Su Hair & Beauty Salon

Su Hair & Beauty Salon

Share

Create Your Talent With Our Salon

Feedback Now 01/05/2020

Thank You for use our service. Please Feedback if you have any convenience.

Feedback Now Thank You for use our service. Please Feedback if you have any convenience.

30/08/2019

အပိုင်း(၂) - နိုင်ငံအသီးသီးမှ ခေါင်းလျှော်ရည် အသုံးပြုပုံများအိန္ဒိယမှာ ခေါင်းလျှော်ရည် စတင်ခေတ်စားလာခြင်း.
----------------------------------
အရင်ခေတ်က သုံးတဲ့ တရော်ကင်ပွန်းခေါင်းလျှော်ရည်ဟာ အိန္ဒိယက ဆင်းသက်လာတဲ့နည်းတခု ဖြစ်တယ်။ အိန္ဒိယမှာ ကင်ပွန်းသီး(soapnut)နဲ့ ဆီးဖြူသီး(amla)ခြောက်ကို ရောပြုတ်ပြီး ခေါင်းလျှော်ရည်အနေနဲ့ အသုံးပြုခဲ့ကြတယ်။ ကင်ပွန်းသီးမှာပါတဲ့ saponin ဓာတ်က အမြှုပ်ထစေပြီး ဆံသားကို နူးညံ့ပျော့ပျောင်းစေတယ်။ ရှင်းလင်းရလွယ်ကူစေတယ်။ ဒီနည်းကို ကိုလိုနီခေတ် အင်္ဂလိပ်တွေက ဥရောပထိ သယ်ဆောင်သွားခဲ့ပါတယ်။ နောက်ပိုင်း ပိုကောင်းမွန်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး shampoo ခေါင်းလျှော်ရည်တွေ ထုတ်လုပ်လာကြတယ်။

အင်ဒိုနီးရှားမှ ခေါင်းလျှော်ရည် လုပ်နည်းပုံစံ
----------------------------------
အင်ဒိုနီးရှား ခေါင်းလျှော်ပုံက တမျိုးတဘာသာ ဆန်းကြယ်လှတယ်။ အရင်ဆုံး ကောက်ရိုးခြောက်နဲ့ စပါးခွံကို ရောနှောပြာချရတယ်။ ပြီးရင် ရေနဲ့ရောပြီး ခေါင်းလျှော်ရတယ်။ ဒီနည်းက ချေးပြောင်ပေမယ့် ကြာရှည်သုံးရင် ဦးရေပြားကို ခြောကိသွေ့လာစေနိုင်တယ်။ ဒါ့ကြောင့် ခေါင်းလျှော်ပြီးတာနဲ့ အုန်းဆီပါးပါးလိမ်းပေးရတာ ဖြစ်ပါတယ်။

မြန်မာပြည်မှ ခေါင်းလျှော်ရည် အသုံးပြုပုံ
----------------------------------
မြန်မာပြည်မှာတော့ အများအားဖြင့် တရော် ကင်ပွန်းကို အသုံးပြုကြတယ်။ ခေါင်းလျှော်ပြီးဆံသားတွေ ကြမ်းတာတာကို ကာကွယ်ဖို့တော့ အညာဒေသ အလေ့အထ အရ မန်ကျည်းရွက် ပြုတ်ရည်နဲ့ ခေါင်းလျှော်ပြီးသားဆံသားကို လောင်းချလိုက်ရတယ်။ အဲ့ မန်ကျည်းရွက်ပြုတ်ရည်က ဆံသားကို ပျော့ပျောင်းစေတဲ့အပြင် ဆံသားကို သွက်သွက်လေးဖြစ်သွားစေတယ်။

30/08/2019

အပိုင်း (၁) - SHAMPOO စတင်လာခြင်

ခေါင်းလျှော်ရည်သုံးတဲ့ အလေ့အထဟာ အိန္ဒိယတိုက်ငယ်ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ shampooဆိုတာ ဟိန္ဒူအသံထွက် ချန်ပူ ကနေ တိုက်ရိုက်ဆင်းသက်လာပြီး သက္ကတဘာသာအရ chapayati (နှိပ်နယ်၊ဖိနှိပ်)လို့ အဓိပ္ပါယ်ရတယ်။ shampoo သမိုင်းကြောင်းပြောရင် Sake Dean Mahomed ဆိုတဲ့ အိန္ဒိယနွယ်ဖွား အမျိုးသားဟာ အင်္ဂလိပ်တွေကို shampooing ခေါ်တဲ့ ခေါင်းလျှော်နည်း အလေ့အထ စတင်ပျိုးထောင်ပေးခဲ့သူဖြစ်ပါတယ်။ သို့်သော် အခုခေတ်သုံးနေတဲ့ အရည်ပုံစံ ခေါင်းလျှော်ရည်တွေကို တကယ်တမ်း စီးပွားဖြစ် တီထွင်ထုတ်လုပ်ခဲ့သူကတော့ ဂျာမန်လူမျိုး Hans Schwarzkopf ဖြစ်ပါတယ်။ ဥရောပမှာတော့ shampoo ကို ၁၉၂၇ခုနှစ် ရောက်မှ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒါ့ကြောင့် ရှန်ပူအလေ့အထက ရာစုနှစ်တစ်စု မပြည့်သေးဘူးပြောလို့ ရပါတယ်။

Hair Care Page မှကူးယူဖော်ပြပါသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


No. 212/5, Yan Naing Street, Yankin Tsp
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00