Neon
Online Business
မြေမရှိတော့လည်း ရှိတဲ့လျောက်လမ်းမှာစိုက်ထားတာလေးတွေ 🌹🌶️🍆🍅ခရမ်းချဉ်သီးလေးကမှည့်တောင်နေပြီ😍
01/01/2025
အကောင်းနဲ့အဆိုး ဆိုတာအမြဲဒွန်တွဲနေတဲ့
သဘာဝတရားပါပဲ...
ဘီယာသောက်ရင်းနဲ့ တရားနားချင်လည်းနာမှာပဲ
မနေ့ကအရက်သမား ဒီနေ့မှာတရားသမားလည်း
ဖြစ်ချင်ဖြစ်မှာပဲ...
အဲ့ဒီ့ရဲ့ကြားထဲမှာ သတိလေးသာကပ်ထားရင်
သဘာဝဆန်တဲ့ လူသားဖြစ်သွားမှာ...
ဒီနှစ်ရဲ့အစမှာ တွေးမိတာလေးတခုက
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
မထိခိုက်ဘူးဆိုရင် လုပ်ချင်တာတွေကို
ရဲရဲဝံ့ဝံ့လုပ်ပြစ်ဖို့ပါပဲ....
နောင်တဆိုတာ လုပ်မိလိုက်တဲ့အရာတွေထပ်
မလုပ်ဖြစ်လိုက်တဲ့အရာတွေပေါ်မှာ ပိုရတတ်ကြတယ်....
နှစ်စကနေ နှစ်ဆုံးတဲ့ထိ
လုပ်ချင်တာတွေကို လုပ်ပြစ်ဖို့ဆုံးဖြတ်ရင်းးးးးးး
🍀1.1.2025🍀
20/08/2022
ဘဝမှာ စိတ်ချမ်းသာချင်ရင်
ဘယ်သူ့ဆီက ဘယ်အရာကိုမှ
မမျှော်လင့်နှင့်။
မျှော်လင့်ချက်နဲ့ ဘယ်သူ့ကိုမှ
ဘယ်အရာမျှ မပေးပါနှင့်။
ဘဝကို ဘယ်လို အနိုင်ယူမလဲ...?
Vd - credit
"မတူညီမှု"
(5)မိနစ် တရားတော်
မော်ကျွန်း ဆရာတော်
14/12/2020
လူ့လောကမှာ....
သင့်အနေနဲ့ အလိမ်ခံရလည်း
ပြုံးနေလိုက်ပါ။
အစော်ကားခံရလည်း
ပြုံးနေလိုက်ပါ။
ယုတ်မာတာ ခံရလည်း
ပြုံးနေလိုက်ပါ။
အရမ်းပဲ
သဘောထားကြီးလို့တော့
ဘယ်ဟုတ်ပါ့မလဲ။
ဝဋ် ဆိုတာက
တုန့်ပြန်တဲ့အခါ ပိုပြီး တိကျတယ်
လေ။
ပြတ်သားတယ်
မျက်နှာ မလိုက်ဘူး
တောင်းပန်လို့ မရဘူး
ငွေပေးလို့လည်း မရဘူး။
ကိုယ်လုပ်သမျှ
မကောင်းမှုတွေကို တစ်ချိန်ချိန်မှာ
ထပ်တူပြန်ရတာကို
ဝဋ်လည်တယ်လို့ ခေါ်ပါတယ်။
ငါတော့
မကောင်းတာ အကုန်လုပ်တယ်။
ငါတော့
သူ့အပေါ် ဗိုလ်ကျ လိုက်ရပြီ။
ငါတော့
စကားနဲ့ အနိုင်ပိုင်းလိုက်တာ..။
ငါ အမြဲ နိုင်နေတယ် ဆိုပြီး
မာန်တက်နေလို့ မရပါဘူး။
သက်ရောက်မှုတိုင်းမှာ
တန်ပြန် သက်ရောက်မှု ဆိုတာ
ရှိပါတယ်။
ကိုယ်ပြုလိုက်မိတဲ့ ကံတစ်ခုရဲ့
အတိမ် အနက် အလိုက်
ပြန်ပေးဆပ်ရတယ်လို့သဘော
ထားပါ။
ယတြာချေ လိုက်လို့
ပ_ပျောက်သွားတယ်ဆိုတဲ့
အထဲမှာ အကုသိုလ်ကံ မပါပါဘူး။
ဒါကြောင့်
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ် ကိုယ်ခံ ဆိုသလို...
သူကြိုက်တာ သူလုပ်ပြီး
သူဖြစ် သူခံပါလိမ့်မယ်။
Credit : Original Writer
24/10/2020
အဟန့်အတား
=========
အောင်မြင်မှုပန်းတိုင်ဆီ လျှောက်လှမ်းနေကြတဲ့ သူတိုင်းမှာ အဟန့်အတားတွေရှိတတ်ကြပါတယ်။ အခြေခံအားဖြင့် သဘာဝဘေးအဟန့်အတား၊ စနစ်အဟန့်အတား၊ လူအဟန့်အတား နဲ့ စိတ်အဟန့်အတားတို့ပါပဲ။ အဟန့်အတားရှိရင် ကိုယ်သွားမဲ့လမ်းကို အလွယ်တကူမရောက်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။
ကြိုးစားလိုသူတိုင်းမှာ တူညီတဲ့သဘာ၀က အောင်မြင်ချင်ကြတာပါပဲ။ ဒါပေမဲ့ အဲဒီအောင်မြင်မှုဆိုတဲ့ ပန်းတိုင်ဆီကိုတော့ လူတိုင်းရောက်တာမဟုတ်ပါဘူး။ စာမေးပွဲဖြေသလိုပဲ နတ်ကြီးတယ်လို့ တင်စားပြောရမှာပေါ့။ ကိုယ့်မှာလိုအပ်တဲ့ အရည်အချင်းတွေ ပြည့်နေဖို့က အရင်ဆုံးကြိုးစားရပါတယ်။ အရည်အချင်းတွေပြည့်လာတော့ တန်းအောင်မြင်သလားဆိုတော့လည်း မဟုတ်သေးပါဘူး။ အောင်မြင်မှုဆီမရောက်ခင် အဟန့်အတားတွေ အများကြီးကိုကျော်ဖြတ်ရပါတယ်။ အရည်အချင်းစစ်တဲ့၊ သက်လုံစစ်တဲ့ လူတွေ့စာမေးပွဲတွေလိုပေါ့။
တကယ့်ဘ၀မှာက မထင်မှတ်ထားတာတွေပဲ ကြုံကြရတာပါ။ ဒီအခါမှာ "ဒီကွေ့ရောက် ဒီတက်နဲ့လှော်ပြီး၊ ဟိုကွေ့ရောက် ဟိုတက်နဲ့လှော်မယ်" ဆိုတဲ့စကားလိုပဲ ဘယ်လိုဖြေရှင်းကျော်ဖြတ်မလဲဆိုတဲ့ ဖြတ်ထိုးဉာဏ်တွေ၊ ဆင်ခြင်ဉာဏ်တွေလိုလာတော့တာပေါ့။ အဲဒီလိုကျော်ဖြတ်ရမဲ့ အဟန့်အတားတွေထဲမှာ အထက်ကပြောခဲ့သလို လူ၊ စနစ်၊ သဘာဝဘေး စတဲ့ အဟန့်အတားတွေက ကြုံရတဲ့သူတိုင်း ကျော်ဖြတ်ဖို့ခက်ခဲကြတယ်ဆိုတာ သိရှိကြပါတယ်။ ဒါပေမဲ့ ဒီအဟန့်အတားတွေက မကျော်ဖြတ်နိုင်တဲ့အရာလားဆိုပြန်တော့လည်း မဟုတ်ပါဘူး။ ကျော်ဖြတ်ချင်စိတ်ရှိရင် ကျော်ဖြတ်နိုင်ပါတယ်လို့ ပြောရပါမယ်။
ဒီတော့ စိတ်အဟန့်အတားကိုသာ ကျော်ဖြတ်နိုင်ရင် ကျန်တာတွေကို ကျော်ဖြတ်နိုင်ပြီပေါ့။ ဘယ်လောက်ခက်ခဲသည်ဖြစ်ပါစေ၊ ဖြစ်ချင်စိတ်ပြင်းပြရင် ရောက်အောင်ကျော်ဖြတ်ပြီးသွားတော့တာပါပဲ။ အဲဒီအတွက် "ဖြစ်ပါ့မလား၊ မဖြစ်ရင်ဘယ့်နှယ်လုပ်မလဲ၊ မဖြစ်လောက်တော့ပါဘူး၊ ဒီလောက်နဲ့တော်ပါပြီ၊ ငါကံမပါဘူး …. စတဲ့" ညံ့ဖျင်းသော စိတ်နေသဘောထား အဟန့်အတားကို အရင်ဖယ်ရှား တိုက်ထုတ်ရပါမယ်။ ကိုယ့်ကိုယ်ကို "အရှုံးသမားဘ၀နဲ့ တစ်သက်လုံး သွားတော့မလားလို့" မေးပါ။ မိမိသည် ဒီဘ၀ကို အရှုံးပေးဖို့ရောက်လာတာမဟုတ်ဘူး ဆိုတာ သေချာသွားပြီဆိုရင် သင့်အတွက် တွန်းအားတွေ အလိုလိုပေါ်ပေါက်လာပါလိမ့်မယ်။
သင်သည် တစ်ခြားသူတွေလိုပဲ အောင်မြင်ခွင့်ရှိသူဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။ မွေးကတည်းက အောင်မြင်လာသူ တစ်ယောက်မှမရှိပါဘူး။ သင့်အချိန်နဲ့ အခွင့်အရေးတွေကိုသာ အကျိုးရှိရှိအသုံးချရင်း၊ စိတ်သတ္တိမွေးပြီး ရဲရဲကြီးရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။ အနည်းဆုံးတော့ သင်သည်လွယ်လွယ်အရှုံးပေးတတ်သူ မဟုတ်ဘူးဆိုတာ သင့်မိသားစုနဲ့ သင့်အသိုင်းအဝိုင်းကို သိပါစေ။ သင့်ကိုပိုင်ဆိုင်ထားရသူတိုင်း ခွန်အားတွေဖြစ်နေကြမှာ မလွဲပါပဲ။
မလျှော့သောဇွဲနဲ့ အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
22/10/2020
အာရုံစိုက်မမှားနဲ့
===========
ရှင်ဘုရင့်သားသမီး ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး မွေးတာ မမွေးတာ ကိုယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်ကိစ္စက ကိုယ့်သားသမီး ဂုဏ်သိက္ခာရှိရှိ မွေးဖွားလာဖို့ပဲ။
သူများတိုက်တွေကားတွေပိုင်တာ မပိုင်တာ ကိုယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်ကိစ္စက ကိုယ်နေတဲ့အိမ်ဟာ မေတ္တာနဲ့ထုံတဲ့ နွေးထွေးတဲ့အိမ်ဖြစ်ဖို့ပဲ။
သုံးနိုင်သူတွေ ငွေကိုရေလိုသုံးတာ မသုံးတာ ကိုယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်ကိစ္စက ကိုယ့်အသုံးစရိတ်ဟာ ကိုယ့်ဝင်ငွေထက်မပိုစေဖို့ပဲ။
သူများတွေ ဘွဲ့တွေအများကြီးရတာ မရတာ ကိုယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်ကိစ္စက ထမင်းစားနိုင်မဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုတတ်ထားဖို့ပဲ။
သူများတွေနာမည်ကြီးတာ မကြီးတာ ကိုယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်ကိစ္စက ကိုယ်အရေးကြုံရင် အားကိုးလောက်တဲ့ မိတ်ဆွေစစ်ရှိဖို့ပဲ။
တတ်နိုင်သူတွေ အဝတ်အစားအသစ်အဆန်း ဝတ်နိုင်တာ မဝတ်နိုင်တာ ကိုယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်ကိစ္စက ကိုယ်ဝတ်တဲ့အဝတ်က ကိုယ့်ဂုဏ်သိက္ခာကိုထိန်းနိုင်ဖို့ပဲ။
သူများတွေ အပြောကောင်းတာ မကောင်းတာ ကိုယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်ကိစ္စက ကိုယ်ပြောတဲ့စကားလုံးတိုင်း အဓိပ္ပါယ်ရှိပြီး မှန်ကန်ဖို့ပဲ။
သူများတွေ ဖောက်ပြန်တာ မဖောက်ပြန်တာ ကိုယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်ကိစ္စက သစ္စာမဲ့သူထဲ ကိုယ်မပါဖို့ပဲ။
သူများတွေ ဘုရားစာတွေတတ်တာ မတတ်တာ ကိုယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်ကိစ္စက မှန်သောတရားကိုသိပြီး သိတဲ့အတိုင်း ကျင့်သုံးနေထိုင်ဖို့ပဲ။
သူများတွေ နိဗ္ဗာန်ရောက်နိုင် မရောက်နိုင်ဆိုတာ ကိုယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်ကိစ္စက ဒီနေ့ ကိုယ့်မှာအကုသိုလ်မရှိဖို့ပဲ။
အာရုံစိုက်မလွဲကြပါစေနဲ့။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
မင်္ဂလာပါ နံနက်ခင်းလေးပါ။
🙏ဘာလုပ်ရမှန်း မသိတဲ့အခါ🙏
🙏(၅)မိနစ် တရားတော်🙏
23/04/2020
Recovering from sadness (၀မ်းနည်းမှုပြေပျောက်ခြင်း)
==========================================
သင့်ရဲ့၀မ်းနည်းမှုအတွက် အကြောင်းတရားတွေများစွာရှိနိုင်ပါတယ်။ ချစ်တဲ့သူကိုဆုံးရှုံးရခြင်း၊ ပက်သက်ဆက်နွယ်မှုတစ်ခုဆုံးရှုံးရခြင်း၊ အိမ်မွေးတိရစ္ဆာန်လေးကို ဆုံးရှုံးရခြင်း၊ အိမ်ကထွက်လာရခြင်း၊ အလုပ်ပြုတ်ခြင်း သို့မဟုတ် စီးပွားရေးဆုံးရှုံးရခြင်း၊ အရည်အချင်းတွေဆုံးရှုံးရခြင်း စတဲ့အချက်တွေပေါ့။ ဒီလိုအတွေ့အကြုံတွေကို ဘယ်လိုတုံ့ပြန်ပါမလဲ။ ဖြစ်နိုင်ခြေရှိတာကတော့ ငိုမှာပေါ့ ဟုတ်တယ်မလား။
There may be many causes for your sadness such as losing a beloved one, losing a relationship, losing a pet, leaving home, losing a job or a business, losing physical abilities and so on. How do you usually respond to such experiences? You will probably cry, won't you?
သင့်ရဲ့ဆုံးရှုံးမှုအကြောင်းကို မေ့လို့မရတဲ့အတွက် အဲဒီအကြောင်းကိုပဲ အဆက်မပြတ်တွေးနေမိပြီး ရလဒ်အနေနဲ့တော့ စိတ်ကျလာတတ်တာပါပဲ။ သင့်ရဲ့ဆုံးရှုံးမှုကိုပဲ ထပ်ခါထပ်ခါတွေးမိနေတာ ကြာလာတာနဲ့အမျှ၊ သင့်ရဲ့ခံစားချက်ကလည်း ပိုပြင်းထန်နက်ရှိုင်းလာတတ်ပါတယ်။ အဲဒါဆိုရင်တော့ သင်ဟာ သင့်ရဲ့၀မ်းနည်းမှု အခန်းကျဉ်း မှောင်မှောင်ထဲမှာပဲ ပိတ်မိနေတော့မှာပါ။
As you can't forget your loss, you may keep thinking about it and it may cause your depression as a result. The longer you ruminate on your loss, the deeper your emotion will become. Then you will be stuck just in the dark narrow room of your sadness.
တကယ်တော့ ဒီလိုအခြေအနေကနေ ထွက်မြောက်နိုင်ဖို့ နည်းလမ်းတစ်ခုတော့အမြဲရှိနေတတ်ပါတယ်။ ခဏလောက် ကိုယ့်ကိုယ်ကိုအနားပေးပြီး အခုတွေးမိနေတာကနေ အာရုံပြောင်းယူဖို့ကြိုးစားဖို့တော့လိုတာပေါ့။
Actually, there is always a way out of this situation. All you have to do is give yourself a break for a moment and try to distract yourself from what you are thinking now.
၀မ်းနည်းမှုကိုလွန်မြောက်ဖို့က သင့်အတွက်ရွေးချယ်စရာတွေများစွာ ရှိနိုင်ပါတယ်။ လေ့လာချက်တွေအရ ငိုခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ပြုံးခြင်း နဲ့ သီချင်းနားထောင်ခြင်းတွေကတော့ သင့်အတွက် ရွေးချယ်စရာတစ်ချို့ပေါ့။
There may be several options for you to overcome sadness. Crying, exercising, smiling and listening to the music are some of them according to the studies.
သူတို့ရဲ့အဆိုအရ ငိုကြွေးခြင်းက Parasympathetic အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ကို စိတ်ဖိစီးမှု၊ စိတ်ထိခိုက်မှုဒဏ်ကနေ သက်သာစေတယ်တဲ့။ ကိုယ်လက်လေ့ကျင့်ခန်းကတော့ ပန်းတိုင်တစ်ခုကို အာရုံစိုက်နေဖို့ သင့်ကိုအချိန်ပေးနိုင်မှာဖြစ်ပြီး သင့်ရဲ့၀မ်းနည်းမှုကို အာရုံစိုက်နေတာကနေ အာရုံလွှဲပေးနိုင်ပါတယ်တဲ့။
What they say is that crying may also activate your parasympathetic nervous system, which helps your body recover from stress and trauma. Exercise will also give you a time to focus on one specific goal. This may help distract you from focusing on your sadness.
ဒါ့အပြင် ၀မ်းနည်းလို့ မျက်မှောက်ကြုတ်တဲ့သူတွေဟာ မျက်မှောင်မကြုတ်သူတွေထက် ပိုပြီး၀မ်းနည်းမှုကိုခံစားဖို့ ဖြစ်နိုင်ခြေရှိပါတယ်တဲ့။ ဒါကြောင့် ပြုံးခြင်းဟာ သင့်အတွက် ခံစားမှုသက်သာဖို့ အထောက်အကူကောင်းတစ်ခုဖြစ်ကြောင်း အကြံပြုကြပါတယ်။
And people who frown when they feel unhappy are likely to feel more unhappy than those who do not (or cannot) frown. So they suggest that smiling is a good help for you to feel better.
သုတေသနကပြတာကတော့ သတိပဋ္ဌာန်အားထုတ်ခြင်းဟာ သင့်ဦးနှောက်ရဲ့ ၀မ်းနည်းမှုပေါ်မှာ တုံ့ပြန်ပုံကို တကယ်ကိုပြောင်းလဲပေးပါတယ်တဲ့။ ၀မ်းနည်းမှုကနေလည်း မြန်မြန်သက်သာစေပါတယ်တဲ့။ အကြောင်းကတော့ သတိပဋ္ဌာန်ဟာ ပစ္စုပ္ပန်မှာပဲ အာရုံစိုက်စေပြီး တွေးနေတာတွေကနေ ရှောင်ရှားနိုင်လို့ပါပဲ။
Research has shown that practicing mindfulness can actually change how your brain responds to sadness. It can also help you recover from sadness faster. Because mindfulness focuses on remaining in the present moment, it can help you avoid rumination.
ဘုန်းကြီးအတွက်ကတော့ သတိပဋ္ဌာန်ကအကောင်းဆုံးပါပဲ။ အတိတ်က ရေလို့မရတဲ့ ၀မ်းနည်းမှုတွေကနေ ဒါနဲ့ပဲ သက်သာခွင့်ရခဲ့ရတာမလား။ ခုလည်းပဲ စိတ်ခံစားချက် ပြင်းထန်လွန်းခြင်းတွေမဖြစ်အောင် ဒီသတိပဋ္ဌာန်ကိုပဲ လုပ်နေဆဲပါပဲ။
For me, mindfulness is the best as I recovered from my uncountable sadness in the past by it. I'm still doing it so as to avoid being too much emotional.
အားလုံးအတွက် ဆုမွန်ကောင်းတွေတောင်းပေးလိုက်ပါတယ်။
Best wishes for you all!
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
17/04/2020
မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေ။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။
ကပ်သုံးပါးအားလွန်မြောက်၍ မေတ္တာလွမ်းခြုံ ကိုယ်စီ လုံနိုင်ကြပါစေ။
ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကျန်းမာ ချမ်းသာ
ဘေးဘယာတွေ ဝေးကွာကြပါစေ။
🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Aye Mya Tharyar
Yangon
11401