B For Beauty

B For Beauty

Share

All about beauty and tips.

24/02/2024

ဒီလိုရာသီဆို အဖြစ်များကြပြီနော်။ ခုပြောပြထားတဲ့ နည်းလမ်းလေးတွေ စမ်းလုပ်ကြည့်ကြည့်နော်🩷

💕😘

🍌🍌 ငှက်ပျောသီးနဲ့ ဖနောင့်ကွဲတာသက်သာအောင် ဘယ်လိုလုပ်ရမလဲ

ဆောင်းရာသီဆိုရင် အသားပတ်တာတွေ၊ အရေခွံလန်တာတွေ၊ ကွာတာတွေနဲ့ ခြေဖနောင့်ကွဲတာတွေ အဖြစ်များကြလေ့ရှိတယ်။ ခြေဖနောင့်ကွဲနေပြီဆိုရင် စပ်တာနာတာနဲ့ အရမ်းခံရခက်တယ်ဟုတ်။ ဒါတွေကို ငှက်ပျောသီးနဲ့သက်သာစေတယ် ဆိုရင် စိတ်ဝင်စားကြမလား ?

(ခြေဖနောင့်ကွဲတာ အရေခွံလန်တာတွေဟာ အစားသောက်စားတဲ့အခါမှာ ဗီတာမင် အီး၊ အေ၊ ကယ်လ်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်နဲ့ အိုမီဂါသရီးဓာတ်တွေ နည်းနေတာကြောင့်လည်း ဖြစ်တတ်လို့ စားတဲ့အခါ ဒီအာဟာရဓာတ်တွေပါအောင် စားဖို့လည်း အကြံပြုထားပါတယ်နော်။)

🍌🍌 ကဲ ... ငှက်ပျောသီးနဲ့ ဖနောင့်ကွဲတာသက်သာအောင် ဘယ်လိုလုပ်ရမလဲ ကြည့်လိုက်ရအောင် .. လွယ်မှလွယ်ပဲ ...

👉👉 အိတ်တစ်လုံးထဲ ငှက်ပျောသီးတွေ ကြိတ်ချေလိုက်ပြီး အဲ့ဒီအိတ်ထဲကို ခြေထောက်ထည့်စွပ်လိုက်ပါ။
👉👉 ခဏထားပြီးရင် ခြေထောက်မှာပေနေတဲ့ ငှက်ပျောသီးတွေကို ရေနဲ့ဆေးချလိုက်ပြီး ပြန်သန့်စင်ပေးလိုက်ပါ။ ခြေဖနောင့်မှာ အရေခွံလန်နေတာတွေ‌ ကွဲနေတာတွေပျောက်ပြီး ချောမွတ်သွားမှာပါတဲ့..။ လွယ်တယ်ဟုတ်...။

လှပသော ခြေ‌ဖနောင့်လေးများ ပိုင်ဆိုင်နိုင်ကြပါစေနော်။💗💗💗

ချစ်ခြင်းများစွာဖြင့်💓


💓Admin Team

09/01/2024

သောက်ကျင့်မပျက်အောင် အမြဲထိန်းတယ်🫠

29/07/2023

ဟော့ဒိက မင်မင်ပါ🥲

07/11/2022

မြန်မာသက္ကရာဇ် ၁၃၈၃-၈၄
တန်ဆောင်မုန်းလပြည့်နေ့‌မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေလို့ B For Beauty page မှဆုတောင်းမေတ္တာပို့လိုက်ပါတယ်🙏
အဆင်မပြေမှုတွေရှိရင်လည်း အကောင်းဆုံးကျော်ဖြတ်ကြရအောင်နော် 💗

03/02/2021

B for Beauty Page သည် အလှအပနှင့် ကျန်းမာရဗဟုသုတများ ရေးသားတင်ဆက်မျှဝေပေးသော ပေ့ခ်ျဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာမှမတင်ပါ။ မှိုင်းလည်းမတိုက်ပါ။ စာဖတ်သူပရိသတ်တွေကိုလည်း သတင်းအမှားများလည်း မမျှဝေဖူးပါ။
ဒါပေမယ့် ခုလက်ရှိဖြစ်ပွားနေတဲ့ အမိမြန်မာနိုင်ငံအရေးသည် ပြည်သူအားလုံးနှင့်ဆိုင်သော အရေးဖြစ်သည့်အတွက် ပေ့ခ်ျ admin ဖြစ်သောကျွန်မ ဒီပိုစ့်ကို တင်လိုက်ပါသည်။

အမြင်မတူသူများ Page ကို Like လုပ်ထားသူများ Unlike လုပ်သွားနိုင်ပါတယ်။

ကျွန်မသည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (EYU) ကဘွဲ့ရတစ်ယောက်ဖြစ်ပြီး နိုင်ငံ့အခွန်တွေကိုထမ်းနေသော သမာအာဇီဝကျစွာ လုပ်ကိုင်နေသော သာမန်ပြည်သူတစ်ဦးဖြစ်ပါသည်။

အစိုးရဝန်ထမ်း မဟုတ်သော်လည်း
Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့ဝန်ထမ်း ဆရာ၀န်များ၊ ပြည်သူ့၀န်ထမ်းအင်ဂျင်နီယာများ နှင့် အခြားသော ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်။

အာဏာရှင်စနစ်ကျရှုံးပါစေ
အဓမ္မကို ဓမ္မ နိုင်ပါစေ

21/10/2020

ကဲ လိုက်လုပ်လို့လွယ်မယ့် လေ့ကျင့်ခန်းလေး
လက်မောင်းကိတ်နေတဲ့ အချေကလစ်လေးတွေအတွက် stay home နေတဲ့အချိန် လေ့ကျင့်ခန်းလုပ်လို့ရအောင်တင်ပေးလိုက်ပြီနော်။😘
လက်မောင်း‌သွယ်သွယ်လေးတွေနဲ့ လှနိုင်ကြပါစေ💗
🥰

09/10/2020

မင်္ဂလာပါ B For Beauty ချစ်တို့ရေ.......🥰
ဒီနေ့အတွက် စာစုလေးကတော့

ဘဝမှာ မမေ့သင့်တဲ့ လူသုံးမျိုးရှိတယ်။
၁။ ကိုယ်အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာ ကူညီဖူးသူ
၂။ အခက်အခဲဖြစ်နေချိန်မှာ ကိုယ့်ကို စွန့်ခွာသွားသူ
၃။ ကိုယ့်ကို အခက်အခဲဖြစ်အောင် လုပ်သူ

🥰

08/10/2020

ကလေးတွေအတွက်
ငွေကြေးအကုန်ကျခံတာထက်
အချိန်ပေးပို့က ပိုပြီးအရေးကြီးတယ်။
ခုလို ကိုဗစ်ဖြစ်နေတဲ့ ကာလမှာ Stay Home နေနေကြရင်း အရင်က သားသားမီးမီးတွေကို အချိန်မပေးခဲ့သမျှ ခုတော့ အချိန်ပေးကြနော်။
🥰

29/09/2020

Hello Welcome To My Page🤩🤩
Stay at home နေရတာနဲ့ ပျင်းပျင်းဘာမှမတင်ဖြစ်၊ မလုပ်ဖြစ် 😅ဆိုတော့......
ဒီနေ့ မိန်းမိန်းလေးတွေအတွက် အကြောင်းရာတစ်ခုဝေမျှချင်ပါတယ်။
ဒီတော့ ဆက်ဖတ်လိုက်ကြစို့ ဒန့်ဒန့် .................................💃💃

ဒီတခေါက်တော့ မဒီလေးတွေအတွက် ပြောပြချင်ပါတယ်။
မိန်းကလေးတွေအနေနဲ့ မိန်းမကိုယ်အနံ့အသက်မကောင်းတာတွေ ကြုံဖူး ခံစားဖူးကြမှာပါ။ တကယ်တော့ မိန်းမကိုယ်အနံ့ဆိုတာ ပုံမှန်အခြေအနေမှာတောင် ရှိနိုင်ပါတယ်။ဒါကရှက်စရာမဟုတ်ပါဘူး မိန်းကလေးတိုင်း ကြုံရမယ့် သဘာဝတရားကြီးပါလို့ အရင်ဆုံးပြောချင်ပါတယ်။ ဒီလို ကြုံတွေ့လာရပြီဆို ဘယ်လိုအချက်လေးတွေ လုပ်သင့်လဲ။ မင်မင်ပြောပြပါမယ်။ ယောကျ်ားလေးတွေလည်း ကျန်းမာရေးဗဟုသုတအနေနဲ့ ဖတ်ထားကြနော်။ ဒါမှ ကိုယ့် ညီမ အစ်မတွေ ပြောပြနိုင်မယ်။ ကိုယ့်ကောင်မလေး ခံစားနေရရင်လည်း အကြံပြုပေးနိုင်လို့ အချစ်တွေ ပိုတိုးလာလိမ့်မယ်။😅

မိန်းမကိုယ် အနံ့ဆိုးတွေကို အလွယ်တကူသက်သာစေမယ့် နည်းလမ်း (၇) သွယ် ရှိပါတယ်။
✅ တစ်ကိုယ်ရည်သန့်ရှင်းရေး ပုံမှန်လုပ်ပါ.
✅ အနံ့အသက်ကောင်းအောင်ဆိုပြီး မိန်းမကိုယ်တွင်း အမွှေးနံ့သာတွေထည့်တာ ရှောင်ပါ.
✅ လေဝင်လေထွက် ကောင်းတဲ့ ၁၀၀% ချည်သား အတွင်းခံမျိုးကို ပြောင်းသုံးကြည့်ပါ.
✅ pH ဓာတ်ကို ထိန်းညှိပေးတဲ့ မိန်းမကိုယ်သုံးသန့်စင်ဆေးရည်တွေကို (ဆရာဝန်ညွန်ကြားချက်နဲ့) အသုံးပြုကြည့်ပါ.
✅ မိန်းမကိုယ်ကိုလိမ်းလို့ရတဲ့ အလှဆီပါတဲ့ခရင်တွေကို (ဆရာဝန်ညွန်ကြားချက်နဲ့) ဝယ်လိမ်းပေးလို့ရပါတယ်.
✅ ပန်းသီးဗီနီဂါအရည် တစ်ခွက်ကို ချိုးမယ့်ရေနွေးထဲထည့်ပြီး မိနစ် ၂၀ ခန့် စိမ်ပေးရုံနဲ့ ဒီပြသာနာကို ကျော်လွှားနိုင်ပါပြီ
✅ ဆရာဝန်ညွန်ကြားတဲ့ ဆေးသောက်ပါ
ဘက်တီးရီးယား (သို့) ကာမဆက်ဆံရာမှ ကူးစက်တတ်တဲ့ ပိုးမွှားတွေကြောင့် မိန်းမကိုယ်အနံ့အသက်ထွက်တဲ့ လေဒီတွေမှာတော့ ညွန်ကြားထားတဲ့ ပိုးသတ်ဆေးနဲ့ အခြားဆေးတွေကို ရက်ပြည့်အောင် သောက်သုံးပေးရမှာ ဖြစ်ပါတယ်။
ဒီအချက်လေးတွေက အသုံးဝင်၊ အသုံးတည့်လိမ့်မယ်လို့ ယုံကြည်ပါတယ်။🥰

:LydiaMyanmar
အကြောင်းရာအပြည့်စုံကို သိချင်၊ မေးမြန်းချင်ရင်တော့ ခုပြထားတဲ့ လေဒီယာလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ အဲ့ဒိမှာ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ကျန်းမာရေးအကြောင်းရာတွေ ပြောပြထားပေးသလို ဆရာဝန်တွေရဲ့ ပြောဆိုချက်တွေလည်းပါတာမို့ ပျိုမဒီလေးတို့အတွက် ဗဟုသုတတွေ ရနိုင်ပါတယ်။

👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
https://www.facebook.com/LydiaMyanmar/

ကိုဖတ်ရှုပေးတဲ့၊ like and Share လုပ်ပေးကြတဲ့ မင်မင်အချစ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

26/09/2020

ကဲ ကိတ်လိုက်ကြစို့ ယောင်းမအပေါင်းတို့😅

🥰

Photos from B For Beauty's post 22/09/2020

COVID-19 ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၁၅)နိုင်ငံ‌တွေ ‌‌နဲ့ အာရှနိုင်ငံတစ်ချို့ရဲ့ အခြေအနေတွေပါ။
(WHO ၏ (၂၁-၉-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၀၀) အချိန်အထိ ထုတ်ပြန်ချက်) ဖြစ်ပါတယ်။

အိမ်မှာပဲနေပေးပါ။ မဖြစ်မနေအပြင်ထွက်ရရင် နှာခေါင်းစည်း (Mask) 😷တပ်ဆင်ပြီးမှ သွားပါနော်။
အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးရင်လည်း ဆပ်ပြာနဲ့ လက်ဆေးဖို့မမေ့ပါနဲ့နော်🧼။ ကိုယ်ကစ ကိုယ့်မိသားစု👪၊ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်👬👭၊ ကိုယ့်မြို့🌆၊ ကိုယ်နိုင်ငံ🌏ကို ဂရုစိုက်ပေးကြပါစို့။💗

🥰

Photos from B For Beauty's post 16/09/2020

ဂရုစိုက်ကြပါစို့💗

Covid_19 call center and fever clinic info....

🏃‍♂️ဖျားနာတာ (covid-19 သံသယရှိလျှင်)
ဆေးရုံ/ဆေးပေးခန်း မသွားပဲ
Fever Clinicဆီတန်းသွားကြပါ

💁‍♀️ထိတွေ့မှု အနည်းဆုံးဖြစ်အောင်နေထိုင်ပါ
😷နှာခေါင်းစည်း အကာကွယ် သေချာစွာဝတ်ဆင်ပါ

ရန်ကုန်တိုင်း ဒေသကြီးမှာ ရောဂါ
ကူးစက်ပျံပွားမှု နည်းပါးအောင် Stay at Home ကာလဖြစ်တဲ့အလျောက် ☎️ အရေးကြုံလျှင်
ဆက်သွယ်ဖို့ရန် အတွက် ....

Credit

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon