Secret Garden YGN
Our product is the Brand leader.
22/12/2020
ရေမွှေးဆွတ်ဖျန်းခြင်းကြောင့် ရရှိနိုင်သောကောင်းကျိုးများ
၁- ရနံသင်းပြန့်နေစေခြင်း
မလိုလားအပ်သော ကိုယ်ခန္ဓာအနံဆိုးများကို ဖုံးလွှမ်းပေးပြီး၊ မိမိစိတ်ကြိုက် သင်းပျံတဲ့မွေးရနံနှင့်အတူ စိတ်ချမ်းမြေ့စွာ တနေ့တာဖြတ်သန်းမူ့ ဘဝကိုကျေနပ်စေပါတယ်။
၂- စိတ်ရွှင်လန်းတက်ကြွနေစေနိုင်ခြင်း
ရေမွှေးဆွတ်ဖျန်းရခြင်းရဲ့ အဓိကဦးတည်ချက်ဟာ တနေ့တာ လူနေမူ့ဘဝကို ရွှင်လန်းစွာဖြတ်သန်းနိုင်ဖို့ဘဲဖြစ်ပြီး၊ အမျိုးအစားမတူညီသောရေမွှေးများမှ မတူညီသော စိတ်ခံစားမူ့များကိုဖြစ်ပေါ်စေပါတယ်။
၃- ကိုယ်ပိုင်ယုံကြည်မူ့အားတိုးတက်စေခြင်း
အဝတ်အစားအသစ် ဆင်မြန်းဝတ်ဆင်ယုံနှင့် သင့်အတွက် ပြီးပြည့်စုံတဲ့ယုံကြည်ချက်ရဖို့မဖြစ်နိုင်သေးပါဘူး။ ရေမွှေးဆွတ်ဖျန်းလိုက်ခြင်းဖြင့် လူအများကြားထဲရဲရဲဝင့်ဝင့်ယုံယုံကြည်ကြည် ဝင်ရောက်ရဲနိုင်စွမ်းများရရှိဖြစ်ပေါ်လာစေပါတယ်။ သင်နှင့်လိုက်ဖက်သော ရေမွှေးရနံရွေးချယ်မူ့ မှန်ကန်ဖို့တော့လိုအပ်ပါတယ်။
၄-သင့်အားဆွဲဆောင်မူရှိသော အသွင်ပြင်ဖြစ်ပေါ်စေခြင်း
အာရုံ ၅ ပါးထဲတွင် ရနံအာရုံဟာခံစားမူ့အတွက် အကောင်းဆုံးသော အစွမ်းရှိသောအာရုံဘဲဖြစ်ပါတယ်။ ရနံအားခံစားရရုံနှင့် ရုပ်ဝတ္တုများကို အကောင်အထည်ဖြစ်ပေါ်နိုင်စေသော အစွမ်းဟာ ရနံဘဲဖြစ်ပါတယ်။
ဥပမာ။ သရက်သီးမမြင်ရပေမယ့် ရနံခံစားရရုံနှင့်ပင် သင့်စိတ်ကူးထဲ သရက်သီးမျိုးစုံ ပုံပေါ်လာစေသလိုမျိုး ခံစားချက်ပါ။ တခါတရံမှာ သင့်ရဲ့ကိုယ်ရနံဟာ တပါးသူရဲ့စိတ်ခံစားချက် တိမ်းညွှတ်မူမျိုးဖြစ်စေတတ်ပါတယ်။
၅-ကျန်းမာရေးတိုးတက်ကောင်းမွန်စေခြင်း
မည်သည့်သုတေသနမှတ်တမ်းများမှ ထုတ်ပြန်ထားခြင်းမရှိသော၊ ရေမွှေးဆွတ်ခြင်းဖြင့် ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်ဆိုတာ (ယုတ္တိမတန်ရာလို့ထင်နိုင်ပေမယ့်လည်း) ရေမွှေးဟာ သင့်ရဲ့ရွှင်လန်းတက်ကြွစိတ်ကို ဖြစ်ပေါ်စေခြင်းဖြင့်၊ စိတ်ဖိစီးမူ့များမှနေဝေးရာသို့ပို့ဆောင်ပေးခြင်းဖြင့်၊ စိတ်ကျန်းမာရေးကောင်း
မွန်လာစေခြင်းဟာ သွယ်ဝိုက်သောနည်းဖြင့် ကျန်းမာရေးကို တိုးတက်လာစေတာဘဲ ဖြစ်ပါတယ်။
၆-ကြည်နူးဆွတ်ပျံဖွယ်ရာ အတိတ်ကို ပြန်လည်အမှတ်ရစေနိုင်ခြင်း
ရေမွှေးရနံဟာ သင်ရဲ့ပုဂ္ဂလိက ပုဂ္ဂိုလ်ဆိုင်ရာမှတ်တမ်းများ၊ ဆွတ်ပျံကြည်နူးခဲ့ရသောအချိန်၊ အဖြစ်အပျက် တစ်ချို့နှင့်အတူ အသုံးပြုသူကိုယ်ပါ အမှတ်တရပြန်ဖြစ်စေပြီး အတိတ်ကာလများဆီသို့ ပြန်လည်ခေါ်ဆောင် သွားစေတတ်ပါတယ်။
၇ - ရနံကုထုံးအဖြစ်အသုံးပြုနိုင်ခြင်း
ပင်ပန်းနွမ်းနယ်နေသူများအား သစ်သီးရေမွှေး၊ပန်းပေါင်းစုံ ရေမွှေးများဖြင့် နှိပ်နယ်၊ အနံအာရုံခံစားစေခြင်းဖြင့် ကိုယ်လက်မအီသာဖြစ်ပေါ်နေခြင်း၊ အားအင်ကုန်ခန်းနေခြင်းများကိုပျောက်ကွယ်ပြီး၊ အချိန်တိုအတွင်း ပြန်လည်လန်းဆန်းနိုင်စေပါတယ်။
၈ - အိမ်မပျော်သောရောဂါသက်သာနိုင်စေခြင်း
ရနံနူးညံသောရေမွှေးအား အိပ်ယာ၊ ခေါင်းအုန် တွင်ဆွတ်ဖြန်းခြင်းဖြင့် အကြောအချဉ်များကို ပြေလျော့စေနိုင်ပြီး၊ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။
၉ - ခေါင်းကိုက်ရောဂါပျောက်ကင်းသက်သာစေခြင်း
ရံဖန်ရံခါ စိတ်ဖိစီးမူ့ကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့် ဖြစ်ပေါ်လာတတ်သော ခေတ္တခေါင်းကိုက်ခြင်း
မျိုးအတွက် ဇတ်ပိုး၊ နားထင် သွေးခုန်သောနေရာအား
ရေမွှေးကို ဆွတ်ဖြန်းနှိပ်နယ်ပေးခြင်းဖြင့် ရေမွှေးတွင်ပါဝင်သော ရေမွှေးဆီကြောင့် အလျှင်အမြန်ပေါက်ကင်း သက်သာစေနိုင်ပါတယ်။
🎪🎪🎪🎪🎪🎪 နိဂုံး 🎪🎪🎪🎪🎪🎪🎪🎪🎪
ရေမွှေးဆွတ်ဖြန်းခြင်းကြောင့် အနှုတ်လက္ခာဆန်
သော ရလဒ်မျိုးဖြစ်ပေါ်စေခြင်း မရှိသလောက်ရှားပါး
ပြီး၊ ရေမွှေးစျေးကြီးရခြင်းနှင့်အတူ သင်ပြန်လည်ရရှိမည့် အကျိုးဟာ ထပ်တူထပ်မျှလို့ဘဲ ဆိုချင်ပါတယ်။
ရေမွှေးနှင့်ပတ်သတ်ပြီး သင်သိသင့်သမျှအားလုံးကို အထက်မှာ ရှင်းလင်းခဲ့ပြီးဖြစ်တာကြောင့် သင်ရွေးချယ်မူ့ အမှားထပ်ဖြစ်ဖို့ဆိုတာ စာရေးသူစိုးရိမ်မူ့ မဖြစ်တော့ပါဘူး။ မှန်ကန်သော စျေးနှုန်းနှင့် မှန် ကန်သောရေမွှေးအရည်အသွေး (ပစ္စည်းမှန်၊စျေးမှန်) များဝယ်ယူအသုံးပြုနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်
Crd - Myat Thu
22/12/2020
💥💥💥 Penhaligon ဆိုတဲ့ ရေမွှေး သိကြသလား ?
Penhaligon ဆိုတဲ့ ရေမွှေးဟာ အင်္ဂလိပ်ရေမွှေးတမျိုးဖြစ်ပါတယ် ဒီရေမွှေးကို ၁၈၇၀ ခုနှစ်မှာ William Penhaligon ဆိုတဲ့ ပုဂ္ဂိုလ်ကစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ အရင်က ဆံပင်ညှပ်သမားတယောက်ဖြစ်ပြီး သူရဲ့ ရေမွှေးအောင်မြင်မှုက နောက်ဆုံး အဂ်လန်ဘုရင်မကြီး Queen Elizabeth ကို ရေမွှေးထုပ်ပေးရတဲ့ သူတယောက်အဆင့်ထိဖြစ်ခဲ့ပါတယ် ဒီရေမွှေးဟာ Rich and Royal အမျိုးအစားထဲကရေမွှေးဖြစ်ပြီး ပထမဦးပိုင်းကနေ ယနေ့တိုင်တိုင်အထိကို အဂ်လန် နိုင်ငံရဲ့ ဘုရင်မိသားစုတွေအတွက် ထုပ်လုပ်ပေးပို့ရလေ့ရှိတဲ့ Royal Perfume တမျိုးပါ ... သူ့ရဲ့ အနံ့တွေက တခြား ရေမွှေးတွေနဲ့ မတူပဲ အမြဲခွဲထွက်နေလေ့ရှိတဲ့ အမွှေးရနံ့တွေဖြစ်ပါတယ်။ ရေမွှေးပုလင်းနဲ့ အဖုံးတွေကလည်း တအားကို ထူးခြားခွဲထွက်လွန်းပါတယ် သမင်တွေ ဒရယ် တွေ ကျွဲခေါင်း ဂျို ပုံစံတွေနဲ့ အဖုံးလုပ်လေ့ရှိပါတယ်။
လက်ရှိကျနော့် collection လုပ်ထားတဲ့ Penhaligon's Endymion EDP သူကတော့ Unisex ပါ အမျိုးသားအမျိုးသမီးနှစ်ဦးစလုံးအတွက်သုံးလို့ရတဲ့ ရနံ့ပါ ဒီ Endymion ဟာ Penhaligon ရေမွှေးတွေရဲ့ all the best 10 fragrance list ထဲက ၅ နေရာမှာ ရှိတဲ့ အမျိုးအစားပဲဖြစ်ပါတယ် .... သိပ်ကြိုက်လို့ အခုထိမသုံးသေးပဲ အလှထိုင်ကြည့်နေတာ ဆိုင်မှာတော့ tester တွေရှိနေတော့ အလုပ်ရောက်မှ ဆွတ်တယ် 😜😁 Endymion လေးကို ၂၀၀၄ ခုနှစ်က Penhaligon ရဲ့ Design House မှာထုတ်လုပ်ခဲ့ပါတယ်။
သူရဲ့ အနံ့ notes တွေကတော့ အဓိက အသီးရနံ့ အမျိုးအစားမျိုးဖြစ်ပါတယ် သူ့ထဲမှာ လိမ္မော် ရှောက် နှစ်မျိုးစပ်အရောရယ် Bergamot အသီးရယ် Lemon Mandarin Orange သုံးမျိုးကိုအချိုးအစားအညီ ရောစပ်ထားတဲ့အပြင် Lavender ပန်းရွက် နဲ့ sage ဆိုတဲ့အရွက် တစ်မျိုးပါဝင်ထားတဲ့ fruity အနံ့တမျိုးဖြစ်ပါတယ်။ဒီရေမွှေးအနံ့ကို သုံးစွဲဖူးတိုင် စွဲလမ်းသွားစေပြီး လူကို တအား လန်းဆန်းတက်ကြွစေတဲ့ အနံ့တမျိုးလည်းဖြစ်ပါတယ်။
(စျေးကတော့ ဒေါ်လာ ၂၀၀ ကျော်လောက်ရှိပါတယ်နော်)
Crd-အနဲကြီး
Page လေးကို Like လုပ်ထားကြပါနော် ချစ်တို့ရေ Christmas အတွက် အရန်းတန်တဲ့ အထူး promotion လေးတွေလုပ်ပေးမှာမလို့ပါနော်
09/12/2020
👙👙👙ဟိုနေရာသုံး Fiellie ရေမွှေးလေးအကြောင်း
❇️❇️❇️Foellie ရေမွှေးလေးက Lady ဘဲဖြစ်ဖြစ် Gentleman ဘဲဖြစ်ဖြစ် Pravite Area ကို သုံးဖို့အတွက် သာ သီးသန့်ထုတ်လုပ်ထားတာဖြစ်ပီး သဘာဝသစ်ဥသစ်ဖုအဆီအနှစ် တွေနဲ့ပေါင်းစပ်ဖန်တီးထားတာဖြစ်လို့ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ အလက်ဂျစ်ဖစ်တာမျိုးတွေကို အဓိကကာကွယ်ပေးတဲ့ ဆေးရေမွှေးလေးဖြစ်ပါတယ်။
❇️❇️❇️Foellie inner Perfume လေးက အနံ့ အမျိုးမျိုးရှိပါတယ်၊ ( ပုလင်းအရောင်လေးတွေနဲ့ အနံ့လေးတွေ ခွဲကြည့်လို့ရပါတယ် ) အနံ့ အကုန်လုံးက ရနံ့သင်းသင်းလေးတွေကြည့်ဘဲဖစ်လို့ တစ်နေ့တာ ယုံကြည်မှုအပြည့် နဲ့ လန်းဆန်းတက်ကြွမှုကို ရရှိနေမှာပါ။
♥️♥️ အသုံးပြုပုံ
Foellie Perfume အသုံးပြုပုံလေးကတော့ အသွင်းခံဘောင်ဘီ underwear အသွင်းပိုင်းနေရာလေးကို အစက်ကလေးတစ်စက်ချပေးပီးမှသုံးလို့ရပါတယ်။
Daily pad သုံးတယ့်သူလေးတွေဆိုရင် pad လေး
မှာ အစက်လေး တစက်ချပေးရမှာဖြစ်ပြီးတော့🌻
👌🏼တစ်ခါသုံးရင် အတွင်းခံအပေါ်မှာ ၁စက်ကနေ၊ ၂စက်ထိ ပိုပြီးမသုံးရဘူးဆိုတော့ နေ့စဉ်သုံးရင်တောင် ၃လဝန်းကျင်တော့ အနည်းဆုံးခံပါလိမ့်မယ်
05/12/2020
💎💎💎 ရေမွှေး၀ယ်မယ်ဆိုရင် ဘယ်လိုလေးရွေးချယ်၀ယ်ကြမလဲ ??????
ရေမွှေး၀ယ်တော့မယ်ဆိုရင် ဘယ်လိုရေမွှေးအဆင့်မျိုးရွေး၀ယ်မလဲဆိုတာကို သိထားသင့်ပါတယ် ... ရေမွှေးဆီပါ၀င်မှု ရာခိုင်နှုန်းပေါ်မူတည်ပြီး ရေမွှေးအဆင့်အမျိုးမျိုးရှိပါတယ် ..
၁။ အမျိုးသားများအတွက် After shave lotion( clear liquid) နဲ့ အမျိုးသမီးများသုံးရန် body mist / hair mist တွေမှာဆိုရင် ရေမွှေးအဆီ က ၁ - ၂ % ထိပါ၀င်ပြီး စျေးအသက်သာဆုံးဖြစ်ပါတယ်။အမွှေးရနံ့ကလဲ အများဆုံး ၂ နာရီထိပဲ ခံပါတယ်။
၂။ Eau fresh သို့မဟုတ် summer perfume တွေဟာဆိုရင် ရေမွှေးဆီ ၃%၀န်းကျင် ပါ၀င်ပြီး ၃နာရီ၀န်းကျင်တော့ ရနံ့စွဲထင်စေနိုင်ပါတယ်။
၃။ Eau de cologne ကတော့ ၄ % ၀န်းကျင်ပါ၀င်နိုင်ပြီး ရနံ့များကတော့ ၄နာရီ၀န်းကျင် စွဲထင်နိုင်ပါတယ်။
၄။Eau de toilette များကတော့ အဆီ ၅ - ၈ %ထိပါ၀င်နိုင်ပြီး ရနံ့စွဲထင်မှုကတော့ ၆နာရီ၀န်းကျင်ထိ ရှိနိုင်ပါတယ်။
၅။Eau de perfum များကတော့ ၈ - ၁၂ % ထိပါ၀င်ပြီး ၉နာရီ၀န်းကျင်ထိ ရနံ့စွဲထင်စေနိုင်ပါတယ်။
၆။ perfume / perfum / essence de perfum စတာတွေကတော့ ၁၈ - ၃၀% ထိပါ၀င်နိုင်ပြီး ၁၄နာရီ၀န်းကျင်လောက် ထိ ရနံ့စွဲထင်စေနိုင်ပါတယ် ။
ရေမွှေးဆီ ပါ၀င်မှုနှုန်းပေါ်မူတည်ပြိး စျေးနှုန်းကွာဟသလို Brand များပေါ်မူတည်ပြီးလည်း စျေးနှုန်းကွာခြားပါသေးတယ်။ အထက်ပါရနံ့စွဲထင်နှုန်းတွေက အရေပြားပေါ်တွင် ဆွတ်ဖြန်းထားခြင်းအပေါ်စွဲထင်မှုနှုန်းထားများဖြစ်ပြီး အ၀တ်အစားများပေါ်ဆွတ်ဖြန်းပါက ပိုမိုတာရှည်ခံနိုင်ပါသည်။ အမျိုးသားသုံးရေမွှေးအများစုမှာ edt or eau de toilette များပြီး အမျိုးသမီးသုံးများမှာ အစုံရှိပါသည် ။ ထို့အပြင် ရာသီဥတုအနေအထားပေါ်မူတည်ပြီး သုံးစွဲသင့်ပါသည် ။ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက်ကတော့ Eau de toilette သည် အသင့်လျော်ဆုံးဖြစ်ပြီး အေးသောဒေသ များတွင် eau de perfum သုံးစွဲပါက ပိုမိုသင့်လျော်ပါသည်။
ရေမွှေးဆွတ်နည်းလေး Video လေးနဲ့ ရှင်းပြထားပါတယ်
05/12/2020
📌📌📌ရေမွှေးကို ဘယ်နေရာမှာ ဆွတ်ရမလည်း???
ကိုဝယ်ထားတဲ့ရေမွှေးကို ပုံမှန်ထက် ပိုပြီး အနံ့ပြန့်လွင့်အားကောင်းကောင်းနဲ့ အချိန်ပိုကြာကြာခံစေချင်တယ်ဆိုရင် ခန္ဓာကိုယ်မှာ အပူချိန်အများဆုံးထွက်နဲ့နေရာတွေဖြစ်တဲ့ လည်ပင်းနားတဝိုက်၊ ပခုံး ကိုဦးစားပေးဆွတ်သင့်ပြီး Chest ကိုတော့ ဒုတိယဦးစားပေးအနေနဲ့ဆွတ်သင့်ပါတယ်။ လက်ကောက်ဝတ် ကတော့ Optional ပါ ကျွန်တော်ကတော့သိပ်အားမပေးပါဘူး ဘာဖြစ်လို့ဆို လက်ဆေးတဲ့အခါရေထိလို့ပဲဖြစ်ဖြစ် Computer သုံးတဲ့အခါမျိုးမှာ ခဏခဏ ပွတ်တိုက်မိလို့ပဲဖြစ်ဖြစ် အနံ့ပြောင်းအနံ့ပြယ်လွယ်တာကြောင့် ကို့လုပ်ကိုင်ရမဲ့အခြေနေပေါ်မူတည်ပြီး ဆွတ်သင့်မဆွတ်သင့် ရွေးချယ်သင့်ပါတယ်။
📌📌📌ရေမွှေးဆွတ်ရင် အဝတ်အစားပေါ်ဆွတ်ရမလား ခန္ဓာကိုယ်ပေါ်ဆွတ်ရမလား???
များသောအားဖြင့်တော့ ခန္ဓာကိုယ်ပေါ်ဆွတ်တာအမှန်လို့ဖြေကြပါတယ်။ ဟုတ်ပါတယ် မှန်သင့်သလောက်တော့မှန်ပါတယ်၊ ဒါပေမဲ့ တစ်ချို့လူတွေမှာ ရေမွှေးကို ခန္ဓာကိုယ်ပေါ်ဆွတ်လိုက်ရင် နီရဲပြီးယာလာတက်တာမျိုးတွေရှိပါတယ် (ရေမွှေးအမျိုးအစား ကောင်းတာ မကောင်းတာနဲ့မဆိုင်ပါဘူး)။ နောက်ပြီး တစ်ချို့ရေမွှေးတွေက ခန္ဓကိုယ်ပေါ်ဆွတ်ရင်ထွက်တဲ့အနံ့နဲ့ အဝတ်စားပေါ်ဆွတ်ရင်ထွက်တဲ့အနံ့ မတူတာမျိုးရှိသလို့ အဝတ်ပေါ်ဆွတ်မှအနံ့ပိုဆွဲနေတက်တဲ့ရေမွှေးမျိူးလဲရှိပါတယ်။အဲ့တော့ ဘယ်ဟာကိုအမှန်ရယ်လို့ တသက်မှတ်ထည်းမှတ်မထားပဲ ကိုနဲ့အဆင်အပြေဆုံးနည်းကိုရွှေးဖို့ recommend လုပ်ချင်ပါတယ်။
✅✅✅ ရေမွှေးဆွတ်တဲ့အခါ ဆွတ်မဲ့နေရာနဲ့ အနည်းဆုံး ၄လက်မကနေ အများဆုံး ၆လက်မခွာပြီးဖြန်းတာက သင့်အတွက်အကောင်းဆုံးရလဒ်ကိုရရှိစေမှာပါ။
🚫🚫🚫 ရေမွှေးကိုလေထည်းမှာ ၄ချက်၅ချက်လောက်ဖြန်းပြီး အဲ့နေရာကို ဝင်တိုးလိုက်တာမျိုးကိုမလုပ်သင့်ပါဘူး၊ ရေမွှေးဆွတ်တာနဲ့မတူပဲ ဖြုန်းတီးလိုက်တာနဲ့ပိုတူနေလို့ပါ။
⚠️⚠️⚠️ ရေမွှေးဆိုတာမျိုးက သက်တန်းကြာကြာအထားခံအောင် သာမန် room temperature မှာ ငြိမ်၂လေးထားရတာမျိုးဆိုတော့ ရေမွှေးမဆွတ်ခင် ပုလင်ကို shake လုပ်ပြီးမှဆွတ်တာမျိုးလဲ ရှောင်သင့်ပါတယ်။ ရေမွှေးကို လက်ကောက်ဝတ်မှာဖြန်း ပြီးနောက်လက်တစ်ဘက်နဲ့ပွတ်တာမျိုး ဖြစ်ဖြစ် လည်ပင်းနဲ့ပွတ်တာမျိုးဖြစ်ဖြစ်လဲ မလုပ်သင့်ပါဘူး။ ဘာဖြစ်လို့ဆို ရေမွှေးဆိုတာမျိုးက Chemical နဲ့အများစုနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် ပွတ်လိုက်လိုက်တဲ့အခါ Chemical Compound တွေပြိုကွဲပြီး အနံ့ပြောင်းတာ အနံ့ပျယ်လွယ်တာမျိုးတွေဖြစ်တက်ပါတယ်။
မကြာခင် USA Cosmetic လေးတွေရောက်လာပါတော့မယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 08:00 - 06:00 |
| Tuesday | 08:00 - 06:00 |
| Wednesday | 08:00 - 06:00 |
| Thursday | 08:00 - 06:00 |
| Friday | 08:00 - 06:00 |
| Saturday | 08:00 - 06:00 |
| Sunday | 08:00 - 06:00 |