Dhamma Thukha Sport Club

Dhamma Thukha Sport Club

Share

I will play to be healthy

09/05/2024

ဗုဒ္ဓဘာသာဝင်တွေက ဘုရားကို ကိုးကွယ်တယ်ဆိုတာ
လောဘဒေါသမာနတွေကို ဖယ်ရှားနိုင်ဖို့ ကိုးကွယ်တာ၊ တစ်စုံတစ်ခု ဖန်ဆင်ပေးဖို့ ကိုးကွယ်တာ မဟုတ်ဘူး။

အရှင်အဘယာလင်္ကာရ (မဟာဝိဟာရဝါသီ)

Buddhists relying Buddha is to get rid of greed, anger and pride . It is not to create something.

Ven. AbhayāLankāra (MahāViharavāsi)

16/04/2024

ဗုဒ္ဓ၏အဆုံးအမသည်
ရိုင်းသူကိုယဥ်စေ၍
ကြမ်းသူကိုနုလာစေသည်
"အရှင်အဘယာလင်္ကာရ"

29/02/2024

❝ အမှန်တရားကို သိတိုင်း
လူတိုင်းကို ရှင်းပြလို့မရဘူး။

တချို့ လူတွေက အမှန်တရားကို မလိုချင်ဘဲ
သူတို့မှန်တယ်ဆိုတာကိုဘဲ လိုချင်ကြတာ။ ❞

Credit;

01/01/2024
14/09/2023

သာသနာတော်ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွားရန်
အရေးကြီးပါပြီ 🙏🙏🙏

မယောင်ရာဆီလူးနေကြခြင်း

ကိုယ်တိုင်လည်း သာသနာတော်ကိစ္စရပ်တွေနဲ့အလုပ်များနေလို့ မအားလပ်နေတာကြောင့် လိုင်းသိပ်မသုံးဖြစ်ခဲ့ပါဘူး၊

ဓမ္မမိတ်ဆွေများက သီလရှင်တို့ သပိတ်ဖြင့် ဆွမ်းခံကောင်းပါသလား? ဆွမ်းစားကောင်းပါသလား? လို့ မေးမြန်းထားကြပါတယ်၊

သပိတ်နှင့်ခွက်မကွဲပြားကြခြင်း

ဒါနှင့်ပတ်သက်၍ သပိတ်ဆိုတာဘာလဲ? ခွက်ဆိုတာဘာလဲ သိဖို့တော့လိုလာပြီ၊ ဘုရားရှင်ခွင့်ပြုတဲ့သပိတ်ဖြစ်ဖို့က မီးဖုတ်ပြီး "ဣမံ ပတ္တံ အဓိဋ္ဌာမိ" လို့ သပိတ်အဖြင့် အဓိဋ္ဌာန်မတင်မချင်း (ဘာဇန) ခွက်တစ်လုံးပါပဲ၊ ပတ္တအစစ်မဟုတ်သေးပါဘူး။ ရှင်, ရဟန်းတော်များ၏ အသုံးအဆောင်ဆိုတာ မီးဖုတ် အဓိဋ္ဌာန်တင်ပြီးမှသာ ရှင်, ရဟန်းတို့၏ အသုံးအဆောင်ဖြစ်ပါတယ်၊ မီးဖုတ်အဓိဋ္ဌာန်မတင်ထားရင်တော့ စားဖို့အတွက် ခွက်တစ်လုံးပါပဲ၊

သာသနာပမှာ ရသေ့တွေလည်း သပိတ်ကို (ဘာဇန) အနေဖြင့် အသုံးပြုခဲ့ကြပါတယ်၊ မြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာလည်း တိတ္ထိဆရာကြီးတွေလည်း သပိတ်ကိုအသုံးပြုခဲ့ကြကြောင်းကို အရှင်ပိဏ္ဍောလဘာရဒွါဇ အကြောင်းမှာ လေ့လာရင်သိနိုင်ပါတယ်၊

အိမ်ရာတည်ထောင်လူတို့ဘောင်ကို စွန့်ခွါ ခေါင်းရိပ်ပြီး ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းကို ဝတ်ရုံ သီလကျင့်စဉ်တွေကိုကျင့်ကြံကာ သာသနာနွယ်ဝင်သီလရှင်အဖြင့် သပိတ်ပိုက်၍ အိမ်စဉ်လှည့်လည်ဆွမ်းခံတာ ဆွမ်းစားတာကို အပြစ်တစ်ခုအနေနှင့် သတ်မှတ်ပြီး အရေးယူတာမျိုးကတော့ သာသနာတော်မှာ တော်တော်ကို အရုပ်ဆိုးလွန်းအားကြီးတယ်၊ မယောင်ရာဆီလူးနေကြတယ်လို့ပဲ ပြောပါရစေ၊

သာသနာတော်ကို တကယ်ချစ််မြတ်နိုးတယ်ဆိုရင် . တကယ်ဖြစ်သင့်တာက . . .

ရှင်, ရဟန်းတော်တို့၏ အသုံးဆောင်ဖြစ်တဲ့ ဘုရားရှင်ခွင့်ပြုထားသည့် မီးဖုတ်အဓိဋ္ဌာန်တင်ထားတဲ့သပိတ်နှင့်ဆွမ်းမဘုဉ်းဘဲ ပန်းကန်၊ခွက်၊ စသည်ဖြင့် ဆွမ်းဘုဉ်းနေကြသည့် ရှင်, ရဟန်းတွေကိုကော အရေးမယူသင့်ဘူးလား?

ရှင်, ရဟန်းတော်တို့၏ အသုံးဆောင်ဖြစ်တဲ့ ဘုရားရှင်ခွင့်ပြုထားသည့် အဓိဋ္ဌာန်တင်ထားတဲ့သင်္ကန်းတော့မဝတ်ဘဲ အင်္ကျီဝတ်နေကြသည့် ရှင်, ရဟန်းတွေကိုကော အရေးမယူသင့်ဘူးလား?

၈ ပါး သီလမှာတောင်ပါတဲ့ ဝိကာလဘောဇနသိက္ခာပုဒ်တွေကို လက်သွက်သွက်နှင့် လွန်ကျုးနေကြသည့် ရှင်, ရဟန်းတွေကိုကော အရေးမယူသင့်ဘူးလား?

အဆိုးဆုံးကတော့ ရွှေငွေဟာ ရှင်, ရဟန်းတို့နှင့်မအပ်စပ်၊ ရွှေငွေကို အလှူခံခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်တော်မူခဲ့သည့် မြတ်စွာဘုရားရှင်၏ အဆုံးအမ ဝိနည်းဥပဒေတော်ကြီးကို ဆန့်ကျင်ပြီးသာသနာတော်အတွင်းမှာ နေထိုင်နေသည့် ရှင်, ရဟန်းတွေကိုကော အရေးမယူသင့်ဘူးလား?

(ကပ္ပိယကာရကမှ တဆင့် အပ်စပ်အောင်စီမံ၍ လှူဒါန်းအပ်သော ရွှေငွေမှဖြစ်ပေါ်လာသောပစ္စည်းဝတ္ထုကို မဆိုလိုပါ)

ဒါတွေပြောရင် ဒေါတွေပါလာမှာဆိုးလို့ ဒီလောက်ပါပဲ၊

Kappiyakaraka Pa-auk

Credit;

08/10/2021

ပထမလူ ………
သိန်းသုံးထောင်ကျော်တန်
နောက်ဆုံးပေါ် လင်ခရူဇာ ကားကြီးစီးတယ် ။
သိန်းသောင်းကျော်တန် အိမ်🏠ရှိတယ်။
သူမှာ သိန်းသောင်းကျော်တန် လုပ်ငန်းကြီးရှိတယ်။
သို့ပေမယ့် အကြွေးသိန်း ပေါင်း တစ်သိန်း ကျော်ရှိနေတယ် ။

ဒုတိယလူ …………
သိန်းတစ်ရာ့ငါးဆယ်တန် Toyota ကား‌လေး မောင်းတယ်။သိန်းရာကျော် အိမ်လေးနဲ့နေတယ်။
သူ လုပ်ငန်းတိုးချဲ့ထားတာ သိန်းထောင်ကျော် အကြွေးတင်နေတယ် သူ့ဘဝမှာ အမြဲသောကဖြစ်နေရတယ် ။

တတိယလူ………
၁၀သိန်းဝန်းကျင် ဆိုင်ကယ်မောင်းတယ်
သူဘဏ်မှာ သိန်းရာကဏန်းကျော် စုထားတယ်
သူဘဝက ပုံမှန်အလုပ်သွား လူမှုရေးလုပ် အများအတွက် လုပ် မိသားစုကို တတ်နိုင်သလောက်အချိန် ပေး ဘုရားတရားမြဲနဲ့နေတယ်
မိဘအိမ်မှာ ကပ်နေတယ်

သူတို့သုံးယောက် ဆုံတွေ့ကြတော့ ဆိုင်ကယ် မောင်းနေတဲ့သူက Toyota မောင်းတဲ့လူကို အားကျတယ် ။ Toyota မောင်းတဲ့လူက လင်ခရူဇာ မောင်းတဲ့လူကို အားကျတယ် လင်ခရူဇာမောင်းတဲ့လူကလည်း ဆိုင်ကယ်မောင်းနေတဲ့ လူရဲ့ဘဝကို ပြန်အားကျနေပြန်တယ် ။

ဒါဟာ လောကမှာ လက်တွေ့ဖြစ်ပျက်နေတဲ့ အရာတွေပါ လူတိုင်း တစ်ယောက်ချင်းစီတိုင်းဟာ ရွှေငွေဥစ္စာပစ္စည်းနဲ့ ကံကြမ္မာရဲ့အစေခံတွေ ဖြစ်နေကြရတယ် ။

ကြောင်က ငါးကိုကြိုက်တယ်…
ဒါပေမယ့် ရေကျတော့ မကူးတတ်ပြန်ဘူး ။

ငါးက တီကောင်ကိုကြိုက်တယ် ဒါပေမယ့်
ကုန်းပေါ်တက်ပြီး ကိုယ်တိုင်ကျတော့
တီတူးပြီး မစားနိုင်ပါဘူး ။

ဒီကနေ့ ဘယ်လောက်ပဲကြီးတဲ့ ကိစ္စကြီးဖြစ်နေပါစေ ။ မနက်ဖြန်ကြတော့ သေးသေးမွားမွားလေး ပြန်ဖြစ်သွားရော…

ဒီနှစ် ဘယ်လောက်ကြီးတဲ့ အကြောင်းရာဘဲ ဖြစ်ဖြစ်… နောက်နှစ်ကြတော့ ပုံပြင် ပြန်ဖြစ်သွားရော..

အလွန်ဆုံးတော့ ကျွန်တော်တို့လည်း
တစ်ပါးသူနားထောင်ဖို့ *ပုံပြင်* ကိုယ်စီရှိနေရုံလေးပါပဲ...။

တစ်ကယ်တမ်းတော့ ဘဝက ဒီလောက်မျှသာပါပဲ....။

လွတ်လပ်မူဆိုတာ လူတိုင်းအတွက်
ဖြစ်နိုင်ပါတယ်……။

ကိုယ်က‌တော့ ရွေးချယ်မူ့အပေါ်
မူတည်ပါတယ်……

တစ်ခါတစ်လေတော့လည်း ရယ်မောမိပါတယ်။

Credit. ..

03/09/2021

အိုင်ဖုန်း'တီထွင်သူ Steve Jobs ဆုံးတော့

ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်
အမွေကျန်ခဲ့တယ် ။သူက 56 နှစ်မှာ ပန်ကရိယကင်ဆာနဲ့ ဆုံးခဲ့တယ် ။

သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ် ။

"အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက...

ငါ့မှာရှိတဲ့ အောင်မြင်မှုတွေ ၊ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ"

"မင်းအတွက် car မောင်းပေးဖို့
car driver ငှားပေးလို့ ရပေမယ့်
ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး ။

အရာဝတ္ထု ပစ္စည်းဥစ္စာတွေက ပျောက်သွားရင်
ပြန်ရှာလို့ ရနိုင်ပေမယ့်...
အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ
ရှာမတွေ့တော့ဘူး" ။

"ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် ဂရုစိုက်ပါ ။

မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ ။

$30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီပဲဖြစ်ဖြစ်

အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ တူညီစွာ ပြသပေးမှာပါ" ။

"$150,000 တန် ကားကိုပဲ မောင်းမောင်း ၊

$3000တန် ကားကိုပဲ မောင်းမောင်း ၊

တူညီတဲ့လမ်း
တူညီတဲ့ခရီးအကွာအဝေးနဲ့

သင်သွားချင်တဲ့နေရာကို
အတူတူပဲ ပို့ပေးမှာပါ"

"$300 တန် wine ပဲ သောက်သောက် ၊
$10 တန် wine ပဲ သောက်သောက်
မူးတာကတော့ အတူတူပဲ ဖြစ်နေမှာ"

" $300 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် ၊
$30 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် ၊

အိတ်ထဲက ပိုက်ဆံ amount က
ပြောင်းသွားမှာ မဟုတ်ဘူး"

"300 sqm ကျယ်တဲ့ အိမ်မှာပဲ နေနေ ၊
3000 sqm လောက်ကျယ်တဲ့ အိမ်မှာပဲ နေနေ ၊

အထီးက်န္တဲ့ လူက
အထီးကျန်နေမှာပဲ"

"First class မှာပဲ လေယာဉ်စီးစီး ၊
Eco class မှာပဲ လေယာဉ်စီးစီး ၊
လေယာဉ်ပျက်ကျရင်တော့ မင်းလည်းသေရမှာပဲ"

"မင်းနားလည်ဖို့ ငါမျှော်လင့်တာက

ပျော်ရွှင်မှုအစစ်ဆိုတာကို ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထု ပစ္စည်းဥစ္စာတွေကနေ ရှာလို့ မရနိုင်ဘူးဆိုတာပဲ ။

ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ...

မင်းချစ်တဲ့ တစ်စုံတစ်ယောက်နဲ့

ဒါမှမဟုတ် ညီအစ်ကို မောင်နှမနဲ့

ဒါမှမဟုတ် သူငယ်ချင်းနဲ့ သီချင်းတွေဆိုမယ် ၊

ရယ်မောပျော်ရွှင်ပြီး စကားတွေ ပြောနေရတာကို

ဆိုလိုတာပါ"

နောက် ပြောချင်တာက...

"ကလေးတွေကို ဘယ်လို ချမ်းသာအောင်လုပ်မလဲလို့ မသင်ပါနဲ့ ။

ဘယ်လိုပျော်ရွှင်အောင် နေထိုင်ရမလဲ ဆိုတာကို သင်ပါ ။

ဒါဆို သူတို့အရွယ်ရောက်ရင် အရာဝတ္ထု

ပစ္စည်းဥစ္စာတွေရဲ့ တန်ဖိုးကို နားလည်လာလိမ့်မယ် ။

တန်ဖိုးထားတတ်လာလိမ့်မယ် ။

တန်ဖိုးဆိုတာ price ဆိုတဲ့ ဈေးနှုန်းကို

ဆိုလိုတာ မဟုတ်ဘူးနော်" ။

"အစားအသောက်ကို
ဆေးလိုစားပါ ။

မဟုတ်ရင်တော့...

ဆေးကို အစားအသောက်လို စားနေရလိမ့်မယ်"

လူဖြစ်တာ(human being)နဲ့ လူသားဆန်ဆန်ပြုမှု

နေထိုင်တာ (being human) က အများကြီး ကွာခြားမှုရှိတယ် ။

အဲ့ဒါကို လူအနည်းငယ်လောက်ပဲ နားလည်ကြတယ် ။

မင်းကို မွေးတုန်းက လူတွေက ချစ်ကြတယ် ။

မင်းသေသွားတဲ့အခါမှာလည်း

လူတွေချစ်အောင် လုပ်ရမယ် ။

အဲ့ 2 ခုကို မသေခင် အကောင်းဆုံး ထိန်းထားနိုင်ရမယ် ။

"မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ ။

ဝေးဝေးကို သွားချင်ရင်တော့ ...

၂ ယောက် အတူတကွ သွားပါ"

"ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာ၀န်

၆ ယောက်ကတော့ ...

၁၊၊ နေရောင်ခြည်

၂၊၊ အနားယူခြင်း

၃၊၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း

၄၊၊ အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း

၅၊၊ မိမိကိုယ်ကို ယုံကြည်မှု

၆၊၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း ။

အဲ့ဆရာ၀န်တွေကို အသက်ရှိစဉ် ခေါင်းထဲမှာ

အမြဲထည့်ထားပြီး ကျန်းမာအောင် နေထိုင်ပါ" ။

"အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး

နှုတ်ဆက်ထွက်ခွာရမှာပါ ။

အဲ့ဒါကြောင့် အသက်ရှိနေစဉ် ...

သင့်မိသားစုကို ချစ်ပါ ။

သူငယ်ချင်းတွေကို ချစ်ပါ ။

သင့်ရဲ့ ဘ၀လက်တွဲဖော်ကို ချစ်ပါ ။

သင့်အပေါ်ကောင်းဖူးတဲ့ လူတွေကို ချစ်ပါ" ။

ဘဝရဲ့ခရီးသည်
်းပညာ

05/11/2020

အိုင်ဖုန်း တီထွင်သူ Steve Jobs ဆုံးတော့ ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက် အမွေကျန်ခဲ့တယ်

သူက 56 နှစ်မှာ ပန်ကရိယ ကင်ဆာနဲ့ ဆုံးခဲ့တယ်
သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ်

"အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့ အရာတွေက
ငါ့မှာရှိတဲ့ အောင်မြင်မှုတွေ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ"

"မင်းအတွက် car မောင်းပေးဖို့ car driver ငှားပေးလို့ရပေမယ့်
ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး
အရာဝတ္ထု ပစ္စည်းဥစ္စာတွေကပျောက်သွားရင် ပြန်ရှာလို့
ရနိုင်ပေမယ့် အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ ရှာမတွေ့တော့ဘူး"

"ဒါကြောင့် ကိုယ့်ကျန်းမာရေး ကိုယ်ကိုယ်တိုင် ဂရုစိုက်ပါ
မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ
$30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီပဲဖြစ်ဖြစ်
အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ
တူညီစွာပြသပေးမှာပါ"

"$150,000 တန်ကားကိုပဲမောင်းမောင်း ၊ $3000တန်
ကားကိုပဲမောင်းမောင်း တူညီတဲ့လမ်း တူညီတဲ့ခရီးအကွာအဝေးနဲ့
သင်သွားချင်တဲ့နေရာကို အတူတူပဲပို့ပေးမှာပါ"

"$300 တန် wine ပဲသောက်သောက် $10 တန် wine ပဲ
သောက်သောက် မူးတာကေတာ့ အတူတူပဲဖြစ်နေမှာ"

"$300 တန် ပိုက်ဆံအိတ်ပဲကိုင်ကိုင် $30 တန်
ပိုက်ဆံအိတ်ပဲကိုင်ကိုင် အိတ်ထဲက ပိုက်ဆံ amount က
ပြောင်းသွားမှာမဟုတ်ဘူး"

"300 sqm ကျယ်တဲ့အိမ်မှာပဲနေနေ 3000 sqm လောက်
ကျယ်တဲ့အိမ်မှာပဲနေနေ အထီးကျန်တဲ့လူက အထီးကျန်နေမှာပဲ"

"First class မှာပဲ လေယာဉ်စီးစီး
Eco class မှာပဲ လေယာဉ်စီးစီး လေယာဉ်ပျက်ကျရင်တော့
မင်းလည်းသေရမှာပဲ"

"မင်းနားလည်ဖို့ ငါမျှော်လင့်တာက ပျော်ရွှင်မှုအစစ်ဆိုတာကို
ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထု ပစ္စည်းဥစ္စာ တွေကနေ
ရှာလို့ မရနိုင်ဘူးဆိုတာပဲ
ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ
မင်းချစ်တဲ့ တစ်စုံတစ်ယောက်နဲ့ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမနဲ့
ဒါမှမဟုတ် သူငယ်ချင်းနဲ့ သီချင်းတွေဆိုမယ်
ရယ်မောပျော်ရွှင်ပြီး စကားတွေ ပြောနေရတာကို ဆိုလိုတာပါ"

နောက်ပြောချင်တာက
"ကလေးတွေကို ဘယ်လို ချမ်းသာအောင်လုပ်မလဲလို့ မသင်ပါနဲ့
ဘယ်လို ပျော်ရွှင်အောင်နေထိုင်ရမလဲဆိုတာကို သင်ပါ
ဒါဆို သူတို့အရွယ်ရောက်ရင် အရာဝတ္ထု ပစ္စည်းဥစ္စာတွေရဲ့ တန်ဖိုးကို နားလည်လာလိမ့်မယ် တန်ဖိုးထားတတ်လာလိမ့်မယ်
တန်ဖိုးဆိုတာ price ဆိုတဲ့ ဈေးနှုန်းကို ဆိုလိုတာမဟုတ်ဘူးနော်"

"အစားအသောက်ကိုဆေးလိုစားပါ မဟုတ်ရင်တော့
ဆေးကို အစားအသောက်လို စားနေရလိမ့်မယ်"

လူဖြစ်တာ(human being)နဲ့ လူသားဆန်ဆန်ပြုမှုနေထိုင်တာ(being human) က အများကြီးကွာခြားမှုရှိတယ်
အဲ့ဒါကို လူအနည်းငယ်လောက်ပဲနားလည်ကြတယ်

မင်းကို မွေးတုန်းက လူတွေက ချစ်ကြတယ်
မင်းသေသွားတဲ့အခါမှာလည်း လူတွေချစ်အောင်လုပ်ရမယ်
အဲ့ 2 ခုကို မသေခင် အကောင်းဆုံး ထိန်းထားနိုင်ရမယ်

"မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ
ဝေးဝေးကို သွားချင်ရင်တော့ ၂ ယောက်အတူတကွသွားပါ"

"ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာ၀န် ၆ ယောက်ကတော့
၁၊၊ နေရောင်ခြည်
၂၊၊ အနားယူခြင်း
၃၊၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း
၄၊၊ အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း
၅၊၊ မိမိကိုယ်ကိုယုံကြည်မှု
၆၊၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း

အဲ့ဆရာ၀န်တွေကို အသက်ရှိစဉ် ခေါင်းထဲမှာအမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ"

"အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွာရမှာပါအဲ့ဒါကြောင့် အသက်ရှိနေစဉ် သင့်မိသားစုကို ချစ်ပါ....သူငယ်ချင်းတွေကို ချစ်ပါ....
သင့်ရဲ့ ဘ၀လက်တွဲဖော်ကိုချစ်ပါ....
သင့်အပေါ်ကောင်းဖူးတဲ့လူတွေကို ချစ်ပါ..."

ခရစ်ဒစ်_မူရင်းရေးသားသူ။
Credit;

20/10/2020

ထိုထိုအတွေးများနှင့် ကျွန်တော်
⛔⛔⛔⛔⛔⛔⛔⛔⛔⛔

၁။ အသက်ကြီးလာတာနဲ့ အမျှ စိတ်တူကိုယ်တူပေါင်းနိုင်သင်းနိုင်တဲ့ သူငယ်ချင်း မိတ်ဆွေဆိုတာ တဖြေးဖြေးချင်းနည်းပါးသွားတယ်ဆိုတာပါပဲ...

၂။ လူလတ်ပိုင်းရောက်လာတဲ့အခါ... တချို့ကို ကိုယ်ကမကြိုက်လို့ ဆက်မပေါင်းဖြစ်တော့ဘူး။ တချို့က ကိုယ့်ကိုသဘောမကျလို့ ထပ်ပြီး လာမပေါင်းကြတော့ဘူး ။

၂။ တချို့ကြတော့လည်း.. သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံးက အမြင်မတူလို့ ခပ်တန်းတန်းဖြစ်သွားကြတယ်...။

၃။ တချို့တွေကြတော့လည်း ကိုယ့်ရှေ့ကြချိုပြ ကွယ်ရာကြအပုပ်ချကြတယ်။ တချို့တွေလည်း မေးထူးခေါ်ပြော။ တချို့တွေက အလုပ်သဘော တချို့တွေလည်း ဘာသတင်းမှမကြားရတော့ဘဲ အစအနတွေ ပျောက်သွားကြတယ် ။...

၄။ သေချာတာတစ်ခုက လူတွေနည်းနည်းသွားကြတာတော့ သတိထားမိတယ်။ ဘဝရဲ့သင်ခန်းစာတွေကြောင့် ဘယ်သူကတော့ အပေါ်ယံပဲပေါင်းလို့ရမယ်...။ ဘယ်သူကတော့ အတွင်းကျကျ ပေါင်းလို့ရတယ်ဆိုတာ သိလာလို့လည်း ဖြစ်မယ်ထင်တယ်...။

၅။ ဘာကိုမှ ဖုံးကွယ်ထားစရာမလိုဘဲ သူ့အကြောင်းကို ကိုယ်ကအကုန်သိ ကိုယ့်အကြောင်းလည်း သူအကုန်သိတွေ့လိုက်ရင် ပျော်သွားတဲ့သူ၊ ဖုန်းပြောလိုက်ရင် ရင်ထဲပေါ့သွားတဲ့သူဆိုတာတော့ တော်တော်ရှားသွားတယ်။ ဆယ်ယောက် မပြည့်ချင်တော့ဘူး...။

၆။ သာရေးနာရေး မသွားမဖြစ်သွားရမယ့်သူ၊ အရေးအကြောင်းဆို ပထမဆုံး ဖုန်းဆက်တိုင်ပင်ရမယ့်သူ၊ တစ်ခုခုအတွက်အမြဲ ready ဖြစ်နေရမယ့်သူဆိုတာ... ပိုပြီးရှားသွားပါပြီ။

၇။ အရေးအကြောင်းဆို အကြောင်းအမျိုးမျိုးပြပြီး ရှောင်တတ်သူတွေ...။
လိုမှလာပြီး မလိုရင် ပျောက်နေတတ်သူတွေ...။ ရယူခြင်းတွေသာ အမြဲရှိပြီ: ဘာတစ်ခုမှ ပေးဖူးတာမရှိတဲ့သူတွေ...။ နောက်ကျောကို ဓားနဲ့ထိုးဖို့စောင့်နေတဲ့သူတွေ...။ ကိုယ်လဲကျမှာကို စောင့်နေတဲ့သူတွေ...။ ကိုယ်အဆင်ပြေမှာ.. ကိုယ်ပျော်ရွှင်နေတာကို မလိုချင်မမြင်ချင်တဲ့သူတွေရှိနေမှန်း တဖြေးဖြေးချင်း သိလာတော့.... သူတို့နားက အသာလေးထွက်လာလိုက်တယ်။ အပြုံးလေးနဲ့ လမ်းခွဲခဲ့တယ်...။

၈။ တစ်ချို့ကျတော့လဲ အမုန်းနဲ့လမ်းခွဲခဲ့ရတာလဲရှိတယ်။ တချို့လည်း သူတို့လိပ်ပြာသူတို့မလုံလို့ ကိုယ့်ဘေးက ခွာသွားတယ် ။

၉။ အသက်ကြီးလာတော့ လူများပြီးပွဲမစည်တဲ့ဘဝကို စိတ်ကုန်လာတာလည်းပါတယ်။ အရည်အသွေးရှိတဲ့သူ အနည်းငယ်၊ ကိုယ့်ကိုချစ်တဲ့သူ ကိုယ်ကလည်းချစ်တဲ့သူတွေနဲ့ ဘဝကို သပ်သပ်ရပ်ရပ် အေးအေးဆေးဆေးနဲ့ တိတ်တိတ်ဆိတ်ဆိတ်နေရတာကို ပိုသဘောကျလာတယ် ။

၁၀။ စီးပွားရေးအရ လူမှုရေးအရ လူအသစ်တွေနဲ့ ထပ်ထပ်ပြီးဆက်ဆံနေရပေမယ့် ကိုယ့်စိတ်ထဲယုံကြည်ရတဲ့လူအသစ်ဆိုတာ တစ်နှစ်နေလို့ တစ်ယောက်ထပ်မတိုးတော့ဘူး။

၁၁။ ကောက်ကျစ်လွန်းတဲ့မြေခွေးတွေကြားမှာ ကိုယ့်နားရှိတဲ့သိုးတွေကို ပိုပြီး တန်ဖိုးထားလာမိတယ်။ လူအများကြီးနဲ့လူမှုရေးကောင်းတယ်ထင်ရပေမယ့် တကယ့်အရေးဆို ကိုယ့်နားကျန်ခဲ့တဲ့လူဆိုတာ ၅ယောက်အပြင် မပိုဘူးဆိုတာ ဘဝကသင်ကြားပေးတော့ "မိတ်ဆွေစစ်" ဟာဘာလဲဆိုတာသိလာတယ်။

ဟုတ်ကဲ့...။

၁၂။ သူတို့မှာမိတ်ဆွေတွေအများကြီးနဲ့
လူမှုရေး အောင်မြင်ကြပါတယ်...။ လူများပြီး ပွဲစည်ကြပါတယ်....။ ကျွန်တော့်ဆီမှာတော့ လူနည်းပါတယ်။ ဒါပေမယ့် ပွဲလေးတော့လှပါတယ်။ ကိုယ့်ဘေးနားကလူတွေဟာ နည်းသည်များသည် Quantity နဲ့မဟုတ်ဘဲ၊ ကောင်းသည်ဆိုးသည် Qualityနဲ့သာ ဆုံးဖြတ်ရွေးချယ်ပြီး ပေါင်းသင်းထားတာမို့ မိတ်ဆွေစစ်အနည်းငယ်နဲ့ ရှင်သန်နေထိုင်ရတာ အဆင်ပြေပါတယ်။

မိတ်ဆွေတို့လည်း....
မိတ်ဆွေတို့ဘဝမှာ....

Quality ရှိတဲ့ မိတ်ဆွေကောင်းတွေနဲ့သာဆုံတွေ့ပြီး၊ အဆင်ပြေနိုင်ကြပါစေ....။

Photo
တချိန်က ဘာဆိုလား။🥴🥴
Master MoeMoe
Credit;

12/10/2020

အသင်းသားများအားလုံး
ကျန်းမာရွှင်လန်းကြပါစေ

20/09/2020

ကိုဘမောင်မှာ ထူးထူးဆန်းဆန်းပစ္စည်းတွေ ဝယ်ယူတတ်တဲ့ ဝါသနာ ရှိတယ်
သူ့မိန်းမကလည်း တားမရလို့ လွှတ်ထားလိုက်တယ်

တရက်မှာ ကိုဘမောင်တစ်ယောက် စက်ရုပ်တရုပ်ကို ယူလာပြီး တပ်ဆင်တယ် အားသွင်းတယ်
ဒီလိုနဲ့ ညနေ ၅နာရီခွဲမှာ လက်စသတ်လိုက်ချိန် သူ့သား ၁၃နှစ်အရွယ်က ကျောင်းက ပြန်လာတယ်

ကိုဘမောင်က

"သား နောက်ကျလှချည့်လား ဘာလို့ နောက်ကျနေတာလဲ"

သားက

"ကျောင်းမှာ ဆရာမက အချိန်ပို သင်နေလို့ပါ ဖေဖေ"

ဒီအချိန်မှာ စက်ရုပ်က မီးနီတွေ လင်းလာပြီး သူ့သားအနားကို သွားပြီး အဆက်မပြတ် ရိုက်ပါတော့တယ်

ကိုဘမောင်က ရီမုနဲ့ ထိန်းရင်း

"သား ဒီစက်ရုပ်က အလိမ်ဖေါ်စက်ပါတယ် လိမ်လို့မရဘူး မှန်မှန်ပြော မင်း ဘာလုပ်ခဲ့တယ်ဆိုတာ"

သူ့သားက

"ကျနော် သူငယ်ချင်းတွေနဲ့ ကျောင်းလစ်ပြီး ရုပ်ရှင်သွားကြည့်မိပါတယ် ဖေဖေ"

ကိုဘမောင်က

"မင်း မရှက်ဖူးလားကွ ဟေ
စာသင်ရမယ့်အရွယ်မှာ
အပျော်အပါး တော်တော်မက်တာဘဲ"
"ငါဆို မင်းအရွယ်တုန်းက တခါမှ ကျောင်းမလစ်ဖူးဘူး"

ဒီအချိန်မှာ စက်ရုပ်က မီးတွေလင်းလာပြီး ကိုဘမောင်ကို ရိုက်ပါတော့တယ်

ကိုဘမောင်ရဲ့ မိန်းမက ကိုဘမောင် စက်ရုပ်ရိုက်တာ ခံရတာ မြင်တော့ တဟားဟား အော်ရီပြီး

"ရှင်ငယ်ငယ်က သူတော်ကောင်း ပေါ့လေ
ကျောင်းမလစ်ဘူးပေါ့ ဟုတ်လား ကျမမသိရင်လည်း ထားတော့ ရှင်လိမ်တော့ စက်ရုပ်က ရိုက်မှာပေါ့
ကဲပါ ကလေးကို ဆူမနေပါနဲ့ သူက ရှင့်သားဘဲလေ သူလည်း သူ့အဖေလိုပေါ့ "

စကားလည်း ဆုံးရော
စက်ရုပ်က မီးတွေပွင့်လာပြီး ကိုဘမောင် မိန်းမကို သွားရိုက်ပါတော့တယ်

ကိုဘမောင်မိန်းမ ဘာများ လိမ်ပြောမိပါလိမ့်
crd #

20/09/2020

ဇာတ်ပွဲမကြည့်ရတာ ကြာပြီတဲ့
________________________

အသက် ၃၀- အရွယ်ရှိ ဦးဇင်းလေးသည် ကျန်းမာရေး မကောင်းသဖြင့် ရိပ်သာတစ်ခုမှာ ဝေယျာဝေစ္စ လုပ်နေ၏။

တနေ့၊ ထိုရိပ်သာထဲသို့ လူ ၅- ယောက် ရောက်လာပြီး ထိုဦးဇင်းလေးကို လာရောက်၍ ကန်တော့ကြလေသည်။ ထိုဦးဇင်းလေးက လာရခြင်း၏ အကြောင်းကို မေးမြန်းလိုက်၏။

"ဒကာကြီးတွေ ဘာများ လျှောက်စရာ ရှိပါလိမ့်"။

ထိုအခါ အသက်အကြီးဆုံး ဒကာကြီးက "အရှင်ဘုရား ကျောင်းထိုင်ဘုန်းကြီးအဖြစ် တပည့်တော်တို့ ရွာမှာ ပင့်ချင်လို့ပါ ဘုရား။"

"ဒကာကြီးတို့ . . . . အခုလို လျှောက် ထားတဲ့အတွက် ဝမ်းသာပါတယ်၊ ဒါပေမဲ့ ဦးဇင်းက ရောဂါများတယ်၊ ကျန်းမာရေးမကောင်းဘူး။"

"ရပါတယ်ဘုရား။
ရောဂါရှိတာကို မကြောက်ပါဘူးဘုရား . .၊ လူဝတ်လဲမှာပဲ တပည့်တော်တို့က ကြောက်တာပါဘုရား။"

"ဒီလိုလား . . . . ဆိုစမ်းပါဦးဗျာ . . . ဘာလို့လဲ ဒကာကြီး"။

"တပည့်တော်တို့ ရွာမှာ ကျောင်းထိုင် သွားကြတဲ့ ဘုန်းကြီးတွေက အသက်ငယ်ငယ်တွေပါဘုရား၊ ဒီတော့ မိန်းမရပြီး လူထွက်ကြတာပဲ များနေတယ်ဘုရား၊ အခုဆိုရင် သုံးလေးပါးလောက် ရှိပြီဘုရား"။

"ဒီတော့ ဘာဖြစ်လဲ ဒကာကြီး"။

" ဘာဖြစ်ရမှာလဲ ဘုရား၊
ဘုန်းကြီးဝတ်နဲ့ ပျံလွန်တော်မူတာကို
မတွေ့ရတာ ကြာပါပြီဘုရား"။

" ဗျာ ... "။

" မဗျာနဲ့ ဘုရား၊ တပည့်တော်တို့ ဘက်က ဘုန်းကြီးပျံလွန်တော်မူမှ ဇာတ်ပွဲ ထည့်တာဆိုတော့ ဇာတ်ပွဲမကြည့်ရတာလဲ ကြာပြီဘုရား၊

ဒီတော့ အရှင်ဘုရား ရောဂါ ဘယ်လောက် များများ အရေးမကြီးပါဘူးဘုရား၊ ရောဂါများလေ ကြိုက်လေပဲ၊ တခါထဲသာ လိုက်ခဲ့ပါတော့ဘုရား . . . . ."။

ထိုအခါ ဦးဇင်းလေးသည် " ဒုက္ခပါပဲ ဒကာကြီးရယ် ... " ဟု ပြောပြီး ကပြာကယာ ထကာ ကျောင်းခန်းထဲ ဝင်သွားလေတော့သတည်း။

_____________

"အမောပြေကြပါစေ"

( ဓမ္မပဒေသာပေ့ဂ်ျမှ ကူးယူဖော်ပြခြင်း ဖြစ်သည်။)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


39 Street
Yangon