O' Libra

O' Libra

Share

Handcrafted candles , Home fragrance ,Plaster decor

27/08/2026

မာကလာပင်ပါရှင့်😁😁😁
Plaster နဲ့ပြုလုပ်ထားတဲ့ Car Perfume ​လေးအ​ကြောင်းရှင်းပြထားပါတယ်ရှင့်🥰

Photos from O' Libra's post 27/08/2026

Car Perfume ​လေးက​လေ အနံ့ကုန်သွားရင်လဲ
ကိုယ်ကြိုက်နှစ်သက်တဲ့ အ​မွှေးဆီ​လေးကို အစက်ချပြီး
အသုံးပြုလို့ရပါတယ်​နော်

သင့်ရဲ့ Driving Time ​လေးကို ပိုပြီး fresh & enjoyable ဖြစ်​စေဖို့
အသုံးပြုကြည့်ပါ​​နော်

Not just a car fragrance.
It’s a little piece of O’ Libra in every journey.

✨️✨️1 box - 5,000ks

Photos from O' Libra's post 26/08/2026

ကားထဲ ဝင်လိုက်တိုင်း ရနံ့​​လေးမွှေး​​နေတာကို ကြိုက်တယ်ဆိုရင်....

O' Libra ရဲ့ အသစ်ထုတ်လိုက်တဲ့ Plaster Car Perfume ​လေးကို
သုံးကြည့်ပါ​နော်❤️

ပန်း​လေး​တွေ လိပ်ပြာ​ပုံစံလေး​တွေနဲ့ဆို​တော့ car ​ပေါ်မှာလဲ တခါထဲ အလှဆင်ပြီးသားဖြစ်သွား​စေမှာပါ​နော်❤️

သင့်ရဲ့ Driving Time ​လေးကို ပိုပြီး fresh & enjoyable ဖြစ်​စေဖို့
အသုံးပြုကြည့်ပါ​​နော်

Not just a car fragrance.
It’s a little piece of O’ Libra in every journey.

✨️✨️1 box - 5,000ks

20/08/2026

ခု​နောက်ပိုင်း ရနံ့ဖ​ယောင်း​လေး​တွေ ​ခေတ်စားလာတယ်ဟုတ်🩷

အိမ်​တွေမှာ ဆိုင်ခန်း ရုံးခန်း​တွေမှာ ရနံ့​ကောင်း​လေး​​တွေရ​​​
အောင် ဖ​ယောင်းတိုင်​လေး​တွေကို ​တော်​တော်များများ အသုံး
ပြုလာကြတယ်​နော်

ကိုယ်တိုင် ဖ​ယောင်းတိုင်​လေး​တွေ လုပ်တတ်ချင်သူများအတွက် သတင်း​ကောင်း​လေးပါရှင်

ဒါမှမဟုတ် ကိုယ့်အတွက် Relax time အ​နေနဲ့ Candle လှလှ
​ေလး​တွေ ဖန်တီးကြမလား

တစ်ပိုင်တစ်နိုင် စီးပွား​ရေး​လေးပဲ လုပ်မလား

ဒီနှစ် ဝါကျွတ်မှာ ကိုယ်တိုင်လုပ် Handmade Candle ​လေ:
​တွေနဲ့ ဆီမီးပူ​ဇော်ချင်သူများအတွက် ကုန်ကြမ်းခဖိုးသာ
ကျသင့်မဲ့​ဈေးသက်သက်သာသာနဲ့ Candle workshopလေး
ရှိမယ်ဆို စိတ်ဝင်စားကြမလားရှင်

• Candle ပြုလုပ်နည်းအခြေခံမှစပြီး လက်တွေ့သင်ယူ
နိုင်မယ်
• ကိုယ်ကြိုက်တဲ့ ရနံ့လေးတွေကို စိတ်ကြိုက်ရွေးချယ်နိုင်မယ်
• ကိုယ်တိုင်ပြုလုပ်ထားတဲ့ Handmade Candle လေးကို
အမှတ်တရအဖြစ် ယူဆောင်သွားနိုင်မှာမို့ သူငယ်ချင်းနဲ့
တူတူ Create.Relax .Enjoy လုပ်ရင်း Workshop ​လေးကို
join လို့ရမယ်

ကိုယ်တိုင် ဖန်တီးရတဲ့ အ​တွေ့အကြုံ​လေးတစ်ခုနဲ့ ရနံ့​လေး​တွေနဲ့
စိတ်ကြည်နူးစရာ ​ကောင်းတဲ့​နေ့​လေးတစ်​နေ့ကို ဖန်တီးဖို့
အတွက် O' Libra မှ Handcrafted Candle Workshop ​လေး
ကို ၇၀၀၀၀/- ကျပ်ဖြင့် join လို့ရပါတယ်ရှင်

Photos from O' Libra's post 18/08/2026

အရမ်းလှ​သော Plaster Tray ​လေး​တွေ
တချပ်ကို ၁၅၀၀၀ဖြင့် အား​ပေးနိုင်ပါတယ်ရှင်

17/08/2026

O'Libraရဲ့​နောက်ထပ် Product ​လေး အ​ကြောင်း​သေချာ​လေး​ပြောပြထားပါတယ်ရှင်

11/08/2026

Plaster painting kit ​လေးက ကစားစရာတစ်ခုသက်သက်မဟုတ်ဘဲ က​လေး​တွေအတွက် အကျိုးပြုနိုင်တာ​လေး​တွေ ရှင်းပြထားပါတယ်ရှင့်

10/08/2026

O'Libra Product (Part 1)

Photos from O' Libra's post 09/08/2026

သင့်ရဲ့အနားယူချိန်တိုင်းကို ပိုပြီးပြည့်စုံသွား​စေဖို့
O' Libra မှ ဖန်တီး​ပေးပါရ​စေရှင့်

🍀🕯Green Tea Candle - Breathe.Relax.Be Present🍀🍀

လတ်ဆတ်သန့်ရှင်းတဲ့ green tea ရနံ့​လေး​ကြောင့်
တစ်​နေ့တာလုံး ပင်ပန်းသမျှအ​မော​ပြေ​စေပြီး
လန်းဆန်းပြီး ​အေးချမ်းတဲ့ အချိန်​လေးဖြစ်​သွားမှာ
အ​သေအချာပါပဲရှင်

တစ်​နေ့တာရဲ့ ရှုပ်​ထွေးမှု​တွေကို ခဏထားခဲ့ပြီး
ကိုယ့်အတွက် ​အေးချမ်းတဲ့ အချိန်​လေးတစ်ခုကို
🍀🕯Green Tea Candle ​လေးနဲ့အတူဖန်တီးလိုက်ပါ🍀

50g - 13500ks
35g - 11000ks

Photos from O' Libra's post 09/08/2026

၃.၈.၂၀၂၆ (တနင်္လာနေ့)မှာ Dream High Primary English School နဲ့ ကျွန်မရဲ့ Brand ပိစိ​လေး O’ Libra တို့ရဲ့ ပထမဆုံး Collaboration အဖြစ် Preschool မှ ချစ်စရာသားသားမီးမီးလေးတွေနဲ့အတူ .....

Plaster Painting & Tealight Candle Workshop လေးကို ပျော်ရွှင်စွာ ကျင်းပခဲ့တဲ့ ပုံရိပ်​လေး​တွေကို မျှ​ဝေ​ပေးလိုက်ပါတယ်ရှင် 🎨🕯️

ဆေးရောင်လေးတွေကို ကိုယ်တိုင်ရွေးချယ်ပြီး
အရုပ်လေးတွေကို စိတ်ကူးထဲကအတိုင်း အလှဆင်ကြရင်း....

ကိုယ်တိုင်ဖန်တီးထားတဲ့ Tealight Candle လေးတွေကို ပြုလုပ်ရင်းနဲ့—

ကလေးလေးတွေရဲ့အပြုံးလေးတွေ၊ စိတ်လှုပ်ရှားမှုလေးတွေ၊
ဖန်တီးချင်စိတ်လေးတွေ ပြည့်နှက်နေတဲ့ နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်ရှင် 🤍

ကလေးတွေအတွက် ဖန်တီးမှုဆိုတာ လှပတဲ့အရာတစ်ခုကို
ပြုလုပ်ခြင်းထက် ပိုပါတယ်...

ကိုယ်တိုင်ရွေးချယ်ခြင်း၊ ကိုယ်တိုင်ဖန်တီးခြင်းနဲ့
“ဒါလေးကို ငါကိုယ်တိုင်လုပ်ထားတာ” ဆိုတဲ့ ပျော်ရွှင်မှုလေး
ကို ခံစားခွင့်ရခြင်းပါ။ ✨

ဒီ Workshop လေးကနေ ရရှိခဲ့တဲ့
အရောင်စုံအနုပညာလေးတွေ၊ ချစ်စရာအပြုံးလေးတွေနဲ့
ကလေးငယ်လေးတွေရဲ့ ပျော်ရွှင်မှုတွေဟာ O’ Libra
အတွက်လည်း အမှတ်တရကောင်းလေးတစ်ခုပါရှင် 🤍

မီးပျက်​နေလို့ Heat gun သုံးမရတဲ့အတွက် toppings ​လေး​တွေကို
ဖ​ယောင်းနဲ့ အပူ​ပေးပြီး ကပ်ခဲ့ရတာလဲ အမှတ်တမဲ့ထဲမှ အမှတ်တရ​လေးပါပဲရှင်😁😁

ဒီလိုလှပတဲ့အခွင့်အရေးလေးကို ပေးခဲ့တဲ့
Dream High Primary English School မှ ဆရာ/ဆရာမများ
နဲ့ပါဝင်ပေးခဲ့ကြတဲ့ ချစ်စရာသားသားမီးမီးလေးများအားလုံး
ကို O’ Libra မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ 🌷

Little hands.
Big imagination.
Beautiful memories.
— O’ Libra 🤍

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon