Perfume Nirvana
Authentic Perfume Decants. High-End & Niche Selections. Smell Unique, Feel Confident.
📍 Yangon နှင့် ပြည်တွင်းမြို့နယ်အနှံ့ ပို့ဆောင်ပေးပါသည်။ 🛒
28/08/2026
“ဘာမှ လုပ်ယူထားခြင်း မရှိဘဲ ကြည့်လိုက်တာနဲ့ သန့်နေတဲ့ အမျိုးသားတစ်ယောက်လို...” ✨
Sedley ရဲ့ အားသာချက်က လူတိုင်းကြိုက်ဖို့ မကြိုးစားထားတာပါပဲ
ဆွတ်လိုက်ရင် သန့်တယ်။
အေးတယ်။
လန်းတယ်။
ပြီးတော့ ထပ်ဖျန်းချင်တယ်။
PDM ရဲ့ freshie တွေထဲမှာ လူတွေအကြိုက်ဆုံး လို့ပြောကြသလို
Fresh ဖြစ်တာမှန်ပေမယ့် ထူးခြားမှုမရှိဘူး၊ ဈေးနဲ့ယှဉ်ရင် simple ဖြစ်တယ်လို့လည်း ဝေဖန်ကြပြန်ပါတယ်။
Performance မှာ beast mode မဖြစ်ပေမယ့် Fresh Scent အနေနဲ့ဆို မဆိုးဘူးလို့ပြောရမယ့် အနေအထားပါ။
⏳ Longevity — 7/10
💨 Projection — 6.5/10
〰️ Sillage — 6.5/10
Opening မှာ Mint, Citrus (Sprite Soda vibe) နဲ့ အတော်လေး သိသာပြီး
Drydown ရောက်ရင်တော့ အနားကပ်လာမှရမယ့် Skin scent type ဘက် ရောက်သွားတယ်။
Summer, Office, Casual Everyday Wear...
ဒီလို နေရာတွေမှာ သူ့ရဲ့ ရိုးရှင်းမှုကပဲ သူ့ရဲ့ အဓိက အားသာချက်ပါ။
Freshie ကြိုက်ပေမယ့် ရိုးရိုး clean-blue scent တွေထက် ပိုနက်နဲတာမျိုးရှာနေတယ်ဆိုရင် Deziro ကို စမ်းကြည့်သင့်ပါတယ်
နာမည်က “Good Morning”
အနံ့ကလည်း အဲ့ဒီလိုပဲ။ ☀️🌿
fresh scent တစ်ခုအနေနဲ့တော့ အေးအေးလေးနဲ့ ကြည်ကြည်လေး သွားတဲ့ character မို့ သဘောကျစရာကောင်းပါတယ်။
Wūlóng Chá နဲ့ ဆင်တယ်လို့ ပြောကြပေမယ့် အရမ်းဆင်တာမျိုးမဟုတ်ဘဲ fresh, green, airy feeling လေးမှာ common ground ရှိတယ်။
Performance
⏳ Longevity — 6/10
💨 Projection — 6/10
〰️ Sillage — 6/10
⭐ Overall — 6/10
26/08/2026
Women's Perfume Catalog: August 2026 Update ✨
Perfume Nirvana မှာ လက်ရှိ ရနိုင်တဲ့ အမျိုးသမီးသုံးရေမွှေးတွေကို ဈေးနှုန်းလေးတွေနဲ့တကွ စုစည်းပြီး တင်ပေးလိုက်ပါတယ်ဗျ။
ပုံတစ်ပုံချင်းစီမှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ✨
Perfume Nirvana ကနေ ရောင်းချပေးတဲ့ ရေမွှေးမှန်သမျှဟာ 100% Authentic စစ်မှန်ကြောင်းကို အပြည့်အဝ တာဝန်ယူပါတယ်။
UAE, Designer ကနေ Niche ရေမွှေးတွေအထိ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်ဗျ။
📍 ဆိုင်လိပ်စာ: ၁/ခ၊ အောင်မေတ္တာလမ်းမကြီး၊ (၁) ရပ်ကွက်၊ လှိုင်မြို့နယ်
📍 Google Map Link: https://maps.app.goo.gl/csQhHNkG2XBXjooD9
☎️ 09 971038385
⏰ Opening Hours:
Opening Hours: 10:30 AM - 8:30 PM (နေ့စဉ်)
“အကြည်ဓာတ်လေးတော့ ဖြစ်နေတယ်နော်…” 💧✨
လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ ကြည်လင်အေးချမ်းနေသလိုမျိုး…
ရေမွှေးတွေထဲမှာလည်း ရှူလိုက်တာနဲ့ “အကြည်ဓာတ်” လို့ ခံစားရတဲ့ scent တွေရှိပါတယ်။
စိတ်ကို ပေါ့ပါးသွားစေမယ့် Fresh & Clean Vibe တွေထဲက..
ဘယ်တခုကိုအကြိုက်ဆုံးလဲ?
&cleanscent
25/08/2026
Libre lineup ရဲ့ ပထမဆုံး Alcohol-Free (Oil-in-Water) ရေမွှေး။
Oil-in-Water formula မို့ အသားပေါ်မှာ ဖြန်းလိုက်ရင် ရေမွှေးအနံ့က skin ပေါ်မှာ သင်းသင်းလေးကျန်ခဲ့တယ်။
Libre ကို ကြိုက်ပေမယ့်
Libre ရဲ့ loud side ကိုမကြိုက်တဲ့သူတွေ စမ်းကြည့်လို့ကောင်းတယ်။
သူက နည်းနည်းငြိမ်တယ်။
ဒါပေမယ့် ငြိမ်ငြိမ်လေးနဲ့ လှတယ်။
အနံ့ပြင်းပြင်း မကြိုက်ဘူး၊
လတ်ဆတ်ပြီး အသားပေါ်မှာ မသိမသာလေး မွှေးနေချင်တယ်ဆိုရင်တော့
Libre L’Eau Nue
Key Notes
🍊 Zesty Citrus
🌸 Orange Blossom
🌿 Soft Lavender
မိုးရွာလို့ အေးတဲ့အချိန်မှာ ဆွတ်လိုက်ရင် နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ Cozy Vibe မျိုး ရစေပါတယ် 💛✨
24/08/2026
Black shirt တစ်ထည်၊ မိုးအေးတဲ့ညနေခင်းတစ်ခုနဲ့ ဒီအနံ့လေး...
အဲ့လောက်နဲ့ vibe က ရနေပြီ 🖤
Man In Black ကို Amber Spicy အမျိုးအစားလို့ပြောလိုက်ရင် သူ့ရဲ့ character တစ်ဝက်လောက်ပဲ ပြောပြီးသားဖြစ်မယ်။
သူ့မှာ ထူးခြားတာက Warm Spice, boozy Rum, To***co နဲ့ Leather ကို တစ်ခါတည်း တွဲထားတာပါ။
ချိုပေမယ့် sugary မဟုတ်ဘူး။
Dark ဖြစ်ပေမယ့်လည်း အရမ်း heavy မဖြစ်ဘူး။
Tuberose က အဲ့ဒီ dark spicy character ထဲကို နည်းနည်း soft ဖြစ်တဲ့ contrast လေး ထည့်ပေးထားတယ်။
အဲ့ဒါကြောင့်ပဲ ရိုးရိုး “Spicy Amber” ရေမွှေးတစ်မျိုးလို မခံစားရတာပါ။
Back in Stock at Perfume Nirvana 🖤
Sweet Leaf က ကရနေကျ အနံ့ မျိုးတော့ မဟုတ်ပါဘူး 🌿
ကြိုက်ရင် တော်တော်ကြိုက်မယ်။ မကြိုက်ရင် ပထမ spray နဲ့တင် reject လုပ်မယ့်ကောင်။
အဲ့ဒါကပဲ Room 1015 ရေမွှေးတွေရဲ့အရသာလို့ ပြောလို့ရမယ်။
Safe ဖြစ်တဲ့ အနံ့မျိုးထပ် ကိုယ်ပိုင် character ရှိဖို့ကို ရွေးထားတဲ့ scent ပေါ့
23/08/2026
Scent of the Day - L’Interdit Angélique Rouge ❤️
မိုးအုံ့ပြီး နေသိပ်မထွက်တဲ့နေ့တွေမှာ
သူ့ကို ဆွတ်လိုက်ရင် mood နည်းနည်းပြန်တက်လာတယ်။
L’Interdit ရဲ့ ပုံမှန် white floral vibe ရှိပေမယ့် ဒီ version မှာ Angelica ရဲ့ ခပ်စိမ်းစိမ်း spicy ဖြစ်တဲ့ အနံ့လေးပါလာလို့ ပို lively ဖြစ်တယ်။
ပန်းနံ့ အချိုတစ်မျိုးတည်း မဟုတ်ဘဲ Green, Spicy, Creamy Floral ဆိုတဲ့ contrast လေးရှိတယ်။
လူသုံးများတဲ့ L’Interdit မဟုတ်တော့ ဘာရေမွှေးလဲလို့ မေးလာနိုင်တဲ့ type လေး။
လူသိပ်မသုံးသေးတဲ့ G.i.v.e.n.c.h.y ထဲက ရှာနေရင် ဒီကောင်လေးကို စမ်းကြည့်။
ပြီးတော့ သူက Limited Edition လေးပါ။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
အမှတ်၁/ခ အောင်မေတ္တာလမ်း၊ ၁ ရပ်ကွက်၊ လှိုင်မြို့နယ်
Yangon