Swan Swan's World
One of my biggest dreams is that — whenever I look back, I can proudly say, “I did it.” 🌟
“ကမာ”အစိမ်းစားတာထက် ကင်စားတာက
တအားကောင်းနေပြန်ရောဗျာ
ချောင်းသာကမ်းခြေရောက်ရင်
လတ်ဆတ်လွန်း ၊ တန်လွန်းပါတယ်ဆိုတဲ့
ဆိုင်တစ်ဆိုင်တွေ့ထားတာလေး
မျှဝေပေးပါဦးမယ်
ကိုစွမ်းညွှန်းတာမလို့ကို
ရောက်ရင် စားကိုစားရမှာပါဗျို့
“ကမာ” ကို ကင်ပြီးစားဖူးပြီးကြပြီလား
#ချောင်းသာသားလေးကိုစွမ်း #ကမာ
ချောင်းသာကမ်းခြေလာပြီး အစာအဆိပ်သင့် ၊
အထက်လှန် အောက်လျော ဖြစ်ပြီး
မပျော်ရဘဲ ပြန်သွားရတဲ့သူတွေ ရှိကြလား
တစ်ခါတစ်လေ Seafood တွေ
မလတ်ဆတ်တာကြောင့် ဖြစ်တတ်သလို
ချက်ပိုတွေ မသန့်ရှင်းတာကြောင့်လည်း ဖြစ်တတ်သလို
စားနေကျမဟုတ်တဲ့ Seafood တွေ
စားတဲ့အခါမှာလည်း ဖြစ်တတ်တာမို
ကိုယ်တိုင်က ကြိုတင်ပြင်ဆင်
ဂရုစိုက်မယ်ဆိုရင် အဆင်ပြေပါတယ်ဗျာ
ကိုစွမ်းကိုယ်တိုင် အစာအဆိပ်သင့်ပြီး
တစ်ခါမှ မဖြစ်ဖူးတဲ့ ပုံစံမျိုးဖြစ်တာမလို
သတိပေးရခြင်းဖြစ်ပါတယ်ဗျာ
ကမ်းခြေမှာ အပြည့်အဝကြီး ပျော်ကြပါစေဗျာ
နှစ်သစ်မှ စပြီး အားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ အစစအရာရာ အဆင်ပြေကြပါစေဗျာ
#ချောင်းသာသားလေးကိုစွမ်း
05/04/2026
ချောင်းသာကမ်းခြေသား ပထမဆုံးရောက်ဖူးတဲ့
ငှက်ကျွန်း 🪽
လူအလာများ ၊ ပုံရိုက်တဲ့သူ အရမ်းများ ၊
အရမ်းလည်း လှသလို ရေအရမ်းကြည်ပြီး အတော့်ကို
အမောပြေရတဲ့ ကျွန်း
ဒီ့ထက် ပိုစည်းကမ်းရှိပြီး
ထိန်းသိမ်းမယ်ဆိုရင် ကမ္ဘာတောင်ကျော်မယ့်
ကျွန်းတစ်ကျွန်းပါဘဲ
ငှက်ကျွန်းကို မရောက်သေးဘူးဆိုရင်
ရောက်အောင်သွားဖို့ မမေ့ပါနဲ့ဗျာ
#ချောင်းသာသားလေးကိုစွမ်း
#ငှက်ကျွန်း
04/04/2026
ဒီနေရာကို မရောက်ဖူးသေးတဲ့သူတွေ ရှိနေသေးလား ???
ငွေဆောင် ကမ်းခြေကို ရောက်တိုင်း
ချောင်းသာသားလေး ကိုစွမ်းသွားပြီး
ပုံရိုက်ဖြစ်တဲ့နေရာလေးတစ်ခု
ပုံရိုက်လို့ ကောင်းပြီး
စိတ်ကျေနပ်မှုပေးတဲ့နေရာလေးဖြစ်သလို
အတော်လေးလည်း လှတယ်
ငွေဆောင်မြို့ နဲ့ ၁၅ မိနစ်လောက် သွားရင်ရောက်တဲ့
ဘူးကွဲရွာမှာရှိတဲ့ “SURF Club” လို့ခေါ်တဲ့
Japan Theme လေးဖြစ်အောင်
ဖန်တီးထားတဲ့နေရာလေး
မြန်မာနိုင်ငံမှာ Sea Game ကို
အိမ်ရှင်အဖြစ်ကျင်းပတုန်းက ပြိုင်ပွဲတွေလုပ်ခဲ့တဲ့
နေရာလည်း ဖြစ်ပါတယ်
တစ်ခု သဘောကျတာတစ်ခုက
အထဲက ကော်ဖီဆိုင်ရဲ့ ကော်ဖီ စျေးနှုန်းလေးတွေက
သင့်တင့်ပြီး တန်တယ်လို့ ခံစားရတယ်
ရောက်ရင် မြည်းခဲ့ပါဦးဗျာ
Yacht Club Resort မှာ တည်းရင်တော့
ဝင်ကြေးပေးစရာမလိုဘဲ
တစ်ခြားမှာတည်းပြီး လာမယ်ဆိုရင်တော့
ဝင်ကြေး ၁ ယောက်ကို ၂၀၀၀ ကျပ် ပေးရပါတယ်ဗျာ
ရောက်ပြီးကြပြီလားဗျာ
ပုံတွေရော ရိုက်ခဲ့ပြီးကြပြီလားဗျာ ပြောခဲ့ပါဦး ဗျို့
#ချောင်းသာသားလေးကိုစွမ်း
03/04/2026
မြန်မာနိုင်ငံမှာ ထူးထူးခြားခြား ရူးခါနေအောင်ကြိုက်တဲ့
အဆိုတော်တစ်ဦးဆီ ရောက်ရှိနေပါတယ်
ဘယ်သူတွေများ ရှိနေလဲဆိုပြီး လာကြည့်တာဗျာ
အသိတော်တော်များများ ဒီပွဲမှာ ရှိနေတယ်ဗျို့ 🤣
သူ့သီချင်းတွေနဲ့ဘဲ အသဲကွဲခဲ့ရတာ
အကြိုက်တူတွေကတော့ အကုန်လုံးဖြစ်မှာပါဗျာ
#ချောင်းသာသားလေးကိုစွမ်း
ပုစွန်ကြော် မစားဘဲ ၁ လ တိတိ ကြိုးစား ဆော့ထားရတာ 😮💨 နည်းနည်းတော့ ကွဲလာပြီမလား ပြောပေးဦးဗျာ
#ချောင်းသာသားလေးကိုစွမ်း
ချောင်းသာသားလေးကိုစွမ်းက ပုစွန်စားပြတာအပြင်
စာလည်းသင်သလို စျေးလည်းရောင်းပါသေးတယ်ဗျာ
#ချောင်းသာသားလေးကိုစွမ်း
#ဧရာဝတီစွမ်းမျှင်ငပိ
ရခိုင်အစားအစာတော့ အတော့်ကို ကြိုက်တာ ဗျာ 🤪
မြောက်ဒဂုံက ခံတွင်းတွေ့ပြီး သဘောတွေ့တဲ့
ဆိုင်လေး “Savour Village”
စားကောင်းတာဆိုရင်
ညွှန်းပေးတတ်တာ ကိုစွမ်းရဲ့ အကျင့်လေးတစ်ခုပါဗျာ
#ချောင်းသာသားလေးကိုစွမ်း
#ရခိုင်အစားအစာ
ချောင်းသာကမ်းခြေကို ပထမဆုံး လာမယ်ဆိုရင်ပေါ့လေ 🥰
#ချောင်းသာသားလေးကိုစွမ်း
#ဧရာဝတီစွမ်းမျှင်ငပိ
မျှင်ငပိ အစစ်နဲ့ ချက်တဲ့ ငပိချက်ကို
မုန့်ဖက်နဲ့ ရောနယ်လိုက်တဲ့အခါမှာ ငပိချက်သုပ်
ဖြစ်လာပါတယ်ဗျာ
ငပိချက် မကောင်းရင်
မုန့်ဖက်နဲ့ ရောသုပ်ရင်လည်း စားမကောင်းသလို
ငပိကောင်းကောင်း မျှင်ငပိအစစ်နဲ့ ချက်တဲ့
ငပိချက်ဆိုရင်တော့
အတော့်ကို စားကောင်းစေတာပါဗျာ
မျှင်ငပိကိုတော့ “ဧရာဝတီ စွမ်း” မျှင်ငပိစစ်စစ်
ကိုဘဲ သုံးပါတယ်ဗျာ
လိုအပ်ရင်မှာယူနိုင်ပါတယ်ခင်ဗျာ
#ချောင်းသာသားလေးကိုစွမ်း
#ဧရာဝတီစွမ်းမျှင်ငပိ
ရွှေသောင်ယံမြို့ ၊ ရွှေသောင်ယံကမ်းခြေ
တံတားကြီးပေါ်က မြင်လိုက်ရတဲ့ သိပ်လှတဲ့ မြင်ကွင်းလေးတစ်ခု
ငယ်ဘဝကို ပြန်လွမ်းစေတဲ့ မြင်ကွင်းလေးဆိုရင်လည်း မမှားပါဘူးဗျာ
တစ်ခါတစ်လေ အရမ်းပင်ပန်းပြီး ပြိုလဲချင်လာတဲ့အခါ အပူအပင်ကင်းတဲ့ ကလေးဘဝကို ပြန်သွားချင်တယ်ဆိုတာ ဒါမျိုးပေါ့
ကျောင်းဆင်းတာနဲ့ လွယ်အိတ်ကို အိမ်မှာပြေးထားပြီး လျှောက်ဆော့တော့တာပါဘဲ
မိုးရွာရင် မိုးရေချိုးရင်း ဆော့ ၊ ချောင်းထဲရေဆင်းကူး ၊ လွတ်လပ်ပြီး ဆော့ဖို့ ကလွဲပြီးဘာမှ မသိတဲ့အရွယ်ကနေ တာဝန်ဆိုတဲ့ခေါင်းစဉ်အောက်မှာ လုပ်ရမယ့်အလုပ်တွေကို မငြီးမငြူလုပ်နေရတဲ့ အရွယ်ရောက်လာခဲ့ပြီပေါ့ဗျာ
ငယ်ဘဝကို သတိရသွားတဲ့သူတွေ ရှိကြလား ၊ ငယ်ဘဝမှာ အတူဆော့ခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့ရော အခုအချိန်ထိ အဆက်အသွယ်ရကြသေးလား ပြောခဲ့ပါဦးဗျာ
#ချောင်းသာသားလေးကိုစွမ်း
#ဧရာဝတီစွမ်းမျှင်ငပိ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon