M'Studio

M'Studio

Share

We intend you to Move well (pain free)

20/10/2023

ခုရောက်ခုကုန် MB 5 (Trigger point series)

Myofascia release & Good tools for

Rehab Trainer !

13/07/2023

အရမ်းအသုံးဝင်တဲ့ MB-5 နဲ့ MB-2

orderလေးတွေ ပြန်တင်လို့ရပါပြီ။ 😊

MB-1 Instock (1pcs)

ငွေစျေးပေါ်မူတည်ပြီး စျေးအတက်ကျလေးတွေ

ရှိပါမယ် ။

Photos from M'Studio's post 23/09/2022

ဒီနေ့ မှာတော့ မင်မင်က MB 2 ( massage ball Trigger point series)ရဲ့အသုံးဝင်ပုံနဲ့ အကျိုးကျေးဇူးလေးတွေကို sharing လုပ်ပေးချင်ပါတယ်။
ဒါလေး က Massage ball လေး၁လုံးကို ၂လုံးတွပုံစံလေးနဲ့ လုပ်ထားတဲ့ဒီဇိုင်း နဲ့ဆိုတော့

-ခြေဖဝါး🦶မှာ flat feet လိုမျိုးရှိတဲ့သူတွေအနေနဲ့ လှိမ့်
ဖို့အရမ်းအဆင်ပြေတဲ့ tool လေးတမျိုးဖြစ်သလို
-🍑တင်ပါးကြောတင်းတဲ့သူတွေအနေနဲ့လည်း Glute tightness အချို့ကို release လုပ်ပေးနိုင်ပါတယ်။
-အဲ့ဒါတွေအပြင် အရေးကြီးဆုံးဖြစ်တဲ့ ခါးလိုနေရာမျိုး lower back နေရာအချို့ မှာ လှိမ့်ဖို့အကောင်းဆုံး tool ဖြစ်ပြီး
-နောက်ကြောနဲ့ လည်ပင်းတဝိုက် ပြဿနာ တွေကိုလည်းဖြေရှင်းပေးနိုင်တာမို့ 💁🏻‍♀️

အရမ်းကို အသုံးဝင်တဲ့ multi-function tool လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

14/09/2022

Knee pain and flat feet သမားများအတွက်

-ခြေသလုံးတဝိုက် တင်းနေတဲ့ fascia နဲ့ muscle တွေကို release လုပ်ပေးခြင်းဖြင့် knee pain သက်သာလျော့ပါးစေနိုင်ပါတယ်။

ထိုနည်းတူစွာ ခြေဖဝါးကိုလည်း ဒီ massage ball လေးနဲ့ ဖိလှိမ့်ပေးရင်း ခန္ဓာကိုယ် posture ပြင်လို့ရတဲ့ အထိ ရနိုင်သလို ၊ Planter fasciitisလို့ခေါ်တဲ့ ခြေဖဝါးနဲ့ဆိုင်တဲ့ pain ၊injury တွေအထိ လုပ်လို့ရတဲ့ powerful massage ball လေးတလုံးရှိရုံနဲ့ pain တွေကိုသက်သာရော့ပါးစေမှာပါ 😊

Photos from M'Studio's post 07/09/2022

Metabolic Conditioning training (met-con training)

ဒီနေ့တော့ CRF training (cardio respiratory factor training) တစ်နည်းဆိုသော် (energy sys: training) တွေထဲက တစ်ခု ဖြစ်တဲ့ (met-con) trainingနဲ့ပတ်သတ်တဲ့ အကြောင်းအရာကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်......

crossfit နဲ့ ပတ်သတ်တဲ့ training တွေ ခေတ်စားလာတဲ့နောက်မှာ crossfit မှာ အသူံးများတဲ့ (met-con protocol) ကိုလဲ တော်တော်များများစိတ်ဝင်စားလာကြပါတယ်......met-con အကြောင်းမပြောခင် CRF training (cardio repiratory training) ဘာကြောင့်လုပ်ရသလဲဆိုတာကိုအရင်ပြောပေးသွားမှာဖြစ်ပါတယ်......လူတစ်ယောက်မှာ အသက်ရှင်နေထိုင်ဖို့ (longivity) ဖြစ်ဖို့ (disease) တွေကနေကင်းဝေးဖို့ အရေးကြီးဆုံး system သည် CRF sys: (ခေါ် )တစ်နည်း နှလူံး အဆုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ စနစ်ဖြစ်ပါတယ်.....ဒါကြောင့် cardio (or) Conditioning နဲ့ ပတ်သတ်တဲ့ training တွေကို ဝိတ်ကျခြင်း မကျခြင်း ဆိုတာထက် body ရဲ့ အသက်ရှင်နေထိုင်မှုအတွက်အရေးကြီးတဲ့ system ကို training လုပ်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ မြင်နိုင်ဖို့လဲအရေးကြီးပါတယ်.....

CRF training နဲ့ ပတ်သတ်ရင် (mono structural ဖြစ်တဲ့ movement တစ်ခုတည်းကို repetitive လုပ်ရတဲ့ (run,bike,row,swim) စတဲ့ အရာတွေမျက်လုံးထဲ ပြေးမြင်လေ့ရှိကြသလို......(HIIT training) ကဲ့သို့ body weight ကို အသုံးပြုတဲ့ high intensity exercise တွေကိုလည်း အဓိက ပြုလုပ်လေ့ရှိကြပါတယ်......တကယ့် real life မှာက (mono strctural exercise တွေနဲ့ မပြီးသလို body weight only သူံးတဲ့ unlaoded exercise တွေနဲ့လဲ မပြီးပါဘူး......အမောခံနိုင်ဖို့ဆိုတဲ့ အရာမှာ အလေးဝန်တစ်ခုနဲ့မည်မျှကြာကြာ လမ်းလျှောက်နိုင်မလဲဆိုတဲ့ (strength endurance) လိုအရာမျိူးတွေ ပေါက်ကွဲအားနဲ့ training လုပ်ရတဲ့ sports တွေမှာ ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိအောင်ပြုလုပ်နိုင်မလဲ ဆိုတဲ့ (power endurance) အရာမျိုးတွေ အထူးလိုအပ်ပါတယ်......ထို့ကြောင့် ကြားထဲက လိုအပ်နေတဲ့ gap ကို ဖြည့်စည်းဖို့ (met-con) training ကိုအသုံးပြုလာကြသလို......တကယ့် life မှာ ထပ်တူကျ အသုံးပြုနိူင်တဲ့ အတွက်လဲ (functional cardio)လို့ တင်စားခေါ်ဝေါ်ချင်ပါတယ်....

ဆိုတော့ (met-con) training ရဲ့ အဓိက style ကတော့ ပုံမှန်ပြုလုပ်နေကြ (mono structural) exercise တွေ ဖြစ်တဲ့ (run,bike,row,swim) စတဲ့ unloaed exercise တွေကို loaded exercise တွေ​ ဖြစ်တဲ့ (kb press, goblet squat, kb reverse lunges, kb swing) စတဲ့ exercise ​တွေနဲ့တွဲဖက်လေ့ကျင့်ခြင်းဖြစ်တယ်.....အဓိက purpose ကတော့ တကယ့် real life မှာ ကြုံတွေ့ရမယ့် strength endurance, power endurance တို့ကို ရရှိရန် ပြုလုပ်ခြင်းဖြစ်ပေသည်......

မိမိကြိုက်နှစ်သက်တဲ့ tools တွေ ပြောင်းလဲ အသုံးပြုနိုင်သလို ကြိုက်နှစ်သက်တဲ့ complex movement တွေနဲ့လဲ program design လုပ်နိုင်ပါတယ်......ကျွန်တော့် personal အရဆိုလျင် animal flow ထဲက movement တစ်ခုနဲ့ kb movement တစ်ခု combined လုပ်ပြီး training လုပ်သလို......kb only complex ဖြစ်တဲ့ kb press follow by kb swing clean ကဲ့ strength နဲ့ power ပေါင်းတဲ့ 5*5 complex လို အရာမျိုးတွေလဲ သုံးလေ့ရှိပါတယ်......

အချုပ်အားဖြင့်ဆိုသော် CRF training သည် လူတစ်ယောက်အသက်ရှင်ရေးအတွက် အလွန်အင်မတန်အရေးကြီးတဲ့ main factor တစ်ခုဖြစ်ပြီး လုံးဝ လက်လွှတ်မထားသင့်တဲ့ component တစ်ခုဖြစ်ကြောင်းတင်ပြရင်း......နောက်အပတ်များမှာလဲ aerobic base training နဲ့ SMIT protocol များအကြောင်းကိုလဲတစ်ဆက်ပေးသွားမှာဖြစ်ပါတယ်.....




#ဖြိုးစေတနာ
#ရင်တုန်ကင်းဝေးစိမ့်သက်အေး

29/08/2022

Do not chase the pain!

ဒီတစ်ပတ်မှာတော့ rehab training လုပ်တဲ့အချိန်မှာ ကြုံရလေ့ရှိတဲ့ အခက်ခဲလေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်.....

ကျွန်တော်တို့တွေ rehab training လုပ်တဲ့ အချိန်မှာ နာကျင်မှုဖြစ်နေတဲ့တစ်နေရာထဲကို focus လုပ်ပြီး training ပေးချင်းဟာ client တွေ အတွက် ခေတ္တခဏ သက်သာခြင်း (Temporary pain release) ကိုသာဖြစ်စေပါတယ်......

rehab training လုပ်တဲ့အချိန်မှာ အများဆူံးတွေ့ရတာက pain ပြန်ပေါ်လာလိုက်သက်သာသွားလိုက်နဲ့ 'ဂျာအေးသူ့အမေရိုက်'တဲ့ ပြသာနာပါဘဲ....ဘာကြောင့် အဲ့လို ဖြစ်သလဲဆိုတာ ရှင်းပါတယ်......pain ဖြစ်တဲ့ တစ်နေရာထဲကိုဘဲ ကျွန်တော်တို့တွေက focus လုပ်ကြတယ်.....အဲ့တစ်နေရာထဲမှာဘဲ ပြသာနာတွေ problem solution လုပ်နေကြတယ်.....ထိုအတွက်ကြောင့် လိုရင်းကိုမရောက်ဘဲ နာလိူက်ပျောက်လိုက်ဖြစ်နေကြတာဖြစ်ပါတယ်......

ကျွန်တော့်အတွေ့အကြုံအရပြောရရင် shoulder injury မိနေတဲ့ client...... ပိုပြီး တိတိကျကျ ပြောရရင် rotator cuff imbalance နဲ့လာတဲ့ သူ......သူ့ကို shoulder နဲ့ ပတ်သတ်တဲ့ corrective တွေ သေချာပေးသည်.....အစောပိုင်းရက်တွေမှာ အတော်လေးသက်သာလာလို့ သူလဲအတော်ဝမ်းသာလာတယ်.....အချိန်တစ်ခုကြာလာတာတဲ့ အခါ pain က ပြန်ပေါ်လာတယ်.......training ကို ပြန်ကြည့်တဲ့ အချိန်မှာလဲ ဆိုးဆိုးရွားရွားအမှားမပါ.....သို့သော် posture assessment ကို ပြန် try ကြည့်လိုက်တဲ့ အခါ ခြေဖဝါးမှာ ပြသာနာထပ်ရှိနေတာကို တွေ့ရတယ်.....ပြသာနာက foot pronation (flat foot) ဖြစ်နေတာကိုပါတွေ့ရတယ်......

ကျွန်တော်တို့ ကိုယ်ခန္ဓာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ (kinetic chain) အရ အောက်ခြေခြေဖဝါးကနေ ဟိုးအပေါ် လည်ပင်းအထိ joint တစ်ခုအပေါ်တစ်ခုဆင့်ပြီးတည်ဆောက်ထားတာဖြစ်တဲ့အတွက် အောက်ဆုံးခြေဖဝါးကစတဲ့ ပြသာနာဟာ အမှိုက်ကစ ပြဿဒ်မီးလောင်ဆိူသလို ဟိုးအပေါ်လည်ပင်းထိတက်ပါတယ်......ဆိုတော့ အပေါ်ဆုံးက shoulder တစ်နေရာထဲကိုကွက်ပြီးဖြေရှင်းနေပြီး အောက်ဆုံးက ခြေကျင်းဝတ်ကို လျစ်လျူရှူထားလို့ကတော့ 'ဂျာအေး သူ့အမေရိုက်သလို' သံသရာလည်နေမှာဖြစ်ပါတယ်......ထို့ကြောင့် တစ်နေရာထဲကို ကွက်ပြီး focus လုပ်တဲ့ training မျိုးဟာ လိုအပ်ချက်များစွာရှိတယ်ဆိုတာတင်ပြရင်း......

သာယာလှပသောလူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ......


#ကိုယ်တိုင်သိရှိနားလည်မှု

Photos from M'Studio's post 22/08/2022

movement related injuries in gym (back pain)

Group တစ်ခုထဲမှာ အောက်ပိုင်းထိုင်လိုက်တာ ခါးနာသွားတယ်.....တစ်ပတ်လောက်နား​ပြီးပြန်ထိုင်တာ ပြန်နာသွားတယ် လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူးဆိူတဲ့ post လေးတွေ့လိုက်တယ်......ဒီလိုဖြစ်ရပ်မျိုးဟာ ကျွန်တော်တို့ fitness ကို လိုက်စားတဲ့သူတိုင်းမကြာခဏ ကြားရ မြင်ရ ကြုံရလေ့ရှိတဲ့အကြောင်းမျိုးဖြစ်ပါတယ်......

ဆိုတော့ ပြောချင်တာကကျွန်တော်ထပ်ခါထပ်ခါပြောခဲ့သလို ကျွန်တော်တို့ fitness trainer တွေ့ရဲ့ main goal ဟာ client တွေရဲ့ (Quality of life) ကိုမြှင့်တင်ဖို့ဘဲဖြစ်ပါတယ်......ကျန်းမာရေးကောင်းချင်လို့ gym မှာ training လာလုပ်ပါတယ်ဆိုမှ injury မိသွားလို့ ဆေးခန်းပြေးနေရသည့်အဖြစ်မျိုးက သိပ်တော့ မနိပ်ချေဘူး.....တစ်ချို့ fatloss အတွက်လာရင်း injury ထိသွားလို့ 'ပြန်နား' ​'ပြန်စား' လုပ်ရင်း ပိုဝသွားတာမျိုးတွေ၊ Quality of life ကို မြှင့်တင်ဖို့ကြိုးစားလာတာတဲ့ သူက fitness centre တွေကို မလာရဲတော့လောက်အောင် Trauma တွေ ရသွားတဲ့ client တွေ အများကြီးတွေ့ဖူးပါတယ်......

တကယ်တော့ ကျွန်တော်တို့ fitness trainer တွေ ဆိုတာက တစ်နည်းပြောရရင် (movement specialist) တွေပါဘဲ ဝိတ်တင်တက်ယုံ၊ ဝိတ်ချတက်ယုံနဲ့ မပြီးပါ..... client တွေအတွက် injury prevention တွေ prehab,rehab training စတာတွေကိုပါ ပိုင်နိုင်ထားမှရပါမည်......movement တစ်ခုချင်းစီကို analysis လုပ်ပြီး progression,regression ပေးနိုင်ရပါမယ်......လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ တည်ဆောက်ပုံအခြေနေ fitness level တွေ မတူညီတဲ့ အတွက် ဘယ်သူလာလာ ဒီ pattern ဒီ format ကအဆင်မပြေပါ......squat လို movement မျိူးကို ပြုလုပ်ဖို့အတွက် assessment တွေ လိုအပ်ပါတယ် client ရဲ့ posture အခြေနေ mobility issue, stability problem တွေနဲ့ အခြားသော condition တွေ အများကြီးလိုအပ်ပါတယ်.....ဖင်ချိုး ဒူးကွေးလောက်နဲ့ squat ဆိုတာမျိူးက အလွန်အန္တရာယ်များပါတယ်......ဒီနေ့ခေတ်လို sendatary lifestyle (အထိုင်များသောနေထိုင်မှု) နဲ့ နေသားကျနေတဲ့ modern လူသားများအတွက် posture နဲ့ ပတ်သတ်တဲ့ ပြသာနာတွေ mobility issue နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်.....ထိုအရာများကို ဖြေရှင်းနိုင်မှသာ (Quality movement) ကိုရရှိမှာ ဖြစ်ပြီး client အနေနဲ့ လဲ injury ကင်းမှာ ဖြစ်ပါတယ်.......

ဒီမှာထပ်ဆောင်းပြောချင်တာက movement related injuries ဆိုတာ လှူပ်ရှားမှူအမှားကြောင့်ဖြစ်တဲ့ injuries ဖြစ်တဲ့ အတွက် ထိုလှူပ်ရှားမှုကို ပြင်မှသာ နဂိုမူလအ​နေထားကို ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်......back pain ကို ကာကွယ်ဖို့ ၊ ခါးနာနေလို့ weightlifting belts ကို ဝတ်မယ်ဆိုတာမျိုးက ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေသလိုပါဘဲ.....ခါးနာရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုဟာ spine stability အားနည်းတာဖြစ်ပါတယ်.....

ကျွန်တော်တို့ training ထဲမှာ spine stability နဲ့ ပတ်သတ်တဲ့ inner core training တွေ တခြားတခြားသော core နဲ့ ပတ်သတ်တဲ့ exercise တွေကို အထူးထည့်သွင်းလေ့ရှိပါတယ်......weightlifting belts ရဲ့ အဓိက ရည်ရွယ်ချက်ဟာ inner core mechanism ကို အတုပြုလုပ်ခြင်းဖြစ်ပါတယ်......ကျွန်တော်တို့ body အလည်တည့်တည့်မှာရှိတဲ့ TVA နဲ့ diaphragm ရဲ့ လုပ်ဆောင်မှုကို အတုဖန်တီးယူလိုက်ခြင်းဖြစ်ပါတယ်.....ခါးနာနေတဲ့ သူဟာ spine ရဲ့ အဓိက stability လုပ်ရမယ့် mechanism ကို train ရမယ့် အစား ခါးပတ်ပတ်လိုက်ခြင်းဟာ အတော်အန္တရာယ်များတဲ့ အခြေနေမျိုးဖြစ်ပါတယ်......တကယ်တော့ weightlifting belts တွေဟာ မိမိ body weight ရဲ့ အလေးဝန်110% ရောက်မှသာလျင်စပြီးအသုံးပြုတာကောင်းပါတယ်....... အလေးဝန်သေးသေးလေးဖြင့်weightlifting belts ကို အမြဲပတ်ထားခြင်းဟာအန္တရာယ်များလို့ အထူးရှောင်ရှားသင့်ပါတယ်......တကယ်တော့ ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ရခြင်းရဲ့ အရေးကြီးဆုံးရည်ရွယ်ချက်က မိမိပြုလုပ်လိုက်တဲ့ training ဟာ life မှာ ဘယ်လောက်ထိအကျိုးပြုပြီး transfer လုပ်နိုင်လဲဆိုတာပါ......ထို့အတွက်ကြောင့် exercise selection ဟာအရမ်းအရေးကြီးပါတယ်.....

အချုပ်အားဖြင့်ဆိုသော် ကျွန်တော်တို့ fitness trainer တွေ အနေနဲ့မိမိကိုယ်ကိုယ်မိမိစဥ်ဆက်မ​​​ပြတ်​လေ့လာပြီး public ရဲ့ ( Quality of life)ကို အကောင်းဆုံးမြှင့်တင်သွားနိုင်ပါစေလို့ဆုတောင်းပြုရင်း......





#ကိုယ်တိုင်သိရှိနားလည်မှု

22/08/2022

Hello everyone!

Fitness နဲ့ ပတ်သတ်တဲ့ knowledge တွေ အဓိက အားဖြင့် ကိုယ်ခန္ဓာရဲ့ နာကျင်မှုတွေနဲ့ပတ်သတ်ရဲ့အကြောင်းအရာတွေ ဥပမာ- back pain(ခါးနာခြင်း)၊knee pain(ဒူးနာခြင်း)၊shoulder pain (ပုခုံးနာခြင်း)၊ neck pain (လည်ပင်းနာခြင်း) စတဲ့ pain နဲ့ ပတ်သတ်တဲ့ ပြသာတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်......

injury နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေဟာ admin ကိုယ်တိုင်ကြုံတွေ့ခံစား ပြီးမှ အကောင်းဆူံးကျော်ဖြတ်လာခဲ့တဲ့ 'based on true story' တွေ အပြင် client ပေါင်းမြောက်မြားစွာနဲ့ထိတွေ့မှုကနေရရှိလာတဲ့ problem solution တွေကနေလာတာဖြစ်တဲ့ အတွက် အားလုံးအတွက် အကျိူးရှိမယ်လို့ ယုံကြည်ပါတယ်.......

ထို့အပြင် fitness နဲ့ ပတ်သတ်တဲ့ တခြားသောအကြောင်းအရာမြောက်မြားစွာကိုပါ အပတ်စဥ်တင်ဆက်ပေးသွားမှာဖြစ်လို့......stay tuned! ပါ😊😊😊

22/08/2022

Trigger point Foam roller နဲ့ တလောက ပစ္စည်းပျက်သွားတဲ့ အသုံးဝင်ဆုံး
MB -5 Trigger ball လေးတွေ၊
လက်ပြင်ကြော ညှပ်တတ်တဲ့သူတွေ အတွက် MB -1 ,X
MB-2 လေးတွေ ပြန်ရနေပါပြီ

Welcome to Our M'Studio 😊
Our aim is to "Move well in your daily lifestyle"

1.Health & Fitness sessions

🧬Rehab session
🧬Movement based Training
🧬Functional cross fit training

🧬Boxing
🧬Yoga
-Hatha,Ashantanga,Vinyasa,Yin yoga ,Multi style yoga.

🧬"Weight Management Consultation "
to achieve your Goal
🧬"Healthy Cooking Class "for your Healthy Lifestyle

All training service are available Online and offline.

2.Here all you can get too these training tools

🎾Foam roller
🎾Massage ball , Mobility ball ,Trigger point series

🎾Rehab tools & accessories
🥊accessories
🧘‍♀️Yoga accessories

Thank you for choosing to us.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Aye Street
Yangon
11121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00