The Beauty Mart

The Beauty Mart

Share

#Skin_Care_Cosmetics_Retail_And_Wholesale

26/09/2023

🥰အလိုက်သိလွန်းတဲ့ချစ်သူ 🥰
Perfect Love 💕

02/08/2023

ပစ်ရဲပစ်ကြည့် 💘💘💘

25/05/2021

အသားရည်လှပစေရန် ပေါင်းတင်နည်း(10)နည်း‼️‼️

1.စိုပြေလှပသော မျက်နှာအသားအရေလေး ရရှိစေရန် ပေါင်းတင်နည်း✨

ခရမ်းချဉ်သီး (၁)လုံး + နွားနို့ (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။ အိပ်ရာ မ၀င်ခင် ပြုလုပ်ပေးပါက မနက်ခင်းအိပ်ရာထချိန်တွင် စိုပြေလှပသော အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။

2.၀က်ခြံရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း✨

ကြက်ဥ အကာ သီးသန့် (၁)လုံး + လီမွန် (၂)ဇွန်း + ပျားရည် (၂) ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

3.၀က်ခြံ အမဲစက် ရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း✨

သစ်ဂျပိုးခေါက် (၁)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

4.မွဲခြောက်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း✨

ကော်ဖီ (၂)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

5.နေလောင်ထားသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း✨

ဒိန်ချဉ် (၂)ဇွန်း + လီမွန် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

6.အဆီပြန်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း✨

ဆနွင်း (၁)ဇွန်း + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

7.မျက်နှာအရေးကြောင်းများ လျော့ပါးစေရန် ပေါင်းတင်နည်း✨

ကြက်ဥ (၁)လုံး + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကိုရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

8. ခြောက်သွေ့သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း✨

လီမွန် (၂)ဇွန်း + ပျားရည်(၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

9.ကြည်လင်သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း✨

နနွင်း ၄ပုံ ၁ပုံ (စားပွဲတင်ဇွန်း) + Coconut Oil (၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ။

10.အမဲစက် တွေ ကင်းတဲ့ မျက် နှာလေး ရရှိဖို့အတွက် မန်ကျည်းရေလေးဖျော်ပီးမျက်နှာသစ်ပေးပါ🤗🤗

20/05/2021

" ကော်လာဂျင်ကို ညအိပ်ခါနီးသောက်လို့ရလားရှင့် "

Collagen ( ကော်လာဂျင် ) ဆိုတာ အားကြီးသော mood relaxer ဖြစ်ပါတယ်။ အိပ်စက်ခြင်းကို အားပေးပြီး ဘဝအရည်အသွေးတွေကို မြှင့်တင်ပေးနိုင်တယ်ဆိုပါတယ်။ အိပ်ယာမဝင်ခင် ကော်လာဂျင်သောက်ပေးခြင်းဖြင့် ကော်လာဂျင်မှာပါဝင်တဲ့ glycine က အိပ်စက်ခြင်း ရဲ့ အရည်အသွေးကို တိုးတက်စေပါတယ်။

ကော်လာဂျင်မှာပါဝင်တဲ့ glycine က ခန္ဓာကိုယ်တွင်း အပူချိန်ကိုလျော့ချပေးပြီး အိပ်စက်ချိန် ( REM sleep ) တွင်းဖြစ်လေ့ရှိသော ကြွက်သားလှုပ်ရှားမှုကို တားဆီးပေးတယ်လို့ဆိုပါတယ်။ လေ့လာမှုတွေအရ glycine က GABA ( an inhibitory neurotransmitter ) ကဲ့သို့ အလုပ်လုပ်တယ်လို့ဆိုပါတယ်။ Glycine က အိပ်စက်မှုကို ဘာကြောင့် အထောက်အကူပြုတယ်ဆိုတာကို သိရဖို့ သုသေတနတွေတော့ လုပ်ရအုန်းမည်လို့ဆိုပါတယ်။ Glycine က dopamine ( ဒိုဘာမင်း ) ပမာဏကို မတိုးလာစေသော်လည်း serotonin ( ဆီလိုတိုနင် ) ပမာဏကို မြှင့်တင်ပေးတယ်ဆိုပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ဇီဝနာရီစည်းချက်ညီမှုကို ဖြစ်လာစေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။

ကော်လာဂျင်မှာပါဝင်တဲ့ glycine က အိပ်ရေးပျက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။ အလုပ်ကြောင့်ဖြစ်တဲ့ စိုးရိမ်ပူပန်မှုကို လျော့ကျစေပြီး စွမ်းအင်ကို တိုးတက်စေပါတယ်။ အလုပ်မှာ အာရုံစိုက်မှုကောင်းလာတယ်လို့ ပြောကြတဲ့လူတွေလည်းရှိပါတယ်။ ညဘက် အိပ်ရခက်နေပြီး တစ်နေ့တာလုံး အိပ်ငိုက်တတ်သူတွေအတွက် ညအိပ်ယာဝင်ချိန်မှာ ကော်လာဂျင်ကြွယ်ဝစွာပါတဲ့ အရိုးပြုတ် သို့မဟုတ် ကော်လဂျင် ဖြည့်စွက်စာ သောက်ပေးလို့ရပါတယ်။ အရေးကြီးတာက အိပ်ပျော်အောင်သောက်တဲ့ ကော်လာဂျင် one serving မှာ glycine ( 3g ) ပါဝင်ဖို့တော့ လိုပါတယ်။

ဒေါက်တာဖြိုးမောင်မောင်

ရည်ညွှန်း

( ၁ ) https://pubmed.ncbi.nlm.nih.gov/22293292/
( ၂ ) https://pubmed.ncbi.nlm.nih.gov/19014068/
( ၃ ) https://pubmed.ncbi.nlm.nih.gov/22529837/
( ၄ ) https://onlinelibrary.wiley.com/doi/abs/10.1111/j.1479-8425.2006.00193.x

15/10/2020

The Beauty Mart ရဲ့ ချစ်လေးတို့ရေ
ဆံပင်တွေကျွတ် ထိပ်ပြောင်ပြီး အလှပျက်မှာ အရမ်းကြောက်တယ်မလား
ကျန်းမာမှ လှပမှာနော်....
အဲ့ဒါလေးကတော့ ဆားကြမ်းလေးနင်းတာပါပဲ...
ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်....

နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။

ညဘက် နင်းပုံနင်းနည်းကတော့ …
မနင်းခင် ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။
(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က…ချွေးများ ထွက်လာတာ တွေ့ရပါမယ်…။
မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့…မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…
ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ…
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ…
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။

-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး

(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။

(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။

(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။

(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။

(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။

(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။

(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။

(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။

ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။

Photos from The Beauty Mart's post 22/09/2020

😱အရမ်း အရမ်းကိုတန်နေပါပြီနော်😱
❤️


Covid Stay at Home ကာလမှာ အထူး Special_Discount နဲ့ ရောင်းပေးပါမယ်နော်

Maybelline Mascara❎ ယခင် 8500 ✔️ ယခု 5500
Andrea ဆံပင်သန်ဆီ ❎ယခင် 1500 ✔️ယခု 700
Brazil's Hair coat ❎ယခင် 4500 ✔️ယခု 2500
Brazil's Shampoo။ ❎ယခင် 8500 ✔️ယခု 5000
Brazilian Treatment ❎ယခင် 8500 ✔️ယခု 5000
Monte Serum ❎ယခင် 15000 ✔️ယခု 9000
Jiaobi 4in1 Skin Care Set ❎ယခင် 12000 ✔️ယခု 8000
By Bish Baking SodaBody Scrub။ ❎ယခင် 8000 ✔️ယခု 7000
By Bish Baking Green Tea Body Scrub ❎ ယခင် 8000 ✔️ယခု 7000
Genive Rollon မျက်ခုံးထူဆေး ❎ယခင် 4000 ✔️ယခု 2000
Flawless Eyebrow Trimmer မျက်ခုံးရိတ်စက် ❎ယခင် 7500 ✔️ယခု 4500
Win အကိတ်ဆပ်ပြာ ❎ယခင် 6000✔️ယခု 2500

OS သမားတွေ ပြန်ရောင်းချင်တယ်ဆိုရင် လက်ကျန်ဖြတ်ဈေး နဲ့ ပေးမယ်နော်
မှတ်ချက်။ Instock ရှိသလောက်သာ
ရန်ကုန်မြို့တွင်း ပစ္စည်းရောက်ငွေချေစနစ် ဖြင့် ပို့ပေးပါသည်။
နယ်မြို့များသို့ Royal express ဖြင့်ပို့ပေးပါသည်။

09-955 138 612 Or Chat Box

21/09/2020

ချစ်တို့ရေ ♥️

အပြင်မထွက်နဲ့နော်
အိမ်မှာနေရင်း အားရှိမယ့် အစားအစာတွေ စားပေးကြပါနော်
အိပ်ရေးဝဝ အိပ်ကြပါနော်
လေ့ကျင့်ခန်းလည်း လုပ်ကြပါ
Stay at Home ရင်း အသားအရေလှပဖို့လည်း ဂရုစိုက်ကြပါနော် 😍😘

09/09/2020

မျက်နှာမှာ အမည်းစက်တွေရှိတော့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက်
ရက်ပိုင်းအတွင်း အမဲစက်ပျောက်နည်း

အမဲစက်ပျောက်နည်းထဲမှာ အာလူးကို အမြဲသုံးကြတယ်။
အာလူးက bleaching အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။
တငိးတိပ်မှာသုံးတဲ့ hydroquinone နဲ့ အာနိသင်တူတယ်။
ဘေးထွက်နည်းတယ်။
နောက်တမျိုးက ကြက်သွန်နီဖြစ်တယ်။ ဆာလဖာကြွယ်ဝတဲ့ ကြက်သွန်နီမှာ အမဲစက်၊အမာရွတ်ကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်။
ရှောက်ရည်က ဗီတာမင်စီ ကြွယ်ဝပြီး အသားအရေပြုပြင်ပေးတယ်။
အင်တီအောက်စီးဒင့်အာနိသင်ရှိလို့ အသားဖြူစေတယ်။
ဆဲလ်သစ်ဖြစ်ဖို့ အားပေးတယ်။
မျက်နှာအမဲစက်အတွက် ဒီပစ္စည်းသုံးမျိုးကို အချိုးညီညီ သုံးစွဲရမယ်။

အာလူးသီး - တလုံး
ကြက်သွန်နီ - တခြမ်း
ရှောက်သီးရည် - တခြမ်း

အားလူးသီးတလုံးကို အခွံသင်ပြီး အစိတ်ကလေးတွေလုပ်ပါ။ ကြက်သွန်နီတခြမ်းကို ယူပြီး အလားတူအစိတ်ကလေးတွေလုပ်ပါ။ အာလူးနဲ့ ကြက်သွန်နီကို ရောပြီး blender နဲ့ တသားတည်း ကြိတ်ပါ။ ရလာတဲ့အေရာကို ရှောက်သီးရည် ညှစ်ထည့်ပါ။ paste(ခပ်ပြစ်ပြစ်)ရလာလိမ့်မယ်။ ဒီpasteကို မျက်နှာအမဲစက်၊အမဲကွက်နေရာမှာ စက်ဝိုင်းပုံ လိမ်းရမယ်။ မိနစ်နှစ်ဆယ်ထားပါ။ ပြီးရင် မျက်နှာပြန်သစ်ပါ။ ရေခပ်နွေးနွေးသုံတာ ပိုကောင်းတယ်။ သုံးညဆက်တိုက် လုပ်ရုံနဲ့ မျက်နှာအမဲစက်၊အမဲကွက်တွေ သိသိသာသာ သက်သာစေနိုင်တယ်။

ဒေါက်တာ အေးမင်းထူး ပေ့ခ်ျမှ ကူးယူဖော်ပြခြင်း ဖြစ်ကြောင်း လေးစားစွာဖြင့် credit ပေးပါသည်.
၁၂.၂.၂၀

09/09/2020

အချစ်တို့ရေ....
အားလုံးပဲ မင်္ဂလာပါနော်😊
အလုပ်ပိတ်ထားလို့ပဲဖြစ်ဖြစ်၊ ကျောင်းပိတ်ထားလို့ပဲဖြစ်ဖြစ် အိမ်တွင်းအောင်းနေရပြီလား။
ဘယ်လိုပဲဖြစ်ပါစေ အိမ်ပြင်ထွက်တဲ့အချိန်
အလုပ်ပြန်သွားတဲ့အချိန် ကျောင်းပြန်တက်တဲ့အချိန် အလှဆုံးဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့်
ပိုလှလာစေဖို့ အသားအရေအလိုက်
ရှားစောင်းလတ်ပတ်နဲ့ ပေါင်းတင်နည်းတွေကိုဖော်ပြပေးလိုက်ပါတယ်နော်😊

၁။ အသားအရေ Glow ဖြစ်ဖို့

*ဒီအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
-ရှားစောင်းလတ်ပတ်ဂျယ်
-အုန်းဆီ
-ပျားရည်

*ပြုလုပ်ပုံ
-ပါဝင်ပစ္စည်းတွေကို ရောပြီးမျက်နှာမှာလိမ်းပေးပါ။ -၁၀ မိနစ်ကနေ ၁၅ မိနစ်ထားပြီး ရေဆေးချပါ။

၂။ အမည်းစက်သက်သာဖို့

*အမည်းစက်သက်သာဖို့ အတွက်
လိုအပ်တဲ့ပစ္စည်းတွေကတော့ –

-ရှားစောင်းလတ်ပတ်ဂျယ်
-နနွင်းမှုန့်
-ဒိန်ချဉ်
-သံပယိုရည်

*ပြုလုပ်ပုံ
-ပါဝင်ပစ္စည်းတွေကို ရောပြီး မျက်နှာပေါ်တင်ပါ။ ၁၀ -မိနစ်ထားပြီး ရေဆေးချပါ။

၃။ ခြောက်သွေ့တဲ့အသားအရေအတွက်

*Dry Skin အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

-ရှားစောင်းလတ်ပတ်ဂျယ်
-ပျားရည်
-သံလွင်ဆီ

*ပြုလုပ်ပုံ
ပစ္စည်းတွေကို ရောစပ်ပြီး မျက်နှာမှာ လိမ်းပြီးနောက် ၁၅ မိနစ်ထားပါ။

၄။ ထိခိုက်လွယ်တဲ့အသားအရေအတွက်

*လိုအပ်တဲ့ပစ္စည်းတွေကတော့-
-ရှားစောင်းလတ်ပတ်ဂျယ်
-ပျားရည်
-ငှက်ပျောသီးတစ်လုံး

*ပြုလုပ်ပုံ
-ငှက်ပျောသီးကို ပျော်သွားတဲ့အထိ ဖိချေပေးပါ။
-ပြီးနောက် ရှားစောင်းလတ်ပတ်ဂျယ်နဲ့ ပျားရည်ထပ်ထည့်ပြီး မျက်နှာမှာ လိမ်းပါ။

၅။ အဆီပြန်တတ်တဲ့ အသားအရေအတွက်

-ရှားစောင်းလတ်ပတ်ဂျယ်
-သံပယိုရည်
-ဒိန်ချဉ်

*ပြုလုပ်ပုံ
-ပါဝင်ပစ္စည်းတွေကို ရောပြီးနောက် မျက်နှာမှာ လိမ်းပေးပါ။
-ပြီးနောက် ၁၀ မိနစ်ထားပေးပါ။

ဒါလေးတွေက ကိုယ်တိုင်စမ်းသုံးထားတာပါ
professional skin technician မဟုတ်တော့
အမှားလေးတွေရှိရင် ခွင့်လွှတ်ပေးပါ
ဒါပေမယ့်Beauty blogger တွေ
Social influencers တွေရေးပေးထားတာ
သုံးပြတာတွေသေချာလေ့လာပြီး အတက်နိုင်ဆုံးရေးထားပေးတာဖြစ်လို့ အလှအပကြိုက်သူတိုင်းသဘောကျ နှစ်သက်ကြမယ်
ကြိုက်ကြမယ်လို့ထင်ပါတယ်

အကုန်လုံးဘဲ
Glow နိုင်ကြပါစေနော်😘

Photos from The Beauty Mart's post 03/09/2020

🧡🧡 Mahad Body Serum လေး 🧡 🧡

တစ်ပတ်အတွင်း နဂိုအသားရေထက် ၂ ဆ ဖြူစေတယ်နော်

မြန်မြန်ဖြူ.....မြန်မြန်ဖြူ လေး 😍😍😍

အသားဖြူ body serum
150 ml

ယိုးဒယား မှာ အခု လက်ရှိ အရမ်း ဟော့ဖြစ်နေတာလေး
ရနံလေးက မွှေးအီပြီး တစ်နေကုန်ခံတယ်
စွန်းမိုက်တဲ့ ရနံလေးနဲ့ အသားဖြူကြမယ်နော် 😍😍😍

Serum အတိုင်းသုံးလဲအဆင်ပြေတယ်
ကြိုက်တဲ့ lotion နဲ့တွဲလိမ်းလဲအဆင်ပြေတယ်

မန်ကျည်းသီး၊ သခွားသီး၊ ပျားရည် နဲ့ ရှားစောင်းလက်ပတ်စတဲ့ အသားအရေအတွက် အကောင်းဆုံး သဘာဝ ပစ္စည်းတွေနဲ့ အခြေခံပြီး ထုတ်လုပ်ထားတယ်

တစ်ဗူး စျေးနှုန်း...8500 Kyats

၃ ဗူးဈေးနှုန်း 7500 Kyats
တစ်မျိုးတည်း၃ဗူးယူ သို့မဟုတ် ပစ္စည်းအမျိုးအတူ ၃ ခုယူလည်း ဒီဈေးနဲ့ရသည်။

မှာယူလိုပါက
09-955 138 612/09-886 253 050
Or Chat Box.

ရန်ကုန်မြို့တွင်း ပစ္စည်းရောက်ငွေချေပါ
နယ် အော်ဒါများငွေလွှဲဝင်တာနဲ့ ကားဂိတ် စာတိုက်တို့မှ တဆင့် ပို့ပေးပါတယ်ရှင်

02/09/2020

တင်းတိပ် အမဲကွက်ကြောင့် စိတ်ညစ်ခဲ့ရတာ
ဘယ်လောက်ကြာသွားခဲ့ပြီလဲ ⁉️

​အွန်လိုင်းပေါ်က ပျောက်ပါတယ်ဆိုတဲ့ ပစ္စည်းတွေ ဝယ်သုံးခဲ့ရလွန်းလို့ ငွေတွေဘယ်လောက် ကုန်ကျခဲ့ပြီလဲ⁉️

ကောင်းပါတယ်ဆိုတဲ့ အရေပြားဆေးခန်းတွေကိုရော
ဘယ်နခေါက် သွားကုခဲ့ပြီးပြီလဲ⁉️

❌တချို့ ပစ္စည်းတွေက လုံးဝမပျောက်ဘူး
❌တချို့ ပစ္စည်းတွေက နဲနဲသက်သာရုံပဲ အမြစ်မပျက်ဘူး
❌တချို့ ပစ္စည်းတွေက ပိုတောင်ဆိုးလာသလိုပဲ🥵

#အားလုံးဖြေရှင်းပေးနိုင်ပါတယ်
#ဒီကြော်ငြာကို သေချာမှတ်ထားပါ
#ပစ္စည်းအမည်ကို မာရီနာ လို့ခေါ်ပါတယ်နော်

📌ဆဲလ်သေအမဲတွေ ဖယ်ရှားသန့်စင်ဖို့
အထူးသန့်စင်ပေးတဲ့ Micellar Clear Water

📌တင်းတိပ် မှဲ့ခြောက် အမဲစက် တ​ဖြေးဖြေး
အရောင်မှိန်လာပြီး ပျောက်စေဖို့
Melasma Clear Serum

📌အရေပြားကျန်းမာအားပြည့်ပြီး
အမြန်ဖြူဝင်းစေဖို့ Hi Gold Refresh Mask

ဒီ ၃ခု ကို စနစ်တကျသုံးပေးရင်
၂ပတ်အတွင်း သိသာထူးခြားသောရလဒ် ရမဲ့အပြင်
ပျောက်ပြီး ရပ်လိုက်ရင်လည်း လုံးဝပြန်မဖြစ်စေပါဘူးရှင့်

ပစ္စည်းအရည်သွေး အပြည့်ဝအာမခံပါတယ်

တစ်စုံ - 61000 Kyats

💌အားမနာတမ်း Hi လိုက်ပါ
📞Hello မယ်ဆိုရင်တော့
09-955 138 612
09 886 25 30 50

Photos from The Beauty Mart's post 02/09/2020

🧘ယောဂဖျာ ( Yoga Mat )

Grip အားကောင်းကောင်းနဲ့ လက်မချော်တဲ့
ဆိုက်လွန် အထူ လေးပါ

Yoga Accessories တွေထဲမှာ အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးက ယောဂဖျာ ဖြစ်ပါတယ်

Yoga ကို ပုံမှန်လေ့ကျင့်တော့မယ်ဆိုရင်
ကိုယ်ပိုင် ယောဂဖျာ ရှိသင့်ပါတယ်

🧘လေ့ကျင့်ခန်းလုပ်တဲ့အခါ ကျော တံတောင် ဒူး
ခါးတွေ နာမွာ ပွန်းမှာ စိုးရိမ်မှုတွေအတွက်
ယောဂဖျာလေး ဝယ်ပြီး လေ့ကျင့်ခန်းတွေ
လုပ်ကြရအောင်

ရေမြုပ်ပါတဲ့အတွက်
လေ့ကျင့်ခန်း လုပ်မယ့်သူလေးတွေအတွက်ရော ခလေးငယ်တွေ အတွက်ပါ
သက်သောက်သက်သာလေးနဲ့ ထိုင်လို့ အိပ်လို့ကောင်း ဖျာလေးပါရှင့်

တစ်ခုဈေးနှုန်း: 7000 Kyats

၃ ခု ဈေးနှုန်း 5500 Kyats
တခြားအမျိုးမတူပစ္စည်း‌နှင့်ရောပြီး ၃ ခု ပြည့်အောင် ယူရင်လည်း ဒီဈေးနဲ့ရသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yankin Tsp
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00