Shan Gyi 365 A
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shan Gyi 365 A, Health/Beauty, yangon, Yangon.
17/09/2022
ဘောလုံး ဘော်ဒီ မောင်း ဂိုးပေါင်း တို.ကို မြန်မာကြေးနင့် ကစားနိင်ပါပြီ
Viber 09401092117
06/09/2022
စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်အတွက်
ပြီးခဲ့တဲ့ဘောလုံးရာသီက ကစားသမားဘဝ
အမြင့်မားဆုံးရာသီဖြစ်ခဲ့တယ်။ လိဂ်ဂိုး ၂၃ ဂိုး
အပါအဝင် စပါးအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုး
သွင်းယူနိုင်ခဲ့တယ်။ စပါးအသင်းချန်ပီယံလိဂ်
ဝင်ခွင့်က ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးတွေမပါပဲ
မဖြစ်နိုင်ပါဘူး။ ရာသီအကုန်မှာ ပရီးမီးယားလိဂ်
ရွှေဖိနပ်ဆုကို ဆာလက်ရှ်နဲ့ ပူးတွဲရခဲ့ပြီး
အာရှသားတွေအတွက် ဂုဏ်ယူစရာ
စွမ်းဆောင်မှုအဖြစ် အားလုံးကချီးကျုးခဲ့ကြတယ်။
ဒီရာသီမှာတော့ ဆွန်ဟောင်မင် ဂိုးပေါက်ပျောက်နေတယ်။ တပွဲ ၂ ပွဲဂိုးပေါက်ပျောက်တာမဟုတ်ပဲ ရာသီအစ ၆ ပွဲဆက် ဂိုးပေါက်ပျောက်နေတာ။ အချက်အလက်တွေအရဆို ဆွန်ဟောင်မင်က ဒီရာသီ ၆ ပွဲမှာ ဂိုးပေါက်ကန်ချက် ၁၆ ကြိမ်အထိရခဲ့ပေမယ့် ဂိုးတဂိုးမှမရခဲ့တာ။ ဒီတော့ ဆွန်ဟောင်မင်ခြေစွမ်းကျလာပြီလား။ ဒါမှမဟုတ် ကွန်တီရဲ့ကစားကွက်က ဆွန်ဟောင်မင်အတွက်
အဆင်မပြေဖြစ်နေလားဆိုတာကို စဉ်းစားဖို့လိုလာပြီ။
ပွဲတွေမှာကြည့်ရတာတော့ ဆွန်ဟောင်မင်က မနှစ်ကလို ကစားအားမျိုးနဲ့ ကစားနေတုန်းပဲ။
တခုပဲ အခုရာသီစပါးက ကွင်းလယ်အင်အား
ပိုတောင့်တင်းလာသလို တိုက်စစ်တာဝန်ကို
ခွဲယူသူတွေများလာတာပဲ။ မနှစ်က ဆွန်နဲ့ကိန်း
အတွဲအဖက်ကနေသာ ဂိုးရဖို့အားထားရပေမယ့်
အခုရာသီမှာတော့ ပီရီဆစ်၊ ကူလူဆက်ဗ်စကီးတို့လို ကစားသမားတွေရှိသလို ရစ်ချာလီဆန်ကလည်း
အရန်ခုံကနေ အသင့်စောင့်နေလို့ ဆွန်ဟောင်မင်မှာ
ဖိအားတွေရှိလာတယ်။ စိုးရိမ်စိတ်တွေများလာရင်
ကစားသမားတယောက်ရဲ့ ဆုံးဖြတ်ချက်တွေကလည်း မသေမချာဖြစ်လာတယ်။ ကွင်းထဲမှာပိုပြီး
ခြေစွမ်းပြချင်လာတယ်။ ဒါပေမယ့် လုပ်သလိုမဖြစ်တော့ ပိုပြီးဖိအားတွေများလာတယ်။ ခုချိန်မှာ ဆွန်ဟောင်မင်က ဖိအားတွေအောက်ရောက်နေတာ သေချာတယ်။
ဒီအခြေအနေကို နည်းပြကွန်တီ အကောင်းဆုံး
ဖြေရှင်းနိုင်ဖို့လိုတယ်။ ကစားသမားကို အားပေးထားတယ်ဆိုတိုင်း ကစားသမားရဲ့ဖိအားတွေလျော့သွားနိုင်တာမဟုတ်ဘူး။ ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းနဲ့နိုင်ငံအတွက် ပွဲတွေဆက်တိုက် ကစားပေးရလို့ ဆွန်ဟောင်မင်ပင်ပမ်းနေတာဆိုတဲ့ သုံးသပ်ချက်တွေရှိနေတယ်။ အာရှရဲ့ ဂုဏ်ယူစရာ ကစားသမားတယောက် ဒီလိုမျိုးဖိအားများနေတာကိုတော့ မတွေ့ချင်တာအမှန်ပဲ။ သွင်းဂိုးတွေနဲ့ပြန်လာနိုင်ပါစေ ဆွန်ဟောင်မင်ရေလို့ပဲ ဆုတောင်း နေမိပါတယ်။
06/09/2022
ရီစီဂျိမ်းစ်။ ပေါက်ကွဲအားကောင်းတဲ့ ညာအစွန်နောက်ခံလူ။ ဘောလုံးမိသားစုကဆင်းသက်လာသူက ၂၀၁၉ မှာ ချဲလ်ဆီးအသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရတယ်။ မိသားစုလိုက် ချဲလ်ဆီးဖန်တွေ။ သူ့အမ လော်ရန်က ချဲလ်ဆီးအမျိုးသမီးအသင်းမှာ ကစားနေတယ်။ ရီစီဂျိမ်းစ်က လူငယ်ပီပီ ကစားအားရှိတယ်။ အဝင်အထွက် ရဲတယ်။ ဖန်တီးပေးပို့မှုအားကောင်းတယ်။ အခွင့်အရေး ရရင် ဂိုးလည်းသွင်းနိုင်တဲ့ နောက်ခံလူ။ ရီးစီဂျိမ်းစ် နဲ့ လီဗာပူးက အာနိုးတို့ဟာ အင်္ဂလန်ညာနောက်ခံလူ
နေရာအတွက် အနာဂတ်တွေလို့ သတ်မှတ်ခြင်းခံထားရသူတွေ။ ဒီလိုကစားသမားမျိုးကို ခေါ်ချင်တဲ့အသင်းတွေအများကြီး။
မနှစ်ကချဲလ်ဆီးရဲ့ပိုင်ရှင်အပြောင်းအလဲနဲ့မငြိမ်တဲ့အချိန် ထိပ်တန်းအသင်းတွေက ရီစီဂျိမ်းစ်ကိုဆွဲစားဖို့ကြံခဲ့ကြတယ်။ နောက်ခံလူဖြစ်ပေမယ့် ဂျိမ်းစ်ဟာ မနှစ်က ချဲလ်ဆီးအတွက် ၆ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးပေးနိုင်ခဲ့တယ်။ ကွင်းလယ်လူ
တယောက်တောင်ရဖို့ခက်တဲ့ သွင်းဂိုးနဲ့ဖန်တီးမှု။
ဒါ့ကြောင့်လည်း အသင်းကြီးတွေ သူ့ကိုစိတ်ဝင်စားခဲ့တာ။ အခု ချဲလ်ဆီးက သူတို့လူငယ်ကြယ်ပွင့်ကို
၅ နှစ်စာချုပ်သစ်နဲ့ချည်လိုက်တယ်။ နောက်ထပ်
၁ နှစ်သက်တမ်းတိုးခွင့်လည်း ပါထားတော့ (၆)နှစ်စာချုပ်လို့ ပြောလို့ရတယ်။ တစ်ပါတ်လုပ်ခကိုလည်း ပေါင် ၂ သိန်းခွဲအထိ ပေးထားလို့ ရီစီဂျိမ်းစ်က ချဲလ်ဆီးအသင်းသမိုင်းမှာ လစာအများဆုံးနောက်ခံလူဖြစ်လာတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလီက ကစားသမားတွေ စာချုပ်သစ်ကိစ္စကို ကိုယ်တိုင်လှုပ်ရှားနေတယ်။၂၅ နှစ်အောက်ကစားသမားတွေကို အမေရိကန်စတိုင် ကာလရှည်စာချုပ်သစ်တွေချုပ်ဖို့ကို ဆန္ဒရှိတယ်လို့ ပြီးခဲ့တဲ့လကတည်းကပြောထားတာ။ ဂျိမ်းစ်မတိုင်ခင် လူငယ်တိုက်စစ်မှူး ဘရိုဂျာကို ၆ နှစ်စာချုပ်သစ် အခုလည်း ဂျိမ်းစ်ကို ကာလရှည်စာချုပ်သစ်ချုပ်လိုက်တာ။
ရီစီဂျိမ်းစ်ရဲ့စာချုပ်သစ်အတွက်ချဲလ်ဆီးပရိသတ်တွေလည်း ပျော်နေမှာသေချာတယ်။ ရာသီအစပိုင်းအသင်းရဲ့ မတည်ငြိမ်မှုတွေကြားက ပျော်စရာသတင်းဖြစ်မှာပါ။
ချဲလ်ဆီးအသင်း ညာခံစစ်မှာ အတက်အဆင်းကောင်းကောင်းနဲ့ ပြိုင်ဘက်တိုက်စစ်ကို ရပ်တန့်ဖို့ရော အသင်းတိုက်စစ် ပြန်လည်စတင်ဖို့ကိုပါ တပါတည်းလုပ်ဆောင်နိုင်တဲ့ဂျိမ်းစ်ရဲ့ မာန်ပါပါကစားဟန်တွေကို မြင်နေရဦးမှာပေါ့။
03/09/2022
ပစ်ဖို့ဒ်ရဲ့ အထူးလက်စွမ်းပြမှုနဲ့ လီဗာပူးတို့ ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ
လီဗာပူးဟာ ဒီရာသီ အဝေးကွင်းမှာ နိုင်ပွဲမရသေးတဲ့ သူတို့ရဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပြီး မာဆေးဆိုက်ဒါဘီမှာ အဲဗာတန်နဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။
နှစ်သင်းစလုံး အခွင့်အရေးတွေ ရရှိခဲ့ကြကာ နှစ်သင်းစလုံး တိုင်ထိထွက်ခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ ပစ်ဖို့ဒ် နဲ့ အလီဆွန် တို့ဟာ ကမ္ဘာ့အဆင့် ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့သလို ဒုတိယပိုင်းမှာ ကိုဒီရဲ့ သွင်းဂိုးကိုလည်း VAR က ပယ်ဖျက်ခဲ့ပါတယ်။ လီဗာပူးဟာ ဒီပွဲစဉ်မှာ အခွင့်အရေးတွေ ပိုမို ဖန်တီးနိုင်ခဲ့ပေမယ့်လည်း Man of the Match ပစ်ဖို့ဒ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့
၁~ပုံစံကောင်း မရသေးတဲ့ လီဗာပူး
လီဗာပူးရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်ကတော့ နောက်ထပ် ၂ မှတ် ဆုံးရှုံးခဲ့ခြင်းနဲ့အတူ တစ်ဖြည်းဖြည်း မှေးမှိန်လာနေပြီ ဖြစ်ပါတယ်။ ဒါဟာ ဒီရာသီ လီဗာပူးရဲ့ တတိယမြောက် သရေပွဲဖြစ်ပြီး မန်စီးတီးသာ ထပ်ပြီး နိုင်ခဲ့မယ်ဆိုရင်တော့ ၇ မှတ်ထိ ပြတ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ title race မှာ ကြီးမားတဲ့ ကွာဟမှုဆိုတာ အသေအချာပါပဲ။ လီဗာပူးဟာ ဒီပွဲစဉ်မှာ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ကစားပုံကတော့ လုံး၀ကို အားရစရာ မရှိကာ ကစားကွက်က လေးနေခဲ့သလို တိုက်စစ်နဲ့ ကွင်းလယ်ကစားပုံကလည်း အားရစရာ မရှိဘဲ ပြိုင်ဘက်အတွက် ခန့်မှန်းရတာ လွယ်ကူလှပါတယ်။ ဖလားမျှော်လင့်ချက် စောစောစီးစီး မကုန်ဆုံးဖို့ အတွက် လီဗာပူးတို့ အမြန်ဆုံး ပြန်လာဖို့တော့ လိုအပ်နေပါပြီ။
၂~ပုံစံသစ်နဲ့ အဲဗာတန်
လမ်းပတ်ဟာ ဒီပွဲမှာ နောက်တန်း ၃ ဦးထက်စာရင်း ၄-၃-၃ ကစားကွက်ကို သုံးစွဲသွားခဲ့ပါတယ်။ မူပေးကလည်း အသင်းသစ်အတွက် ပထမဦးဆုံး ပွဲထွက်သွားခဲ့ပြီး ဂေါ်ဒွန်ကတော့ တောင်ပံမှာ ကစားသွားခဲ့ပါတယ်။ အဲဗာတန်ဟာ ပထမပိုင်းမှာ လီဗာပူးကွင်းလယ်ကို အသာရယူနိုင်ခဲ့ပြီး တွန်ဒေးဗီးစ်ကလည်း ပုံစံကောင်းကို ဆက်လက် ပြသနေပါတယ်။ ဒေးဗီးစ်ဟာ အဲဗာတန်အတွက် ဦးဆောင်ဂိုး သွင်းပေးနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပြီး ၎င်းရဲ့ ကန်ချက်က တိုင်ထိသွားခဲ့ပါတယ်။
အဲဗာတန်ရဲ့ ခြေစွမ်းဟာ ဒီပွဲမှာ အားရစရာ ဖြစ်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သလို ဘောလုံးမရှိချိန်မှာလည်း ကျစ်လစ်မှု ရှိခဲ့ပါတယ်။ ဒီပွဲကို အနိုင်မရခဲ့တာကြောင့် အဲဗာတန်တို့ အဖွင့်ပွဲစဉ် ၆ ပွဲမှာ သရေ ၄ ပွဲနဲ့ နိုင်ပွဲလုံး၀ မရှိသေးပေမယ့် ဒီပွဲရဲ့ ကစားပုံကတော့ လာမည့်ပွဲစဉ်တွေ အတွက် foundation ကောင်း ဖြစ်သွားနိုင်ပါတယ်။
၃~ရုန်းကန်ခဲ့ရတဲ့ နူးနက်နဲ့ ဆာလား
ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လာခဲ့ပြီးနောက် ကလော့ဟာ နူးနက်ကို မာဆေးဆိုက်ဒါဘီမှာ ချက်ချင်းအသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ ပုံစံကောင်းပြသနေတဲ့ ဖာမီနို ကတော့ အရန်ခုံကို ပြန်ရောက်သွားခဲ့ကာ နူးနက်ဟာ ပထမပိုင်း တစ်ပိုင်းလုံးနီးပါး တိုက်စစ်မှာ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အဖွင့်ဂိုး သွင်းယူနိုင်ရန် နီးစပ်မှု ရှိခဲ့ပြီး ကန်ချက်က တိုင်ထိထွက်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နူးနက်ဟာ အခွင့်အရေး တစ်ချို့ ရခဲ့ပေမယ့်လည်း ပွဲအပေါ်မှာ လုံလောက်တဲ့ သက်ရောက်မှုတော့ မရှိခဲ့ပါဘူး။
ဆာလားကလည်း ပထမပိုင်း တစ်ပိုင်းလုံးနီးပါး မီကိုလန်ကိုရဲ့ ထိန်းချုပ်မှုအောက်မှာ ရုန်းကန်နေခဲ့ရသလို ၎င်းရဲ့ တစ်ကိ်ုယ်တော် ထိုးဖောက်မှုတွေကလည်း မကြာခဏ ပျက်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အသင်းဖော်တွေ အတွက် ဖန်တီးမှု တစ်ချို့ ပြုလုပ်ပေးခဲ့ကာ ပွဲပြီးခါနီး ဂိုးရလုနီးပါး ဖြစ်ခဲ့ကာ တိုင်ထိထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဆာလားရဲ့ တစ်ပွဲလုံး ကစားပုံကတော့ အားရစရာ အနေအထားမှာ ရှိမနေပါဘူး။
၄~ဒဏ်ရာပြသနာတွေ ဆက်လက် တိုးပွားနေတဲ့ လီဗာပူး
လီဗာပူးဟာ ရာသီအစကတည်းက ဒဏ်ရာပြသနာတွေရဲ့ ထိုးနှက်မှုကို အပြင်းအထန် ခံနေရတဲ့ ဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲစဉ်က ဟန်ဒါဆန် ဒဏ်ရာရခဲ့သလို ဒီပွဲမှာလည်း အိုနာနာရဲ့ challenge ကြောင့် ကယ်ဗယ်ဟို ဒဏ်ရာရကာ ပထမပိုင်းအပြီး ဖာမီနိုနဲ့ လူစားလဲခဲ့ရပါတယ်။ ပွဲအပြီး ကလော့ရဲ့ ပြောကြားချက် အရ ကာဗယ်ဟိုဟာ ကြီးကြီးမားမား ဒူးခေါင်းရောင်သွားခဲ့တာလို့ သိရပြီး နာပိုလီနဲ့ ပွဲစဉ်ကို လွဲချော်ဖို့ များနေပါတယ်။ ဒါ့ကြောင့် ကလော့ဟာ deadline day မှာ ခေါ်ယူထားတဲ့ အာသာကို ပွဲထုတ်ကစားရတော့မှာ ဖြစ်ပါတယ်။
၅~ကမ္ဘာ့အဆင့် ဂိုးပေါက်ကာကွယ်မှုများ
ပစ်ဖို့ဒ်နဲ့ အလီဆွန် တို့ဟာ ဒီပွဲစဉ်မှာ ကမ္ဘာ့အဆင့် ဂိုးပေါက် ကာကွယ်မှုတွေကို ပြုလုပ်သွားခဲ့ကြပါတယ်။
အထူးသဖြင့် အဲဗာတန် ဂိုးသမားဟာ ဒုတိယပိုင်းမှာ အထူး လက်စွမ်းပြသွားခဲ့ပြီး ဖာမီနိုရဲ့ အားထုတ်မှု ၃ ကြိမ် ၊ ဖာဘင်ညိုရဲ့ အနီးကပ်ကန်ချက် တွေကို မယုံနိုင်စရာ လက်စွမ်းနဲ့ ကာကွယ်ပေးခဲ့ပါတယ်။
03/09/2022
တန်ဟက်ဂ်အေဂျက်ဇ်ကနေ ထွက်ခွါလာတုန်းက အန်တိုနီရဲ့နှုတ်ဆက်စကား 🗣
“ခင်ဗျားလိုအပ်ရင် ကျွန်တော်ခင်ဗျားအတွက် အမြဲရှိနေပေးမယ်ဆိုတာကို သိထားပေးပါ ဆရာရေ”👏❤️
အခုချိန်မှာတော့ အန်တိုနီဟာ သူ့ရဲ့စကားအတိုင်း တန်ဟက်ဂ်ရှိရာ ယူနိုက်တက်သို့ ရောက်ရှိလာခဲ့ပါပီ ❣️
03/09/2022
ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးက ဘာစီလိုနာရဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ တရားဝင် သဘောတူညီမှု ရရှိသွားကြောင်း စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
အခြား နာမည်ကြီး သတင်းထောက် နှစ်ဦး ဖြစ်တဲ့ ဒေးဗစ် အွန်စတိန်းနဲ့ ဖာဘရီဇီယိုတို့ကလည်း ချယ်လ်ဆီးဟာ အူဘာမီယန်းကို ခေါ်ယူဖို့ လက်တကမ်း အလိုကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ထပ်ဆင့် အတည်ပြုထားကြပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချယ်လ်ဆီးက အူဘာမီယန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းနဲ့ ၁၅သန်းကြား ပမာဏတရပ် ပေးချေရဖို့ ရှိသလို ဘယ်နောက်ခံလူ အလွန်ဆိုကိုပါ ဘာစီလိုနာဆီ ပြောင်းရွှေ့ခွင့် ပေးရမယ်လို့ သိရပါတယ်။
အွန်စတိန်းနဲ့ ဖာဘရီဇီယိုတို့ကတော့ ချယ်လ်ဆီးဟာ အူဘာမီယန်းကို ၂နှစ် + ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုသွားမယ်လို့ ပြောကြားထားကြပါတယ်။
ကဲ တိုက်စစ်အားနည်းနေတဲ့ ချယ်လ်ဆီး အတွက် ဝါရင့် တိုက်စစ်မှူးကြီး အူဘာမီယန်းဟာ အဖြေတခု ဖြစ်လာတော့မှာလား...? 👀👀👀
ပေးပါသည် 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Yangon
11121