NSL
Wat haymonkon
10/12/2024
25/09/2024
Cele Gabar ဆယ်လီတို့ရဲ့ကမ္ဘာ ဆယ်လီကမ္ဘာ
25/09/2024
နပိုလီယံ စစ်ရှုံးတဲ့အခါမှာ သူ့ကို စိန့်ဟယ်လီနာကျွန်းမှာ အကျဉ်းချထားတယ်။
ရှုံးနိမ့်မှုကို ဘယ်တုန်းကမှ မသိခဲ့တဲ့ ဧကရာဇ်ကြီးဟာ သူ့ရန်သူတွေကို ရှုံးနိမ့်ပြီး ကျွန်းသေးလေးမှာ အကျဉ်းခံနေရတယ်။
အဲ့ဒိကျွန်းလေးပေါ်မှာနေရင်း သူဟာ မနက်ခင်းတိုင်း သူ့ရဲ့ဆရာဝန်နဲ့အတူ လမ်းလျှောက်ထွက်တယ်။
တစ်မနက်မှာ ကွင်းစပ်က ကန်သင်းရိုးကလေးမှာ လမ်းလျှောက်ရင်း သူတို့နဲ့ မျက်နှာချင်း ဆိုင်ကနေ လယ်သူမ တစ်ယောက် လျှောက်လာတယ်။
နပိုလီယံရဲ့လမ်းမှာပိတ်မနေဖို့ ဆရာဝန်က လယ်သူမကို အော်လိုက်တယ်။ဒါပေမယ့် နပိုလီယံက သူ့ဆရာဝန်ကို တားလိုက်ပြီး
"နပိုလီယံကို လမ်းဖယ်ပေးရမယ့်အချိန်ဟာ ကုန် သွားခဲ့ပြီ မိတ်ဆွေ။အခုအချိန်မှာတော့ နပိုလီယံ ဟာ လယ်သူမကိုတောင် လမ်းဖယ်ပေးရတော့မှာ" လို့ ပြောလိုက်တယ်။
နပိုလီယံဟာ ဥာဏ်ကြီးတယ်၊ သူဟာ အောင်မြင်တဲ့အခါမှာရော ရှုံးနိမ့်တဲ့အခါမှာပါ ဘဝဟာပြောင်းလဲ နေတယ်ဆိုတာကို သဘောပေါက်တဲ့လူ ဖြစ်တယ်။
သင်ခန်းစာ။ ။ ကိုယ်ဘယ်ရောက်နေလဲ ကိုယ့်အဆင့်ကိုယ်သိဖို့ လိုသလို အရှုံးကို လက်ခံနိုင်တဲ့ အရည်အချင်းလည်းရှိရမယ်။
Credit - Osho
08/09/2024
29/06/2024
Click here to claim your Sponsored Listing.
Category
Website
Address
Yangon