Khine Beauty World
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khine Beauty World, Health/Beauty, Min Ye Kyaw Zwa Road, Lanmadaw Township, Yangon.
06/02/2023
💗💗💗So So Cute💗💗💗
ခေတ်စားနေတာလေး အသည်းတွေယားနေပီ 💕💕💕
01/01/2023
Hello 🍀💎💰
အားလုံးပဲ Happy New Year ပါနော် 🍀💰
နှစ်သစ်ကစပြီး အစစအရာရာအဆင်ပြေချောမွေ့ကြပါစေ
ချစ်ရသူတွေနဲ့လည်း အဆင်ပြေပျော်ရွှင်ကြပါစေ
အလုပ်အကိုင်တွေလည်း အကုန် အဆင်ပြေချောမွေ့ကြပါစေ
လိုချင်တာမှန်သမျှ အမြန်ရကြပါစေ
ကိုယ်ကော စိတ်ပါ ကျန်းမာချမ်းသာကြပါစေ......💸💸💸
11/12/2022
😘😍✨🍀🌷🌻🌈
08/12/2022
Good Morning🍀🍀🍀
03/12/2022
Cute Wallpapers😘😍
💜အသဲယားလို့ချစ်မိသွားရင် တာဝန်မယူ💚
01/12/2022
အကြည်ဓာတ်လေးတွေ အမောကိုပြေလို့
❤💛💚💙💜
01/12/2022
Good Morning 💜💜💜
Good Bye...November👋
Hello... December 🍀🍀🍀
28/11/2022
🍓🍓🍓❣❣❣
27/11/2022
မိန်းကလေးအများစုဘာကြောင့် #ဆံပင်နှစ်ခွဖြစ်ရတာလဲ
ဆံပင်နှစ်ခွဖြစ်စေတဲ့ အကြောင်းအရင်းတစ်ချို့ကိုပြောပြမယ်နော်
💁 ခေါင်းမကြာခဏလျှော်ခြင်း
💁 နေပူချိန် (သို့) အပူချိန်ပြင်းပြင်းနဲ့ထိတွေ့ခြင်း
💁 လေထုထဲမှာပါတဲ့ ဖုန်မှုန့်စတဲ့ ညစ်ညမ်းစေတဲ့အရာတွေနဲ့ ထိတွေ့မှုများခြင်း
💁 ဆံသားကိုဆီမလိမ်းခြင်း
💁 ရေနွေးဖြင့်ခေါင်းလျှော်ခြင်း
💁 ဆံပင်ဆေးဆိုးခြင်း၊ဖြောင့်ခြင်း၊ကောက်ခြင်းစတဲ့အရာတွေကြောင့် ဆံပင်နှစ်ခွဖြစ်စေပါတယ်
#ဆံပင်နှစ်ခွမဖြစ်ရအောင်ဘယ်လိုထိန်းသိမ်းမလဲ
✅ ပျက်ဆီးနေတဲ့ဆံသားကိုညှပ်ပစ်ပါ
✅ နေ့စဉ်ခေါင်းမလျှော်ပါနဲ့
✅ ရိုးရိုးသာမန်ရေအေးဖြင့်သာခေါင်းလျှော်ပါ
✅ အပူချိန်ပြင်းတဲ့နေရာသွားရင် ဦးထုပ် / ထီးဆောင်းပါ
✅ ဆံသားကို အုန်းဆီ/သံလွင်ဆီတစ်မျိုးမျိုးလိမ်းပေးပါ
✅ ဆံပင်အခြောက်ခံတဲ့အပူပေးစက်တွေကိုလျှော့သုံးပါ
24/11/2022
ဆံပင်ပုံစံနဲ့အရောင်လေးတွေ သဘောကျတယ်😍
❣❣❣
24/11/2022
မျက်ခုံးလေးတွေကို ပိုထူလာအောင် ပိုထင်ရှားလာအောင် အိမ်မှာပဲလုပ်ကြည့်လို့ရမယ့် သဘာဝနည်းလမ်းတွေ ရှိပါတယ်။
အပြင်သွားဖို့အလှပြင်ချိန်မှာ မျက်ခုံးကိုပိုထူလာအောင် မည်းနက်စေအောင် မျက်ခုံးဆွဲခဲတံနဲ့ဆွဲရတာ ဒါမှမဟုတ်တခြားအလှ ကုန်တွေသုံးရတာ အချိန်ပိုကုန်ရပါလိမ့်မယ်။
မိတ်ကပ်အလှပြင်ပြီးတိုင်း ကိုယ်ဆွဲလိုက်တဲ့ မျက်ခုံးအထူအပါး၊ အရွယ်အစား တစ်ခါနဲ့တစ်ခါ မတူတာကလည်း စိတ်ညစ်စရာကောင်းပါတယ်။
မျက်ခုံးအတုတွေကိုဖန်တီးနေရတာငြီးငွေ့လာပြီဆိုရင်တော့သတင်း ကောင်းလေးရှိပါတယ်။
ကိုယ့်မျက်ခုံးလေးတွေကိုပိုထူ လာအောင် ပိုထင်ရှားလာအောင် အိမ်မှာပဲလုပ်ကြည့်လို့ရမယ့်သဘာဝနည်း လမ်းတွေရှိပါတယ်။ အဲသည်အထဲကမှလုပ်ရလွယ်ကူတဲ့နည်းလမ်း တချို့ကို ဖော်ပြလိုက်ပါတယ်။
(၁)ကြက်ဆူဆီ
ကြက်ဆူဆီဟာ မျက်ခုံးမွှေးပေါက်နှုန်းပိုမြန်စေပြီး ထူထဲလာစေနိုင်တဲ့ အထိရောက်ဆုံးပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။
သူက မျက်ခုံးမွှေးမြစ်အိတ်တွေကို အာဟာရဖြည့်တင်းပေးပြီး မျက်ခုံးမွှေး ပိုသန်စေပါတယ်။
ကြက်ဆူဆီစစ်စစ်ကို ဂွမ်းနဲ့တို့နှစ်ပြီးမျက်ခုံးတစ်ဖက်စီကိုသုတ် လိမ်းပေးပါ။
နှစ်မိနစ်၊ သုံးမိနစ်ခန့်ကြာအောင် မျက်ခုံကိုလက်ချောင်းနဲ့ အသာ အယာနှိပ်နယ်ပေးပါ။
အဲသည့်အတိုင်း မိနစ် ၃၀ ဒါမှမဟုတ်တစ်ညထားရှိပေးပါ။
ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။
သည်နည်းကို တစ်နေ့တစ်ကြိမ် ဒါမှမဟုတ်အိပ်ရာမဝင်မီ ညတိုင်းပြုလုပ်နိုင်ပါတယ်။
(၂)အုန်းဆီ
Coconut milk and coconut oil
အုန်းဆီကိုဆံပင်လိမ်းမယ်ဆိုရင် မျက်ခုံးကိုလည်းလိမ်းသုတ်သင့်ပါတယ်။
အုန်းဆီမှာမျက်ခုံး၊ ဆံပင်၊ ကျန်းမာရေးကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင်အီးနဲ့ သံဓာတ်တို့လို အာဟာရဓာတ်တွေပါဝင်ပါတယ်။
အုန်းဆီတစ်စက်နှစ်စက်ကိုယူပြီး မျက်ခုံးတွေပေါ်လက်ချောင်း ထိပ်နဲ့လိမ်းတို့နှိပ်နယ်ပေးပါ။
အသာအယာ နှိပ်ပေးခြင်းကသွေးလည်ပတ်မှုကိုကောင်းစေပြီး မျက်ခုံးသန်စွမ်းမှုကို အထောက်အကူပေးပါတယ်။
လိမ်းပြီး တစ်ညထားပေးပါ။
နောက်နေ့မနက်ကျမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။
သည်နည်းကို လအနည်းငယ်ကြာတဲ့အထိဆက်လုပ်သွားကြည့်ပါ။ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။
(၃)သံလွင်ဆီ
သံလွင်ဆီမှာ ဗီတာမင်အီးကြွယ်ဝတာကြောင့် မျက်ခုံး၊ ဆံသား တစ်ချောင်းချင်းစီအတွက် အားဖြည့်သန်စွမ်းစေနိုင်ပါတယ်။
သံလွင်ဆီသန့်သန့်တစ်စက်နှစ်စက်ကို မျက်ခုံးမှာတို့ပြီးနှိပ်နယ် ပေးပါ။
သည်အတိုင်း တစ်ညလုံးဒါမှမဟုတ် နာရီဝက်ကြာအောင်ထားပြီး မှ ဆေးကြော နိုင်ပါတယ်။
နောက်တစ်နည်းကတော့ သံလွင်ဆီနဲ့ ပျားရည်အနည်းငယ်ကိုရောလိမ်းပြီး နှစ်မိနစ်၊ သုံးမိနစ်ခန့် နှိပ်နယ် ပေးပါ။
ပြီးမှ ရေနွေးလေးနဲ့ဆေးကြောပါ။
တစ်နေ့တစ်ကြိမ်လုပ်နိုင်ပါ တယ်။
(၄)ကြက်သွန်နီအရည်
ကြက်သွန်နီဟာ ဟင်းချက်ရာမှာအသုံးဝင်လှတဲ့ ပါဝင်ပစ္စည်းဖြစ်ရုံမက ဆံပင်၊ မျက်ခုံးသန်စွမ်းမှုကိုအားပေးတဲ့အရာလည်း ဖြစ်ပါတယ်။
ကြက်သွန်နီမှာ ဆံသား၊ မျက်ခုံးအတွက်မရှိမဖြစ် သတ္ထုဓာတ်ဖြစ်တဲ့ ဆာလဖာ ကြွယ်ဝစွာပါဝင်ပါတယ်။ ကြက်သွန်နီနဲ့ သူ့ရဲ့အရည်ဟာ မျက်ခုံးသန်စွမ်းမှုအတွက် လိုအပ်တဲ့အာဟာရတွေပေးစွမ်းနိုင်ပါတယ်။
ကြက်သွန်နီကိုထောင်း၊ ကြိတ်ပြီးအရည်သန့်သန့်ကိုယူပါ။
အဲသည့်အရည်ကို မျက်ခုံးမှာအနည်းငယ်တို့ပြီး ငါးမိနစ်ခန့် နှိပ်နယ်ပါ။
သူ့အလိုလိုခြောက်သွေ့သွားတဲ့အထိထားပြီး ရေအေးနဲ့ ဆေးကြောပါ။
သည်နည်းကို တစ်နေ့တစ်ကြိမ်နှစ်ပတ်လောက်ပြုလုပ်ပေးပါ။
(၅)ကြက်ဥအနှစ်
ကြက်ဥကိုခွဲပြီး အနှစ်နဲ့အကာကိုခွဲထုတ်ပါ။ ဒါပေမဲ့ ကြက်ဥအနှစ် ကိုပဲ သုံးရမှာဖြစ်ပါတယ်။
ကြက်ဥအနှစ်ကို ပျစ်နှစ်တဲ့ခရင်မ်ဖြစ်တဲ့အထိခေါက်ပေးပါ။
ပြီးမှ ဂွမ်းနဲ့တို့ပြီးမျက်ခုံးကိုသုတ်လိမ်းပါ။
၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ဆေးကြောပါ။
တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။
(၆)ပဲနံ့သာစေ့
ပဲနံ့သာစေ့အနည်းငယ်ကို တစ်ညသို့မဟုတ်အနည်းဆုံး ငါးနာရီ ရေစိမ်ထားပါ။
ပြီးမှအနှစ်ဖြစ်အောင်ထောင်းပါ။
အနှစ်ထဲကို အုန်းဆီရောထည့်ပါ။
ရလာတဲ့အနှစ်ကို အိပ်ရာမဝင်ခင် မျက်ခုံးပေါ်လိမ်းပေးပါ။
နောက်နေ့မနက်မှာ ရေနွေးနွေးနဲ့ဆေးကြောပါ။
သည်နည်းကို တစ်ပတ်နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ပြုလုပ်နိုင်ပါတယ်။
(၇)နွားနို့
နွားနို့အနည်းငယ်ကို ဂွမ်းနဲ့တို့ပြီး မျက်ခုံးမှာသုတ်လိမ်းပါ။
သူ့အလိုလိုခြောက်သွားတဲ့အထိထားပါ။
ရေနွေးနွေးနဲ့ဆေးကြောပါ။
သည်နည်းကို မကြာခဏပြုလုပ်နိုင်ပါတယ်။
(၈)ရှားစောင်းလက်ပက်
ရှားစောင်းလက်ပတ်ကို ရွေးချယ်ရာမှာ ဆိုင်တွေမှာအလွယ်တကူ ရနိုင်တဲ့ ရှားစောင်းလက်ပတ်ဂျဲလ်ကို သုံးတာထက်အပင်ကရတဲ့ အနှစ်က အကောင်းဆုံးပါပဲ။
ရှားစောင်းလက်ပတ်ကနေ အတွင်းကအနှစ်ကိုထုတ်ယူပါ။
မျက်ခုံးပေါ် ညင်သာစွာ နှိပ်နယ်ပေးပါ။
နာရီဝက်ခန့်ထားပြီးမှ ရေနွေးနွေးနဲ့ဆေးကြောပါ။
ရှားစောင်းလက်ပတ်ကို အုန်းဆီသို့မဟုတ် ပျားရည်အနည်း ငယ်နဲ့ ရောပြီး အနှစ်လုပ်လို့လည်းရပါတယ်။
(၉)သံပယိုသီး
သံပယိုသီးကို တစ်စိတ်စိတ်ပြီး မျက်ခုံးမှာပွတ်ပေးပါ။
နှစ်မိနစ်လောက်ကြာအောင်ထားပါ။
ရေနွေးနွေးနဲ့ ဆေးကြောပါ။
သည်နည်းကို နေ့တိုင်းလုပ်နိုင်ပါတယ်။
သည်သဘာဝနည်းလမ်းတွေကို လုပ်ကြည့်ရင်းနဲ့ ဗီတာမင်နဲ့သတ္ထု ဓာတ်ကြွယ်ဝတဲ့ အစားအသောက်ကို ညီညွတ်မျှတအောင်စားသုံးဖို့ လည်းလိုအပ်ပါတယ်။ ဗီတာမင် အေ၊ ဘီ၊ စီ နဲ့ အီး၊ သံဓာတ်၊ အိုမီဂါ ၃၊ ပရိုတင်းဓာတ်တို့ ကြွယ်ဝတဲ့အစားအစာတွေကိုစားပေးပါ။
သည်နည်းတွေကို မလုပ်ခင်မှာဓာတ်တည့် မတည့်သိရအောင် အရေပြားမှာ အနည်းငယ်တင်ပြီး စမ်းသပ်ကြည့်ပြီးမှဆက်လုပ်တာ အကောင်းဆုံးပါပဲ။
❣❣❣❣❣
22/11/2022
Simple Style Outfits 💜💜💜
Photo Credit❣🍓
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Min Ye Kyaw Zwa Road, Lanmadaw Township
Yangon