Diamond Nori Gold & Jewellery Shop

Diamond Nori Gold & Jewellery Shop

Share

အကောင်းဆုံးQuality Diamond Nori ၊စိန်ထည်တွေဝယ်မယ်ဆိုလျှင်Diamond Nori စိန်ဆိုင်ကြီးကိုသာသတိရလိုက်နော်

13/09/2026

ချစ်သူနှစ်ယောက်အတွက် အမှတ်တရဆိုတာ အထူးနေ့ရက်ကြီးတွေမှာပဲ ရှိတာမဟုတ်ပါဘူး 🤍

အတူရယ်မောခဲ့တဲ့နေ့၊ အတူထွက်ခဲ့တဲ့ Date လေးတစ်ခေါက်၊ နောက်ပြီး နှစ်ယောက်အတူ Match လုပ်ဝတ်ထားတဲ့ Jewelry လေးတစ်ခုကတောင် နောက်ပိုင်းမှာ ပြန်သတိရစရာ Moment တစ်ခု ဖြစ်လာတတ်ပါတယ် 💖

Pixiu ရဲ့ ကံကောင်းခြင်း၊ ကြွယ်ဝခြင်းနဲ့ ကာကွယ်စောင့်ရှောက်မှုဆိုတဲ့ အဓိပ္ပါယ် ကို နှစ်ယောက်အတူ မျှဝေဝတ်ဆင်ထားတဲ့အခါ ပိုပြီးထူးခြားတဲ့ Meaning တစ်ခု ရလာတတ်ပါသေးတယ် ✨

တစ်ယောက်က တစ်ယောက်အပေါ်ထားတဲ့ ကောင်းမွန်တဲ့အရာတွေ ဖြစ်လာစေချင်တဲ့ ဆန္ဒ၊ အတူတူတိုးတက်ချင်တဲ့ မျှော်လင့်ချက်၊ နောင်လာမယ့်နေ့ရက်တွေကိုလည်း အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တဲ့ စိတ်ကူးလေးတွေကို Pixiu Piece တစ်ခုနဲ့ ပိုပြီး အမှတ်တရဖြစ်အောင် ထားလိုက်ပါ 💛

တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းကို မျှဝေသလို၊ ကံကောင်းခြင်းတွေကိုလည်း နှစ်ယောက်အတူ မျှဝေဖို့ ✨

💎 Diamond Nori ရဲ့ Pixiu Jewelry Designs များနဲ့ မိမိနှစ်သက်ရာ Couple Pieces များအကြောင်း ပိုမိုသိရှိလိုပါက Chatbox မှာ တိုက်ရိုက်စာပို့နိုင်ပြီး၊ အောက်ပါဖုန်းနံပါတ်များမှလည်း အသေးစိတ်မေးမြန်းနိုင်ပါတယ်။
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏

#အကောင်းဆုံးQualityDiamondNori

04/09/2026

နေဝန်းနဲ့ လမင်းက ကိုယ်စီလမ်းကြောင်းတွေနဲ့ လှည့်ပတ်နေကြပေမယ့် အချိန်တစ်ခုရောက်လာတဲ့အခါ တစ်ကြောင်းတည်းမှာ ထပ်တူကျပြီး လှပတဲ့ Eclipse တစ်ခုကို ဖန်တီးပေးတတ်ကြစမြဲပါပဲ 🌙✨

အချစ်ဆိုတာလည်း အဲဒီလိုပါပဲ

မတူညီတဲ့နေရာတွေက စတင်လာခဲ့ကြတယ်
မတူညီတဲ့အတွေးတွေ၊ အကျင့်တွေ၊ အိပ်မက်တွေ ကိုယ်စီရှိခဲ့ကြတယ်

ဒါပေမယ့် တစ်ယောက်ဆီကိုတစ်ယောက် တဖြည်းဖြည်း နီးကပ်လာရင်း နားလည်မှုတွေ ပိုများလာပြီး၊ ကိုယ့်နေ့ရက်တွေထဲမှာ တစ်ယောက်က တစ်ယောက်အတွက် မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ် 💫

နေဝန်းနဲ့ လမင်း ထပ်တူကျတဲ့ အခိုက်အတန့်တစ်ခုလိုပဲ မတူညီတဲ့ နှလုံးသားနှစ်ခုလည်း တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ လှလှပပ ထပ်တူညီကျလာနိုင်ပါတယ် 💙

အဲဒီဆုံမှတ်လေးကို အမှတ်တရတစ်ခုအဖြစ်ပဲ သိမ်းထားမယ့်အစား နေ့တိုင်း အတူဝတ်ဆင်နိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် ရွေးချယ်ခဲ့တဲ့အချစ်ကို အမြဲသတိရနေစေဖို့ Diamond Nori ရဲ့ Couple Rings တစ်စုံနဲ့ နှစ်ယောက်ရဲ့ Eclipse Moment ကို သိမ်းထားလိုက်တော့နော် 💍✨

💎 Diamond Nori ရဲ့ Couple Ring Designs တွေထဲက ကိုယ်တို့နှစ်ယောက်နဲ့ အလိုက်ဖက်ဆုံး Design ကို ရွေးချယ်ချင်တယ်ဆိုရင် Chatbox မှာ စာပို့မေးမြန်းနိုင်သလို၊ အောက်ပါဖုန်းနံပါတ်များမှလည်း အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏

#အကောင်းဆုံးQualityDiamondNori

04/09/2026

အဖြေမှန်က … ??🧡

30/08/2026

နေ့တိုင်းဝတ်ဆင်မယ့် Accessories တွေဆိုတာ လှပနေရုံတင်မကဘဲ ကိုယ့်ရဲ့ နေ့စဉ် Style ထဲကို သဘာဝကျကျ ဝင်ဆံ့နိုင်ဖို့ လည်း အရေးကြီးပါတယ် ✅

Clean Line တွေ၊ သေသပ်တဲ့ Silver Finish နဲ့ မလိုအပ်တဲ့ Detail တွေ လျှော့ချထားတဲ့ Diamond Nori Men’s Handchains တွေက နေ့စဉ် Look ကို ခပ်တည်တည်နဲ့ ခန့်ညားစေပြီး ဝတ်လိုက်တိုင်း ပိုပြီး စနစ်ကျတဲ့ Impression တစ်ခုရစေပါတယ် ✨

Shirt နဲ့ဝတ်မလား၊ Tee တစ်ထည်နဲ့ ပေါ့ပေါ့ပါးပါး Match လုပ်မလား၊ အလုပ်သွားတဲ့နေ့ကနေ Weekend ထွက်တဲ့နေ့အထိ — ရိုးရိုးရှင်းရှင်းနဲ့ အမြဲလိုက်ဖက်နေမယ့် Design တစ်ခုဆိုတာ Men’s Jewelry Collection ထဲမှာ မရှိမဖြစ်လိုအပ်တဲ့ Piece တစ်ခုပါ ⌚️

🖤 မိမိ Style နဲ့လိုက်ဖက်မယ့် Men’s Handchain Design ကို ရွေးချယ်လိုပါက Diamond Nori Chatbox မှာ စာပို့စုံစမ်းနိုင်ပြီး၊ အသေးစိတ်အချက်အလက်များအတွက် အောက်ပါဖုန်းနံပါတ်များကိုလည်း ဆက်သွယ်နိုင်ပါတယ်
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏

#အကောင်းဆုံးQualityDiamondNori

26/08/2026

ချစ်တယ်ဆိုတာ စကားလုံးတွေနဲ့ပဲ ပြောပြရတာမဟုတ်ပါဘူး
သူ့အတွက် လိုက်ဖက်မယ့်အရာလေးကို သတိတရရွေးပေးတာ၊ ကိုယ်တိုင်တပ်ပေးတာ၊ အတူတူဝတ်ပြီး ပျော်ရွှင်ရတဲ့ Moment လေးတွေကလည်း ချစ်ခြင်းရဲ့ ပုံစံတစ်မျိုးပါပဲ ✨

တစ်ယောက်အတွက် တစ်ယောက်ရွေးချယ်ပေးထားတဲ့ Jewelry တစ်ခုဟာ တောက်ပလှပနေရုံထက် ပိုပြီး အဓိပ္ပါယ်ရှိတတ်ပါတယ်
ကြည့်လိုက်တိုင်း ဘယ်သူရွေးပေးခဲ့လဲ၊ ဘယ်နေ့မှာရခဲ့လဲဆိုတဲ့ အမှတ်တရတွေကိုပါ ပြန်သတိရစေတဲ့ Piece တစ်ခု ဖြစ်လာနိုင်လို့ပါ 🤍

Necklace ကနေ Bracelet၊ Ring အထိ ကိုယ့်အကြိုက်နဲ့ကိုယ်၊ သူ့အကြိုက်နဲ့သူ ရွေးချယ်နိုင်သလို နှစ်ယောက်အတူတူ ကိုယ်စားပြုမယ့် Design တစ်ခုကိုလည်း Diamond Nori မှာ ရှာဖွေနိုင်ပါတယ်

သူ့အတွက်၊ ကိုယ့်အတွက်၊ ၂ယောက်လုံးအတွက် ချစ်ခြင်းတိုင်းမှာ သိမ်းထားချင်စရာ အမှတ်တရတစ်ခုရှိနေစေဖို့ Diamond Nori က လက်၀တ်ရတနာလေးတွေက ဖြည့်စည်းပေးပါရစေ💎

✨ မိမိနှစ်သက်ရာ Jewelry Design များ၊ ရရှိနိုင်တဲ့ပုံစံများနဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက Diamond Nori Chatbox မှတစ်ဆင့် ဆက်သွယ်နိုင်သလို အောက်ပါဖုန်းနံပါတ်များကိုလည်း ဖုန်းဆက်မေးမြန်းနိုင်ပါတယ်
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏

#အကောင်းဆုံးQualityDiamondNori

25/08/2026

ယနေ့မျှဝေပေးမှာကတော့ တွင်းထွက်တွေမှာ ဖြစ်လေ့ရှိတဲ့ ကွဲအင်လို့ခေါ်တဲ့ (Cleavage) အကြောင်းပဲ ဖြစ်ပါတယ်ရှင်။

တွင်းထွက်တစ်ခုကို ထိခိုက်မိသည့်အခါ(သို့)ချိုးဖဲ့ကြည့်သည့်အခါမှာ တိကျပြတ်သားသောလမ်းကြောင်းများအတိုင်း ကျိုးပဲ့လျှင် ၎င်းလမ်းကြောင်းကို ကွဲအင်ဟု သတ်မှတ်ကြပါတယ်ရှင်။ကွဲအင်နှင့်အက်ရာက မတူညီကြပါဘူးရှင်။
မတူညီရတဲ့ အကြောင်းရင်းကတော့ ကွဲအင်မျက်နှာပြင်သည် ညီညာ၊ပြန့်ပြူးနေ‌ခြင်းကြောင့်ဖြစ်ပါတယ်ရှင်။ကွဲအင်သည် တွင်းထွက်၏ အနုမြူတည်ဆောက်ပုံနှင့်လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်ရှင်။

ကွဲအင်၏လက္ခဏာကို လချေးပြား(Mica)တွင် ထင်ရှားစွာ တွေ့ရနိုင်ပါတယ်ရှင်။အခြားတွင်းထွက်များတွင်လည်း ကွဲအင်များ ပါတတ်ပါတယ်ရှင်။သို့သော် လချေးပြား၌ကဲ့သို့ မထင်ရှား၍ သာမန်အားဖြင့် သိရန်မလွယ်ကူပါရှင်။

မာဆင့်မြင့်သော စိန်တွင်လည်း ကွဲအင်ရှိပါတယ်ရှင်။စိန်၏ကွဲအင်များသည် ရှစ်မျက်နှာတုံးပုံ၏ မျက်နှာပြင်များနှင့်အပြိုင် ရှိနေတတ်ပါတယ်ရှင်။
စိန်တွင်ကွဲအင်ရှိသလို အခြားကွဲအင်ရှိသော
တွင်းထွက်များကိုလည်း ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်ရှင်

1.Topaz(ဉဿဖယား၊ထပ်တရာ)
2. Feldspar(ကြွေကျောက်)
3.Calcite(ငုကျောက်)
4.Fluorite(ဓာတ်ရောင်ပြန်ကျောက်(ခေါ်)မိုးကုတ်ပုလဲ) စတဲ့ တွင်းထွက်များ ဖြစ်ပါတယ်ရှင်။

နောက်အပိုင်းတွေမှာလည်း စိန်၊ကျောက်မျက်နဲ့ ပတ်သက်ပြီး ဗဟုသုတရစရာတွေကို ဆက်လက်
မျှဝေပေးပါမယ်ရှင်။

#အကောင်းဆုံးqualitydiamondnori

16/08/2026

တစ်ခါတလေ ကိုယ့်ရဲ့ Style ကို ထင်ရှားစေဖို့ အများကြီးလိုအပ်တာမဟုတ်ပါဘူး ✨
အသေးစိတ် Detail လေးတွေမှာတောင် ကိုယ်ပိုင်အရသာနဲ့ ယုံကြည်မှုကို ဖော်ပြနိုင်တဲ့ Jewellry တစ်ခုရှိနေရုံနဲ့ လုံလောက်ပါတယ် 🤍

Warm Tone ရဲ့ ခမ်းနားမှု၊ တောက်ပနေတဲ့ Charm Detail လေးတွေနဲ့ ပေါင်းစပ်ထားတဲ့ ဒီ Necklace Design က ရိုးရိုး Outfit တစ်စုံကိုတောင် ပိုပြီး ပြည့်စုံသွားစေပြီး၊ ကိုယ်ဝတ်ဆင်တဲ့ပုံစံတိုင်းမှာ ကိုယ်ပိုင်ဟန်တစ်ခုကို ထင်ထင်ရှားရှား ချန်ထားနိုင်စေမယ့် Statement Piece တစ်ခုပါ 🌟

နေ့စဉ် Look ကို ပိုပြီးထူးခြားစေဖို့ပဲဖြစ်ဖြစ်၊ အရေးပါတဲ့ Occasion တစ်ခုအတွက် ကိုယ့် Style ကို တစ်ဆင့်မြှင့်ချင်တာပဲဖြစ်ဖြစ် — ကြည့်လိုက်တာနဲ့ မှတ်မိစေမယ့် Jewellry တစ်ခုက အမြဲတမ်း အသင့်တော်ဆုံးရွေးချယ်မှုပါပဲ

✨ Diamond Nori ရဲ့ လက်ဝတ်ရတနာဒီဇိုင်းများကို အသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့ Chatbox ကနေဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များမှဖြစ်စေ အသေးစိတ်မေးမြန်းနိုင်ပါတယ် ✨
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
#အကောင်းဆုံးQualityDiamondNori

08/08/2026

စိန်အကြောင်းနဲ့ပက်သက်ပြီး ယနေ့မျှဝေပေးမှာကတော့ အက်ရာ (သို့) ပဲ့ရာလို့ခေါ်တဲ့ (Fracture) အကြောင်းပဲ ဖြစ်ပါတယ်ရှင့်💎

သဘာဝတွင်းထွက်များ စတင်ဖြစ်ပေါ်ခဲ့စဉ်ကလည်းကောင်း၊ ထိခိုက်မိ၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အက်ရာများ ပါလာတတ်ပါတယ်ရှင်။

အကယ်၍ အက်ရာအရွယ်ကြီးမားသောကြောင့် ပဲ့သွားသည့်အခါမှာ စိန်၏မျက်နှာပြင်များသည် ယောက်သွားအခွံ၏ မျက်နှာပြင်များကဲ့သို့ အရစ်ရစ်တွေ ဖြစ်နေတတ်ပါတယ်ရှင်။၎င်းပဲ့ထွက်ရာများကို တွင်းထွက်ပညာရှင်များက ခရုပတ်အက်ရာ(Conchoidal Fracture) ဟု ခေါ်ကြပါတယ်ရှင်။
အက်ရာဖြစ်ပေါ်မှုသည် စိန်၏ အနုမြူတည်ဆောက်ပုံနှင့် မသက်ဆိုင်သလို၊ညီညာပြန့်ပြူးမှုလည်း မရှိနိုင်ပါဘူးရှင်။

စိန်မှာ ဖြစ်ပေါ်လေ့ရှိတဲ့အက်ရာကို Conchoidal Fracture ဟု ခေါ်ဆိုပြီး တခြားတွင်းထွက်တွေမှာ ဖြစ်ပေါ်တတ်တဲ့ Fracture အမျိုးအစားတွေကိုလည်း ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်ရှင်။

1. Conchoidal Fracture (ခရုပတ်အက်ရာ)
2. Even Fracture (အက်ရာချော)
3. Uneven Fracture (အက်ရာကြမ်း)
4. Hackly Fracture (အက်ရာထစ်)
5. Splinstery Fracture (မျှင်သားအက်ရာ)
တို့ ဖြစ်ပါတယ်ရှင်။

နောက်အပိုင်းတွေမှာလည်း စိန်နဲ့ပက်သက်တဲ့ ဗဟုသုတတွေကို ဆက်လက်မျှဝေပေးပါမှာဖြစ်လို့ Diamond Nori page လေးကို Like & Follow လေးလုပ်ထားပေးပါအုံးရှင့် 🧡

#အကောင်းဆုံးqualitydiamondnori

Photos from Diamond Nori Gold & Jewellery Shop's post 05/08/2026

လက်စွပ်တစ်ကွင်းရဲ့အနုပညာပြောင်မြောက်ခြင်းဆိုတာ ကိုယ်၀တ်ဆင်လိုက်တဲ့အခါ လိုက်ဖက်ညီပြီး ကိုယ့်ရဲ့ image ကိုပိုပြီး လေးလေးနက်နက်ထင်ဟပ်စေမှုနဲ့ တိုင်းတာလို့ရနိုင်ပါတယ် 🤍

Diamond Nori မှာဆိုရင် လက်စွပ်တစ်ကွင်းချင်းစီမှာ သူ့ဆွဲဆောင်မှုနဲ့ သူ ကိုယ်ပိုင်စတိုင်ကို ထင်ဟပ်နေစေတတ်တဲ့ Design မျိုးစုံရှိနေတဲ့ထဲကမှ ထူးခြားတဲ့ design လေးနှစ်ခုကိုတော့ ဒီနေ့မှ highlight လုပ်ပြီး တင်ဆက်ပေးလိုက်ရပါတယ် 🧡

Diamond Nori ၏ အဆင့်မြင့် စိန်ထည်၊ ရွှေထည် ရတနာများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
လူကြီးမင်းတို့၏ စိတ်ကူးထဲက ရတနာများကို ပုံဖော်ပေးရန် Diamond Nori မှ အသင့်ရှိနေပါမယ် 💎
Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်တယ်နော်။ 🧡

#အကောင်းဆုံးQualityDiamondNori

01/08/2026

တည်ငြိမ်မှု ပြတ်သားမှု လေးနက်မှုတွေဆိုတာ အမျိုးသားတစ်ယောက်မှာ ရှိသင့်တဲ့ လက္ခဏာတွေပါ 👔

ဒါတွေတင်မကသေးပဲ စစ်မှန်တဲ့ ကိုယ်ပိုင်ဟန်တစ်ခုပါ ရှိဖို့ဆိုရင်တော့ မိမိ၀တ်ဆင်မယ့် လက်၀တ်အဆင်တန်ဆာရဲ့ သေသပ်ရိုးရှင်းတဲ့ အသေးစိတ်လက်ရာတွေပေါ်မှာလည်းမူတည်သေးပါတယ် 🌟

Diamond Nori ရဲ့ အမျိုးသားဝတ်Hand Chainတွေကတော့ ခိုင်ခံ့မှုရှိပြီး နေ့စဉ်ဝတ်ဆင်ဖို့အတွက် သက်သောင့်သက်သာအရှိဆုံး ဖြစ်အောင် အထူးဖန်တီးထားတာ ဖြစ်ပါတယ် 🌟

ကျော့ရှင်းတဲ့ ဒီဇိုင်းနဲ့ ခိုင်ခံ့မှုတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ထားတာကြောင့် ပေါ့ပေါ့ပါးပါး စတိုင်လ်ကနေ အရေးကြီးတဲ့ လုပ်ငန်းခွင်အစည်းအဝေးတွေအထိ ဘယ်လိုနေရာမျိုးမှာမဆို ဝတ်ဆင်သူရဲ့ confidenceကို မြှင့်တင်ပေးမယ့် အဆင်တန်ဆာတစ်ခုဖြစ်နေမှာပါ 💼

Diamond Nori ၏ အဆင့်မြင့် စိန်ထည်၊ ရွှေထည် ရတနာများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါသည်။
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
လူကြီးမင်းတို့၏ စိတ်ကူးထဲက ရတနာများကို ပုံဖော်ပေးရန် Diamond Nori မှ အသင့်ရှိနေပါသည်။ 💎 Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ပါသည်။ 🧡

#အကောင်းဆုံးQualityDiamondNori

Telephone

Website

Address


Junction City ( Corner Of Bogyoke Aung San Road & Shwe Dagon Pagoda Road ) , 1st Floor/Shop (02-062/063)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Diamond Nori Gold & Jewellery Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.