခြေတစ်လှမ်းနဲ့ စ,ရတာပဲ။

ဒီတစ်လှမ်းကိုမှ မလှမ်းရသေးဘူးဆိုရင် ဒီခရီး မိုင်တစ်ထောင်ကို ရောက်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ တစ်လှမ်း လှမ်းတယ်။
နောက် တစ်လှမ်း လှမ်းတယ်။
ဒီလိုပဲ သွားရတာပဲ။

အဲသလို ဆယ်မိနစ်လောက်ကနေ စပြီး တရားအားထုတ်နေတဲ့လူဟာ
အခုတရားအားထုတ်တာ နှစ်နှစ်လောက် ကြာလာတဲ့အခါ တစ်နာရီ၊ နှစ်နာရီ၊ တစ်ခါတလေ အချိန်ပေးနိုင်တဲ့အခါမှာ သုံးနာရီလောက်တောင် ‌အေးအေးဆေးဆေးအားထုတ်နိုင်တဲ့လူတွေ ဖြစ်လာတယ်နော်။ အစတုန်းကတော့ ဆယ်မိနစ်နဲ့ စတာပဲ။

တရားထိုင်ခါစမှာ တရားထိုင်ရင် ညောင်းမှာ၊ ကျင်မှာ၊ထုံမှာ၊ကိုက်မှာ သိပ်ကြောက်ကြတာပဲ။ တစ်နာရီတော့ မထိုင်နိုင်ဘူးတဲ့။

တစ်နာရီ မထိုင်နိုင်ရင်လည်း ဆယ်မိနစ်တော့ ထိုင်ပါလို့ ထိုင်ခိုင်းလိုက်တော့
ဆယ်မိနစ် ကတော့ တတ်နိုင်ပါတယ်။

တော်တော်ကြာ အဲဒီထဲမှာ သမာဓိလေးက ရလာတော့ တရားဟာ သူ့ဟာသူ
ဆွဲခေါ်သွားသလိုပဲနော်၊

ထိုင်ရတာ ကောင်းလာပြီး ဆက်ထိုင်သွားတာပဲ။ တချို့ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်။

အဲ မိနစ်နှစ်ဆယ်လောက် ကြာလာရင်
ညောင်းလာပြီ၊ တော်ချင်နေပြီ။

ဒီလိုပဲ အလေ့အကျင့်များများ လုပ်သွားတော့ သမာဓိ ပိုကောင်းလာပြီး နာရီဝက်လောက်ကတော့ ဘယ်လိုမှ မပင်ပန်းဘူး။ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနဲ့ပဲ ထိုင်လိုက်တာပဲ။

တစ်ခါလောက် နာရီဝက်လောက်
ပြည့်အောင် ထိုင်လိုက်ပြီ ဆိုရင်၊ ငါ နာရီဝက် ထိုင်နိုင်သကိုး ဆိုပြီး ဝမ်းသာလာတယ်၊ အားတက်လာတယ်။ ပိုလုပ်နိုင်လေလေ ပိုပြီးတော့ အားတက်လေလေပဲ။ ဒီလိုကနေ ဆက်ပြီးတော့ အားထုတ်သွားလို့ရှိရင် ၄၅ မိနစ်၊ တစ်နာရီ ဖြစ်လာတာပဲ။

ထိုင်တဲ့အခါမှာ အသက်သာဆုံး
အနေအထားကို ရွေးပြီး ထိုင်ဖို့လိုတယ်။
တမင်တကာ ပင်ပန်းအောင် ဆင်းရဲအောင် မထိုင်သင့်ဘူး။
တချို့ ခါးနာတတ်တဲ့သူ၊ ဒူးနာတတ်တဲ့သူတွေ ရှိတယ်။ တပည့်တော်က ခါးနာတယ်၊ ဒူးနာတယ်တဲ့။ ခါးနာသည်ဖြစ်စေ၊ ဒူးနာသည်ဖြစ်စေ တစ်နည်းနည်းနဲ့တော့ ထိုင်နေကြရတာပါပဲ။

ဘုရားဟောထဲမှာ အိမ်သာထဲမှာ
ထိုင်နေရင်းတောင်မှ တရားကိုအားထုတ်ဖို့ မှာထားတာ ရှိတယ်နော်
အဲဒီလို နေရာမှာတောင်မှ တရားကို
အားထုတ်လို့ ဖြစ်သေးရင်၊ ရနိုင်သေးရင် တခြားနေရာမှာရော ထိုင်ချင်သလိုထိုင်ပြီး တရား အားထုတ်လို့ မဖြစ်နိုင်ဘူးလား။

အဲဒါ သဘောပေါက်ဖို့ အရေးကြီးတယ်။ ဒါကြောင့် ထိုင်တဲ့ပုံစံကို သိပ်ပြီး ကြောင့်ကျမနေကြပါနဲ့။ သက်သာသလို ထိုင်ပါ။

သို့သော် သက်သာလွန်းပြီး
အိပ်ငိုက်သွားမှာကိုတော့ သတိထားဖို့လိုတယ်။ ထိုင်တဲ့အခါမှာခေါင်းကို
ခပ်ဖြောင့်ဖြောင့်လေး ထားပါ။
ခေါင်းတော့မမှီနဲ့။ ခေါင်းမှီရင် ပိုပြီး အိပ်ချင်တယ်။ခေါင်းကို တည့်တည့်လေးထားပြီး တရားအားထုတ်ပါ။

တကယ့်ကို ပင်ပန်းနွမ်းနယ်နေလို့
ခဏလောက်တော့ နားမှ ဖြစ်မယ်၊
အိပ်မှ ဖြစ်မယ်ဆိုရင်လည်း အိပ်ရာထဲမှာ အိပ်ရင်းနဲပဲ တရားအားထုတ်နေပေါ့။

ကိုယ့်နဂို ရည်ရွယ်ချက်ကိုက အိပ်တော့မယ်လို့ ရည်ရွယ်တာကိုး
အိပ်မပျော်ခင်လေး တရားကို သုံးလေးမိနစ်လောက် ရှုမှတ်ဖို့ အချိန်ရ သွားတယ်နော်။

အဲသလို နေရာမရွေး၊ အချိန်မရွေးမှာ
ရသလောက် တရားကို အားထုတ်ပါနော်။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)(ဘဝတန်ဖိုး"တရားတော်မှ)

26/04/2025

2005 ခုနှစ်တုန်းက ဂျပန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တစ်ခုဖြစ်တဲ့ Mizuho Securities ကုမ္ပဏီဟာ စာစီစာရိုက်အမှားအယွင်းတစ်ခုကြောင့် မိနစ်ပိုင်းအတွင်းမှာ အမေရိကန် ဒေါ်လာ 285 သန်း ဆုံးရှုံးခဲ့ရပါတယ် ကုမ္ပဏီဟာ ယန်း 610000 ဖြင့် စတော့ 1 ခုရောင်းရန် အစား စတော့ 610000 ခုကို 1 ယန်းနှုန်းနဲ့
မှားယွင်းစွာစာရိုက်ပြီးရောင်းချမိခဲ့ပါတယ် အဲ့ဒီ အမှားကြောင့် Mizuho ကုမ္ပဏီ ဟာ ဒေဝါလီခံရခါနီးအခြေနေဖြစ်သွားခဲ့ပါတယ်

#ဗဟုသုတ

Photos from Nay Win's post 04/03/2025
18/01/2025
10/01/2025

လူပျောက်ကြော်ငြာချက် ‼️

အမည် - မောင် ဝေယံထက်
Grade -12
အသက်(၁၈) နှစ်
ဥက္ကံမြို့

6.1.2025 ရက်‌နေ့
နေ့လည် ၁၁ နာရီ ဝန်းကျင်ခန့်အချိန်
ဥက္ကံမြို့တွင် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက
ဖုန်းနံပါတ်-
09757119815 ကို ဆက်သွယ်ပေးကြပါခင်ဗျာ

အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

share ပေးကြပါနော်။

🙏🙏🙏

Yee Mon Htet
Htet Myat Lin

CrdPhoto

Thein Swe Thein Swe Dyan Mite Khin Myo Kyi Daw Lily Thidar Tun Cissy Khin Aye Aye Thant U Myo Win Oo Htay လှိုင် လှိုင် Mimi Tun Thet Tun Sein

18/09/2024

သူရဲကောင်းဖေဖေရဲ့ပုံ
👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦

သူ့သမီးလေးအတွက်
အသက်ကိုပေးစတေးသွားတဲ့
သူရဲကောင်းဖေဖေ။

ရင်၌လွယ်မဖွားရပေမယ့်
သမီးအတွက်
အန္တရာယ်ဟူသမျှ
မားမားမတ်မတ်
ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားတဲ့
မြန်မာ့သမိုင်းမှာ
စာတင်ထိုက်တဲ့
သူရဲကောင်းဖေဖေ။

Photos from HAPPY Online TV Channel's post 16/09/2024
07/04/2024
07/04/2024
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon