Bhone Shan's Mommy

Bhone Shan's Mommy

Share

Bhone Shan' Mommy

Photos from Bhone Shan's Mommy's post 19/03/2026

🤱🏻ကျွန်မက မိခင်နို့တိုက်ကျွေးဖို့ကို ရွေးချယ်ခဲ့လို့ ကျွန်မအတွက် ကုန်ကျစရိတ် အများကြီး ချွေတာနိုင်ခဲ့ပါတယ်။
🙅🏻‍♀️ဒါပေမဲ့ မိခင်နို့တိုက်ကျွေးခြင်းကို အခမဲ့လို့တော့ မပြောလိုက်ပါနဲ့။
တကယ့်တန်ဖိုးကို ကျွန်မပေးချေနေခဲ့တာပါ။
ကုန်ကျစရိတ်က ကျွန်မခန္ဓာကိုယ်ပါ။
ကျွန်မရဲ့ အိပ်စက်ခြင်း။
ကျွန်မရဲ့ ဟော်မုန်းတွေ။
ကျွန်မရဲ့ အနားယူခြင်း။
ကျွန်မရဲ့ ညတွေ။
ဘယ်သူမှ မမြင်ရတဲ့ ကျွန်မရဲ့ စိတ်ကျန်းမာရေးတွေနဲ့ ပေးချေနေရတာပါ။
နာကျင်မှုတွေအတွက် ပြေစာမရှိခဲ့ပါဘူး။
ပင်ပန်းနွမ်းနယ်မှုအတွက် ပြန်အမ်းငွေမရှိပါဘူး။
🤦🏻‍♀️အရာအားလုံးကို ပေးဆပ်ရင်း တိတ်တိတ်လေး ငိုခဲ့ရတဲ့ အချိန် တွေအတွက် ပြန်လည် ကုစားနေဖို့ အနားယူချိန် မရှိပါဘူး။
မိခင်နို့တိုက်ကျွေးခြင်းက ကျွန်မတို့ကို ငွေချွေတာနိုင်ခဲ့တာမဟုတ်ပါဘူး - တကယ်တော့ ကုန်ကျစရိတ် ကို ကျွန်မဆီ လွှဲပြောင်းပေးလိုက်တာပါပဲ......
ဒါကြောင့်တယောက်ယောက်က "မိခင်နို့တိုက်ကျွေးတာက လွယ်ကူပြီး အခမဲ့ပါပဲ" လို့ ပြောလာခဲ့ရင် တကယ်တမ်း ဘာတွေပေးဆပ်နေရတာလဲ ဆိုတာ သတိရပေးပါ.....
👶🏻တယောက်ယောက် က ကျွန်မကို အမြဲလိုအပ်နေလို့ပါ။
ဘယ်တော့မှ အခမဲ့မဟုတ်ပါဘူး။
အိမ်မပျော်တဲ့ညတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို တိုက်ဖျက်ရင်း ကလေးကို ကျွန်မနို့တိုက်ကျွေးနေရတာပါ။
ဒါကြောင့် အခမဲ့ ဆိုတဲ့ စကားကို ဘယ်တော့မှ မပြောပါနဲ့။
အရာအာလုံးကို ပေးဆက်ရတာက မေတ္တာပါ။

18/03/2026

Bhone Shan အတွက် ချက်ပြုတ်တာလေးတွေကို Page ကနေ တင်သွားပေးမှာမို့ ကြည့်ရှုပြီး Recommend ပေးပေးပါဦးနော်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon