General Knowledge Of Drugs

General Knowledge Of Drugs

Share

​ဆေးဝါးနှင့် ဆိုင်ရာ ဗဟုသုတများ ပြန?

02/09/2022

#သွေးပေါင်ကျနေတဲ့သူကို_အရေးပေါ်ဘယ်လိုပြုစုမလဲ
*************************************

အရာရာက အစွန်းနှစ်ဖက်ရှိစမြဲပါနော်။ ဒီလိုပါပဲ သွေးတိုးတယ်၊ သွေးပေါင်တက်တယ်ဆိုတာမျိုးရှိသလို သွေးပေါင်ကျတယ်ဆိုတာကလည်း ရှိပါတယ်။ ဘယ်အစွန်းမှကတော့မကောင်းဘူးပေါ့။ သွေးပေါင်တက်တာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်နိုင်သလို သွေးပေါင်ကျတာကလည်း ထိခိုက်စေတာပါပဲ။ အသက်ဆုံးရှုံးသည်အထိပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ သွေးတိုးလောက်အဖြစ်မများပေမယ့် သတိထားသင့်ပါတယ်နော်။ ဒီတစ်ခေါက်တော့ မြင်ရခဲပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာခဲ့ရင် အကောင်းဆုံးကူညီပေးနိုင်စေဖို့အတွက် သွေးပါင်ကျတဲ့အခါ လုပ်ဆောင်ပေးသင့်တဲ့ ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးပါရစေနော်။

#သွေးပေါင်ကျတယ်ဆိုတာ
သွေးပေါင်ကျတယ်ဆိုတာက လူတစ်ယောက်မှာရှိသင့်တဲ့ သွေးပေါင်ချိန်ထက်လျော့နည်းနေတဲ့အနေအထားပါ။ အပေါ်သွေးက ၉၀ mmHg ရှိပြီး အောက်သွေးက ၆၀ mmHg ဖြစ်နေမယ်ဆိုရင် သွေးပေါင်ကျနေပြီလို့သတ်မှတ်ရပါမယ်။ သွေးပေါင်ကျတဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို သွေးလုံလောက်အောင်မရောက်ရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

#လက္ခဏာတွေက
သွေးပေါင်ကျတာက သွေးတိုးတာလောက်တော့ လက္ခဏာတွေသိသိသာသာပြတာမျိုးမရှိတတ်ပါဘူး။ ဒါပေမယ့် လုံးဝလက္ခဏာမရှိတာမျိုးတော့မဟုတ်ပါဘူး။ သွေးပေါင်ကျနေတဲ့အခါ ဒီလိုမျိုးလက္ခဏာတွေခံစားရနိုင်ပါတယ်။

ခေါင်းထဲကမူးနောက်နောက်ဖြစ်နေမယ်
ခေါင်းထဲမှာ ပေါ့ပေါ့ကြီးဖြစ်နေမယ်
ထိုင်ရာကနေ ထလိုက်ရင်ဖြစ်ဖြစ်၊ ရုတ်တရက်ထရာကနေထိုင်လိုက်ရင်ဖြစ်ဖြစ် ခေါင်းထဲကနေ မိုက်ခနဲမူးမယ်
ကတုန်ကယင်ဖြစ်မယ်
အိပ်ချင်နေမယ်
ချွေးစေးတွေပြန်မယ်
ကယောင်ကတမ်းပြောမယ်
ခြေလက်တွေမသယ်ချင်ဖြစ်မယ်
ခြေဖျားလက်ဖျားနဲ့ အသားတွေ အေးစက်မယ်
အသက်ရှုရခက်လာမယ်
အသက်ရှုနှုန်းကျလာမယ်။
ပြင်းထန်တဲ့နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်မလဲ
သွေးပေါင်ကျတာက သွေးတိုးတာလောက် သိပ်မပြင်းထန်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ သွေးပေါင်ကျတာကလည်း အချိန်ကြာမြင့်လာတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲ
#ကျန်းမာရေးပြဿနာတွေအနေနဲ့

ရုတ်တရက်သတိလစ်တာ
လေဖြတ်တာ
ရုတ်တရက်နှလုံးရပ်တာ
ကျောက်ကပ်ပျက်စီးတာလိုမျိုး ကျန်းမာရေးအခြေအနေတွေကိုခံစားရနိုင်ပါတယ်။
သွေးပေါင်ကျနေသူကို ဘယ်လိုအရေးပေါ်ပြုစုပေးမလဲ
သွေးပေါင်ကျနေသူကို ဆေးရုံဆေးခန်းကိုမပို့ခင်မှာ ဒီနည်လေးတွေသုံးပြီး ပြုစုပေးလို့ရပါတယ်။

#ပြုစုနည်း
သက်တောင့်သက်သာလှဲခိုင်းပါ– သွေးပေါင်ကျတာကြောင့် ခေါင်းမူးနေတယ် ဒါမှမဟုတ် ရီဝေဝေဖြစ်နေတယ်၊ သတိလစ်တာတွေဖြစ်မယ်ဆိုရင်အရင်ဆုံး သက်တောင့်သက်သာဖြစ်အောင်လှဲထားပေးပါ။ မျက်လုံးလေးတွေကို မှိတ်ထားခိုင်းပါ။ အသက်မှန်မှန်ရှုခိုင်းပါ။

ဓါတ်ဆားရည်တိုက်ပါ – ပါးစပ်ကနေသောက်လို့ရတဲ့ အငန်ဓါတ်ပါတဲ့ သောက်စရာတွေဖြစ်တဲ့ ဓါတ်ဆားရည်၊ သီးစုံဓါတ်ဆားနဲ့ အခြားသော ခန္ဓါကိုယ်အတွက် ဆားဓါတ်နဲ့ ရေဓါတ်ဖြည့်ပေးတဲ့သောက်စရာလေးတွေကိုတိုက်ပေးပါ။ အုန်းစိမ်းရည်တိုက်ပေးလို့လည်းရပါတယ်။ ကိုယ်တွင်း Electrolyte တွေမျှတသွားစေဖို့အတွက်ပါ။ ဆီးချိုရှိတဲ့သူဆိုရင်တော့ အချိုဓါတ်လုံးဝမပါတဲ့ ဓါတ်ဆား၊ ဒါမှမဟုတ် အုန်းစိမ်းရည်က အသင့်တော်ဆုံးပါ။ တစ်ခွက်စာကုန်အောင်တိုက်ပေးပါ။

ရေတိုက်ပါ – ဓါတ်ဆားအဆင်သင့်မရှိဘူးဆိုရင် ရေများများတိုက်ပေးလို့ရပါတယ်နော်။ ရေထဲကို ဆားနည်းနည်း၊ သကြားနည်းနည်းထည့်တိုက်လို့ရပါတယ်။ ဒီလိုတိုက်ပေးတာက သွေးပေါင်တက်စေသလို ကိုယ်တွင်း ဂလူးကို့စ်ပမာဏကို လည်း တိုးတက်စေနိုင်ပါတယ်။

ဆားနည်းနည်းစားခိုင်းပါ – ဆားက သွေးပေါင်တက်စေဖို့ အမြန်ဆုံးလုပ်ပေးနိုင်မှာပါ။ ဒါကြောင့် ဆားလက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ စာလောက်ကိုစားခိုင်းပေးပါ။

ပြီးရင်တော့ ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။ သွေးပေါင်ချိန်က အမြဲလိုလိုတိုင်းသင့်ပါတယ်နော်။ နောက်တစ်ချက်သတိထားရမှာက လူတစ်ယောက်နဲ့တစ်ယောက်မှာ သွေးတိုးတဲ့ ပမာဏချင်းမတူနိုင်လို သွေးပေါင်ကျတဲ့ အခြေအနေချင်းလည်းကွာခြားနိုင်ပါတယ်။ အချို့လူတွေက သွေးပေါင်ချိန် အပေါ်သွေး ၁၁၀ mmHg အောက်သွေး ၆၀ mmHg ဖြစ်တာတောင်မှ သွေးပေါင်ကျတဲ့ လက္ခဏာတစ်စုံတရာမခံစားရတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ကျတတ်တယ်ဆိုရင် အစားအသောက်အနေအထိုင်ကို သေချာဂရုစိုက်ပြီး ဖြစ်လာခဲ့ရင်လည်း အမြန်ဆုံးဆရာဝန်နဲ့ သွားရောက်ပြသဖို့အကြံပြုပါရစေ။



#သွေးပေါင်ကျ
#သွေးပေါင်ကျခြင်း

15/06/2022

အစာအိမ်သမားများ သိထားသင့်တဲ့ " Simethicone "
~~~~~~~~

လေနိုင်ဆေး၊ လေအောင့်သက်သာဆေး တစ်မျိုး ဖြစ်တဲ့ Simethicone ဟာ အစာအိမ်သမားများ၊ ဗိုက်နာ ဗိုက်အောင့်လေ့ ရှိသူများ၊ အပူအစပ် ကြိုက်တတ်သူများ အတွက် မရှိမဖြစ် ဆောင်ထားလေ့ရှိကြတဲ့ ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ Simethicone ဆိုတဲ့ နာမည်ကိုတော့ တိုက်ရိုက် ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မယ်။ အစာအိမ်ဆေး လေဆေးတွေမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး အခြား အမျိုးအနွယ်များနှင့် အတူ အစာအိမ်ကြောင့်ဖြစ်တတ်တဲ့ လေပူထခြင်း၊ လေအောင့်ခြင်း၊ လေမလည်ခြင်း စတာတွေကို ဖြေရှင်းပေးနိုင်တဲ့ ဆေး တစ်မျိုးပဲဖြစ်ပါတယ်။

သူ့ရဲ့ အလုပ်လုပ်ပုံကတော့ အစာအိမ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေကို (make small air bubbles to bigger ones)သွားပေါင်းပြီး လေချဉ်တက်စေခြင်း၊ လေလည်ခြင်းတို့ကို ဖြစ်စေကာ လေမြန်မြန် ထွက်စေခြင်း နည်းအားဖြင့် သက်သာအောင် ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။

ဝါးစားပြီး 30min (နာရီဝက်) အကြာမှာ အစွမ်းပြပါတယ်။

လေကို လျော့ထုတ်စေတဲ့ အစွမ်းတော့ သူ့မှာ မရှိပါဘူး။

Simethicone သောက်ဖို့ အသင့်တော်‌ဆုံး ၂ ချိန် ရှိပါတယ်။

အဲ့တာကတော့

၁၊ အစာစားပြီးချိန်

၂၊ အိပ်ရာဝင်ချိန် နှစ်မျိုးပဲဖြစ်ပါတယ်။

ဝါးစားလို့ရတဲ့ Chewable tablets ပုံစံနဲ့ ရှိတတ်သလို တစ်ချို့ အရည်ပုံစံနဲ့လည်း လာတတ်ပါတယ်။

ဆေးတိုင်းမှာ side effect ရှိသလိုပါပဲ Simethicone မှာလည်း အနည်းငယ်သော ဘေးထွက်ဆိုးကျိုး ရှိပါတယ်။

တစ်ချို့ လုံးဝမသောက်နိုင်သူတွေကိုလည်း တွေ့ဖူးပါတယ်။ သူ့ရဲ့ side effects တွေကတော့

-အန်ချင်တာ

-ဝမ်းသွားတာ

-ဝမ်းချုပ်တာ

-ခေါင်းကိုက်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ဆေးသောက်ရမယ့် ပုံစံကတော့ အစာစားပြီးတိုင်း ၁လုံး မှ ၂လုံး ကို တစ်ရက်ကို ၃ကြိမ်မှ ၄ကြိမ် အထိ သောက်ပေးနိုင်ပါတယ်။

📌အဓိက သက်သာစေတဲ့ ရောဂါတွေကတော့

-အစာမကြေ၊ ရင်ပြည့်ရင်ကယ်

-အပူအစပ်များ စားခြင်းကြောင့် အက်ဆစ်ထွက်များပြီး ဗိုက်အောင့် ဗိုက်နာခြင်း

-အစာအိမ် အချဉ်ဖောက်ခြင်း နှင့်

-လေထိုး လေအောင့်ခြင်းများကို လျင်မြန်စွာ သက်သာပျောက်ကင်းစေပါတယ်။

Ref:Original uploader

02/06/2022

သွေးစစ်တဲ့အခါ.....

➡သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာ သိဖို့လိုပါတယ်...Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....

👍 ....CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ

👍 .....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်

👍 .....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ

👍 .......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ

👍 ........Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....

👍 ........FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ

👍 ........HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ

👍 .......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ

👍 ........AFP က အသည်းကင်ဆာစစ်တာမျိုးပါ

👍 ........Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ

👍 ........VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ

👍 .........ECG က​ေတာ့ နှလုံးစစ်ဆေးတာ (နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ

👍 ..........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ

👍 ......... Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ

👍 ...........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )

👍 .........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်​​ေဆးမှူမျိုးများ)

👍 .......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ

👍 ..........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ

👍 ..........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ

👍 ...........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ

👍 .........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ

👍 ........HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ

👍 ........Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ

👍 .........Anti HCVကတော့ C ပိုးစစ်တာပါ

👍 ...........( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ

👍 ..........(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ

👍 .........USG (Ultrasound)ကတော့ အယ်ထရာဆောင်း
(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)
အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ

👍 ..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ

👍 .........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ

👍 .....Vitamin D (total ) ကတော့
အရိုးပွရောဂါအတွက်စစ်တာမျိုးပါ

👍 .....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ

👍 ......RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ

👍 ... ESR -ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ

👍 .......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ

👍 ......PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ

👍 ......CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ

👍 .........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ

👍 ........CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ


#အဆင်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

Photos from General Knowledge Of Drugs's post 02/06/2022

💁‍♀️ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, RE**RD, XL စသဖြင့် ရှိတာကို သတိထားမိပါသလား ?✅✅✅
====================================

✔️လူအများစု ဆေးတွေကို ခြမ်းပြီး ချိုးပြီး သောက်တာမျိုး ရှိဖူးမှာပါ။ ကိုယ်က ၁၀၀မီလီဂရမ် သောက်နေကျ ပေမယ့် ဆေးက မရှိတဲ့အတွက် ၅၀ မီလီဂရမ် ၂ လုံး သောက်လိုက်တာမျိုး ၂၀၀ မီလီဂရမ်ကို တဝက်ခြမ်း သောက်လိုက်တာမျိုး လုပ်ဖူးကြမှာပါ။

✔️အဲ့ဒီအခါမှာ ယေဘုယျအားဖြင့်တော့ မှန်ကောင်းမှန်နိုင်ပေမယ့် အပေါ်မှာ ဆိုခဲ့တဲ့ MR, SR, OD, CR, Re**rd, XL စသည်တို့နဲ့ အဆုံးသတ်ထားတဲ့ ဆေးနာမည်တွေမှာ ပြဿနာရှိနိုင်ပါတယ်။ ဒီလိုအတိုကောက် MR, SR တွေကိုဆေးနာမည်မှာ ဘာလို့ ထည့်ထားရတာလဲဆိုတော့ တစ်ချို့ ဆေးတွေမှာ သောက်သောက်ပြီးချင်း အာနိသင်ပြပြီး ချက်ချင်း အာနိသင် ကုန်မသွားအောင် ဆေးရဲ့ အာနိသင် တစ်နေကုန်ရနေအောင် ဖေါ်စပ် ဖန်တီးထားပါတယ်။ သွေးကျဆေး ဆီးချိုဆေး စတာတွေမှာပေါ့။

👉MR SR စတာတွေရဲ့ အရှည်ကောက်ကတော့ Modified release, Slow release, substained release ပါတဲ့ ။ ဆိုလိုတာကတော့ ဆေးကို ချက်ချင်း အာနိသင် အကုန်မပြဘဲ တနေကုန် ဖြည်းဖြည်းချင်း ထွက်နေအောင် လုပ်ထားတာပါ။ တစ်နေကုန် အာနိသင် ပြနေအောင် ဒါမှမဟုတ် တရက် ၂ ကြိမ် ၃ ကြိမ် သောက်နေစရာမလိုပဲ တစ်ကြိမ်ထဲနဲ့ အဆင်ပြေအောင် ဆေးကို စတင် ထုတ်လုပ်ကတည်းက တစ်ချို့ဆေးတွေကို ဓာတုဗေဒပစ္စည်း ပေါင်းထည့်ထားတာမျိုး coat လုပ်ထားပြီး အလွှာအုပ်ထားတာမျိုး ဖန်တီးထားလေ့ ရှိပါတယ်တဲ့။

👉ဆေးကိုချိုးပြီး သောက်လိုက်တာမျိုး ၁၀၀ အား မရှိလို့ ၅၀ အား ၂ လုံး သောက်လိုက်တာမျိုးမှာ ဖြေးဖြေး စိမ့်ထွက်လာရမယ့် အာနိသင်တွေဟာ အချိုးအစား မှန်မှန်ကန်ကန် မရပဲ ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်။

👉ဒါကြောင့်မို့ မိမိသောက်နေကျ ဆေးတွေရဲ့ အနောက်မှာ MR, SR, OD, Re**rd, XL စသဖြင့်ပါ မပါ ကြည့်ပီး ပါနေခဲ့ရင် ခါတိုင်း သောက်နေကျ ပုံစံ အတိုင်းသာ သောက်ပြီး တစ်ဝက်ခြမ်းသောက်တာမျိုး ၂ လုံးသောက်တာမျိုး မလုပ်ဘဲနဲ့ ကိုယ်သောက်တဲ့အား ပမာဏ အတိကျကိုသာ ရှာဝယ်သောက်သင့်ကြောင်း အကြံပြုလိုပါတယ်။

💁‍♀️အစာနဲ့ဆေးတွဲသောက်သင့်သလား✅✅✅
====================================

✔️ ဘယ်ဆေးတွေကိုအစာနဲ့ဝေးဝေးသောက်ရမလဲ
✔️ အချိန်ဘယ်လောက်ခွာရမလဲ
✔️ ဘယ်ဆေးတွေကို အစားအစာနဲ့တွဲသောက်ရမလဲ

👉အစာအိမ်ထဲအစာမရှိချိန်သောက်သင့်တဲ့ဆေး
👉 အစာအိမ်တွင်းအစာလုံးဝမရှိချိန်သောက်ရတဲ့ဆေး
👉အစာနဲ့တွဲသောက်သင့်တဲ့ဆေး ဆိုပြီးခွဲမှတ်လို့ရပါတယ်

🔺အစာအိမ်တွင်းအစာမရှိချိန်

(မစားခင် အနည်းဆုံး ၁ နာရီ၊ စားပြီး ၂ နာရီ၀န်းကျင်)သောက်ထားသင့်တဲ့ ဆေးတွေကတော့ဆီးချိုသောက်ဆေးအများစုပါပါလိမ့်မယ်။အစားမစားခင် နာရီ၀က်လောက် ကြိုသောက်ရပါတယ်

➡️ပန်းနာရင်ကျပ်မှာသောက်လေ့ရှိတဲ့ (Aminophylline၊ Salbutamol)

➡️ပိုးသေဆေးအများစု (Ampicillin၊ Azithromycin၊ Cloxacillin၊ Erythromycin၊ Flucloxacillin၊

➡️တီဘီဆေးများ Isoniazid + Rifampicin + Pyrazinamide၊ Levofloxacin၊ Norfloxacin၊ Ofloxacin၊ Penicillamine၊ Penicillin G၊ Penicillin V၊ Tetracycline)

➡️ပျို့အန်ပျောက်ဆေး (Domperidone၊ Metoclopramide)

➡️သွေးကျဆေး (Captopril၊ Propranolol)

➡️အစာအိမ်အက်ဆစ်ဓာတ်လျှော့တဲ့ အစာအိမ်နာဆေး (Esomeprazole၊ Lansoprazole၊ Omeprazole၊ Pantoprazole)

➡️သံဓာတ်အားအေး (Ferrous sulfate) နဲ့ (Zinc supplements) ဆေးတွေဖြစ်ပါတယ်

Empty Stomach* အစာအိမ်တွင်းအစာမရှိချိန် (မစားမီ ၁ နာရီခွာ နဲ့ စားပြီး ၂ နာရီခွာ) သောက်ရပါတယ်

🔺အစာနဲ့တွဲသောက်ရတဲ့ဆေးအများစုကတော့

➡️အကိုက်အခဲပျောက်ဆေးတွေပါ (Aspirin အုပ်စု၊ Diclofenac၊ Indomethacin)
သူ့ချည်းပဲ ဆေးပမာဏများများ ခဏခဏနဲ့ အချိန်ကြာသောက်ရင်
အစာအိမ်နံရံရဲ့ ကာကွယ်တဲ့အလွှာပါးစေပါတယ် အနာဖြစ်စေနိုင်ပါတယ်

➡️အဆစ်အမြစ်ရောင်ဂေါက်ရောဂါဆေး (Allopurinol)

➡️တချို့သောပိုးသေဆေးများ (Augmentin၊ Cefpodoxime၊ Doxycycline၊

➡️ငှက်ဖျားဆေး Chloroquine၊ Metronidazole)
သံကျဆေး (Mebendazole) (မှတ်ချက် သံအကောင်လိုက်ကျသည့်အန္တရာယ်မရှိပါ အူအတွင်းခြေဖျက်ပေးသည်)

➡️မှိုရောဂါဆေး (Griseofulvin၊ Itraconazole)

➡️အတက်ကျဆေး (Carbamazepine၊ Valporate)

➡️အစာအိမ်ဆေး (Cimetidine)

➡️အကိုက်ခဲပျောက် ရင်ကျပ် နှင့်
တခြားရောဂါများတွင်သုံးသည့် (Prednisolone)

စတဲ့ဆေးတွေကိုတော့ အစာနဲ့တွဲသောက်သင့်ပါတယ်။တွဲသောက်တယ်ဆိုရာမှာ အစားတစ်လုတ် ဆေးတစ်လုံးသောက်ရမယ် မဆိုလိုပါ။စားပြီး ၅ မိနစ်လောက်မှာ သောက်ရင်ရပါတယ်။

Credit to original uploader

🙏🙏🙏🙏
မိသားစုတိုင်း သက်ရှည်ကျန်းမာပီး ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။

04/04/2022

နာတာရှည်ကျောက်ကပ်လူနာများနှင့်
=====================
gout(ဂေါက်) အဆစ်အမြစ်ရောင်ရောဂါ
=========================
Gouty arthritis in patients with chronic kidney disease

(၁) အဆစ်ရောင်ရောဂါ ဘာကြောင့်ဖြစ်ရလဲ

- Gout အဆစ်ရောင်ရောဂါဟာ နာတာရှည် ကျောက်ကပ်ရောဂါသည်တွေမှာ အင်မတန်အဖြစ်များပါတယ်။ ကျောက်ကပ်ရောဂါရှိသူသုံးယောက်မှာ တစ်ယောက်ဖြစ်နိုင်ခြေရှိပါတယ်။

- အဓိကဖြစ်စေတဲ့အကြောင်းကတော့ ကျောက်ကပ်တွေ အလုပ်လုပ်နိုင်မှု ကျလာတဲ့အခါ ဆီးထဲကတစ်ဆင့် စွန့်ပြစ်ရမဲ့ Uric acid ယူရစ်အက်စစ်တွေ သွေးထဲမှာတစ်ဖြည်းဖြည်းစုပုံလာပါတယ်။ဒီယူရစ်အက်စစ်တွေဟာ အချွန်အတက်တွေအပြည့်နဲ့ ကျောက်စိုင်ခဲလေးတွေ (crystals) ကိုဖြစ်ပေါ်စေပြီး အဆစ်အမြစ်တွေထဲမှာ အနည်ထိုင်စုပုံစေပြီး ဒုက္ခပေးတော့တာပါပဲ။

- ဒီရောဂါဟာ အထူးသဖြင့် သွေးတိုး၊ ဆီးချိုသွေးချို၊ အဝလွန်တဲ့သူတွေနဲ့ ယူရစ်အက်ဆစ်ကို ဖြစ်စေတဲ့ ပြူယင်း(purine) ဓာတ်ပါဝင်မှုများတဲ့ အစားအသောက် အစားများတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။

- ဒါ့အပြင် သွေးတွင်းယူရစ်အက်စစ်ကိုများစေတဲ့ တစ်ချို ့သောဆေးတွေ ဥပမာ thiazides/furosemide လိုဆီးဆေး၊ Asprin လိုသွေးကျဲဆေး၊ ကျောက်ကပ်လဲထားတဲ့သူတွေမှာ ပုံမှန်သောက်ရတဲ့ cyclosporin လို ဆေးမျိုးတွေ ကြောင့်လဲ ဖြစ်စေပါတယ်။

- မိသားစုမျိုးရိုးရှိသူတွေမှာလည်း ပိုအဖြစ်များတာ တွေ့ရပါတယ်။

(၂) ဖြစ်လာခဲ့လျှင် ဘယ်လိုဝေဒနာ ရောဂါလက္ခဏာ ဆိုးကျိုးတွေ ခံစားရမလဲ

- Gout ရောဂါဟာ တစ်ခါဖြစ်ဖူးရင် တစ်သက်မမေ့နိုင်တဲ့ ရောဂါမျိုးပါ။ အဆစ်အမြစ်တွေဟာ အသဲခိုက်လောက်အောင် နာနာကျင်ကျင်ခံစားရတတ်ပါတယ်။ အထူးသဖြင့် ခြေမအဆစ်၊ ခြေကျင်းဝတ်၊ဒူး၊လက်ကောက်ဝတ်၊လက်ဖျံအဆစ်၊လက်ချောင်းငယ်လေးတွေမှာ အဖြစ်များပါတယ်။ နာတာကျင်တာအပြင် အဆစ်တွေဟာ နီရဲရောင်ကိုင်းနေတတ်ပါတယ်။

- ဒါတင်မက မကြာခဏ နှစ်ရှည်လများဖြစ်လာတဲ့အခါ အဆစ်တွေကို ပျက်ဆီးစေပြီး ပုံမှန်လုပ်ငန်းတစ်နေ့တာ အလုပ်တွေပါ မလုပ်နိုင်တော့တဲ့အထိဖြစ်စေပါတယ်။

- ပြီးတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ရဲ့ နေရာတော်တ်ာများမှာ ယူရစ်အက်စစ်တွေစုနေတဲ့ အသားလုံးအဖုအထစ်တွေပေါ်လာစေပြီး အလှပျက်တတ်ပါတယ်။

- နောက်ဆက်တွဲဆိုးကျိုးကတော့ ယူရစ်အက်ဆစ်ကနေဖြစ်လာတဲ့ ကျောက်တွေဟာ ဆီးလမ်းကြောင်းတစ်လျှောက်မှာပါကျောက်တည်ခြင်းကိုဖြစ်စေပါတယ်။

(၃) အဆစ်အမြစ်ရောင်ရောဂါကို ဘယ်လို
ကာကွယ်ကုသကြမလဲ

- ကုသဖို့ဆိုရင်တော့ အလွယ်ကူဆုံး ရောင်ရမ်းနေတဲ့ အဆစ်ကို အနားပေးပြီး အရောင်ကျအောင် ရေခဲအုံပေးနိုင်ပါတယ်။

- သောက်ဆေးအနေနဲ့ကတော့ အိမ်တွေမှာအသုံးများတဲ့ NSAIDS လို့ခေါ်တဲ့ Diclofenac/Ibuprofen/Naproxen တို့လိုဆေးတွေဟာ ကျောက်ကပ်ရောဂါသည်တွေနဲ့ လုံးဝမတဲ့ပါဘူး။ ကိုချီစင်း Colchicine ဆေးကတော့ သင့်တော်ပါတယ်။ ဖြစ်ဖြစ်ချင်း ၂၄နာရီအတွင်းသောက်နိုင်ရင် ပိုအစွမ်းထက်ပါတယ်။ ၀.၆ mg တစ်နေ့ တစ်လုံးကနေ နှစ်လုံးသောက်ပေးနိုင်ပါတယ်။ သတိထားရမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ပျို ့တာအန်တာ ဗိုက်အောင့် ဝမ်းပျက်တာတွေ ဖြစ်နိုင်ပါတယ်။ နောက်သောက်နိုင်တဲ့ ဆေးကတော့ ပရက်နီဆိုလုန်း prednisone လို့ခေါ်တဲ့ စတီးရိုက်သောက်ဆေးပါ၊ ဒီဆေးမျိုးကိုတော့ ဆရာဝန်ညွန်ကြားမှုနဲ့ပဲသောက်သင့်ပါတယ်။ ဒီထက်ပိုဆိုးရင်တော့ အဆစ်ထဲကို စတီးရိုက်ဆေးထိုးထဲ့ပြီးကုရတာရှိပါတယ်။

- ထပ်မဖြစ်အောင်ကာကွယ်ဖို့ဆိုရင်တော့ ယူရစ်အက်ဆစ်များတဲ့ အစားအသောက်တွေ ဖြစ်တဲ့ red meat လို့ခေါ်တဲ့ အနီရောင်ရှိသော အသား (အမဲ၊ဝက်၊ဆိတ်)၊ ပင်လယ်စာ၊ ကိုယ်တွင်းကလီစာ၊ အချိုရေ၊ အရက်ဘီယာ စတာတွေ လျှော့စားသောက်ရပါမယ်။ ကိုယ်အလေးချိန်ချရပါမယ်။ သွေးတိုးဆီးချိုမှန်အောင်ထိန်းရပါမယ်။

- ဒါ့အပြင် ပိုအရေးကြီးတာက သွေးထဲကယူရစ်
အက်စစ်ကို ကျစေဖို့ Allopurinol
အေလိုပျုရီနောလို (100mg ကစလို့ အများဆုံး 400mg)၊ Febuxostat(40-80mg) ဖက်ဗျုဆိုစတက်လိုဆေးများကို ရေရှည်စွဲသောက်ပြီး သွေးထဲကယူရစ်အက်စစ်ပမာဏ 6 mg/dl အောက်လျှော့ချထားနိုင်ရင်တော့ gout ရောဂါဒုက္ခဘေးကနေ ကင်းဝေးနိုင်ပါလိမ့်မယ်ဆိုတာအသိပေးလိုက်ရပါတယ်။

လေးစားစွာဖြင့်,
ဒေါက်တာဇေထက်
ပထမလက်ထောက် ကျောက်ကပ်အထူးပြု
ကျောက်ကပ်ဆေးပညာဌာန (ယူကေ)

Photo credit : google images

11/03/2022

ကိုယ်ဝန်ဆောင်နဲ့ ဗိုက်ကြောပြတ် ရာများ

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ အရင်တုန်းကနဲ့ မတူတော့ဘဲ ခန္ဓာကိုယ်ရဲ့ အတွင်းရော အပြင်မှာပါ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဒီထဲမှာ ဗိုက်ကြောပြတ် တာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဗိုက်ကြောပြတ် တာက ဘာဖြစ်လဲဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး။ အမေရော ကလေးအတွက်ပါ အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အကြည့်ရ ဆိုးတယ်လေ။ ကိုယ်ဝန်ရှိတုန်းကလည်း ဗိုက်မှာ အကြောပြတ်ရာတွေ ထောင်ထောင်နဲ့၊ မွေးပြီးတော့လည်း ဗိုက်က လေရှုံ့ထားတဲ့ ဘောလုံးလို ကျုံ့သွားတဲ့ အပြင် အကြောပြတ်ရာတွေ ကလည်း အကြောင်းလိုက်ကျန်နေတော့ ရုပ်ဆိုးတာပေါ့။ မွေးခါစဆိုရင်တော့ ပြဿနာမရှိပေမယ့် ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ အကြောပြတ်ရာတွေ ဘာလို့ ပေါ်လာလဲဆိုတာ ဆက်ကြည့်ရအောင်။

ဘာကြောင့် ကိုယ်ဝန်ဆောင်တွေ ဗိုက်ကြောပြတ် ရတာလဲ။
အကြောပြတ်ရာ ဆိုတာက အရေပြားအောက်လွှာက ပြဲသွားတာကြောင့် ဖြစ်လာတဲ့ အမာရွတ်လေးတွေပါ။ ဘာနဲ့တူလဲဆိုတော့ သားရေပင်တွေလိုပါပဲ။ ဆွဲအားကို အတိုင်းအတာတစ်ခုထိပဲ ခံနိုင်တာပါ။ ကျော်သွားရင် ပြတ်ထွက်သွားပါတယ်။ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့

ကိုယ်ဝန်ဆောင်ချိန်မှာ ရုတ်တရက် ကိုယ်အလေးချိန်တက်လာပြီး ဗိုက်လည်း ပူလာတာကြောင့် ဗိုက်ကြောပြတ်လာတာပါ။ ဒီလိုဆိုလို့ အစားလျှော့ပြီး ဝိတ်ချဖို့ မစဥ်းစားပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်လိုအပ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတအောင် စားပါ။
(ကိုယ်ဝန်ဆောင်ချိန်မှ သင့်တင့်တဲ့ ကိုယ်အလေးချိန်ရှိလား ဆိုတာ သိချင်ရင်တော့ Pregnancy weight gain calculator မှာ တွက်ချက်နိုင်ပါတယ်။ )

တချို့ကျတော့လည်း မျိုးရိုးလိုက်တတ်တယ်လို့ ပြောကြပါတယ်။ ဆိုလိုတာက သင့်အမေကိုယ်ဝန်ဆောင်တုန်းက ဗိုက်ကြောပြတ်ဖူးရင် သင်ကိုယ်ဝန်ဆောင်ရင်လည်း ဗိုက်ကြောပြတ်နိုင်ချေ ရှိပါတယ်။
နောက်ပြီး အသားဖြူတဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ အသားရောင်ရင့်တဲ့သူတွေက ဗိုက်ကြောပြတ်ခဲပါတယ်။ ပြတ်ခဲ့ရင်တောင် အသားရောင်နဲ့ ရောနေလို့ မသိသာပါဘူး။
ကိုယ်ဝန်ဆောင်တွေမှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့်လည်း ဗိုက်ကြောပြတ်တယ်လို့ ဆိုကြပါတယ်။
ဘယ်အချိန်မှာ ဗိုက်ကြောစပြတ်သလဲ။
ကိုယ်ဝန်ပတ် ၁၃ပတ်ကနေ ၂၁ပတ်ကြားလောက်ဆိုရင် ဗိုက်ကြောတွေ စပြတ်လာပါပြီ။ ဗိုက်ကြောပြတ်တာနဲ့ ပတ်သတ်လို့ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ဝန်ဆောင်တွေရဲ့ ၉၀ ရာခိုင်နှုန်းက ဗိုက်ကြောပြတ် တတ်ပါတယ်။ဒါကို ခုနောက်ပိုင်းမှာ ” ကိုယ်ဝန်ဆောင်အလှတရား ” လို့ လက်ခံလာကြပါပြီ။ ဗိုက်ကြောပြတ်လို့ ပြောပေမယ့် ဗိုက်အပြင် တင်ပါး၊ ပေါင်နဲ့ ရင်သားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဗိုက်ကြောပြတ်တဲ့ အရောင်တွေကတော့ အသားအရောင်ပေါ် မူတည်ပြီး ပန်းရောင်၊ အနီရောင်၊ အဝါရောင် တစ်ခါတစ်လေ ခရမ်းရောင်ကနေ အညိုရောင် အထိဖြစ်နိုင်ပါတယ်။

ဗိုက်ကြောပြတ် ရာတွေ ပျောက်အောင် ဘယ်လိုလုပ်ကြမလဲ။
ကိုယ်ဝန်ဆောင်ချိန်မှ ဗိုက်ကြောပြတ်ရာတွေ ပေါ်လာပြီ ဆိုတာနဲ့ အောက်က နည်းလမ်းတွေ သုံးလို့ ရပါပြီ။ ကိုယ်ဝန်ဆောင်တွေ သုံးမှာ ဖြစ်တဲ့ အတွက် သဘာဝနည်းလမ်းတွေကိုပဲ ပြောပြပေးပါ့မယ်။

ရှားစောင်းလက်ပပ်
အရေပြား ပြဿနာဆိုတာနဲ့ ရှားစောင်းလက်ပပ်က မပါမဖြစ်ပါပဲ။ ရှားစောင်းလက်ပပ် အနှစ်ကို ယူပြီး အကြောပြတ်တဲ့ နေရာကို လိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ မိနစ် ၂၀လောက်နေရင် ရေနွေးနွေးနဲ့ ဆေးချပါ။ ဒါကို နေ့တိုင်းနီးပါး လုပ်ပေးနိုင်ရင် တဖြည်းဖြည်း မှိန်သွားမှာပါ။

ကိုကိုးလ်ထောပတ် ( cocoa butter )
ကိုကိုးလ်ထောပတ်က အကြောပြတ်ရာတွေ အတွက်တော့ ဆရာပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာရော ကလေးမွေးပြီးရင်ရော သေချာလိမ်းပေးမယ်ဆိုရင် အကြောပြတ်ရာတွေ ပျောက်သွားတာကို တွေ့ရမှာပါ။ ညအိပ်ခါနီးရင် လိမ်းအိပ်ပြီး မနက်ထိထားလိုက်တာက ပိုပြီး ထိရောက်ပါတယ်။

သံပုရာသီးနဲ့ သခွားသီး
သံပုရာသီးရဲ့ အက်စစ်ဓာတ်က အမာရွတ်တွေကို မှေးမှိန်စေတဲ့ သတ္တိရှိပါတယ်။ သခွားသီး ကတော့ အရေပြားကို အေးမြစေပါတယ်။ ဒါကြောင့် သံပုရာရည်နဲ့ သခွားသီးအရည်ကို ဆတူရောပြီး အကြောပြတ်တဲ့ နေရာကို လိမ်းပေးပါ။ ၁၀မိနစ်လောက်နေရင် ရေနွေးနွေးလေးနဲ့ ဆေးချပါ။

ဗာဒံစေ့နဲ့ အုန်းဆီ
ဗာဒံစေ့ရဲ့ အဆီဖြစ်ဖြစ်၊ အမှုန့်ဖြစ်ဖြစ်ကို အုန်းဆီနဲ့ ဆတူရောလိုက်ပါ။ အကြောပြတ်တဲ့ နေရာကို စိမ့်ဝင်အောင် လိမ်းပြီး ခဏကြာရင် ရေဆေးချပါ။ သဘာဝပစ္စည်းတွေ ဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။

ကြက်ဆူဆီ
ကြက်ဆူဆီက အကြောပြတ်ကို သက်သာစေတဲ့အပြင် အရေပြားကို အားဖြည့်ပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်။ အရေပြားကို နူးညံ့စေပြီး ရေရှည်လိမ်းမယ်ဆိုရင် မှိန်သွားမှာပါ။

အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတွေက သဘာဝနည်းလမ်းတွေပဲ မို့လို့ ကိုယ်ဝန်ဆောင်တွေ စိတ်ချ လက်ချ သုံးလို့ရပါတယ်။ ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ် ရေရှည်လိမ်းမယ်ဆိုရင် သိသာတဲ့ ရလဒ်ရမှာပါ။

အကြောပြတ်ရာကို ဘယ်လို ကာကွယ်ကြမလဲ။
စိတ်မကောင်းတာက အကြောပြတ်ရာကို ကာကွယ်လို့ မရပါဘူး။ နည်းလမ်းပေါင်းစုံ ပြောနေကြပေမယ့် လက်ရှိမှာတော့ သိပ္ပံနည်းကျအတည်ပြုထားတဲ့ နည်းမရှိသေးပါဘူးတဲ့။ ဒါပေမယ့် ဖြစ်လာရင်တော့ အပေါ်က နည်းလမ်း အတိုင်း သက်သာအောင် လုပ်လို့ရပါတယ်။

ဗိုက်ကြောပြတ် တာတွေက ဘယ်အချိန်လောက်ဆို ပျောက်မှာလဲ။
အချိန်တော့ ယူရမှာပါ။ ဒါပေမယ့် ကံကောင်းတာက ကလေးမွေးပြီးသွားရင် အကြောပြတ်ရာတွေက အထိုက်အလျောက်တော့ မှိန်သွားပါတယ်။ အသားနဲ့ ရောသွားလို့ သိပ်မသိသာတော့ပါဘူး။ အပေါ်က နည်းလမ်းတွေပါ လိုက်လုပ်ရင်တော့ ပိုပြီး မှိန်သွား မှာပေါ့။

crd:hellosayarwon

24/01/2022

အသည်းရောင်စီပိုးနဲ့ပတ်သက်လို့လူနာများအသိမှားနေတာလေးတခုပြောချင်ပါတယ်။အချို့တွေအတွက်အသေးအမွှားလေးလို့ဆိုပေမဲ့မသိနားမလည်တဲ့လူနာအတွက်တော့အလွန်ကြီးတဲ့ပြဿနာဖြစ်နေသေးလို့ပါ။

အခုတလောပြန်ပြန်ကြားနေရတာ...
“ကျွန်မတို့စီပိုးဆေး၃လ/၆လသောက်ပြီးပါပြီ။နောက်၃လမှာစီပိုးစစ်တော့လည်းမရှိတော့ဘူးလို့ဆရာဝန်ကြီးကပြောလိုက်ပါတယ်။
ဒါပေမဲ့ကျွန်မတို့ရပ်ကွက်မှာအသည်းရောင်ဘီပိုး၊စီပိုးလာစစ်တော့စီပိုးရှိနေတယ်လို့ပြောလိုက်တယ်။”

တချို့ကလည်း” အလုပ်လုပ်ဖို့ လျောက်တာမှာဆေးစစ်ကြည့်တော့ စီပိုးဆေးကုသပြီးပေမဲ့စီပိုးကရှိနေတယ်အဖြေထွက်နေလို့အလုပ်ကလက်မခံဘူးဖြစ်နေတယ်”..စသဖြင့်အကြားရများပါတယ်။

အဲဒီမှာသေသေချာချာပြန်မေး၊စစ်ဆေးကြည့်တော့ HCV Antibody တွေ့နေတာကိုပဲစီပိုးရှိတယ်လို့ပြောနေကြတာပါ။ HCV RNA လို့ခေါ်တဲ့ပိုးကောင်ရေရှိနေတာမဟုတ်ပါဘူး။
ဒါကြောင့်ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ဒီလိုပြောပြချင်ပါတယ်။

=. =. =. =. =. =. =. =. =. =. =. =. =. =. =

1)✳️
HCV Antibody ( ပဠိပစ္စည်း)၊တနည်းဆိုရရင်စီပိုးဝင်ဘူးတဲ့အမှတ်အသား/ခြေရာဟာစီပိုးဝင်ဘူးသူတိုင်းမှာအမြဲတသက်လုံး *(တသက်လုံး)* ရှိနေမှာဖြစ်ပါတယ်။ ဆေးစစ်ချက်အဖြေလွှာမှာ HCV Ab - Reactive သို့မဟုတ် Positive အဲလိုအဖြေထွက်ပါတယ်။

အဲလိုအဖြေထွက်သူတိုင်းဟာစီပိုးဝင်ဘူးသူများဖြစ်ပေမဲ့စီပိုးကောင်ရေရှိသူဟာ ၇၅% -၈၀%ခန့်မှာသာရှိပါတယ်။ကျန်၂၀%-၂၅%ခန့်မှာပိုးကောင်ရေမတွေ့ရပါဘူး။
ဒါကြောင့်ပိုးကောင်ရေတွေ့သူ၇၅%-၈၀%ခန့်သာစီပိုးအတွက်ဆေးကုသမှုခံယူဖို့လိုပါတယ်။

ℹ️( HCV Ab positive and HCV RNA negative in Resolved infection 25%)
ℹ️( HCV Ab positive and HCV RNA positive in Persistent infection 75% )

2)✳️
နောက်အရေးကြီးတဲ့တချက်ကိုပြောချင်ပါတယ်။
အဲဒါကတော့စီပိုးကုသပျောက်ကင်းပြီးသူတွေအတွက်အလွန်အရေးကြီးပါတယ်။

သူတို့ဆီမှာပိုးကောင်ရေ HCV RNA/ Viral Load ဟာမရှိတော့ပေမဲ့ စီပိုးဝင်ဘူးတဲ့အမှတ်အသား/ခြေရာအဖြစ်ပဋိပစ္စည်းလို့ခေါ်တဲ့ HCV Antibody ဟာအစောကပြောခဲ့သလိုတသက်လုံးကျန်နေရစ်မှာပါဘဲ။ ဆေးစစ်ချက်မှာ HCV Antibody- Positive/ Reactive လို့အမြဲပြနေမှာပါ။

အဲဒါကြောင့်စီပိုးကုသပျောက်ကင်းပြီးရင် ပဋိပစ္စည်းကိုချက်ချင်းဘဲစစ်စစ်၊နှစ်အတန်ကြာမှာဘဲပြန်စစ်စစ်တွေ့နေရမှာဖြစ်ပါတယ်။ပိုးရှိသူမဟုတ်တော့တဲ့အတွက်ပိုးသတ်ဆေးပြန်သောက်ဖို့မလိုတော့ပါဘူး။

3)✳️
စီပိုးကုသပျောက်ကင်းပြီးသူမှာပိုးကောင်ရေမရှိတော့သော်လည်း သွေးလှူဒါန်းခြင်းပြုလုပ်လို့မရပါ။

၄) ✳️
နောက်ဆုံးအချက်ဆိုပေမဲ့အရေးကြီးဆုံးလို့ပြောရမဲ့တချက်ကျန်ပါသေးတယ်။
အဲဒါကတော့စီပိုးဟာဘီပိုးလိုကာကွယ်ဆေးမရှိတဲ့အတွက်နောက်တဖန်ကူးစက်နိုင်ပါတယ်။


ဒါကြောင့်စီပိုးကူးစက်နိုင်တဲ့အပြုအမူတွေကိုရှောင်ရှားရမှာဖြစ်ပါတယ်။
စီပိုးမရှိသေးသူ၊ရှိပြီးကုသပျောက်ကင်းပြီးသူတို့မှာကူးစက်နိုင်တဲ့နည်းလမ်းများဟာအတူတူဘဲဆိုတာသတိချပ်ရပါမယ်။

တကြိမ်ကုသပျောက်ကင်းသွားတာဟာတသက်လုံးထပ်မကူးစက်နိုင်တော့ဘူးလို့သတ်မှတ်လို့မရပါဘူး။

မှတ်ချက်-(ဘီပိုးကတော့ကာကွယ်ဆေးအပြည့်ထိုးထားပြီးကာကွယ်ဆေးလည်းအောင်တယ်ဆိုရင်တသက်လုံးမကူးစက်နိုင်တော့ပါဘူး။)

- - - - - - - - - - - - - - - -

💚 ဒီဗဟုသုတကိုတော့ဆေးပညာစိတ်ဝင်စားသူများ၊အသည်းရောင်စီပိုးရှိသူများ၊ကုသဆဲ/ ကုသပျောက်ကင်းပြီးသူများနဲ့ လူနာကိုပြုစုနေသူများအတွက်အထူးရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်။

#အသည်းခြောက်အသည်းကင်ဆာကင်းဝေးဖို့လူတိုင်းဘီပိုးစီပိုးစစ်ကြစို့။

မေတ္တာဖြင့်-
ဒေါက်တာရီရီစိန်
၂၂.၄.၂၀၁၉
Credit

27/12/2021

#ခြေဖျားအေးတာဘာကြောင့်လဲ

ခြေဖျားတွေအေးတယ်ဆိုတာဟာ ခြေထောက်တွေဆီကို အောက်ဆီဂျင်နဲ့ သွေးကောင်းကောင်း မရောက်တဲ့အတွက် ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုပါ။

ဒီလို သာမန်ပြဿနာလေးလို့ ဆိုပေမယ့်လည်း သွေးအားနည်းရောဂါ၊ နာတာရှည် ပင်ပန်းနွမ်းနယ်မှု၊ အာရုံကြောထိခိုက်မှု၊ ဆီးချိုရောဂါနဲ့ ကိုယ်အပူရှိန် အလွန်အမင်းကျဆင်းမှု စတာတွေရဲ့လက္ခဏာဆိုတာလည်း သိထားသင့်ပါတယ်။

ဒါ ကြောင့်မို့ ခြေဖျားတွေအေးလာရင် သက်သာအောင်လုပ်နိုင်တဲ့ နည်းလမ်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို နွေးသွားအောင် အပူလေးပေးပြီး ခြေဖဝါးကိုလိမ်းပြီး နှိပ်နယ်ပေးတာမျိုး အိပ်ရာ မဝင်ခင်မှာ နေ့စဉ် လုပ်ဆောင်နိုင်ပါတယ်။

နောက်တစ်နည်းကတော့ ရေနွေးစိမ်တာဖြစ်ပြီး ဇလုံနှစ်လုံးထဲမှာ ရေအေး၊ ရေခပ်နွေးနွေး တစ်မျိုးစီထည့်ကာ တစ်လှည့်စီ ၁၀ မိနစ်လောက် စိမ်နေတုန်းမှာ ခြေချင်းဝတ်လှည့် လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။

ဒါတင်မက ရေနွေးထဲကို ဆားထည့်ပြီးတော့လည်း စိမ်လို့ရသလို ချင်းပြုတ်ရည်နဲ့ စိမ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ချင်းကိုရေနွေးနဲ့ကျို၊ ပျားရည်အနည်းငယ် ခတ်ပြီး သောက်ပေးခြင်းဖြင့် အနွေးဓာတ် ယူနိုင်ပါတယ်။

ခေါင်းအစခြေအဆုံး သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးနိုင်တဲ့ နောက်တစ်ခုကတော့ လက်ဖက်စိမ်းပါ။ ဂရင်းတီးထဲကို ပျားရည်လေးနည်းနည်း ထည့်ပြီး သောက်လို့ရသလို အသင့်သောက် ဂရင်းတီးအိတ်ငယ် လေးအိတ်လောက်ကို ရေနွေးအိုးကြီးထဲမှာ ပွက်ပွက်ဆူအောင် ကြိုပြီး နွေးသွားတဲ့အခါမှာ ခြေထောက်စိမ်ပေးနိုင်ပါတယ်။

ငရုတ်သီးမှုန့်ကို ခြေအိတ်ခပ်ထူထူထဲ ထည့်ပြီး ခြေထောက်ကို စွပ်ကာ နှိပ်နယ်မယ်ဆိုရင်လည်း ခြေထောက်ကို အလျင်အမြန် နွေးသွားစေမှာပါ။ နောက်တစ်ခုက မနက်စောစောမှာ ခြေဗလာနဲ့ မြက်ခင်းပေါ် လမ်းလျှောက် ပေးတာကလည်း ခြေထောက်သွေး လည်ပတ်မှုကောင်းပြီး ခြေထောက်ကြွက်သားတွေ၊ ခြေချင်း ဝတ်တွေ သန်မာဖို့အတွက် အထောက်အကူပြုပါတယ်။

ခြေအေးလက်အေးဖြစ်တာက သံဓာတ်ချို့တဲ့မှု၊ မဂ္ဂနီဆီယမ် ချို့တဲ့မှုနဲ့လည်း ဆက်စပ်နိုင်တာကြောင့် သံဓာတ်၊ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေအပြင် ဆေးပညာရှင်နှင့် တိုင်ပင်ပြီး ဖြည့်စွက်ဆေးတွေ သောက်ပေးဖို့ လိုအပ်ပါတယ်။

Crd: -
#ခြေဖျားအေး #ကျန်းမာရေး

14/12/2021

မိန်းမကိုယ်ကျဉ်းအောင် ခွဲစိတ်ပြုပြင်ခြင်း
---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
မေး-ရိုးရိုးမွေးပြီးကျယ်သွားရင် ပြန်ချုပ်လို့ရပါသလား ဆရာမရှင့်။
မိန်းမကိုယ်ကျဉ်းအောင် ခွဲစိတ်လို့ရပါသလား၊ ဘယ်မှာလုပ်လို့ရပါသလဲ။

ဖြေ- ရိုးရိုးမွေးလိုက်တဲ့အခါ မိန်းမကိုယ်နဲ့ စအိုလမ်းကြောင်းကြား ကြွက်သားအထပ်လေးတွေရှိတယ်။ အဲဒီကြွက်သားတွေက ပြားပြီး မိန်းမကိုယ်နဲ့ စအိုလမ်းကြောင်းက ကပ်သွားတယ်။ ဒါကို မိန်းမ ကိုယ်လမ်းကြောင်း ကျယ်သွားတယ်လို့ခေါ်တယ်။ အဲဒီလို ကျယ်သွားရင် မိန်းမကိုယ်ကြွက်သားတွေကို ပြန်လည်သန်စွမ်းလာအောင်၊ လျော့တွဲသွားတဲ့ အရေပြား ပြန်တင်းလာအောင် ခွဲစိတ်ပေးခြင်းအားဖြင့် အပျိုလိုပဲ ကြွက်သားတွေက ပြန်လည်သန်စွမ်းလာပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကို ပြန်လည် ခွဲစိတ်ပြီး ပြုပြင်လို့ရပါတယ်။ ကုန်ကျစရိတ်အားဖြင့် ခြောက်သိန်းဝန်းကျင် ကျတတ်ပါတယ်၊ ဆေးရုံကို တစ်ရက် တက်ရပါတယ်။ ခွဲစိတ်ပြီးချိန်မှာ တစ်လ- ၄၅ ရက်ကြာတဲ့အထိ (အနာကျက်တဲ့အထိ) အမျိုးသားနဲ့ အတူမနေဘဲ ရက်ရှောင်ပေးရပါမယ်။

03/12/2021

သားအိမ်ကျခြင်း
---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
မေး- သားအိမ်ကျခြင်းက ဘာကြောင့်ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ- ကလေးအများကြီးကို ရိုးရိုးမွေးတဲ့သူတွေ၊ ကလေးမွေးတဲ့အချိန်မှာ အရမ်းညှစ်ပြီး ခက်ခက်ခဲခဲ မွေးရသူ တွေ၊ ကလေးမွေးဖွားစဉ် ကြာတဲ့သူတွေက သားအိမ်ကျခြင်း၊ ဆီးအိမ်ကျခြင်း၊ ဝမ်းအိမ်ကျခြင်းတွေ ဖြစ်တတ်ပါတယ်။ ဗိုက်ထဲမှာရှိတဲ့ အလုံးအကျိတ်တွေ ဖိမိပြီး သားအိမ်ကျတာကိုလည်း တချို့ တွေမှာ တွေ့ရတတ်ပါတယ်။

မေး- သားအိမ်ကျရင် ဘယ်လိုလက္ခဏာတွေဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ-သားအိမ်ကျရင် မိန်းမကိုယ်အဝ တစ်ဆို့ တစ်ဆို့ဖြစ်လာတယ်၊ ဝမ်းသွားရ ခက်လာတယ်၊ ဆီးသွားရ ခက်လာတယ်၊ ဆီး/ဝမ်းသွားဖို့ ကြိုးစားချိန်မှာ သားအိမ်က ထွက်ကျလာတတ်တယ်။ ကွမ်းသီးလိုအလုံး ထွက်ကျလာရင် သားအိမ်ခေါင်းနဲ့ သားအိမ် ကျွံကျလာတာ ဖြစ်ပါတယ်။

မေး- သားအိမ်ကျရင် ဘာတွေ ဆောင်ရွက်သင့်ပါသလဲ ဆရာမ။
ဖြေ-သားအိမ်ကျပြီဆိုရင် သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သားအိမ်ကျတဲ့အဆင့်က ဘယ်လောက်အဆင့်အထိ ရောက်နေပြီလဲဆိုတာ စစ်ဆေးပြီး ကွင်းနဲ့ ပင့်တင်ပြီး ကုသနည်း၊ မိန်းမကိုယ်ကတဆင့် သားအိမ်ထုတ်ခြင်း စတဲ့ကုသနည်းတွေရှိတဲ့အတွက် ကိုယ်နဲ့ ဘယ်နည်း က သင့်တော်မလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေး နွေးသင့်ပါတယ်။ သားအိမ်ကျတာကို ကုသမှု ခံယူဖို့ လိုပါတယ်။ သားအိမ်ကျတာကို မကုဘဲထားရင် တဖြည်းဖြည်း ပိုဆိုးလာပြီး သားအိမ်အကုန်လုံး ထွက်ကျလာတတ်ပါတယ်။ မကုရင် သားအိမ်ခေါင်းက ပြင်ပလေထု၊ ပြင်ပအဝတ်အစား (အတွင်းခံဘောင်းဘီ၊ ထဘီစ)တွေ နဲ့ ပွတ်တိုက်မိရာက အနာ၊ သားအိမ်ခေါင်းကင်ဆာဖြစ်လာတတ်ပါတယ်။

မေး- သားအိမ်ကျတာကို ဘယ်လိုကုလို့ရပါသလဲ ဆရာမ။
ဖြေ-ခွဲစိတ်ကုသနည်းနဲ့ ကွင်းထည့်ပြီး ကုသနည်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ကွင်းထည့်ပြီး ကုသနည်းကတော့ အသက်ကြီးတဲ့ အမျိုးသမီးတွေ ခွဲစိတ် ကုဖို့ မသင့်တော်ရင် သုံးလေ့ရှိပါတယ်။ ကွင်းထည့်တာ ကြာရင်တော့ မိန်းမကိုယ်နံရံမှာ အနာဖြစ်တတ်သလို ပိုးဝင်တာလည်း ဖြစ်တတ်ပါတယ်။ ဒါကတော့ ဆိုးကျိုးပေါ့။
ခွဲစိတ်ကုသနည်းကတော့ ကျတဲ့ သားအိမ်ကို မိန်းမကိုယ်အောက်ဘက်ကနေ ပြန်ပင့်တင် ပြုပြင်ပေးတဲ့နည်းပါ။

မေး- သားအိမ်ကျခြင်းမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာမ။
ဖြေ-အလေးအပင်တွေကို မနိုင်မနင်း မ,တာတွေ၊ ကလေးခက်ခက်ခဲခဲ မွေးဖွားရတာတွေ၊ ဝမ်းချုပ်လွန်းလို့ ဝမ်းကို ညှစ်သွားတာတွေက သားအိမ်ကျခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အလေးအပင်မ,တာတွေကို ဆင်ခြင်သင့်ပါတယ်။ ဝမ်းချုပ်မခံဘဲ ဝမ်းမှန်မှန်သွားဖို့ ကြိုးစားသင့်ပါတယ်။ ကလေး မွေးဖွားဖို့ရာ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ကြိုတင် တိုင်ပင် ဆွေးနွေးမှု လုပ်သင့်ပါတယ်။

27/10/2021

ဆားကြမ်းလေးနင်းတာပါပဲ...
ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်....
နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။
ညဘက် နင်းပုံနင်းနည်းကတော့ … ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။
(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က…ချွေးများ ထွက်လာတာ တွေ့ရပါမယ်…။
မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့…မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…
ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ…
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ…
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။
Kyilwinmyint-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး
(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။
(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။
(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။
(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။
(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။
(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။
(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။
(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။
(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။
ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။
ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ပြီး အပူကင်းပါစေ...
-
Credit to Original Writer
Sharing by MKK Business Group

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon