Touch Me Babe Skincare

Touch Me Babe Skincare

Share

"You're never too old to become younger."

14/05/2022

═════════════════════
❝ ကဆုန်လပြည့်ဗုဒ္ဓနေ့ ❞
═════════════════════
°
ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့ကလည်း မဟာသက္ကရာဇ်(၆၈) ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။
ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
ကဆုန်လဟာ မြန်မာလ(၁၂)ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။
ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။
နောက်ပိုင်းမှာ “ကု”မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။
(ကုက)ရဲ့အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပာယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။
ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။
သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။
ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။
မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်
ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။
ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။
ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။
ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား ကိုယ်စားပြုတဲ့ ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။
ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲတွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။
credit : တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ
မျှဝေ ပူဇော်ပါသည်

09/05/2022

Brighten your skin !! Touch Me Babe 🤍

08/05/2022

Happy Mother Day
မေမေများအားလုံး စိတ်၏ကျန်းမာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ထာဝရ ပိုမို ပျော်ရွင်ကျန်းမာလှပပါစေကြောင်း Touch Me Babe Skincare မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်

Photos from Touch Me Babe Skincare's post 21/04/2022

ခရီးတွေသွားပြီး အသားတွေ မဲလာပြီလား? 🌚
𝗧𝗼𝘂𝗰𝗵 𝗠𝗲 𝗕𝗮𝗯𝗲 လေး နဲ့ ရေချိုးကြမယ် 😍

𝙎𝙘𝙧𝙪𝙗 သုံးရခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေ လဲ သိရအောင် ပြောပြပေးမယ်နော် 🥳

🎀 ထိရောက်သော သွေးလည်ပတ်မှုနှင့် အရေပြားဆဲလ်များ လည်ပတ်မှုကို အဓိက မြှင့်တင်ပေးတယ်
🎀 အရေပြားပေါ်ရှိ ဆဲလ်သေများ နဲ့ အညစ်အကြေးများကို ထိထိရောက်ရောက် ဖယ်ရှားပေးတယ်
🎀 အမွေးသားပေါက်ငယ်များကို ကင်းစင်စေပြီး အဖုအပိန့် နဲ့ ခြောက်သွေ့ကြမ်းတမ်းသော အသားအရေကို ချောမွေ့စေပြီး နူးညံ့စေတယ်နော်

Touch Me Babe လေး စမ်းသုံးကြည့်ပြီး favorite person လေး ကို Touch Me လို့ပြောကြည့်လိုက်တော့နော် 😜

ᑭᖇOᑌᗪᒪY ᗰᗩᗪE Iᑎ ᗰYᗩᑎᗰᗩᖇ
𝙿𝚛𝚒𝚌𝚎 200g - 9900 Ks
3items set - 29000 Ks

Touch Me Babe Skincare တွေကို သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာဖြစ်သောကြောင့် အသားအရေအတွက် တစ်စုံတစ်ရာ ဘေးဥပါဒ်ဖြစ်မှာမျိုး လုံးဝစိုးရိမ်စရာလုံးဝ မရှိပါတဲ့ အပြင် Shower ပါဝင်သောကြောင့် ဆပ်ပြာထပ်တိုက်စရာမလိုတော့ဘူးနော် စားချင်စရာဖြစ်အောင်တောင် စွဲမက်ဖွယ် အနံ့သင်းသင်းလေးတွေကြောင့် တစ်နေကုန် လန်းဆန်းနေမှာပါ ✨
Touch Me Babe ရဲ့ Products များကို မှာယူချင်တယ် ဆိုရင်
Page ရဲ့ Chat Box ကတဆင့်
-အမည်
-ဖုန်းနံပါတ်
-လိပ်စာ ပို့ပြီး မှာယူလို့ရပါပြီ
ရန်ကုန်မြို့ နှင့် အခြားမြို့များကို မှာယူပြီး ၃ရက်အတွင်း
Cash On Delivery မရသေးတဲ့ မြို့များကို တော့ ငွေလွဲဝင်တာနဲ့ ကားဂိတ်မှ တင်ပေးပါတယ်နော်
"You're never too old to become younger."😉

17/04/2022

🙏🏻🙏🏻🙏🏻

Photos from Touch Me Babe Skincare's post 15/04/2022

𝗖𝗼𝗳𝗳𝗲𝗲 𝗦𝗰𝗿𝘂𝗯
ကော်ဖီတွင် ပါဝင်သော ကဖင်းဓါတ် သည် အရေပြားအောက်ရှိ သွေးကြောများ ကို ကျယ်စေပြီး သွေးစီးဆင်မှု ပိုမို ကောင်းမွန်စေသောကြောင့် အသားအရည်ကို ပိုဝင်းလာစေပြီး နေလောင်ဒဏ်တွေ၊ အမာရွတ်တွေ ပါးလာစေပါတယ်

𝗟𝗮𝘃𝗲𝗻𝗱𝗲𝗿 𝗦𝗰𝗿𝘂𝗯
လာဗန်ဒါ ဟာ အိုမင်းရင့်ရော်မှု လက္ခဏာများကို လျော့ပါးစေပြီး ကြည်လင်တောက်ပသော အသားအရေကို ရရှိစေပါတယ်

𝗔𝘃𝗼𝗰𝗮𝗱𝗼 𝗦𝗰𝗿𝘂𝗯
ပျက်ဆီးနေတဲ့ အသားအရေ ၊ နေလောင်ဒဏ်တွေ ကို သက်သာစေပြီး အသားအရေ ကို စိုပြေချောမွတ်လာစေပါတယ်

ᑭᖇOᑌᗪᒪY ᗰᗩᗪE Iᑎ ᗰYᗩᑎᗰᗩᖇ

𝙿𝚛𝚒𝚌𝚎 200g - 9900 Ks
3items set - 29000 Ks

Touch Me Babe Skincare တွေကို သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာဖြစ်သောကြောင့် အသားအရေအတွက် တစ်စုံတစ်ရာ ဘေးဥပါဒ်ဖြစ်မှာမျိုး လုံးဝစိုးရိမ်စရာလုံးဝ မရှိပါတဲ့ အပြင် Shower ပါဝင်သောကြောင့် ဆပ်ပြာထပ်တိုက်စရာမလိုတော့ဘူးနော် စားချင်စရာဖြစ်အောင်တောင် စွဲမက်ဖွယ် အနံ့သင်းသင်းလေးတွေကြောင့် တစ်နေကုန် လန်းဆန်းနေမှာပါ ✨

Touch Me Babe ရဲ့ Products များကို မှာယူချင်တယ် ဆိုရင်
Page ရဲ့ Chat Box ကတဆင့်
-အမည်
-ဖုန်းနံပါတ်
-လိပ်စာ ပို့ပြီး မှာယူလို့ရပါပြီ

ရန်ကုန်မြို့ နှင့် အခြားမြို့များကို မှာယူပြီး ၃ရက်အတွင်း
Cash On Delivery မရသေးတဲ့ မြို့များကို တော့ ငွေလွဲဝင်တာနဲ့ ကားဂိတ်မှ တင်ပေးပါတယ်နော်

"You're never too old to become younger."😉

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No(82) 4Wards, Pan Hlaing Street, Wai Bar Gi Housing, North Okkalapa Tsp
Yangon
11031