Honest Jinn’s Blog

Honest Jinn’s Blog

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Honest Jinn’s Blog, Beauty, cosmetic & personal care, Yangon, Yangon.

18/04/2024

Damage ဆံသားတွေအတွက် ထပ်အားကိုးစရာလေး

🌸 အသစ်လေးသုံးချင်တာနဲ့ ဒါလေးက review တွေလဲကောင်းနေတော့ စမ်းခဲ့တာ

🌸 တကယ်ကောင်းတာပါတော့..local made လေးတွေ အရမ်းကောင်းတယ်..damage hair မှာတောင် သိသိသာသာ အလုပ်လုပ်ပေးနိုင်တာပါ..

🌸 တော်ရုံမပျက်ဆီးတဲ့ ဆံသားဆို hair serum တောင်ထပ်မလိုလောက်ဘူးရယ်

🌸 အများကြီးလဲ မလိုဘူးရော..3 pump လောက်ဆို ရပီ..သုံးပီးတဲ့ခါလဲ လက်ထဲ့မှာ စေးကပ်ကပ်နဲ့ မကျန်ခဲ့ဘူး…ဆံသားထဲ 95% လောက် အကုန်စ်မ့်ဝင်သွားတာ

🌸 စစလိမ်းချင် လက်ထဲထဲ့ပီး ပွတ်တော့လေ နည်း”လေး နွေးတေးတေးလေး ဖြစ်တယ်..အမ ဆံပင်ပြန်ကောက်ထားတော့လေ စုတ်”ပီး လိမ်းလိုက်တယ်..သူဘယ်လောက် အလုပ်လုပ်နိုင်လဲ စမ်းချင်လို့ ဘာhair serum မှထပ်မလိမ်းဘူး..ဒါ​လေး လိမ်းပီး dryer မူတ်တာ

‼️ အပူထိရင် ဖွာတဲ့ဆံပင်ကလေ ဝပ်အီး အိဆင်းသွားတာ
‼️ ရူတ်တာတွေလဲ အရမ်းသက်သာတယ်
‼️ ဆံပင်ရူတ်လို့ ကျွတ်တာလဲ တခါတည်း သက်သာစေမယ်နော်
‼️ ကောက်သာလေးလဲ ပိုပေါ်ပီးတော့ ဆံသားလေးစိုပီး အရောင်ထွက်တယ်
‼️ လုံးဝ စေးကပ်ကပ်မဖြစ်ကျန်ခဲ့ပါဘူးနော်

🌸 Pump ခေါင်းလေးနဲ့လာပီးတော့လေ အထိန်းကလစ်လေးပါပါသေးတာ..အရမ်းအဆင်ပြေနေရော

🌸 100ml-10000 တည်းပါကွယ်..အရမ်းသုံးကောင်းတယ်..damage hair ဖြစ်နေရင် ဒါလေး အကူညီယူလှည့်ပါရှင့်

သိ”သာ”result ရလို့ စိတ်ကျေနပ်စေမှာ အမှန်ပါရှင့်



Happy skin Detangle me Leave in Conditioner #

Photos from Honest Jinn’s Blog's post 07/04/2024

Good Hair Day လေး🎀🎀🎀

Shampoo🎀Lily in the Valley အစိမ်းလေး
Treatment🎀Top Haneda Collagen Damage
Hair Serum🎀Perfect Original နဲ့ Argan Hair Oil

လေးတွေ သုံးထားတဲ့ ဆံကေသာလေးပေါ့ရှင့်🎀🎀🎀

Photos from Honest Jinn’s Blog's post 05/03/2024

Hair Treatment Review တခုနဲ့ ပြန်လာပါပီ😁
Pro Calodia အပြာထုတ်ကတော့ 2023/02 မှာစသုံးခဲ့တာ 2023/12 လပိုင်းမှာတော့ ကုန်သွားပီပေါ့နော်

အဲ့တုန်းက အပြာဆကိသုံးရမား စဉ်းစားနေတာ
ဒါမဲ့ Damage hair အတွက်ထုတ်ထားတဲ့ Top Haneda အညိုထုတ်ကို ပြောင်းသုံးလိုက်
တယ်

3 လတော့ရှိသွားပီ..

Hair Treatment တခု ကောင်းတယ် မကောင်းဘူပြောဖို့ကလေ သုံးနေတဲ့ အချိန်မှာ ပျော့ဆင်းတာထက် dryer မူတ်ပီး ချိန်မှာဘယ်လိူရှိလဲဆိုတာကို ကြည့်ပြောရင်ပိုမှန်တာပေါ့နော်

ဆံသားတွေ ဘယိလိုအကြောင်းကြောင့် ကြောင့်ပျက်ဆီးပျက်ဆီး

ပျက်ဆီးခဲ့ရင်တော့လေ အခု အပြာထုတ် နဲ့ အညိုထုတိကို ဦးစားပေးစဉ်းစားစေချင်တာ

သူတို့အလုပ်လုပ်ဖို့ အချိန်လေးတခုလောက်တော့ပေးရမယ်နော်

ခေါင်းမလျော်ခင် အလယ်ကနေအောက်ထိကို ရေစွတ်..ရေညစ်ပီး treatment ကို 30min နှပ်ထားလိုက်တယ်

ဆံသားတွေ ခြောက် ငြိပီး ကျွတ်ဆတ်နေတဲ့ ဆံပင်ကလေ အိစင်းသွားတော့ ၃ ပုံ ၂ ပုံ ထိ ကျွတ်တာသက်သာသွားတယ်

ဒီလို မနှပ်ပဲလျှော်ရင်❌
ပျက်ဆီးဆံသားပိုင်ရှင်ချင်း ခံစားချက်သိတယ်
ခြောက်နေတုန်းတောင် ဖွာလန်ကျဲ ညိှနေတာ
ရေစိုသွားပီးဆိုအောက်တွေ ငြိ ရူတ်လို့
အပြတ်ပြတ်နဲ့ ကျွတ်တာ ထိပ်ကွက် /ခေါင်းပြောင် ဖြစ်တော့မာ🥹

Dryer မူတ်ပီးသွားရင်တော့ သူအလုပ် ကောင်း”လုပ်လား မလုပ်လားလဲ သိရပါပီရှင့်

အရမ်းကောင်းတယ်..တကယ် ပျက်ဆီးဆံသားကို နိုင်ပါတယ်..ဒါကြောင့် ဆက်ကိုလဲ သုံးတာပါ

အပြာထုတ်လေးက အဆင်မပြေတဲ့သူ သူံးပီး ဆံပင်အရမ်းကျွတ်သွားတဲ့ review တွေလဲရှိတော့လေ သုံးကြည့်မှတော့ သိမယ်ပေါ့နော်..ဒါမျိုးတွေက ဘယ်လောက်ကောင်းတဲ့ ပစည်းဖြစ်ဖြစ် ကိုယ်နဲ့မတည့်တာကရှိနိုင်တာပဲမို့ တညိ့သွားရင်တော့ အရမ်းကို ကြိုက်သွားမာ

နောက်ကြိုက်တဲ့ အချက်က အမုန်းမချွေတာ သုံးရတာပဲ..အမက နှပ်ပီးထားတာဆိုတော့ အရမ်းသုံးပါတယ်😁

ကဲ ဆံပင်တွေပျက်ဆီးသွားပီ မညှပ်ပစ်ချင်သေးဘူးဆို ဒီtreatment တွေက အများကြီး အထောက်ကူ ကယ်တင်ပေးမှာ ကိုယ့်တွေပါရှင့်

အားလုံးပဲအဆင်ပြေကြပါစေနော်

အရင်က Pro Calodia Tretment Review လေး🌸
ဆံပင်ပျက်ဆီးတဲ့ အခြေနေလဲပါပါတယ်

https://www.facebook.com/share/p/xppLDbfvArUUXRDw/?mibextid=WC7FNe

Photos from Honest Jinn’s Blog's post 15/01/2024

မမ အလာဂျီပါ😭..အထူးသဖြင့် ဆပ်ပြာနဲ့လုံးလုံးမတည့်..အနာခြောက်လေးတွေ ဖြစ်ကုန်တာ

အဲ့ဒါ့အပြင် လက်သည်းမိူ လဲရှိပါတယ်😭

အနာ ခြောက်တွေက ထူလဲ ထူ ယားလဲယားပါတယ်..အာ့ကြောင့်လေ

✅ မယား မယံပဲနဲ့ အစိုဓာတ်ကောင်း”လေးပေး ပီးတော့ ကပ်စေးစေး မဖြစ်တဲ့

လိမ်းဖူးသမျှထဲ့မှာ အဆင်ပြေဆုံး အကြိုက်တွေ့ရတဲ့ Vaseline Hand and Nail Cream လေးအကြောင်းပြောပြချင်လို့

❌ ဒါလေးက လုံးဝ မယားဘူး
ကိုယ်တွေလို အနာဖြစ်..ထူ..ယား..လက်သည်းမိူကြောင့် လက်သည်းပန်းကုံးတွေညိုတဲ့ သူတွေအတွက် တကယ်ကို ကယ်တင်ရှင် hand cream လေးပါ🥹

လိမ်းလိုက်ရင် အိအိလေးပဲ..တစက်မှကို ကပ်စေးစေးမဖြစ်တာ လိမ်းဖူးသူတိုင်းသိပါတယ်..လိမ်းပီး ရေချက်ချင်းကိုင်ရင်တော့ နဲနဲတော့ ချွဲတာပေါ့နော်..

ရေခဏခဏ ကိုင်လို့ လက်ခြောက်တဲ့သူတွေ လက်ကြမ်းတဲ့ သူတွေ ပါသုံးသင့်တယ်

60ml ပါတယ်..6000 တည်းရယ်.. Korea made လေးနော်..စျေးလဲတန် အသုံးလဲ ခံတယ်

လက်နမ်းတတ်တဲ့ ကိုကြီးတို့ မောင်လေးတို့ရှိရင်လဲ ဝယ်ထားအေ..အချစ်တိုးတာပေါ့🙆🏼‍♀️😁

Photos from Honest Jinn’s Blog's post 30/11/2023

ဝေခွဲမရ မြေပဲမ ဖြစ်နေပါပီ🥹ဘာလို့ဆို

Fraijour Wormwood Cleanser သုံးတာ ဒီဘူးနဲ့ဆို 2ဘူးရှိပီ..မနက်ည သုံးလို့ရတော့ အရမ်းတွေသုံးကောင်းတာတကြောင်း ပီးတော့

အသစ်စမ်းတွေများကြီး ပေါ်လာတော့လဲ စမ်းချင်တယ် ဒါမဲ့ သံယောဇဉ် မပြတ်နိုင်တာ တကြောင်း ဘီလို လုပ်ရမဲ သိတော့ဝူးလို့😒

ရီဗျူးလေး share မယ်နော်..မshare ခင် အမ့ရဲ့အသားရေ အကြောင်းလေးပြောပြချင်ပါတယ်..အမက

👎 အဆီပြန်သမားပါ
👎 ဝက်ခြံကတော့ ရံဖန်ရံခါပဲထွက်တယ်
👎 ပီးတော့ အမဲအဆံကအရေပြားပေါ်ထွက်ပီး ပွတ်လိုက်ရင် ဆူးတူးတူးနဲ့ ညစ်တံနဲ့ ညစ်ချလိုက်မှ ထွက်သွားတဲ့ ဆားဝက်ခြံမျိုးတော့ ရှိတယ်
👎 အဆီပြန်တော့ cosrx bha blackhead toner အမြဲဆောင်ပီး အဆီပြန်ရင် သုံးလိုက်..သုံးတာ ရက်ဆက်ဖြစ်သွားရင် dehydrate ဖြစိလိုက် dry ဖြစ်လိုက် မသုံးတာ ကြာရင် ပြန်အဆီပြန်လိုက်

အဲ့လို့ပဲ🔘အဝိုင်းတွေလယ်

➡️Fraijour က deep cleansing ကောင်း”လေးနဲ့ မနက်သစ်လဲ dehydrate မဖြစ်သွားဘူး

➡️ညဆို များ”လေးယူပီးသစ်လိုက်လဲ အဆီတွေပြောင်ပီးရှင်းသန့်သွားတယ်

➡️Cleanser သုံးရင် နားနောက်နဲ့ လည်ပင်းပါသစ်ရတယိ..အဆီပြန်ပီဆို အဲ့နားတွေပါ ပြန်လို့ သေချာသစ်ရင်လေ သန့်ရှင်းသွားတာ

➡️အစိလေးအနည်းငယ် ပါတယ်ဆိုပေမဲ့လေ လက်မှာတချက်ပွတ်တာနဲ့ကြေသွားတော့ sensitive skin နဲ့လဲokတယ်

➡️Wormwood က ဝက်ခြံ လဲရှိ အဆီလဲပြန် မနက်ည တမျိူးတည်းပဲသစ်ချင်ရင်လဲ ဒါလေးရွေးလို့ရတယ်..ဝက်ခြံ သူတွေ ရှယ်သုံးကြတဲ့ cleanser လေးပါ

➡️အမလို့ ဝကိခြံ ရံဖန်ရံခါထွက်ပီး အဆီပြန်သမားလဲရတယ်ရယ်

➡️Dry ဆိုရင်တော့ ရာသီဥတု ကလဲအရမ်းအေး အသားလဲအရမ်းခြောက်နေတဲ့ အချိန်မှာ မတနက်ည သစ်ရင်တော့ သစ်ပီးပီးချငိး dehydrate ဖြစ်နိုင်လောက်တယ်..ဒါလဲ skin care လေး မြန်မြန် on လိုက်ရင်ရပါတယိ

➡️150 ml 17000 လောကိနဲ့က လေ အရမ်းတန်တယ်..ဘယိလောက်သစ်ရလဲဆို မမှတ်မိပေမဲ့လေ 5လလောက်ကြာမလားပဲ

➡️အများကြီး ညွန်းစရာ မလိုအောင် တကယ်ကောင်း တကယ်တန်လေး ..ဆက်သုံးရမား ပြောင်းသုံးရမား မသိတော့ဘူး
သံယောဇဉ် မပြတ်နိုင်ဘူး ဖြစ်နေလို့🥺

Photos from Honest Jinn’s Blog's post 28/11/2023

1-2-3-4🤭
အရမ်းအဆင်ပြေသော Crystal Glow Cotton Pad

စစ သုံးချင်တော့လေ Double cleansing လုပ်တဲ့ခါ သိပ်မကြိုက်ဘူး

Compact က DC လုပ်တဲ့ခါ အသားထူတော့ ပိုခံတယ်..အာ့ကြောင့် CG ကို toner သုံးတဲ့နေရာမှာပဲ သုံးလားတာ

နောက် ဖြေးဖြေးချင်းသုံးလာတော့ ပိုကြိုက်သွားတယ်..DC လုပ်တာပါ သုံးဖြစ်လာတာပေါ့နော်

🌸သုံးကောင်းလာဆို အရမ်းကောင်းတယ်..

🌸ပြန်သုံးလို့ရတဲ့ ဘူးလေးပါပေမဲ့ cotton pad quality ကိုမလျော့ထားဘူး..အဲ့အချက်လေးက ကြည်နူးစရာလေးပေါ့နော်

🌸Cotton pad သားအရမ်းမထူလို့ သုံးသမျှToner တွေကို အကုန်စုပ်မယူသွားဘူး..အများကြီး မသုံးရဘူး

စျေးက 5500 တည်းရယ်…ဖုန်လဲမဝင်ဘူး..ပြန်သုံးလို့လဲရ..Cotton pad က ၁ ဖက်အကြမ်း(အကြမ်းလို့ ပြောရတာ နောက်တဖက် ကနည်း”လေးပိုနူးညံံနေတယ်ဆိုရုံလေး)

တကယ် သုံးကောင်းတာလေးမို့လေ cotton pad ဘာသုံးရမဲ စဉ်းစားနေရင် ဒါလေး သုံးကြည့်သင့်ပါတယ်လို့🙆🏼‍♀️

Photos from Honest Jinn’s Blog's post 07/09/2023

အစစ အရာရာ ချွေတာရတဲ့ အချိန်မှာ effective ဖြစ်ဖြစ်လေးနဲ့ skin care ဖို့ ရွေးချယ်ခဲ့တာလေး ပြောပြချင်လို့☺️

ဒါလေးကို 8 လပိုင်း 10 ရက်တည်းက သုံးနေတာ..တခြားမဟု skin care ထဲ ထဲ့သုံးလို့ရတဲ့ Powder အမူန့်လေးတွေပါ

အသက် အရွယ်လဲ ၂၅ ထက်..ဝက်ခြံ အဖု အမြဲမရှိသူဆို အသားရေ တင်းရင်း နုပျိုဖို့ကိုပဲ ဦးစားပေးသင့်တယ်☺️

✅Brightening နဲ့ ✅Antiaging Skin care လေးတွေဦးစားပေး ရွေးချယ်သင့်တာပေါ့နော်

စျေးတွေ ကလဲတက် ချွေလဲချွေတာချင်လို့

Derma Factory က Collagen powder လေး သုံးဖြစ်ခဲ့ပါတယ်ရှင့်

Pure Collagen ကိုထဲ့ထားပီး artificial အနံ့ဘာမှ မထဲ့ထားလို့ အနံ့တခု နဲနဲ နံတာကလွဲ အခု 1 လ ပြည့်ခါနီး ထိ ညတိုင်း သေချာ သုံးဖြစ်လောက်အောင်ကို ကြိုက်တယ်..ခုတော့ အနံ့က ရင်သွားဘီ

Powder အမူန့်ထဲ့ပီး နောက်မနက်နဲ့ ဒီတိုင်း moisturizer လိမ်းပီး နောက်တရက်က လုံးဝ မတူပါဘူး❌

‼️မျက်နှာက တင်း” လေးဖြစ်နေတာ
‼️ပွစိစိနဲ့ လျော့ ကျမနေဘူး

စစချင်းဆို moisturizer ရဲ့ 3 ပုံ 1 ပုံ ထဲ့သုံးနိုင်ပီး တည့်တယ် ok တယ်ဆို လိမ်းနေကျ moisturizer amt တခုကို လက်ထဲ ထဲ့ ပီး မှ အမူန့်လေးကို လိမ်းရအဆင်ပြေသလောက် ထဲ့ပီး ရောပေးလိုက်ရုံပါပဲ

ဖြေးဖြေးချင်း ကိုယ်လိမ်းတဲ့ moisturizer texture ပေါ်မူတည်ပီး အပျစ်အကျဲ ရောတာ ခန့်မှန်းတတ်သွားပါလိမ့်မယ်

သူ့ကို
👉Cosrx Snail Moisturizer နဲ့
👉Derma Factory Double Whitening Cream

2️⃣ မျိုးနဲ့ ရောလိမ်းပါတယ်
Moisturizer 2 မျိုးကတော့ ရက်ခြား သုံးတာပေါ့နော်

Moist: 2 မျိုးရဲ့ အသေးစိတ်ကို နောက် ရေးပါမယ်နော်

Collagen Powder အမူန့်နဲ့အတူ DF မှာ
Calamine နဲ့ Niacinamide Powder ဆိုပီး 2 မျိုးထပ်ရှိသေးတယ်

သုံးကြည့်သင့်တယ်နော်..တကယ် recommend ပေးတယ်…Effective တကယ် ဖြစ်ပါတယ်..

နောက်ထပ် တဘူး ထပ်ဝယ်စရာမလိုပဲ ဒီpowder လေးရှိရုံနဲ့ ကိုယ့်မှာရှိတာလေးနဲ့ရော သုံးလို့ရတယ် အဲ့ဒါထက် အရမ်းလဲ အသုံးခံတယ်..1 လ ပြည့်ခါနီးကို 3 ပုံ 1 ပုံ မကျိုးသေးဘူး

က ကလေး/ လူကြီး သုံးလို့ရပါတယ်..နွေမှာ မိတ်ဖု ထွက်တာ..အသားယားတာ..Mask တွေ တပ်ရလို့ အသားလောင်တာမျိူး..ဝက်ခြံ အဖု တွေ ယားပီး နီတဲ့ အချိန်မှာ ရောပီးလိမ်းလို့ရသလို တို့ထားလို့လဲရပါတယ်နော်..

ကတော့ ချစ်ခင်စုံမက်သူ များတာလေး..အသားကြည် ချွေးပေါက်ကျဉ်း အဆီပြန်သက်သာ ဝက်ခြံ အဆီဖု ချပ် အမဲစက် အမာရွတ် ပါး..ဒီချိန် Nia Serum တွေစျေးတက်ရင် ဒါလေး သုံးပါလားလို့

Oil Base ကလွဲ ကျန် watery base မှာ ရောလို့ရနော်..Oil ဆို သိပ်မပျော်မှာစိုးလို့ပါတဲ့..Oil ထဲတော့ မရောကြည့်ရသေးဘူး😁 ရောကြည့်ပါဦးမယ်

DF က အသစ်လေးပေမဲ့ စျေးလဲမကြီး အသင့်အတင့်လေးနဲ့ တကယ်လဲ သုံးကောင်းတာတော့ ပြောရဲပါတယ်ရှင့်🫶🫶🫶

24/08/2023

နွေကို ခဏဖယ်ထား မိုးနဲ့ ဆောင်းတွင်းနေတောင် ပူရင် အရေပါ ပျော်တယ်

နေလောင်ထိ သွားတဲ့ အသားရေက ထင်ထားတာထက် အဆပေါင်းများစွာ ပျက်ဆီးသွားတာပါ

❌ ရှိရင်းစွဲ အသက်ထက် ပိုပီး ရုပ်ရင့် အိုဇာစေတယ်
❌ အသားရေ ပူစပ်ပီး ညိုကျ မဲ သွားတယ်
❌ အဆီတွေပြန်ပီး တင်းတတ် အမဲစက်တွေ ဖြစ်တယ်
❌ Acne pone skin သမားဆို အဖုတွေ ဆိုးသထက် ဆိုးစေတယ်
❌ အရေးကြောင်းတွေလဲ ပိုများစေတယ်

အများကြီး ဆိုးကျိုးတွေရှိပါတယ်
မနက်ပိုင်း အိမ်ထဲနေနေ အပြင်သွားသွား
✅ Sun Cream ကိုသေချာ လုံလောကိတဲ့ ပမာဏ လိမ်းကိုလိမ်းရပါမယ်

အပြင်တွေ အရမ်းထွက်ရတဲ့ အလုပ်မျိုး.. အတိုအပြတ်လေးတွေ အရမ်းဝတ်တဲ့ သူမျိူးဆို

ကြိုက်တဲ့ အချိန်/ ကြိုက်သလို/ နေရာဒေသမရွေး ဖြန်းလို့ရပီးတော့ နေရောငိကို အပြည့်အဝ ကာကွယ်ဖို့ အမကတော့ Sun Spray ပဲဆောင်တယ်

JM Solution Glow Luminous Flower Sun Spray လေးပါ..ဖင်ကပ်ပဲ ကျန်တော့တယ် သေချာ သုံးပီးမှ ပဲပြောပါတယ်နော်

🌹 ဖြန်းလိုက်ရင် အေးအေးလေး
🌹 မျက်နှာလဲ ပျင်းတဲ့နေဆို ဒါပဲဖြန်း
🌹 သူက အသားလေး ကြည်သွားတယ်
🌹 အနံ့လေးက အမွှေးအနံ့ တော့ရှိတယ်
ဟောင်ထတော့မနေဘူး ကိုယ်သင်းရနံ့လေးလို့ ဘေးကပ်ထိုင်ရင်တော့ ရတယ်

ကြည့်လိုက်ရင် sticky များဖြစ်ကျန်မလား..❌ Noပါ..သိပ်သိပ်လေးနဲ့ ကြည်နေတာ

Skirt အတိုဝတ်ထားရင် ပေါင်/ခြေသလုံး သေချာဖြနိး အသားလေးက ကြည်နေတာ

အရမ်းအသုံးဝင်တယ်..မိုးတွင်းလဲ နေပူရင်လိုတယ်..ဆောင်းနေကလဲ ပူစပ်စပ် ပူတာမှ ပျဲချင်တာမို့ 😂 Sun spray ဆောင်ပီး သေချာဂရုစိုက်ပါနော်လို့🌞🌞🌞

Photos from Honest Jinn’s Blog's post 23/08/2023

အောက်ကအခြေနေလို တိုးတက်ဖို့အတွက် သုံးခဲ့ရတာလေးတွေ share ပေးချင်လို့ပါရှင့်..အချိန်အားဖြင့် 6 လ ရှိပါပီ

တကယ်တော့ ဆူးကြမ်း ဖွာပီး အတောင့်လိုက် အချောင်းလိုက် ဖြစ်တာကို လုံးဝ မခံစားနိုင်တော့လို့ ဖြတ်ပစ်တော့မယ် လိုစဉ်းစား နေတာ..Pro Calodia က အရမ်းhot နေတာနဲ့ သုံးကြည့်မယ်ဆိုပီး အဲ့ကနေ ဆံပင်မညှပ်ဖြစ်တဲ့ထိ တကယ်ကို သိသာတယ်

‼️Main treatment ကတော့ Pro Calodia Collagen Tretament ပါပဲ‼️....5 ကြိမ်လောက်သုံးပီးမှာ ဖွာဆူးကြမ်းတာတွေ ဝပ်သွားတာ တကယ် ဆံပင် အဖျားကနေ အရင်းထိပဲ

ဆံပင်မပျက်ဆီးခင်က သုံးတဲ့ Treatment က Headspa 7 Treatment.. ဆံသားကောင်းတုန်းကတော့ အဆင်ပြေတယ်..ပျက်ဆီးသွားတော့လုံးဝ မနိုင်တော့ဘူး..

ဘာလို့ ပျက်ဆီးသွားတာလဲဆို ဆံပင်သွားကောက်လိုက်တာ..မကောက်ပဲ အပိုဆုပါထပ်ရလိုက်တာ😭

Treatment တကယ် သိသာပေမဲ့ ပျက်ဆီးနေတဲ့ အခြေနေနဲ့က dryer မူတ်ပီး ဆံပင်တွေ ရူတ်တာ ငြိတာ ထွေးတာ အတွက် ထပ်ကုသဖို့ ထပ်လိုကို လိုပါတယ်..အဲ့အတွက် ပိုက်ဆံသုံးရမာ လုံးဝ မနှမြောပါနဲ့..မသုံးရင် စိတ်ညစ်ရမာက ပိုဆိုးပါတယ်

အဲ့မှာ ရွေးချယ်ရတဲ့ serum တွေ Oil တွေ အကြောင်းလဲပြောမယ်နော်

ဆံပင် အဖြောင့် or အကောက် မပျက်ဆီးရင်
Argan လေးသာသုံးပါ👈

ပျက်ဆီးနေတယ်ဆို Argan နဲ့မနိုင် Perfect ကိုသာရွေးရပါမယ်နော်👈

အဲ့ထက်ပိုပီး သိသာချင်တယ် နောက်တကြိမ်ခေါင်းလျှော်တဲ့ အချိန်ထိ အိဆင်းဝပ်ချင်ရင်တော့

Moroccanoil ကကယ်တင်နိုင်ဆုံးပါ👈

Moroccanoil ကတော့ အခုမှ စသုံးတာ
Argan က 3 ဘူးမြောက် နဲ့ Perfect ကတော့ ၂ ဘူးမြောက် ရှိပီ သုံးတာ( ဟိုးအရင်တည်းက သုံးခဲ့တဲ့ ဘူးအရေတွက်ပါ)

Moro: ကတော့ 10ml ကို 11000 ဝန်းကျင်ရှိတယ်..စျေးမြောက်ပေမဲ့ 10ml လဲသူဟာသူ အသုံးခံပါတယ်..အဓိက result ပဲ ပျက်ဆီးဆံသားကို တကယ် နိုင်ပါတယ်

Perfect က 80ml ကို 20000 ကျော်..သူလဲ 6 လဲထဲရှိပီ အသုံးခံတယ်နော်..သူက moro: ထက် ပဲမသိသာတာ တော်တန်ရုံ ပျက်ဆီးလောက်ဆို သူအေးဆေးနိုင်တယ်

Argan ကတော့ 100ml-11000 ဝန်းကျင် မပျက်ဆီးတုနိးကတော့ အေးဆေးကို အဆင်ပြေ နိုင်ခဲ့တာလေးပါပဲ..ပျက်ဆီးတော့ မနိုင်တော့ဘူး

ဘယ်ဟာပိုကောင်းလဲဆိုပီး comparision လုပ်တာထက်လေ ကိုယ့်ဆံသားပေါ်မူတည်ပီး ရွေးရင် ပိုမှန်မာ✅

သုံးရတဲ့ ပိုက်ဆံထက်မက ၃ မျိုးလုံးက အများကြီးထိုက်တန်တယ် အချိန်လဲ အကြာကြီး သုံးရတယ်

‼️ Treatment သုံးနည်း ‼️
စိတ်ရှည်ဖို့ လိုပါတယ်..ဒါလဲ အဓိကပါပဲ..အချိန်ပေးနိုင်ရင် တနာရီလောက်ကို နှပ်ထားတယ်..ရွဲရွဲသာထည့်..ခေါင်းမလျှော်ခင်ထဲ့ရင် ပိုအဆင်ပြေတယ်..နို့မို့ ခေါင်းလျှော်ပီး ရေစိုတော့ အကြာကြီး မထားနိုင်တော့ဘူး..ဆံပင်ကို ရေစွတ် စင်အောင်ညစ် နှပ်ထားလိုက်..ပီးမှ ခေါင်းလျှော်ပီး အနည်းငယ် အပိတ်အနေနဲ့ပါ ထပ်သုံးလိုက်တယ်..အဲ့ကျ ချက်ချင်းရေဆေးချတာပေါ့နော်..တကယ်ကို အိဆင်း ဝပ်ကျသွားတာ..ပုံမှာလဲ သက်သေပါပဲ

‼️ Hair Oil / Serum တွေက ဆံပင်ခြောက်ပီးမှ ဖွာလန်တာ တွေကို ဆက်ထိန်းသိမ်းဖို့ အတွက်လဲ သုံးရပါသေးတယ်..

ကိုယ်တွေလို စိတ်ညစ်နေရင် အထောက်ကူ ဖြစ်စေရမဲ့ 💯% Honest Review လေးပါရှင့်

Photos from Honest Jinn’s Blog's post 25/06/2023

Etude House Fixing Tint ထဲက No-6(Soft Walnut အရောင်လေး ရော ဆိုးပြလိုက်ပီနော် လှလားလို့🤭

သူကတော့ အနီလေးလဲပါတယ်..ပီးတော့ လိမ်မော်လဲပါတယ်

ဒါမဲ့ အနီများလို့ ကြိုက်တယ်😁 လိမ်မော်သာများရင် ကြိုက်တော့မှာ မဟုလို့ တော်ပါသေးတယ်😊

အသားလဲဆောင်တယ်နော်..မျက်နှာလဲ လင်းတယ်..Make up မပါတောင် လှနေမဲ့ အရောင်လေးပါပဲနော်..ဖြူဖြူ ညိုညို လှမာ သိလား

Fixing Tint အားသာချက်က ပါး”လေး ဆိုးလဲလှတယ်..အပြည့်ဆိုးလဲ စပ်ဖြဲဖြဲ ဖြစ်မသွားဘူး..

2 ချောင်းပဲ ဝယ်ထားလို့ Etude House Fixing Tint Review လေးပီးပီနော်

Romand Blur Fudge Tint ထဲက
No-8/7/4 (3 ရောင် review ထပ်လာပါဦးမယ်နော်..
စောင့်ကြည့်ပေးပါဦးရှင့်😁

ပထမ Etude House Fixing Tint No-12 Review Link လေးက👇👇👇

https://www.facebook.com/100093975851436/posts/106298089179386/?mibextid=afzh1R

Photos from Honest Jinn’s Blog's post 23/06/2023

ဒီလို ဒီလို လှဖို့ 3min ပဲလို 😎

👉 Klairs BB Cream က တကယ်ကို ကောင်းလွန်းအားကြီး..ဘူးကြီး ဝယ်ကို ဝယ်ရမယ်..ဘာလို့ဆို

✨ လိမ်းရအရမ်းလွယ်တာ..ထူသွားလား သိချင်လို့ ၃ ထပ် တောင်လူးထားတာ😜မထူသွားဘူး မျက်နှာနဲ့ တသားတည်းကျတာ ဘယ်လိုတွေမိုက်လဲ🫡

✨ တချို့လေ ဒီတိုင်းနေရင်လှတယ် make up လိမ်းတော့မှ ထူထူကြီးနဲ့ မျက်နှာပြောင်းသွားတာလေ make up နဲ့ မလိုက်တာလေ အဲလိုသူတွေနဲ့လဲ သေချာပေါက် အဆင်ပြေလိမ့်မယ်

❌ Powder လုံးဝ မအုပ်ထားပါ..သူ့ရဲ့ original Glow နေတာကိုကြိုက်တယ်

👉 Etude House Water Tint ကို ပါးနီခြယ်ထားတယ်..Cherry အရောင်လေးပါ

👉 Eye Shadow က Peripera Ink Velvel-No 28 အရောင်လေး

👉 Lipstick က Romand Blur Fudge Tint -No 7
Cool Rose Up အရောင်လေး

❌ No Filter
❌ No Effect

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


Yangon
Yangon