Hein Toe Aung
19
18/07/2023
မမေ့နိုင်တာ သေချာနေခဲ့လည်း
ကျနော်တို့ လက်လွှတ်ပေးခဲ့ကြတာပဲ ။
ကိုယ့်မှာ ဘာတွေဘယ်လိုပဲ နာကျင်ရသည်ဖြစ်စေ
အဲ့ဒီတစ်ယောက်ကိုတော့ ပျော်စေချင်ခဲ့တာကိုး ။
#မိုးနေ့
ဆိုက်ရောက်လာတဲ့အခါ
မျက်နှာကိုရဲရဲကြည့်တယ်
ထွက်ခွာသွားတဲ့အခါ ကျောပြင်ကို
ရဲရဲငေးတယ်။
တားဆီး ပိတ်ပင်တာမျိုးတွေ မလုပ်ချင်ဘူး
အပိုင်ရမလိုလိုနဲ့ ဆုံးရှုံးရခြင်းတွေမှာ
ကိုယ်ဟာ နေသားတကျ။
- Lionel Sn -
18/07/2023
ချစ်မိတာကို နောင်တမရဘူး
ချစ်လို့မဝတာကိုပဲ နားမလည်ဖြစ်ရတယ်
လူတစ်ယောက်ကို ချစ်ရတာ
ဒီလောက်တောင် ပျော်ဖို့ကောင်းရလား
ကမ္ဘာ့အနွေးဓာတ်လေးကို အမှတ်မထင်တွေ့ရှိ
ဒီကမ္ဘာမှာ တန်ဖိုးအရှိဆုံဟာ
ငါ့မိဘတွေပြီးရင် မင်းဖြစ်တယ် ။
18/07/2023
ချစ်ခြင်းမေတ္တာဟာလည်း
သူ့သက်တမ်းနဲ့သူလာပါတယ်
နောင်တမရဖို့ကတော့
သက်တမ်းမကုန်သေးခင်လေးမှာ
အမိအရချစ်လိုက်ဖို့ပါပဲ ။
ကံပါသလောက်ချစ်ပြီးရင်
ကျွန်တော်တို့ဟာ
ဘယ်တော့မှ မသိခဲ့တဲ့
သူစိမ်းတွေလို တစ်သက်လုံး
စိမ်းသွားကြရမှာလေ ။
17/07/2023
ချစ်ရတဲ့သူကို
ပျော်စရာတွေ မပေးနိုင်ခဲ့ရင်တောင်
ဝမ်းနည်းစရာတွေ
မပေးမိအောင် နေချင်တယ် ။
ကိုယ်တိုင်က အထိအရှ
အရမ်းများရရင်တောင်
ချစ်ရတဲ့သူကို တော့
အထိအရှ နည်းစေချင်ပါတယ် ။
#ခက်နှောင်
16/07/2023
မတော်တဲ့ ဖိနပ်လေးကိုလည်း
အသားအနာခံပြီး
အညိုအမဲစွဲအောင်အထိစီးဖူးတယ်
ကျွန်တော်က နှစ်သက်မိပြီဆိုရင်
သူများအတွက်ဖြစ်သွားမှာ
သိပ်ကိုကြောက်တတ်တဲ့ လူသားလေးလေ
မင်းကိုလည်း ထို့နည်းတူပါပဲ ။
16/07/2023
ဆုံးရှုံးရမှာကြောက်သည်အထိ
ပိုင်ဆိုင်ချင်မိတဲ့အခါ အဲ့ဒီ့လူကို
လက်လွှတ်ပေးလိုက်ပါ။
သူသာတကယ်ချစ်ရင် ဘယ်နည်းနဲ့မဆို
ကိုယ့်အနားကိုပြန်ရောက်လာမှာမို့။
#ဆွေ
15/07/2023
တစ်ချို့သော ခံစားချက်တွေကျတော့
ဘယ်သူမှ နားမလည်ဘူး
ကိုယ်ကိုတိုင်ပဲ နားလည်ပေးပြီး
ကိုယ့်ကိုကိုယ်ပဲ ဖြေသိမ့်ရတာမျိုးတွေရှိတယ် ။
15/07/2023
လူတိုင်းက အချစ်ဦးကိုရူး ကြတယ်
ကိုယ်ကတော့
မင်းက နောက်ဆုံးလူ မို့
အချစ်ဦးထက် ပိုရူးမိတယ်။
-စစ်ငြိမ်း
15/07/2023
ဘာအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်
ရွေးချယ်ဖို့ အဆင်မပြေလို့ ချန်ရစ်ခဲ့တဲ့အခါ
အသာတကြည်ပဲ နေခဲ့လိုက်ပါ ။
ချစ်ခြင်းမေတ္တာဟာ
အတင်းကြိုးစားယူလို့ရတဲ့အရာမှ မဟုတ်တာ
ကိုယ်တို့ ချစ်ရတဲ့သူတွေကို
သူတို့ ချစ်တဲ့သူတွေအနားမှာပဲ ပျော်ပါစေ ။
#ရိပ်ငြိမ်
14/07/2023
ဘဝမှာ
မလွဲချော်သင့်တဲ့အရာ နှစ်ခုရှိတယ်
အိမ်ကိုပြန်တဲ့နောက်ဆုံး ရထားရယ်
ကိုယ့်ကိုအမှန်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူရယ် ။
နိဗ္ဗာန်တော့မသိဘူး...
ငရဲဆိုတာကတော့ မင်းသူ့ကိုသိပ်ချစ်ခဲ့တာ
ဆိုတဲ့စကားနဲ့ ခနခနရောက်ဖြစ်တယ်...။ 🥺💔
🍀💌
#လင်းသစ်ရောင်ရှိန်
Click here to claim your Sponsored Listing.
Category
Website
Address
Taung Thar
Yangon