L U K E D I a R y

L U K E D I a R y

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from L U K E D I a R y, Health/Beauty, Yangon.

19/02/2026

မင်းကို မချစ်တော့ဘူးလို့
ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ
ငါ့ဘဝက ပြန်ပြီးရှင်သန်လာခဲ့တယ်။

မင်းမရှိရင် မဖြစ်ဘူးလို့ ထင်ခဲ့တဲ့
ငါ့ရဲ့အတွေးတွေဟာ တကယ်တော့ အမှားကြီးတစ်ခုပဲ။

နရသူဝတ္ထုထဲကအတိုင်းပေါ့...
ဖြတ်ရခက်လှပါတယ်ဆိုတဲ့ သံယောဇဉ်က တကယ်တမ်း ဖြတ်လိုက်ရင် အလွယ်ဆုံးအရာပဲ ဖြစ်နေတယ်။

အခုတော့ မင်းမရှိတဲ့ ငါ့ကမ္ဘာမှာ ပန်းတွေတောင် ဝေနေပြီ။"

16/02/2026

ချစ်ပြီဆိုရင် ကောင်းတဲ့သူကိုပဲချစ်ပါ။
အချင်းချင်း ပံ့ပိုးပေးနိုင်သူကိုချစ်ပါ။

သစ္စာတရားကို တန်ဖိုးထားတက်သူကိုချစ်ပါ။
အဲ့လိုလူ မတွေ့သေးရင် ထပ်မချစ်သေးပဲ တစ်ယောက်တည်း သိက္ခာရှိရှိ
အထီးကျန်တာကမှ ပိုကောင်းပါသေးတယ်။

18/01/2026

မင်းထင်တာထက်ပိုပြီးချစ်သလို
မင်းထင်ထားတာထက်လည်း
ပိုထိခိုက်လွယ်တက်တယ်။

ကြင်ကြင်နာနာနဲ့ဆိုရင်
အသေးအမွှားကအစ ပျော်ရွှင်ရသလို
နာနာကျင်ကျင်နဲ့ဆိုရင်လည်း
ဘာမဟုတ်တာလေးနဲ့ဝမ်းနည်းတက်တယ်။

ပျော်စရာဆိုအများကြီးပျော်တတ်သလို
ဝမ်းနည်းစရာဆိုလည်း အများကြီးဝမ်းနည်းတတ်တယ်။

မင်းနဲ့ပတ်သတ်ရင်
ကိုယ်ဟာ ထိလွယ်ရှလွယ် အချစ်ရဲ့ ။

18/01/2026

မပိုင်ဆိုင်ရလည်း ချစ်တယ်"

ချစ်တယ်ဆိုတာ ပိုင်ဆိုင်မှဖြစ်မယ်လို့ သတ်မှတ်ထားရင် အဲ့ဒါက အတ္တတစ်ခုပဲ ဖြစ်လိမ့်မယ်။ တကယ်တော့ ပိုင်ဆိုင်ခွင့်မရပေမယ့်လည်း တစ်ဖက်လူကို အဝေးကနေ စိတ်ချမ်းသာစေချင်တဲ့စိတ်က ပိုပြီး လေးနက်ပါတယ်။ ကိုယ့်အနားမှာ မရှိနိုင်တော့လည်း သူ့ရဲ့ နေ့ရက်တွေက ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေဖို့ပဲ အမြဲတမ်း ဆုတောင်းပေးနေမိတာမျိုးပေါ့။ အချစ်ဆိုတာ တစ်ခါတလေမှာ အတူရှိနေဖို့ထက် အဝေးကနေ တန်ဖိုးထားပေးနေရတာကတင် ကျေနပ်စရာပါ။

မင်းကို လက်လွှတ်ပေးလိုက်ရတာက မချစ်တော့လို့မဟုတ်ဘဲ မင်းရဲ့ပျော်ရွှင်မှုတွေထဲမှာ ငါမပါနိုင်တော့မှန်း သိလိုက်လို့ပါ။ ကိုယ့်ကြောင့်နဲ့ မင်း စိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး၊ မင်းရဲ့ လွတ်လပ်ခွင့်တွေကိုလည်း မပိတ်ပင်ချင်ဘူး။ မင်းသွားချင်တဲ့လမ်းမှာ မင်းစိတ်ကြိုက် လျှောက်လှမ်းပါ၊ ငါ့ဘက်ကတော့ မင်းနေရာကို ဘယ်သူနဲ့မှ အစားမထိုးဘဲ ဒီအတိုင်းလေးပဲ အဝေးကနေ ချစ်နေပေးပါ့မယ်။

ပိုင်ဆိုင်ခွင့်မရှိတဲ့ အချစ်တစ်ခုက ပိုပြီး ကြာရှည်ခံတတ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်ကိုတစ်ယောက် မျှော်လင့်ချက်တွေနဲ့ မချုပ်နှောင်ထားလို့ပဲ။ မင်းကို မြင်နေရရုံ၊ မင်းသတင်းလေးတွေ ကြားနေရရုံနဲ့တင် ငါ့အတွက်တော့ လုံလောက်နေပါပြီ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မင်းသာ အဆင်ပြေနေမယ်ဆိုရင် ငါ့ရဲ့ မပိုင်ဆိုင်ရတဲ့အချစ်ကလည်း အမြဲတမ်း အေးချမ်းနေမှာပါ။

18/01/2026

ဆက်ဆံရေးတစ်ခုမှာ
ကိုယ့်နေရာ ကိုယ်မသိတော့တာလောက်
ရင်မောစရာကောင်းတာ ဘာရှိဦးမလဲ။

ချစ်ခြင်းမေတ္တာဆိုတာ
ချုပ်နှောင်ထားခြင်း မဟုတ်သလို
တောင်းပန် တိုးလျှိုးနေရမယ့် အရာလည်း မဟုတ်ဘူး။

ဒါကြောင့်...
ငါ့ကို မလိုအပ်လောက်တော့ဘူးလို့
မရေမရာ ခံစားလာရတဲ့ တစ်စက္ကန့်မှာပဲ
ဘာစကားမှ မဆိုဘဲ
ငါ လှည့်ထွက်လာရဲတယ်။

ပျော်ရွှင်ခြင်းလား၊ ဝမ်းနည်းခြင်းလား
အဆင်ပြေခြင်းလား၊ အဆင်မပြေခြင်းလား
ဒါတွေက ရုပ်ပိုင်းဆိုင်ရာ အခင်းအကျင်းတွေပါ
ငါ စိတ်ဝင်စားတာက
"စိတ်ရဲ့ ငြိမ်းချမ်းမှု" သက်သက်ပဲ။

ငါ့ရဲ့ တည်ရှိနေမှုက
တစ်ဖက်လူရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်နေမိသလား...
ငါ့ရဲ့ ဂရုစိုက်မှုတွေက
သူ့အတွက် မွန်းကျပ်စရာ စည်းမျဉ်းတွေ ဖြစ်နေမလား...
ဒါကိုပဲ ငါ အခါခါ ပြန်မေးခွန်းထုတ်တယ်။

အဖြေက "ဟုတ်တယ်" လို့ ထွက်လာခဲ့ရင်
ဒါမှမဟုတ်
အဖြေမရှိတဲ့ တိတ်ဆိတ်ခြင်းတွေနဲ့ တုံ့ပြန်လာခဲ့ရင်...

ငါ့ဘက်ကတော့ ရှင်းပါတယ်...
ငါ့ဖြစ်တည်မှုဟာ
ဘယ်တစ်ဦးတစ်ယောက်ရဲ့ စိတ်ကိုမှ
ခြစ်ရာမထင်စေချင်တာ အမှန်တရားပဲ။

ဒါကြောင့်...
ငြင်းခုံမနေတော့ဘူး
ရှင်းပြမနေတော့ဘူး
သူ့ကမ္ဘာထဲကနေ ကိုယ့်ကိုယ်ကိုယ်
အသာလေး ဆွဲထုတ်ပြီး
ကိုယ့်ကမ္ဘာလေးထဲမှာပဲ
အေးအေးလူလူ ပြန်နေလိုက်တော့မယ်။

ဒါဟာ ရှုံးနိမ့်ခြင်း မဟုတ်ဘူး...
ဒါဟာ မလိုအပ်တဲ့ နေရာမှာ
အတင်း ဝင်မတိုးချင်တဲ့
လူတစ်ယောက်ရဲ့ "ရွေးချယ်မှု" စစ်စစ်သာ ဖြစ်တယ်။

18/01/2026

ဒီနေ့ ... စောစောနိုးခဲ့ရင်လေ ။

ကိုယ့်ကိုယ်ကိုယ်
အရင် သတိရစေချင်တယ်
ဒီနေ့ ကိုယ့်ကိုယ်ကိုယ်
ပိုချစ်တတ်စေချင်တယ် ။

မပြုံးတာကြာပြီဖြစ်တဲ့ နှုတ်ခမ်းလေးက
ပြုံးတာကို မေ့မသွားခင်မှာ
ပြန် ပြုံးကြည့်ဖို့ သတိရနော်

စိတ်မကြည်မလင်နဲ့ နိုးလာရင်
ကော်ဖီခါးခါးလေးကြောင့်
နွေးထွေးသွားတဲ့ နံနက်ခင်းလေးဖြစ်ပါစေ ။

#ကျေးကို

11/01/2026
03/01/2026

တ​ကယ်ရင်ထဲရှိသွားရင်လေ
ဘယ်လောက်ပဲ ပြဿနာတွေတက်တက်
ဘယ်လိုပဲ စိတ်ရှုပ်စရာတွေရှိရှိ
အပြစ်တွေမြင်မိလည်း ခဏပဲ
​ပြီးရင် ကိုယ်ကပဲစပြီးခွင့်လွှတ်ချင်တယ်
ကိုယ်ကပဲစပြီး ပြန်ခေါ်ချင်တယ်
စိတ်တွေလေးပြီး နှုတ်ဆိတ်နေလည်း
ဘာတွေလုပ်နေမလဲ သိချင်တယ်

သွေးပူတုန်းခဏပါပဲ
အကြိမ်ကြိမ် အဆင်မပြေလည်း
အကြိမ်ကြိမ် အဲ့ဒီလူအနားမှာပဲနေချင်တယ် ။

Wai Yan Nwe

💭 || 3.1.2026

Photos from L U K E D I a R y's post 16/10/2025

Lee Junho - Typhoon Family


#이준호
#준호
#태풍상사

15/10/2025

Uri Tae Poong-ie ကြိုက်တဲ့ Cosmos ပန်းလေးတွေ ဆိုတာကလေ
တကယ်တော့ ဒူပေဒါပေခံနိုင်တဲ့ ပန်းလေးတွေ~
အကြံ့ခိုင်ဆုံး ဒဏ်အခံအနိုင်ဆုံး ပန်းလေးတွေလို့တောင် ပြောရမလားပဲ~

ဘာမြေဆီဩဇာမှ မရှိတဲ့ မြေရိုင်း မြေညံ့လိုနေရာတွေမှာ ပေါက်တယ်၊ သူ့ရဲ့ နူးညံ့တဲ့ ပွင့်ဖတ်လေးတွေက လေဒဏ်ကြမ်းကြမ်းကိုလည်း ခံနိုင်ရည်ရှိတာပဲ~

ရေလောင်းပေါင်းသင် တယုတယပြုစုမယ့်သူမရှိ၊ မြေဆီဩဇာ ကျွေးပေးမယ့်သူမရှိ၊ အမိုးအကာနဲ့ ယုယုယယ ပျိုးထားခြင်းလည်း မခံရ၊လေဒဏ် မိုးဒဏ်နဲ့ အခက်အခဲတွေ ဘယ်လိုပဲရှိရှိရှိ သူပွင့်ရမယ့်အချိန်မှာ လှလှလေး ပွင့်တယ်။ သူ့ရဲ့ ရွှန်းစိုတောက်ပတဲ့အရောင်လေးက လည်း လှလှလေး..
(အခက်အခဲ‌တွေ) ဘယ်လိုပဲရှိရှိရှိ သူ့ရဲ့ သူအချိန်ကျရင် ပွင့်လာပြီး ရွှန်းစိုတောက်ပတဲ့အရောင်လေးက မျက်စိပသာဒ ဖြစ်စေတယ်~

ဒီပန်းလေးတွေကိုလေ
လောကဓံကို အံတုနိုင်တဲ့ ပြယုဂ် တစ်ခုလို ပမာ တင်စားရမလား~
တည်ငြိမ်အေးဆေးတဲ့ ကြံ့ခိုင်မှု စွမ်းပကား လို့ပဲ ဖွင့်ဆိုရမလား~

ပတ်ဝန်းကျင်မှာ အလွယ်တကူ မြင်တွေ့နိုင်တဲ့ ဒီပန်းလေးတွေ~
သူ့စွမ်းအားနဲ့ လောကအလှဆင်နေနိုင်တာ နည်းတဲ့ စွမ်းရည်လား~

ပန်းလေးတွေချစ်တတ်တဲ့ Kang Tae Poong ဆိုတဲ့ကောင်လေး~
ဒီပန်းလေးတွေကို ကြိုက်တတ်တဲ့ သူ့မေမေ~
သား ခူးလာတဲ့ပန်းကို မြင်တော့ ပြုံးလိုက်တဲ့ အဖေ့ရဲ့အမူအရာ~
မီဆွန်းနဲ့ ပထမဆုံး ဆုံတွေ့မှုက Cosmos ပန်းပွင့်လေးတစ်ပွင့် ပြုတ်ကျကျန်ရစ်ရင်း....

ဇာတ်လမ်းက ပေးတဲ့ ရသနောက်ကို ငြိမ့်ငြိမ့်လေး စီးမြောလိုက်ပါရင်းးး....

ဂန်ထယ်ဖွန်းကို ချစ်တယ်🫠(ဘာမှ ဆိုင်ဆိုင် မဆိုင်ဆိုင် ချစ်တယ်)


#이준호
#태풍상사

14/07/2025

❤️🫶

အချစ်ဆိုတာ
ချစ်ပြတတ်ရတယ်

စိတ်လုံခြုံစေမှုကို
အပြည့်ဝပေးစွမ်းနိုင်ရတယ်

ဂရုစိုက်တတ်ရတယ်

အရာရာနဲ့ယှဉ်တဲ့အခါမှာလည်း
ဦးစားပေးရတယ်

အချစ်ဆိုတဲ့ဝေါဟာရကိုက
ချစ်ပြခြင်းနဲ့နွေးထွေခြင်းပဲ...။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
1111