Seize The Day

Seize The Day

Share

discuss and reduce stresses

Photos from Seize The Day's post 23/01/2023

ဒီနေ့အခုတလောကြည့်ဖြစ်နေတဲ့ရုပ်ရှင်တစ်ကားလောက်ညွှန်းချင်လို့ တရုတ်ကားသိုင်းကားလေးပါ
ကိုယ်ကြည့်ထားတာကို ကိုယ်စကားပြောတဲ့ပုံစံရေးထားတာမို့
စပွိုင်းတာလည်းမမိချင် ကြည့်ကောင်းမကောင်းလဲသိချင်ရင်တော့ ဆက်ဖတ်ကြည့်လိုက်ပါ
THE BLOOD OF YOUTHပါ
ဒီကားမှာအဓိကဇာတ်ကောင်၄ယောက်ဆိုပေမယ့် ဒေစီ့အတွက်တော့၃ယောက်လို့ပဲခံစားရပါတယ် ရှောင်းဆဲ့ဆိုတာက သိုင်းလောက သတင်းမှန်သမျှသိုင်းမှန်သမျှအကုန်သိတဲ့ skynetကြီးပါ ဆရာသမားက တအားလည်းလျှိုပြီး တည်ကြည်လေးနက်ပါတယ် ပြီးတော့ရှယ်ကျွမ်းနော် ဘာကျွမ်းလဲမမေးနဲ့ မပြောဖူး သူကMainဇာတ်ကောင်ပါ အကုန်သိတဲ့ဆရာသမားက သိုင်းချတိုင်းအမြဲဘေးကပဲထိုင်ကြည့်ပြီး သူ့မှာလျှို့ဝှက်ချက်ကလည်းတအားများတာမို့ သူကဘာလို့သိုင်းမချတာလဲ ဘာလို့လျှိုတာလဲ ဘာလို့ဘာလို့ဆိုတဲ့မေးခွန်းများစွာကိုတဖြေးဖြေးသိချင်ရင် ကိုယ်တိုင်ကြည့်ပါမပြောပြပါဘူး🤭
​ ဝူရှင်း သူကကိုယ်တော်ဆိုလည်းဟုတ်တယ် ကိုယ်တော်မဟုတ်ဘူးဆိုရင်လည်းမဟုတ်ဘူးပေါ့ (ဘာလို့အဲ့လိုပြောလဲသိချင်ရင်ကြည့်လေ) ကိုယ်တော်ကိုတော့အထင်မသေးပါနဲ့သူကသိုင်းအတော်ကျွမ်းပြီး လူတိုင်းကအမြဲလာလာပြီးသတ်တာခံနေရသူပါ ထူးခြားချက်ကတော့ တအားစွာပါတယ် ရုပ်တည်နဲ့အင်မတန်မှ စခွီတွေပြောတတ်သူပါ ရှောင်းဆဲ့နဲ့တအားကိုcloseဖြစ်တဲ့ သူငယ်ချင်းလို့ပြောလို့ရပါတယ်
လဲ့ဝူကျဲကတော့ သိုင်းပညာလည်းကောင်းအတတ်လည်းမြန်ပြီး တက်ကြွတဲ့လူငယ်ပေမယ့် ထုံပေါကြီးပါ
တကယ့်ကို ကလေးလို ဘာမြင်မြင်အကုန်ပါးစပ်ဟငေးပြီးသူများပြောသမျှယုံပါတယ် ဒါပေမယ့်အထင်မသေးပါနဲ့ ရှိရှိသမျှ သိုင်းလောကအကျော်အမော်မှန်သမျှကသူ့အမျိုးချည်းပဲ အားသာချက်ကသစ္စာရှိပြီးသူငယ်ချင်းတွေကိုလည်းတအားချစ်ပါတယ်
သူတို့၃ယောက်နဲ့ရဲ့ခံယူချက်က မနိုင်ရင်ပြေးပါ.....
ထျန်လျန်ကတော့အကြီးဆုံးဖြစ်ပြီးအနေအေးစကားနည်းတဲ့သူပါ သိုင်းလည်းကျွမ်းပါတယ်
သူတို့၄ယောက်ရဲ့ဆုံစည်းပုံကလည်းထူးခြားသလို တစ်ယောက်စီရဲ့ဘဝဖြတ်သန်းပုံကလည်းစိတ်ဝင်စားစရာအပြည့်နဲ့ပါ ပြီးတော့သိုင်းလောကအကျော်အမော်တွေရဲ့ သိုင်းအလှတွေကိုလည်းဝေဝေဆာဆာနဲ့ကြည့်ရမယ့်အပြင်အချစ်ခန်းမပါတာကြောင့် ဒီဘက်မှာရှားပါတဲ့ကားပါပဲ လူငယ်သဘာဝချစ်ကြိုက်တာကိုပါးပါးလေးပဲပြလို့ကြိုက်တယ် ဒါအပြင်နန်းတွင်းထဲကအားပြိုင်မှုကိုပါသေချာလေးရှုစားရမှာမို့ သိုင်းလောကရောနန်းတွင်းရောကိုတစ်ပြိုင်တည်းကြည့်လို့ရမယ့်ကားပါ ပြီးတော့ရှောင်းဆဲ့တို့သူငယ်ချင်းတွေနဲ့စည်းလုံးမှုချစ်ခင်မှုသစ္စာရှိမှုတို့လည်းမြင်ရတဲ့အပြင်ဟာသလည်းနှောတာမို့ဘဝအမောလည်းပြေပါတယ် ဒီကားကိုကြည့်ရတာ မိသားစုစုံလင်ထမင်းဝိုင်းစားရသလိုပဲအရသာရှိလှတာမို့ကြည့်ကိုကြည့်သင့်ပါတယ်လို့အကြံပြုရင်း.....

07/12/2022

အိမ်မက်တွေကချိုးနှိမ်ခံလိုက်ရတာ

"နင့်ရဲ့အိမ်မက်ကဘာလဲ" "နင့်ရဲ့ဝါသနာကဘာလဲ" ဒီမေးခွန်းကရိုးရိုးရှင်းရှင်းလေးပေမယ့် အဖြေပျောက်နေတဲ့လူတွေရှိလား တကယ်တော့ရှိပါတယ် ငါ့ဝါသနာကဘာလဲလို့ပြန်ဖြေစရာမရှိတဲ့လူတွေအများကြီးပဲ ဝါသနာလေးတောင်မသိအောင်နင်ကညံ့လာလို့မေးကြထင်ကြပါလိမ့်မယ် စိတ်ကိုချိုးနှိမ်လိုက်ရင်ဝါသနာရောအိမ်မက်တွေရောပျောက်ကွယ်ပါတယ် ပန်းချီဆွဲချင်တယ် ဘာမှမရှိဘူး ရှိတာနဲ့ဆွဲမယ်ကွာဆိုပြီးဆွဲတာပေါ့ ဒါပေမယ့်တစ်ချို့လူတွေအတွက်ရှိတာလေးနဲ့တောင်ဆွဲဖို့အခွင့်မသာလိုက်လို့ချိုးနှိမ်ပျောက်ကွယ်သွားရတာတွေလည်းဒုနဲ့ဒေးပါပဲ
ဒီပြဿနာဟာ လူတန်းစား၃ခုလုံးမှာ ဖြစ်နေပါတယ် လူချမ်းသာတွေအတွက်လည်း သူတို့ချိုးနှိမ်ခံလိုက်ရတဲ့ဝါသနာတွေရှိသလို လူလတ်တန်းစားနဲ့အခြေခံလူတန်းစားမှာဒီပြဿနာက လူငယ်တွေအတော်လေးကြုံတွေ့နေရတဲ့အိမ်မက်ဆိုးနဲ့တူပါတယ်။ အရင်းခံလိုက်ရင်တော့ ငွေဆိုတဲ့အရာကပြုံးပြုံးကြီးလက်ပိုက်လို့
အမေရေဒီသင်တန်းလေး ဒါလေးလုပ်ချင်တယ် ဆိုတာနဲ့
ပိုက်ဆံမရှိသေးလို့ခနလောက်စောင့်ပါဆိုတဲ့စကားကို အရင်ဆုံးကြားရမှာပါ အခုလို free classတွေပေါများတာဟာလည်း ဒီလိုအဆင်မပြေတဲ့လူတွေအတွက် အရမ်းအဆင်ပြေတယ်။ ကိုယဖြစ်ချင်တာလေးတွေကို သင်ခွင့်ရတာပေါ့ အဲ့မှာတောင် မိသားစုက supportပေးတဲ့ လူနဲ့ ဘာsupportမှမရှိတဲ့လူက အကွာကြီးဆိုတာလူတိုင်းသိပါလိမ့်မယ် လူလတ်တန်းစားတိုင်းကမချမ်းသာသလို အကုန်လုံးလည်းမဆင်းရဲကြပါဘူး အခြေခံလူတန်းစားက လူငယ်တွေကရရာအလုပ်ဝင်လုပ်ပြီး အဆင်ပြေနေချိန်မှာ တကယ်ကန့်လန့်ကန့်လန့် ကျန်ခဲ့တာက လူလတ်တန်းစားကလူငယ်တွေပါ အိမ်ကခွင့်မပြုလို့ စိတ်မချလို့ မကြိုက်လို့ မလုပ်နိုင်မှာစိုးလို့ စတဲ့အမျိုးပေါင်းတစ်ရာလောက်သောအကြောင်းပြချက်တွေနဲ့ တကယ်တမ်းကျ လူငယ်တွေက အိမ်မက်တွေဝါသနာတွေ ချိုးနှိမ်ခံလိုက်ရတာပါပဲ အရင်ကတက်ကြွတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် သူကစာဖတ်ရတာသီချင်းနားထောင် ရုပ်ရှင်ကြည့် ကဗျာရေး ဒါကသူ့ဝါသနာတွေပေါ့ သူမှာဖြစ်ချင်တာတွေ အများကြီး အမြဲတက်ကြွနေတာ ဟိုတလောကသူငယ်ချင်းတွေပြန်တွေ့တော့ သူ့မျက်နှာကအရင်လိုမလန်းဘူး စကားပြောရင်းနဲ့ တစ်ယောက်ကသူ့ကို နင့်ဝါသနာကဘာလဲမေးတဲ့အချိန် သူငြိမ်သွားတယ်၂မိနစ်လောက်ကြာမှ သူပြောလိုက်တာက ငါ့ဝါသနာဆိုတာ မရှိတော့ဘူးတဲ့ ငါအခုဘာကိုဝါသနာလို့ခေါင်းစဉ်တပ်ရမလဲမသိဘူးတဲ့ နင်ပြောင်းလဲသွားလိုက်တာလို့ ပြောတော့ သူကရီပြီးတော့ နင်တို့ကတော့ဒါတွေဘယ်နားလည်မှာလဲတဲ့ အရင်လိုနေလို့မရဘူးဟ ဒါလေးလုပ်လိုက်ရင်ပိုက်ဆံဘယ်လောက်ကုန်မလဲစဉ်းစားရတယ် ငါတို့အိမ်အဆင်မပြေဘူးကွာတဲ့ တစ်ခုခုလုပ်မယ်ဆို အိမ်ကိုရောငွေကိုရောကြည့်ရတယ် သူ့စကားတွေကိုဘာမှပြန်မပြောနိုင်ခဲ့ဘူး သူကတော့ဒီစကားတွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ ပြောပြီး စကားဝိုင်းမှာအေးဆေးလေးဆက်ပြောလို့ရီလို့မောလို့ အိမ်ပြန်လမ်းမှာ အတူပြန်တော့ သူက ဘဝကကိုယ်ဖြစ်ချင်သလိုမှ မဖြစ်လာတာ ဖြစ်တာကို အလိုက်သင့်ပဲနေနေရတာပေါ့ ပျော်တယ်တော့ဘယ်မရှိလဲ ဒါပေမယ့်မပျော်နေရင်းလည်း လူကသေဖို့ပဲရှိတော့တယ် ဒါကြောင့် အဆင်ပြေသလို နေနေရတာ နင်ငါ့ကိုကြည့်ပြီးစိတ်မညစ်နေနဲ့တဲ့ ဒါနဲ့နင့်အိမ်မက်ရေရှိသေးလားလို့ မေးတော့ သူကတချက်အော်ရယ်ပြီ ငါ့အိမ်မက်တွေကချိုးနှိမ်ခံလိုက်ရတာကြာပေါ့တဲ့.........
လူငယ်တွေအားလုံး အိမ်မက်တွေချိုးနှိမ်ခံရခြင်းမှကင်းဝေးပါစေ

30/11/2022

တစ်ချို့လူတွေက သူများအတွက်ပဲကြည့်တတ်ကြတယ် ကိုယ့်အတွက်တော့ဘာမှမချန်ထားပဲပေးဆပ်နေကြသူတွေလည်း တစ်ခါလောက်ကိုယ့်ဘက်ကိုပြန်ကြည့်ပြီးကိုယ့်စိတ်ချမ်းသာမှုကိုရှာကြည့်ပါ တကယ့်ကိုပျော်ရွှင်မှုတွေရလာလိမ့်မယ်
တစ်ချို့ကျတော့ သူများတွေဘာဖြစ်ဖြစ်ဂရုမစိုက်ပဲလုပ်ချင်တာလုပ်နေတတ်ကြပါတယ် ဒီလိုလူတွေက ကိုယ့်ကိုချစ်ခင်နေသူတွေ ကိုယ်ကချစ်ရသူတွေကို တစ်ခါလောက် သူတို့ဘက်ကိုအချိန်ပေးပြီးသူတို့ဖြစ်ခင်တာလေးတွေလည်းဖြည့်ဆည်းပေးကြည့်ပါ စိတ်ချမ်းသာမှုကိုတွေ့ရလိမ့်မယ်
တကယ်ကဘယ်အရာမဆိုတစ်ဖက်ထဲကဆွဲနေလို့လည်းမရသလိုတင်းနေလို့လည်းမရပါဘူး ကိုယ့်ကသူများကိုကိုယ်စိတ်ကိုယ်မသိလိုက်ပဲ ပေးဆပ်နေတာလား တကိုယ်ကောင်းဆန်နေတာလားသိချင်ရင်ဘေးကလူတွေကိုမေးကြည့် ဘေးလူဆိုတာ ပိုမြင်တယ်တဲ့(အားနေအချွန်နဲ့မတဲ့လူမျိုးတော့ရှောင်ပေါ့)
ရင်ဖွင့်ချင်တာရှိရင်တော့ဒီpageမှာရင်ဖွင့်လို့ရပါတယ်

24/11/2022
24/11/2022

အားလုံးမင်္ဂလာပါ
ဒီကာလမှာ လူတိုင်းကစိတ်ပင်ပန်းစရာအမျိုးမျိုးနဲ့ကြုံတွေ့နေရကြပါတယ် ဒီလိုစိတ်ပင်ပန်းစရာတွေကိုရင်ဖွင့်စရာလူမရှိတဲ့အခါ ပိုပြီးတော့စိတ်ပင်ပန်းရပါတယ် တစ်ချို့တွေက ရင်းနှီးသူတွေကိုရင်ဖွင့်တတ်ကြပါတယ် ဒါပေမယ့်တစ်ချို့ကျတော့အဲ့လိုရင်ဖွင့်ရတာအဆင်မပြေတဲ့သူတွေလည်းရှိပါတယ် လူတစ်ယောက်ကပြောဖူးတယ် ကိုယ်နဲ့ရင်းနှီးသူထက် ကိုယ်နဲ့ဘယ်တုန်းကမှမသိတဲ့လူကို ရင်ဖွင့်ရတာ ပိုပြီးစိတ်ပေါ့ပါးတယ်တဲ့ ဘာလို့လဲဆိုတော့ သူကကိုယ့်ကိုမသိလို့တဲ့
ဒီpageလေးကို အဲ့ရည်ရွယ်ချက်နဲ့ဖွင့်ဖြစ်တာပါ ရင်ဖွင့်ဖို့ခက်နေတဲ့သူတွေ စိတ်မွန်းကြပ်ပြီး ပြောစရာလူမရှိတဲ့သူတွေအတွက် ဒီpageလေး အဲ့စိတ်ညစ်စရာတွေကိုနားထောင်ပေးသွားမှာပါ
ကိုယ်ပြောတာပေါက်ကြားသွားမလားလည်း စိုးရိမ်စရာမလိုပါဘူး ဘာလို့လဲဆိုတော့ ရင်ဖွင့်သူရဲ့ခွင့်ပြုချက်မပါပဲလုံးဝလုံးဝ ရင်ဖွင့်စာတွေကိုပြန်တင်မှာမဟုတ်လို့ပါ ရင်ဖွင့်သူကတင်ပေးပါဆိုမှတင်ပေးမှာမို့ privacyအပိုင်းလုံးဝစိတ်ချရပါတယ် ပြီးတော့ရင်ဖွင့်တာအတွက်အဖိုးအခတစ်ကျပ်မှမယူပါဘူး sharing is caringပုံစံမျိုးနဲ့ ဖေးမမှာမလို့ ပေါ့ပေါ့ပါးပါးလေးရင်ဖွင့်နိုင်ပါတယ် ဒီကာလစိတ်ပင်ပန်းတာတွေကို နည်းနည်းလေးဖြစ်ဖြစ် ကုစားပေးချင်တဲ့စိတါကလေးတစ်ခုနဲ့ဒီpageလေးကိုထောင်ထားတာဖို့အားမနာတမ်းလာပြောလို့ရပါတယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon