A Touch of Beauty
Korean Cosmetics Wholesale
25/07/2026
Instock ရပါသေးတယ်ရှင်
GOWOON HARU က ထွက်တဲ့ Daily Sheet Mask အကုန်လုံးကို မျိုးစုံ ကြိုးခုန် သုံးကြည့်ပြီးပြီ။
အဲ့ထဲကမှ သားဖြိုး အတွက် အကြိုက်ဆုံးကို ပြောပါဆိုရင် Calendula Retinol Daily Mask လို့ပြောလို့ရတယ်။
ကျန်တဲ့ဟာတွေ ရင်ထဲ သိပ်မထိဘူး…။
အပိုမပြောဘူး Calendula Retinol Daily Mask ကို Daily ကပ်ကြည့် ၇ရက် အတွင်းမှာ မျက်နှာအသားအရေက ကြည်ပြီး ပြောင်တတ်လာတာကို တွေ့ရလိမ့်မယ်။
သူမှာပါတဲ့ Retinol ဆိုတာကလည်း Calendula က ရတဲ့ Retinol မို့ Daily ကပ်လို့ အဆင်ပြေတယ်။
၁ဗူး မကုန်ခင်မှာ …
- အသားကြည်လာမယ်။
- အသွေးအသားထဲကနေ Glow လာမယ်။
- အသားအရေကတင်းရင်းပြီး ချွေးပေါက်တွေ ရောင်ရောင်လေ စကျဉ်းလာမယ်။
- ရေဓာတ်ပြည့်ဝတဲ့ ကျန်းမာတဲ့ အသားအရေကို ရလာလိမ့်မယ်။
အသက် ၂၀ကျော်လို့ Sheet Mask ကို နေ့တိုင်း သုံးချင်တယ်။ Daily Sheet Mask ဘာသုံးရမလဲ မသိရင် GOWOON HARU ထဲကဆို သူ့ကိုရွေးပါ …။
25/07/2026
Purito လေးနည်းနည်းရယ်
Make up brush set ရယ်
Medicube Age R Booster စက်ရယ် ဝင်ပါတယ်ရှင်။
23/07/2026
Carenel လေးတွေ ဝင်ပါပြီရှင်💗🤍
22/07/2026
Skin 1004 အလှည့်လေးပါရှင်🩵💗💛💚💜
21/07/2026
Yoon Skin Instock ပါရှင်💙
နာမည်အကြီးဆုံး hair mask သုံးခုကို Nyi ဒီနေ့ compare လုပ်ပေးမယ်🤞
3ခုလုံးက Nyi လက်ရှိသုံးနေပြီး ခံစားရတဲ့အတွေ့အကြုံကို ပြောပြပေးမှာပါ။ ဒီထဲက သုံးဖူးတဲ့သူတွေရှိရင်လဲ Nyi ကို အမြင်လေးပြောခဲ့ပါအုံးနော်။
- Dear Mary intensive hair mask
Price > 50ml~15000ks
ဆံသားအရမ်းငြိ ခြောက် ကြမ်းနေတဲ့သူတွေဆို ဒီ hair mask နဲ့အရမ်းအဆင်ပြေလိမ့်မယ်လို့ Nyi ထင်တယ်။ ဘာလို့လဲဆိုရင် တစ်ခါသုံးလိုက်တာနဲ့ ဆံသားငြိတာတွေ ချက်ချင်းသက်သာပြီး baby hair လေးတွေလို အိဖတ်နူးညံ့သွားတာ အဲ့ဒါက Dear Mary hair mask ရဲ့အားသာချက်ပဲ။ ဘယ်ပေါင်းဆေးမဆို ဆံသားပျော့ပါတယ် ဒါပေမဲ့ သူကတော့ next level လို့ပြောရမယ်။ အနံ့လေးလဲကောင်းတယ်။ စျေးနှုန်းကတော့ local brand ထဲမှာ စျေးမြောက်တဲ့ထဲပါတယ်။ ပြန်ရတဲ့ quality နဲ့တန်လို့ စျေးလိုက်နိုင်တဲ့သူဆို သုံးကြည့်ဖို့အတွက် Nyi ညွှန်းပါတယ်။
- Yoon Skin hair treatment
Price > 500ml~39500ks
မျက်စိလည်မှာစိုးလို့ ဒီ hair treatment က conditioner လိုရော hair mask လိုရော သုံးလို့ရတယ်နော်။ အိမ်မှာမိန်းမသားများတဲ့သူဆို သူကအရမ်းတန်လို့ အသုံးသင့်ဆုံးပဲ။ ပန်းရနံ့သင်းသင်းလေးနဲ့ သုံးရတာလျော့မနေဘူး။ Japan brand တွေနဲ့တောင် ယှဉ်နိုင်တယ်။ ဆံသားအားနည်းလို့ ပြတ်ထွက်တာတွေ၊ ဆံပင်ဖွာတာ ကြမ်းတာတွေ တဖြည်းဖြည်းနဲ့သက်သာပါတယ်။ အလုပ်ဖြစ်ပြီး ထွက်ချေကိုက်တာမျိုး သုံးချင်တယ်ဆိုလို့ရှိရင် ရွေးပါ။ စျေးနှုန်းကိုချည်းမကြည့်ဘဲ ပစ္စည်း quality အရမ်းမိုက်လို့ Nyi တော့ကြိုက်ပါတယ်။
- Mirror nourishing hair mask
Price > 240ml~14500ks
Mirror hair mask အကြောင်းကတော့ တကူးတကပြောနေဖို့လိုပါ့မလား။ Nyi အရင်ကလဲ review ရေးပေးဖူးပါတယ်။ တစ်သောင်းစွန်းစွန်းလေးနဲ့ hair mask ကောင်းကောင်းသုံးချင်တယ်ဆိုရင် ရွေးလို့ရတယ်။ အနံ့ကအစ သင်းသင်းလေးပဲ။ သုံးပြီးသွားရင် ဆံသားအိတာလဲ သိသာသလို ပျက်စီးနေတဲ့ဆံပင်ကိုလဲ ပြုပြင်ထိန်းသိမ်းပေးပါတယ်။ အရောင်လွင့်နေတဲ့သူ၊ ဆံသားကျိုးကြေထိခိုက်ထားတဲ့သူ၊ အားနည်းပြီး ဆံပင်မသန်တဲ့သူတွေ သုံးသင့်တယ်နော်။ လူအများစုကြိုက်ကြတဲ့ hair mask လေးပါ။ Budget save ဖြစ်တာမျိုးရှာနေရင် သူကလဲ option တစ်ခုပါပဲ။
Nyi သေချာရေးပေးထားတယ်နော်။ 3ခုလုံးက အပြိုင်ကောင်းနေတော့ Nyi ကိုယ်တိုင်လဲ ရွေးရခက်ပါတယ်။ Nyi ကို review လေးတွေ ပြောခဲ့ပါအုံး။
ဒီ page တွေမှာ ဝယ်လို့ရပါတယ်🛒
Dear Mary - MARY Hair Professional
https://www.facebook.com/share/19Dd3Rqj8c/?mibextid=wwXIfr
Yoon Skin - Skin
https://www.facebook.com/share/1DHoyHHzgD/?mibextid=wwXIfr
Mirror - Hair Mask
https://www.facebook.com/share/1DiwKf1EYM/?mibextid=wwXIfr
Disclaimer : Collaboration ē Yoon Skin
21/07/2026
Torriden ရတာလေးတွေပါရှင်။
20/07/2026
Cotton pad ဈေးသက်သာပြီး အရည်အသွေးကောင်းတာလေး ရမယ်နော်🥰
20/07/2026
Stock နည်းနေပါပြီရှင်
🩷 PDRN Journey ကို Yoon နဲ့ စတင်ခဲ့တာပါ။
သားဖြိုးကို PDRN နဲ့ စတင်ထိတွေ့ခွင့် ပေးခဲ့ပြီး PDRN မှ PDRN ဖြစ်အောင် တန်းတန်းစွဲဖြစ်စေခဲ့တဲ့ Ampoule အကြောင်းပြောပြပေးချင်လို့ …။
တခြားတော့ မဟုတ်ဘူး....သူက Yoon …,
[REVIEW] Yoon Skin Dark Spot Repair Ampoule or PDRN Ampoule
Niacinamide 4% + Vegan PDRN
PDRN ရဲ့ အရှည်က Polydeoxyribonucleotide ဖြစ်တယ်။
PDRN က DNA fragments ပဲ။
အများအားဖြင့်က Salmon ကနေ Extract လုပ်ကျတယ်။
ခု Yoon Skin ရဲ့ PDRN Ampoule က Vegan PDRN
Vegan PDRN က Traditional PDRN ဖြစ်ပြီးတော့ Plant ကနေ Extract လုပ်ထားတယ်။ ဥပမာ - Ginseng, Rice, Centella (Cica) and Probiotics စသည်ဖြင့်ပေါ့။
Yoon Skin မှာထည့်ထားတဲ့ Vegan PDRN က Centella DNA 🧬
Vegan PDRN က Skin Cell Regeneration နဲ့ Anti-Aging အတွက် တော်တော်လေးကောင်းတယ်။ PDRN က Collagen ထုတ်လုပ်မှုနှုန်းကို Boost လုပ်ပေးတဲ့နေရာမှာ ဆရာကြီးလေ။
အဲ့ဒီတော့ မျက်နှာအသားအရေပေါ်မှာရှိတဲ့ ပြဿနာတွေဖြစ်တဲ့ အမဲစက် အမာရွတ်နဲပ အရေးအကြောင်းတွေ သက်သာစေပြီး မျက်နှာ အသားအရေက အိစက်ပြီး နို့ပူတင်းကြီး အလားအိတုန်သွားစေမယ်။
ဒီလောက်ဆို PDRN အကြောင်း အနည်းအကျဉ်းသိသွားလောက်ပြီဆိုတော့ Product Review လေး အကြောင်းဆက်မယ်။
YS ရဲ့ Dark Spot Repair Ampoule မှာဆိုရင် Vegan PDRN ထဲကို Niacinamide 4% ပေါင်းထည့်ထားတယ်။
PDRN ကို Niacinamide ပေါင်းပြီး Boost လုပ်ပေးလိုက်တဲ့သဘော။
ဆရာကြီ(၂)ဆူပေါင်းပြီးကောင်းကောင်း အလုပ်လုပ်တာကိုတွေ့ရတယ်။
Niacinamide က 4% ကနှုန်းထားက ပြင်းလားလို့မေးရင် အနေတော်ပဲ။ အဲ့လောက်ပမာဏလောက်မှ သူ့တာဝန်ကို သေချာလုပ်ပေးနိုင်မှာ။
Dark Spot လို ခေါင်းစဉ်တပ်ထားပေမယ့် အမဲစက်၊ အမာရွတ်တွေ သက်သာစေတဲ့အပြင် အသားအရေကို ကြည်လင် ပြောင်တင်း စေတာကိုတွေ့ရတယ်။
သားဖြိုး Skin အရင်ကထပ်ပိုပြီး တင်းပြောင်နေတာကို အရင် Video တွေနဲ့ ခုနောက်ပိုင်း Video, Photo တွေမှာ တွေ့မယ်ထင်တယ်။
နောက်ပြီးကိုသားဖြိုး အသားရည်က ပိုကျန်းမာ၊ ပို Glow လာတယ်လို့ပြောလာတာကိုကြားရတယ်ကွာ။
အဲ့ဒါသားဖြိုး ဒီ Ampoule ကို သုံးပြီးနောက်ပိုင်း တွေ့ရတဲ့ Result ဖြစ်တယ်။
သားဖြိုးသုံးနေတာက (၁)လမပြည့်သေးဘူး။ ၃ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ်။
သားဖြိုးကတော့ Day & Night သုံးဖြစ်တယ်။
သူကလေ သားဖြိုးတို့ ပုံမှန်တွေ့နေကျ Dark Spot Serum တွေပေးတဲ့ ကြည်လင်မှုမျိုး မဟုတ်ဘူး။
စိုတင်းပြီးတော့ကို ကြည်တာကွာ ..။ တော်တော်မိုက်တယ်။
Dark Spot တင်မဟုတ်ပဲ Anti-Aging ပါ Bonus ရတဲ့သဘောပေါ့။
Result သိသိသာသာနဲ့ လျှင်လျှင်မြန်မြန်ရချင်တယ်ဆိုရင်တော့ Exosome Shot လေးတွေနဲ့ တွဲသုံးကြည့်။
Treatment တွေဆိုရင် Exosome Treatment နဲ့တွဲလို့ရပါတယ်။
တစ်ခုရှိတာက YS ရဲ့ Ampoule က Hydration တော်တော်ကောင်းတာမို့ Skinထဲစိမ့်ဝင်ဖို့ နည်းနည်းလေးတော့ အချိန်ပေးရတယ်။
အသားထဲစိမ့်ဝင်ပြီး သွားပြီ ဆိုရင်တော့ မျက်နှာ အသားအရေ စိုတတ်လာတာ ချက်ချင်းဆိုသလိုပဲ။
Dehydrated Skin သမားတွေ သုံးကြည့်ပါ။
အတွင်မှာတင်းခြောက်ပြီး အပေါ်ယံအရေပြား အဆီပြန်တာကို ရက်ပိုင်းအတွင်း သက်သာလာစေပြီး Dehydrated ကြောင့်ဖြစ်တဲ့ အဆီဖုလေးတွေ သက်သာလာတယ်။
သူ့ Texture က ပုံမှန်တွေ့နေကျ Ampoule Texture ခပ်ကြဲကြဲလေး Lightweight ဖြစ်တယ်။ လုံး၀ မစေးကပ်ဘူး။
နောက်ပြီး အနံ့မပါဘူး။
All Skin Type သုံးလို့ အဆင်ပြေတယ်။
Sensitive Skin သုံးလို့ အဆင်ပြေတယ်။
ဝက်ခြံ၊ အဆီဖု နဲ့ အမာရွတ်၊ အမဲစက် ရှိတဲ့ အသားအရေတွေ အတွက် လုံးဝ(လုံးဝ) အဆင်ပြေတယ်။
အပြစ်အနာအဆာကင်းတဲ့ အသားအရည်ကိုမှ ကြည်”ပြောင်“တင်း“ ဖြစ်ချင်တဲ့ သူတိုင်း သူ့ကိုသုံးကို သုံးဖို့ Highly Highly Recommend လုပ်ပါတယ်။
စျေးနှုန်း အနေနဲ့ ပြောရင် 50ML PDRN Ampoule တစ်ဗူးကို 37,000 ဝန်းကျင်ဆိုတော့ စျေးနှုန်းအားဖြင့်လည်း Fair ဖြစ်တယ်။
🛒 Yoon Skin ဝယ်လို့ ရတယ်။
Review လေးကတော့ ဒီလောက်ပါပဲ။
🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼
နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️
20/07/2026
ကျွန်မရဲ့ ရတနာလေးတွေပါ❤️
စားချိန်မှာစား၊ ကစားချိန်မှာကစား🤭🤪
သူတို့အပြုံးလေးတွေ၊ စိတ်ရင်းလေးတွေ ချစ်လို့ပါ🥰
တစ်ရက်ကို ဂျပ်ပုံး 1,000 ကျော် သယ်ရ မ ရလည်း အပြုံးမပျက်ဘူး။ သူတို့ချင်း စကားများစိတ်ကောက်ကြတယ်ဆိုတာလည်း မရှိဘူး။ ခိုတာ ကပ်တာ ဆိုတာမျိုး ဝေးစွ။ အချင်းချင်း နားလည်ဖေးမမှုလည်းရှိကြတယ်။
Perfect Team လို့ တင်စားပါရစေ❤️
အများစု ဝန်ထမ်း ပြဿနာ ရင်ဆိုင်နေရချိန်မို့ ကြွားဝါသလိုမျိုးဖြစ်သွားမှာစိုးရပါတယ်။
2019 ဝန်းကျင် ကစပြီး ရှေ့ 3 နှစ်လောက် ကတော့ ဝန်ထမ်းမမြဲခြင်းတွေနဲ့ ကျွန်မလည်း အင်မတန် စိတ်ပင်ပန်းခဲ့ရဖူးပါတယ်။ ကလေးနီတာရဲလေးဘေးမှာထားပြီး ညအမှောင်ထဲ Reply ပြန် ၊ Content ရေး၊ ရောင်းရေးဝယ်တာ မလစ်ဟင်းရအောင် လုပ်ခဲ့လို့ ခေါင်းကိုက်တဲ့ ဝေဒနာတောင် အခုထိခံစားနေရတုန်းပါပဲ။ အမျိုးသားက ဝင်လာသမျှ ၊ ထွက်သွားသမျှ ပစ္စည်းဂျပ်ပုံး ရာချီကိုနေ့စဉ် သယ်ရ ၊ ခွေးဘီးလူးလေးမောင်းပြီး နေပူစပ်ခါးထဲ ကိုယ်တိုင်လိုက်ပို့ နဲ့ သူလည်း ခါးနာ ရောဂါ ဖြစ်ခဲ့ရပါတယ်။
ခုနောက်ပိုင်းတော့ ကလေးတွေလိမ္မာလို့ ကျွန်မတို့ ထိုက်သင့်တဲ့ အနားယူမှုရနေလို့ စိတ်ကလေး ချမ်းမြှေ့နေပါတယ်ရှင်😍
ချစ်တယ်နော် ကလေးတို့ရေ🥰🥰🥰
19/07/2026
Supplier တစ်ယောက်ရဲ့ ကျွန်မ နှလုံးသားတစ်ခုလုံးကို အရည်ဖျော်ချလိုက်တဲ့နေ့🥰
Suppliers တွေ အကုန်လုံးနီးနီး ကျွန်မအပေါ် စစ်မှန်တဲ့စိတ်ရင်းနဲ့ တကယ်ဖေးမစောင့်ရှောက်ပေးကြတာကို ရရှိခံစားရတဲ့ ကံ ပါလာတာဟာ အထူးကျေနှပ်စရာပါ။
Best and Final Price နဲ့ Brand 10 ခုထက်မနည်း ရရှိထားတာ၊ တခါတရံ အားလုံးထက် ပိုသက်သာစွာဝယ်ယူရရှိနိုင်တာ၊ FOC ပစ္စည်းတွေ မကြာခန ရတာ၊ သူများမရခင် ကိုယ်အရင်ပစ္စည်းရတာ၊ စသည်ဖြင့် ကျွန်မနဲ့ လက်တွဲနေတဲ့ suppliers အများစုရဲ့ ဂရုဏာ ယိုဖိတ်မှုတွေ အမြဲမပြတ် ရရှိခံစားရပါတယ်။
ဒီနေ့ဆိုရင် ကျွန်မကို ရောင်းပေးပြီးသားပစ္စည်း ၊
၄ လလောက် သိပ်မထွက်ပဲ ဖြစ်နေတာလေး၊ ကိုယ်လည်း တကူးတက သွားမပြောဖြစ်ပါဘူး။ ရောင်းပြီး ဝယ်ပြတ်ပဲလေ။ သူကလာမေးလို့ အခြေအနေပြောဖြစ်တော့ တစ်ဘူး 1,000 ပြန်လျော့ပေးမယ်တဲ့ ၊ စ နေတယ်ထင်တာ🥹၊ တကယ်ကြီး ငွေလွှဲပေးလာတယ်😭။ တကယ့်ကို ဝမ်းနည်းဝမ်းသာကြီးပါရှင်🥰။
သူ့ကိုလည်း ကျေးဇူးတင်တယ်။ ကျွန်မဒီလုပ်ငန်းလုပ်နေသရွေ့ ရာသက်ပန်လက်တွဲမယ့်စာရင်းမှာလည်းသူပါသွားပြီ။
ဒီလိုလေးတွေ အခွင့်အရေးရဖို့ ဘယ်သူ့ဆီမှ တကူးတကတော့တောင်းဆိုခဲ့တာမရှိဘူး၊ လုပ်ငန်းသဘော ဆွေးနွေးကြရတာတော့ရှိပါတယ်။ ချစ်ခင်အောင် နေတတ် ပြောတတ် ရှိရတာပေါ့နော်💕
ကျွန်မ လူတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကို အထူးနှိမ့်ချပြီး နေတတ်အောင် ကြိုးစားတယ်။
တဖက်ကပေးလာတဲ့ မေတ္တာလက်ဆောင်ဟာ အမှိုက်ပုံးထဲရောက်သွားတယ်ဆိုတာ ဘယ်တုန်းကမှမရှိဘူး။ တန်ဖိုးထားစွာ စားသောက်တယ်၊ သုံးစွဲတယ်။ ထပ်ဆင့်မျှဝေစားသုံးတယ်။
ကိုယ်က ပေးရင်လည်း ဖားယားတဲ့စိတ်မျိုးမရှိဘူး။ စိတ်ရင်းခံလေးနဲ့ပဲ ပေးဖြစ် ကျွေးဖြစ်တယ်။ အပြန်အလှန်မေတ္တာတွေဟာ ကောင်းမွန်စွာ ချည်နှောင်ကြပါတယ်💕
Humble ဖြစ်တာကို လူတိုင်းက နှစ်သက်ကြပါတယ်။ ကျွန်မကတော့ ဖြည်းဖြည်းချင်း ကျင့်ယူခဲ့ရတာပါ။ ပင်ကိုယ်စရိုက်ကတော့ စိတ်ကြမ်း နှုတ်ကြမ်း၊ စိတ်ပုတ်လည်း ရှိသူပါ😂
ဒီနေ့တော့ တစ်လစာ အသုံးစရိတ် ခိုင်သွားပြီကွယ်🥰🥰🥰
Category
Contact the business
Telephone
Website
Address
No 48, Tha Mein Ba Yan Road, Tamwe
Yangon
1121
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |