Rangoon Soap Studio
သဘာဝဆပ်ပြာနှင့်အလှကုန်ပစ္စည်းများ? Since 2017
22/07/2021
ဝါဆိုလပြည့်
ဓမ္မစကြာအခါတော်နေ့
18/07/2021
❝ အိမ်တွင်းတနိုင်တပိုင်စီးပွားဖြစ် ❞ ဆပ်ပြာနှင့် လူသုံးအလှကုန်ပစ္စည်းအမျိုးမျိုးပြုလုပ်နည်း စာအုပ်
📝📝📝📝📝📝📝📝📝
🟠ပါဝင်တဲ့ မာတိကာတွေကတော့🟠
၁။ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများ၏ အမည်
၂။ ဓါတုဗေဒပစ္စည်းများနှင့် မတည့်သော Soda Ash (or) အထူးရေပြုလုပ်နည်း
၃။ pH အကြောင်းသိမှတ်ဖွယ်ရာများ
၄။ ဆီအကြောင်းသိမှတ်ဖွယ်ရာများ
၅။ ဆပျပွာ၏ မာအားသတ်တိ
၆။ သဘာဝခေါင်းလျှော်ရည်အတွက် သဘာဝအသီးအနှံများအကြောင်း
၇။ Organic (သဘာဝပစ္စည်းသုံးဆပ်ပြာအမျိုးမျိုး) ပြုလုပ်ရာတွင် အသုံးပြုနိူင်သော ပစ္စည်းနှင့် ၎င်းတို့၏ အကျိုးသွားဂုဏ်သတ္တိများ”(ဓါတုလျော့ချနည်း Herbal)
၈။ အရွက်များကို ပြုတ်ရည်ပြုလုပ်ခြင်းနည်းပညာ
၉။ အသီးအရွက်များ၏အာနိသင်များ
၁၀။ ဆပ်ပြာခဲနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာများ
၁၁။ Rose Water
၁၂။ Toner
၁၃။ Serum
၁၄။ Perfume
၁၅။ အသားဖြူဆန်မှုန့် Toner
၁၆။ Organic Lotion
၁၇။ Organic Cleansing
၁၈။ Organic ဆံသားပြုပြင်နည်း
၁၉။ Whitening Cream
၂၀။ Whitening Toner
၂၁။ Dog Shampoo
၂၂။ Hair Conditioner
၂၃။ Hair GeL
၂၄။ Jelly Soap
၂၅။ Paper Soap
၂၆။ ဝါးမီးသွေးလုပ်နည်းနှင့် အသုံးဝင်ပုံ
၂၇။ ဝက်ခြံနှင့် အမာရွတ်ပျောက်စေရန်နည်း
၂၈။ ဆံပင်ပေါင်းတင်နည်း(Organic)
၂၉။ ဆံပင်ပေါက်ဆေးရည်
၃၀။ Hair Shampoo
၃၁။ ခြင်ပြေးဆေးရည်
၃၂။ MP နှင့်ဆပ်ပြာချက်နည်း (နနွင်းဆပ်ပြာ၊ ရှားစောင်းလက်ပတ်၊ ပျားသံပုရာ၊ ဆန်ဆပ်ပြာ၊ ကော်ဖီနနွင်း၊ သခွားသီး၊ ထောပတ်သီး၊ ဝါးမီးသွေး.. အစရှိသဖြင့်)
၃၃။ Unit ဆက်သွယ်ချက်များ
၃၄။ ပန်းကန်ဆေးဆပ်ပြာဆီပြုလုပ်နည်း
၃၅။ လက်ဆေးဆပ်ပြာဆီပြုလုပ်နည်း
၃၆။ အဝတ်လျှော်ဆပ်ပြာဆီပြုလုပ်နည်း
၃၇။ ရေချိုးဆပ်ပြာဆီပြုလုပ်နည်း
၃၈။ ခေါင်းလျှော်ရည်ပြုလုပ်နည်း
၃၉။ ဆပ်ပြာ Cream ပြုလုပ်နည်း
၄၀။ မှန်ကြည်ဆေး ပြုလုပ်နည်း
၄၁။ သွားတိုက်ဆေး ပြုလုပ်နည်း
၄၂။ ရေမလိုလက်သန့်ဆေးရည် ပြုလုပ်နည်း
၄၃။ ကြွေချေးချွတ်ဆေးရည် ပြုလုပ်နည်း
၄၄။ Soap Base ပြုလုပ်နည်း
၄၅။ ဆပ်ပြာမှုန့် ပြုလုပ်နည်း
၄၆။ Body Scrub
၄၇။ Face Scrub
၄၈။ Lip Scrub
၄၉။ Foot Scrub
၅၀။ မျက်မှန် Cleasing ပြုလုပ်နည်း
၅၁။ ဂျယ်လီဖယောင်းပြုလုပ်နည်း
၅၂။ ကြာရှည်ခံအိမ်သုံးဖယောင်းတိုင်လုပ်နည်း
၅၃။ Water Candle ပြုလုပ်နည်း (ရေပေါ်အလှဖယောင်းတိုင်)
၅၄။ ဖယောင်းအလှခဲပြုလုပ်နည်း
၅၅။ Lip Sleeping Mask ပြုလုပ်နည်း
၅၆။ Day Ceram
၅၇။ Night Cream
၅၈။ Hair Conditioner
၅၉။ Hair Mask
၆၀။ Body Lotion
၆၁။ Body Powder
၆၂။ Butter Cream
၆၃။ Petroleum Gel
၆၄။ Vaseline
၆၅။ Natural Deodorant
၆၆။ Lotion Bars
၆၇။ Body Batter Bars
၆၈။ Scrub Soap
၆၉။ Scrub Bar
၇၀။ Lip Moisturizer စသည်တို့ကို အသေးစိတ်သင်ပြပေးထားပါသည်။
နားမလည်ရင်လည်း အချိန်မရွေးလာမေးလို့ရပါတယ်။
👩❤️💋👩သူငယ်ချင်းတွေကို လက်ဆောင်ဘဲပေးပေး
ကိုယ်တိုင်ဘဲလုပ်ရောင်းရောင်းအဆင်ပြေတယ် နော်
မတတ်မှာမပူနဲ့ သေချာသင်ပေးထားပါတယ်။
သင်ထောက်ကူပစ္စည်း ကုန်ကြမ်းများကဝောာ့ ကိုယ်တိုင်လုပ်ကြည့်မယ်ဆိုမှ ဝယ်ရမှာပါ။
📗 တစ်အုပ်ကို 15000 ကျပ်
🏦 K Pay or Wave Pay အစရှိသည့် 🪙Online Banking တို့ ဖြင့်ပေးချေနိုင်ပါသည်။
ဆက်သွယ်မှာယူရန်📞
☎️ 09 420195443
18/07/2021
11/07/2021
Soy Bean (ပဲပိစပ်)
Soy Bean (ပဲပိစပ်) က ကျန်းမာရေးနှင့် အလှအပရေးရာအတွက် အထောက်အကူဖြစ်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပဲပိစပ်ကို အဓိကအားဖြင့် အရှေ့အာရှတွင်စိုက်ပျိုးကြပါတယ်။ Soy Bean (ပဲပိစပ်) ဖြင့် soy milk, miso, soy sauce, tofu နှင့် အခြားအစားအစာအမျိုးမျိုးကို ပြုလုပ်ကြပါတယ်။
ပဲပိစပ်အခြေခံထားတဲ့ အစားအစာများကိုစားသုံးခြင်းသည် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အချို့သောကင်ဆာရောဂါများနှင့် အရိုးကျန်းမာရေးအပါအ၀င် ကျန်းမာရေးပြဿနာအမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ ရာသီသွေးဆုံးချိန်နှင့်မီးယပ်သွေးဆုံးအမျိုးသမီးများအတွက် ပဲပိစပ်နှင့် ပြုလုပ်ထားသောအစားအစာများကိုစာသုံးခြင်းဖြင့် ကောင်းမွန်တဲ့အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။
သွေးပေါင်ချိန်လျှော့ချပေးခြင်း၊ သွေးကြောများပိုမိုကောင်းမွန်လာခြင်း၊ ရင်သားကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုးကိုသက်သာစေနိုင်ခြင်း၊ အမြင်အာရုံကိုတိုးတက်စေခြင်း စတဲ့အကျိုးကျေးဇူးများအပြင် အခြားအကျိုးကျေးဇူးများစွာလဲရရှိစေနိုင်ပါသေးတယ်။
Soy Bean (ပဲပိစပ်) ကိုအသားအရေထိန်းသိမ်းသောထုတ်ကုန်များထဲတွင်လဲ ထည့်သွင်းအသုံးပြုကြပါတယ်။ ပဲပိစပ်တွင် antioxidant ဒြပ်ပေါင်းများစွာပါဝင်ပြီး အသားအရေအိုမင်းခြင်းကိုလျှော့ချ ထိန်းသိမ်းပေးပါတယ်။ အမဲစက်၊ အရေးအကြောင်းကိုလျှော့ချပေးပြီး glow skin ကိုလဲရရှိစေနိုင်ပါတယ်။
ပဲပိစပ်မှာ Protein, Iron, Calcium, Fibre, Folic acid, Vitamins B, Potassium ဓာတ်တွေပါဝင်တာကြောင့် ဆံပင်ကျန်းမာရေးကိုလဲ အထောက်အကူပြုပေးပါတယ်။ ဆံသားကို နက်မှောင်စေပြီး သန်စွမ်းစေနိုင်ပါတယ်ရှင့်။ ယနေ့ခေတ်မှာတော့ ပဲပိစပ်ကို skincare ပစ္စည်းမျိုးမျိုးမှာ ထည့်သွင်းထုတ်လုပ်လာကြပြီဖြစ်ပါတယ်။ Soy bean ထည့်သွင်းထားတဲ့ ထုတ်ကုန်အမျိုးမျိုးကိုအသုံးပြုရင်း ကျန်းမာလှပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ကြပါစေရှင့်😍
11/07/2021
ထောပတ်သီး Avocado 🥑🥑
ထောပတ်သီးကမျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေထွက်လာအောင် အကူအညီပေးပါတယ်
ဗီတာမင်ဘီပါဝင်တာကြောင့် ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် ထောပတ်သီးက အထူးသင့်တော်ပါတယ်
ထောပတ်သီးမှာ ဗီတာမင် B အပါအဝင် သတ္ထုဓာတ်၊ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အဆီဓာတ်နဲ့ အမျှင်ဓာတ်တို့ အပြည့်အဝပါဝင်ပါတယ်။
ထောပတ်သီးဟာ ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ အထောက်အကူပြုတဲ့ အသီးတမျိုးဖြစ်ပြီး ထောပတ်သီးအစေ့ဟာလည်း အလှအပရေးရာအတွက် အင်မတန် အသုံးဝင်ပါတယ်။
ကျန်းမာရေးအတွက်ထောပတ်သီးရဲ့ အကျိုးပြုပုံတွေကတော့
📌နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေခြင်း
📌ရောင်ရမ်းမှုကို သက်သာစေခြင်း
📌သွေးတွင်းကိုလက်စထရောကျဆင်းစေခြင်း
📌သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်း
📌သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
📌အမြင်အာရုံကောင်းမွန်စေခြင်း
📌ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း
📌ကိုယ်ဝန်ဆောင် မိခင်တွေအတွက် သန္ဓေသားမှာမွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း
📌ကင်ဆာရောဂါကာကွယ်ပေးခြင်း
📌အစာကြေစေခြင်း
📌အရေပြားမှာ အနီအပိန့်တေါထွက်တာကို သက်သာစေခြင်းစတဲ့ ကျန်းမာရေးအကျိုးတွေကိုထာပတ်သီးစားသုံးခြင်းဖြင့်ရရှိနိုင်ပါတယ်
11/07/2021
WHITE STRAWBERRY 🍓
WHITE STRAWBERRY ကိုအဓိကအားဖြင့် Alpine (Fragaria vesca) နှင့် Beach (Fragaria chiloensis) ဆိုပြီး အမျိုးအစားနှစ်မျိုးခွဲခြားထားပါတယ်။ Alpine (Fragaria vesca) ကို Europe မှာတွေ့ရပြီးတော့၊ Beach (Fragaria chiloensis) ဟာဆိုရင် Chile မှာ ပေါက်ရောက်တဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။
အဖြူရောင် စတော်ဘယ်ရီက အနီရောင်စတော်ဘယ်ရီ ထက်ပိုပြီး ကျန်းမာရေးနှင့် ညီညွတ်ပါတယ်။ အဖြူရောင်စတော်ဘယ်ရီသီးဟာ vit c ကြွယ်ဝတဲ့ အဓိကအရင်းအမြစ်ဖြစ်ပြီး Antioxidant ဓာတ်လဲလုံလုံလောက်လောက်ပါဝင်ပါတယ်။ ၎င်းကအအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ တုပ်ကွေးဖြစ်ပွားခြင်းကိုကာကွယ်ပေးနိုင်ပြီး ဘက်တီးရီးယားများကို တိုက်ခိုက်ရာတွင်လည်း အထောက်အကူပြုပါသေးတယ်။ ဟားဗတ်ဆေးတက္ကသိုလ်၏ လေ့လာချက်တစ်ခုအရ အဖြူရောင်စတော်ဘယ်ရီကို နေ့စဥ်စားသုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကိုများစွာလျော့နည်းစေနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။
အဖြူရောင် စတော်ဘယ်ရီကို အဓိကပါဝင်ပစ္စည်းအနေနဲ့ထည့်သွင်းပြီး skincare products များကိုလဲထုတ်လုပ်ခဲ့ကြပါတယ်။ အဓိကအားဖြင့် Collagen ကို ထုတ်လုပ်ပေးတာကြောင့် အသားအရေကိုနုပျိုစေပြီး အရေးအကြောင်းများကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
အခြားကောင်းကျိုးတွေကဆိုရင် --
🍓 အသားအရေကိုတောက်ပစေတယ်။
🍓 Collagen ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးတယ်။
🍓 Melanin ဓာတ်ကိုတိုးမြှင့်ပေးခြင်း။
🍓 အရေပြားပေါ်ရှိအညစ်အကြေးများနှင့် ဝက်ခြံကိုသက်သာစေခြင်း။
🍓 ခရမ်းလွန်ရောင်ခြည်မှကာကွယ်ပေးခြင်း။
🍓 အဆီပြန်ခြင်းကိုတားဆီးပေးခြင်း တို့ပဲဖြစ်ပါတယ်။
08/07/2021
Soap Maker တွေအတွက် pH Level အကြောင်း
ဒီအကြောင်းက အငြင်းပွားစရာ သဘောထားကွဲစရာများတဲ့ ခေါင်းစဉ်ဖြစ်လို့ ဖတ်ပီးတဲ့အခါမှာ မိမိသဘောကျသလို ဆုံးဖြတ်လုပ်ကိုင်နိုင်ပါတယ်။ အဓိကကတော့ ကုမ္ပဏီကြီးတွေရဲ့ pH Balanced ဖြစ်ရမယ်၊ ဒါမှအသားအရေအတွက်ဘေးကင်းကင်းသုံးနိုင်မယ်ဆိုတဲ့ သဘောထားနဲ့ Natural Handmade Soap ထုတ်လုပ်သူအများစုရဲ့ pH level 8-10 အတွင်းရှိတဲ့ ဆပ်ပြာတွေဟာ အသားအရေအတွက်ဘေးကင်းစွာ သုံးစွဲနိုင်တဲ့အပြင် ပိုလို့
တောင်မှ အကျိုးရှိပါသေးတယ်ဆိုတဲ့ ရှုမြင်ချက်တွေက ဆန့်ကျင်
ဘက်လုံးလုံးကိုဖြစ်နေကြပါတယ်။ ဒါပေမယ့် ဆပ်ပြာလုပ်တော့မယ်ဆိုရင် ဘက်နှစ်ဘက်စလုံးကိုသိထားသင့်တာမို့ ရေးရခြင်းဖြစ်
ပါတယ်။ နောက်တချက်က ဆပ်ပြာလုပ်မယ့်သူတွေအနေနဲ့ လုပ်ငန်းကို တရား၀င်လုပ်ကိုင်တဲ့အခါမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တင်ပြရမယ့်အချက်တခုအနေနဲ့ သိထားသင့်တာလဲပါပါတယ်။
pH (Potential Hydrogen) ဆိုတာ အရည်ရဲ့ acidity or alkalinity ကိုတိုင်းတာခြင်းပါ။ 0-14 အတွင်းသက်မှတ်ပါတယ်။ ပေါင်းခံရည်မှာဆိုရင် 7 ရှိပီး မျှခြေ (neutral) ဖြစ်ပါတယ်။ 7 ထက်နည်းရင် အက်ဆစ်အဖြစ်သက်မှတ်ပီး၊ အထက်ဆို
ရင်တော့ alkali/base အဖြစ်သက်မှတ်ပါတယ်။ လူ့အစာအိမ်မှာဆိုရင် Hydrochloric acid (HCI) ဟာ pH 1-2, အူသိမ်
ငယ်လေးမှာဆိုရင် 9, ပင်လယ်ရေဟာ ပျမ်းမျှခြင်း 8-8.4, Hydrochloric Acid – 0, Lemon Juice – 2, Baking Soda – 9, Milk of Magnesiaa – 10 ၊ အရေပြားက 5.5 ဖြစ်ပါတယ်။ အဲ့ဒီအရေပြားဆိုတဲ့သက်မှတ်ချက်မှာ ကွဲပြားတာဖြစ်ပါတယ်။
စမ်းသပ်ချက်အချို့အရ နိုင်ငံတကာမှာ အစိုးရရေလိုင်း ရေဘုံဘိုင်ကရေဟာ pH 6-8.5 လောက်ရှိပါတယ်။ ဘာဆပ်ပြာ၊ ဘာချေးချွတ် ပစ္စည်းမှမသုံးပဲချိုးရင်တောင် pH က နည်းနည်းတက်
လေ့ရှိပါတယ်။ လသားကလေးငယ်ကို ရေချိုးချိန် တိုင်းတာချက်အရ ဒီအတိုင်းရေပဲချိုးရင် 1.1 လောက်တက်ပီး၊ Handmade soap နဲ့ချိုးပေးရင် 1.2 လောက်တက်ပါတယ်။
အရေပြားသက်သက်ပေါ်မှာတော့ pH မရှိပါဘူး။ ရှိတာက Acid Mantle ဖြစ်ပီး pH 4.5-6.2 ဖြစ်ပါတယ်။ ဒါကိုပဲ Marketing point အနေနဲ့ skin pH ဆိုပီးပြောနေကြတာဖြစ်ပါတယ်။ ဒီ pH ပမာဏကလည်း လူမျိုး၊ အသက်၊ ကျား/မ၊ အလိုက်ကွဲပြားတက်သလို ခန္ဓာကိုယ်တခုတည်းမှာတင် နေရာအလိုက်
ကွဲပြားနိုင်ပါသေးတယ်။
အရေပြားဟာ တကယ်တော့ သဘာ၀အတိုင်းကိုက acidic ဖြစ်နေပါတယ်။ နေ့စဉ်ကြုံနေကျ ဘတ်တီးရီးယားတွေကို ကာကွယ်
နိုင်ဖို့ ဖြစ်ပါတယ်။ အရေပြားရဲ့လုပ်ဆောင်ချက်ဟာ တကယ့်အံ့ဘနန်းပါ။ အရေပြားကသူ့သဘာအတိုင်း acid secretion ကို ပုံမှန်ထုတ်လုပ်ပေး နေပါတယ်။ ဒါကို Acid Mantle လို့ခေါ်ဝေါ်ပါ
တယ်။ အရေပြားပေါ်က အဆီတွေ၊ အညစ်အကြေးတွေ၊ ပိုးမွှားတွေကို မှန်မှန်ကြီးသန့်စင်ပေးနေတဲ့အလွှာပါ။ သုတေသနများအရ
ဆပ်ပြာနဲ့ဆေးကြောပီးနောက် ၁၅ မိနစ်လောက်အတွင်းမှာတင်
ဆေးလိုက်တဲ့ဧရိယာ သုံးပုံတစ်ပုံလောက်ကို acid အကာအကွယ် ပြန်လည်ဖြည့်တင်းနိုင်ပီး 1-2 နာရီကြာအချိန်အတွင်း အားလုံးက
ို ပြန်လည်ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားရေဓါတ် မဆုံးရှုံး
အောင်လည်း ကာကွယ်ပေးပါတယ်။
ကုမ္ပဏီကြီးများရဲ့အမြင်ကတော့ pH 4.5-5.5 ဆပ်ပြာတွေကသာ ဒါမှမဟုတ် 7 အောက်ရှိတဲ့သန့်ရှင်းရေးသုံးပစ္စည်းတွေကသာ စိတ်ချ ရတယ်။ အသားအရေနဲ့သင့်တော်တယ်လို့ဆိုကြပါတယ်။
ထုတ်ကုန်မှာ ပါ၀င်တဲ့ ingredients တွေရဲ့အားသာချက်
အားနည်းချက်ထက် pH နိမ့် ဖို့ကအဓိကဖြစ်ပါတယ်။
Natural Handmade Soaper အမြင်ရှူထောင့်များ
- Low pH ဆပ်ပြာကိုပဲသုံးရမယ်လို့လဲ ဘယ်ဆေးဘက်ဆိုင်ရာ
အကြံပြုချက်ကမှ တိုက်တွန်းထားတာမရှိပါဘူး။
- pH 7-10 ဖြစ်တဲ့သဘာ၀ဆပ်ပြာက အရေပြားကိုဘေးမဖြစ်စေ
နိုင်တဲ့အပြင် ပိုတောင်သန့်စင်မှုပေးနိုင်ပါတယ်။
- သဘာ၀ဆပ်ပြာတွေဟာ အရေပြားကို ကြမ်းတမ်းစေနိုင်တယ်လို့ ခြောက်လှန့်နေကြပေမယ့် တကယ်တမ်းတော့ စျေးကွက်ထဲက
ဆပ်ပြာတွေထက် ပိုကောင်းနေတာ ဘယ်လိုမှမငြင်းနိုင်ပါဘူး။
- တကယ်တော့ pH ကိစ္စဟာ အရေပြားအတွက် တကယ့်ပြသနာမဟုတ်ပါဘူး။ တကယ့်ပြသနာက pH balanced ဖြစ်စေဖို့အတွက် ဆပ်ပြာ၊ ခေါင်းလျှော်ရည်တွေမှာ ထည့်လိုက်တဲ synthetic detergents တွေနဲ့ အခြားဓါတုပစ္စည်းတွေကသာ အရေပြားကို တကယ် ဒုက္ခဖြစ်စေတာဖြစ်ပါတယ်။
- စျေးကွက်မှာ အမြောက်အများရောင်းချနေတဲ့ ဆပ်ပြာတုံးတွေမှာ coconut ပမာဏအများအပြားပါ၀င်ခြင်း၊ အရောင်တုများ၊ အနံ့တု များပါ၀င်ခြင်းကြောင့် ဆပ်ပြာသုံးစွဲပီးနောက် အရေပြားခြောက်သွေ့
ကြမ်းတမ်းသွားလေ့ရှိသည်။
- စျေးကွက်ထဲက အခြားဆပ်ပြာနဲ့ cleanser တွေကိုလေ့လာချက်အရလည်း Acid မြင့်မားတဲ့ပစ္စည်းတွေကိုသုံးတာက Alkali မြင့်တဲ့ ပစ္စည်းကိုသုံးတာထက် ပိုပီးအရေပြားကို ယားယံစေတာတွေ့ရပါ
တယ်။ ဥပမာ- Johnson’s Baby Oat soap ဆိုရင် pH 12.35 လောက်ရှိပီး အရေပြားယားယံစေမှု အနည်းဆုံးအဖြစ် ရပ်တည်နေတာတွေ့ရမှာပါ။
- သဘာ၀ဆပ်ပြာမှာ alkali ပိုနေခြင်းဟာ ဆပ်ပြာကို မြန်မြန်မာ
ကြောစေပါတယ်။ သက်တမ်းပိုကြာကြာထားလို့ရပါတယ်။ အမြုတ် လည်း ပိုထွက်ပါတယ်။ ဒါပေမယ့် pH နည်းစေဖို့ Excess alkali နဲ့ Detergent ပေါင်းစပ်လိုက်ရင် sensitive skin type ကို အသား ခြောက်စေပါတယ်။ အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ Stratum cornium ဆိုတဲ့ အကာအကွယ်အလွှာကို ပျက်စီးစေ
နိုင်ပါတယ်။ ဒီအလွှာခြောက်သွားရင်အောက်ကအရေပြားလည်း
လိုက်ခြောက်သွေ့လာစေပါတယ်။
- တကယ်တော့ pH balanced ဆိုတဲ့ဝေါဟာရဟာ ကုမ္ပဏီကြီး
တွေက သူတို့ထုတ်တဲ့ပစ္စည်းတွေကို၀ယ်ဖို့ ကြော်ငြာတဲ့စကားလုံးမျှ သာဖြစ်ပီး သုံးစွဲမယ့်သူတွေကို ခြောက်လှန့်ဖို့ ရည်ရွယ်ထားတာသာ
ဖြစ်တယ်လို့ ပညာရှင်အတော်များများကဆိုကြပါတယ်။ ဒီနေရာမှာ ပညာရှင်ဆိုတာ ဓါတုဗေဒနဲ့ပတ်သက်ပီးတော့ တက်ကျွမ်းနားလည်တဲ့အပြင် ဓါတ်ခွဲခန်းအတွေ့အကြုံလည်း တကယ့်ကိုများများစားစားရှိနေကြတဲ့သူတွေကိုဆိုလိုပါတယ်။ ဘာလို့ဒီလိုမျိုး ကုမ္ပဏီကြီးတွေက ကြော်ငြာကြသလဲဆိုရင် Natural Handmade Soap စျေးကွက်ကို မကြီးထွားစေချင်လို့ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်
ဗီတာမင်ဖြည့်စွက်ဆေးဝါးတွေဟာ မသုံးစွဲသင့်ဘူးလို့ နိုင်ငံတကာ
ဆေးဝါးကုမ္ပဏီတွေနဲ့ဆရာ၀န်အများအပြားက ပြောဆိုတာနဲ့အလားတူပါပဲ။ စျေးကွက်ကြီးထွားလာမှာကို မလိုလားတာကြောင့် ခြောက်လှန့်တာမျိုးပါပဲ။
Natural Handmade Soap ပြုလုပ်သူများအတွက် သတိပြု
ရန်အချက်များ
- ကိုယ်လုပ်မဲ့ဆပ်ပြာ recipe ကကောင်းရမယ်။ လုပ်ရင်လည်း အဲ့ဒီအတိုင်းအတိအကျလုပ်နိုင်မှကောင်းတယ်။
- No Free lye ဆိုတာ 7-10 range ကိုဆိုလိုတာပါ။ ဒီအတွင်း
၀င်တဲ့ဆပ်ပြာဟာ အသုံးပြုဖို့ဘေးကင်းပါတယ်။ 10 အထက်ကို
ကျော်သွားရင်တော့ Free Lye တနည်းအားဖြင့် လုပ်တဲ့အဆီတွေနဲ့ဓါတ်မပြုပဲ ကျန်နေသေးတဲ့ lye ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ Lye Heavy ဖြစ်နေပါပီ။ အသုံးပြုရင် ချောမွတ်မှုမရှိပဲ ကြမ်းတမ်း
ခြောက်သွေ့မှုကိုဖြစ်စေမှာပါ။ ဒါကိုသတိထားဖို့က ထည့်သင့်တဲ့ Lye ပိုမသွားဖို့နဲ့၊ အဆီပမာဏထည့်သင့်တာထက် လိုမသွားဖို့ပါပဲ။ ဒါကြောင့် Lye calculator ကို သေသေချာချာအသုံးပြုဖို့လိုပါ
တယ်။
- Handmade soap pH ကို 7 ဒါမှမဟုတ် 7 အောက်က
ိုရောက်ဖို့ဆိုတာ emulsifier တမျိုးမျိုးမသုံးပဲနဲ့ ဘယ်လိုမှမရနိုင်ပါဘူး။
- Oils, Butter ကို NaOH/KoH နဲ့လုပ်ပီး higt superfat 8% လိုချင်ရင်တော့ pH နိမ့်နိမ့်ဘယ်လိုမှမရနိုင်ပါဘူး။ Citric acid 1-5% နဲ့ lactic acid ထည့်ရင်တော့ နည်းနည်းပိုကျလာပါလိမ့်မယ်။ ဒါပေမယ့် 4.5-5.5 ကိုတော့မရနိုင်ပါဘူး။ rebatch ထဲကို တခြား additives တွေထည့်လုပ်ရင်လည်း မရနိုင်ပါဘူး။ cleansing cream, lotion တွေမှာရပေမယ့် natural soap တွေမှာတော့မရပါဘူး။
pH ကိုစမ်းသပ်ဖို့နည်းလမ်း ၄ သွယ်
- လျှာနဲ့တို့ကြည့်တဲ့ မိရိုးဖလာနည်းဖြစ်ပါတယ်။ ဘက်ထရီခေါင်းကိုလျှာနဲ့တို့ကြည့်တဲ့ အထိအတွေ့ဆိုရင် Lye Heavy soap ဖြစ်နေတဲ့ သဘောပါ။ ခုနောက်ပိုင်းမသုံးကြတော့ပါဘူး။
- pH test strips နဲ့စမ်းသပ်တာဖြစ်ပါတယ်။ ဆပ်ပြာကို ပေါင်းခံရည်နဲ့ပွတ် ထွက်လာတဲ့ဆပ်ပြာရည်ကိုတိုင်းပီး သက်မှတ်ချက်
အတိုင်း မှန်းဆတာပါ။ သိပ်တော့မတိကျပါဘူး။ pH က လျော့နေ
လေ့ရှိပါတယ်။ ဆပ်ပြာတုံးကို နည်းနည်းခြစ်ချပီး ရေထဲမှာ အမြုတ်ထအောင်လုပ်ပီး pH စမ်းတဲ့အတံကိုနှစ်၊ သေချာစိမ့်၀င်တဲ့အထိနှစ်ပါ။ အခြားတဘက်မှာ အရောင်ပြောင်းလာပါလိမ့်မယ်။ ဒါကိုသူ့သက်မှတ် ချက်အရောင်အဆင့်နဲ့တိုက်ကြည့်နိုင်ပါတယ်။ ပုံမှန်ဆပ်ပြာတုံးတခုဟာ 8-10 အတွင်းမှာရှိတက်ပါတယ်။ တချို့ကလည်း 7-10 လို့ဆိုတာတွေရှိပါတယ်။
- စမ်းတိုင်း distilled water သာသုံးပါ။
- Phenolphthalein နဲ့စမ်းတာပါ။ သူက အရည်တမျိုးပါ။ Cure လုပ်ပီးသားဆပ်ပြာကို လှီး၊ အတွင်းသားပေါ်ကို တစက်လောက်ချ
ကြည့်ပါ။ Base နဲ့ထိတွေ့ရင် ပန်းရောင်ကိုပြောင်းပါတယ်။ အနု
အရင့်ပေါ်မူတည်ပါတယ်။ ရင့်ရင် pH များပါတယ်။ အရောင်မတက်လာဘူး၊ ပန်းရောင်နုတယ်ဆိုရင် safe to use soap ဖြစ်ပ
ါတယ်။ ဒါလဲ မတိကျပါဘူး။ ဒါပေမယ့် မြန်မြန်သိနိုင်တဲ့တနည်းပါ။
- တိတိကျကျဖြစ်ဖို့ဆိုရင်တော့ pH meter pen ဒါမှမဟုတ် အလားတူကိရိယာကိုသုံးနိုင်ပါတယ်။
- တကယ့်အကောင်းစား ဓါတ်ခွဲခန်းသုံးပစ္စည်းတွေနဲ့ စစ်ဆေးတာမျိုးမဟုတ်ရင် ရိုးရိုးသာမာန် pH test တွေဟာ တိကျမှန်ကန်မှုမရှိပါ ဘူး။
ခုရေးသားချက်တွေက လက်လှမ်းတမှီဖတ်ဖြစ်တာတွေထဲက လိုမယ်ထင်သလောက်ကိုပဲ ထုတ်နှုတ်ရေးသားထားတာမို့ ပညာရပ်တခုအဆင့်မဟုတ်တာ ၀န်ခံပါတယ်။ ဒါပေမယ့် လေ့လာစသူတွေအတွက်တော့ တစုံတရာအထောက်အကူပြုနိုင်မယ်လို့
ယုံကြည်ပါတယ်။
Credit to... K*K herbal land
08/07/2021
*ဘက်စုံသုံးဆပ်ပြာဆီလုပ်နည်း*
ပါ၀င်ပစ္စည်းများ
1. SLES - ဂျယ်လီလိုပုံစံအထုပ်........1 kg
2. SLS - ဂျုံမှုန့်လိုပုံစံ......................300g
3. NaCL - ဆားလိုပုံစံ......................600g
4. သန့်စင်ပြီသားရေသန့်..................13 Liter
5. အရောင်
6. အနံ့
ပထမဆုံး ရေ 12 literထဲကို SLES ထည့်ပြီး
ပျော်အောင်မွှေထားလိုက်ပါ။
နောက်ပုံးတစ်ပုံးထဲမှာရေ 1 liter ထဲ SLSထည့်မွှေပါ။
အမှုန့်ပျော်၀င်သွားသည်ထိ နာရီလက်တံအတိုင်းတဖက်တည်းမွှေပါ။
ပျော်၀င်သွားပြီဆိုတာနဲ့ SLES ပုံး ထဲရောထည့်လိုက်ပါ။
NACL ထည့်ပြီး ထက်မွေပါ။
အရောင်ထည့်အနံ့ထည့်ပါ။
နာရီလက်တံ လိုမွေပါ တဖက်ထဲမွေပါ မိနစ်၂၀ လောက်ထိမွေပြီးရင် ဆပ်ပြာမြုပ်တွေ တိမ်သွားအောင်လို့ တစ်ည ထားလိုက်ပါ နောက်နေ့သုံးလို့ရပါပြီ။
ဆပ်ပြာဆီ တစ်ဖုံ ကို 4200 ကနေ 5200 ထိ ရှိပါတယ်
ဆပ်ပြာဆီ တစ်ဖုံဆိုရင် 1 liter ဘူးနဲ့ 16 ဘူးထိ ရပါတယ် ဆပ်ပြာဆီ ကုန်ကြမ်းကို ရန်ကုန်မြို့
၂၇ လမ်း အလယ်ဘလောက်ဆိုင်တိုင်းနီးပါး၀ယ်ရပါသည်။
ONLINE မှာလဲ၀ယ်ယူနိူင်ပါသည်
မရှင်းပါက CB မှ မေမြန်းနိူင်ပါသည်
သေချာပြောပြပေးပါမည်။
ပညာဒါန ဖြစ်ပါသည်။
မိမိအတွက်မဟုတ်သည့်တိုင်အောင် သူတစ်ပါးအတွက် မသိသေးသောသူများအတွက်အကျိုးရှိမည်ဆိုပါက ဒီ Post လေးကို Share ပေးပါနော်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
1112