Boom Beauty by Thet Thet

Boom Beauty by Thet Thet

Share

Boom products

Photos from Boom Beauty by Thet Thet's post 07/08/2021

❤️BOOM COLLAGEN❤️

👉Boom Collagen မှာ ဘာတွေ ပါသလဲ?

ပါဝင်တဲ့ အရာတွေကတော့ အစာအိမ် နဲ့ အူနံရံက အလွယ်တကူ စုပ်ယူနိုင်တဲ့ fish collagen အမျိုးအစားကို ရွေးချယ်ထားပါတယ်။ ပြီးတော့ အသားရည်လှပစေတဲ့ vitamin C ရွယ်ဝတဲ့ လိမ္မော်।မာလကာ। နာနတ်। စပျစ်သီး၊သံပုရာ। ကီဝီသီးစတဲ့အသီးနှံများအပြင် co enzy Q10လည်းပါဝင်ပေါင်းစပ်ထားပါတယ်

👉Boom Collagen သောက်ရခြင်း ကောင်းကျိုး🌸

၊အသားရေတင်းရင်းဖို့। နုပျိုဖို့ လိုအပ်တဲ့ ကော်လဂျင် ကို ပုံမှန် မှီဝဲ ပေးခြင်းဖြင့် မျက်နှာ အရေကြောင်း ပေါ်ခြင်း। အသားရည် တွဲကျခြင်း। ချွေးပေါက်ကျယ်ခြင်း। ဝက်ခြံအမာရွတ်များလျော့ကြစေခြင်း၊ဝကါခြံဖြစ်မလာအောင်တို့ကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် ကော်လဂျင် မှီဝဲခြင်းဟာ ဆံပင်ကျွတ်သူတွေ အတွက်လဲ အကျိုးရှိပါတယ်။နေရောင်ကာဆေးအနေနဲ့လည်းသုံးစွဲနိုင်ပါတယ်

👉Boom Collagen သောက်နည်း

တနေ့တာ အတွက်သောက်သုံးရန်300ml ပါတဲ့ ပုလင်း သောက်ပေးရန် သတ်မှတ်ထားပါတယ်

မဖြစ်မနေ မနက် အိပ်ယာနိုးနိုးချင်း သောက်ပေးရပါမယ်။( ဗိုက်ထဲမှာ အစာမရှိခင် ကော်လဂျင် သောက်ပေးခြင်းက အထိရောက်ဆုံး ဖြစ်ပါတယ်။

မအားလပ်တဲ့သူများကတော့ညအိပ်ယာမဝင်ခင်လည်းသောက်ပေးနိုင်ပါတယ်

RRICE - 32000 for 1 box
09420218380
Come cb

15/07/2021

~Home Care for Covid 3rd Wave~

ဒီလိုအ​ခြေအ​နေဆိုးမှာ ကိုယ်ခံအားကို အားကိုးပီး​ပဲရောဂါကိုတိုက်ထုတ်ရ​အောင်

​ဒီရက်ပိုင်း ဆုံးရှုံးသွားရတဲ့အသက်​တွေ အများကြီးရှိ​နေသလို လုံးဝ နေပြန်​ကောင်းလာတဲ့ သူငယ်ချင်း​မိတ်​ဆွေ​တွေလည်း အများကြီးရှိပါတယ်

အိမ်တိုင်းလိုလိုနီးပါး Covid positive ​တွေဖြစ်လာကြ​တော့ အားလုံးစိတ်ပူပင်​နေကြတာ​တွေကို နီနီတို့အရမ်း စိတ်မ​ကောင်းဖြစ်​ရပါတယ် ... ကိုယ်သိတာ​​လေး​တွေကို​ရေး​တင်မယ် ​​နောက်လည်းခွန်အားဖြစ်​စေတာ လိုတာ​လေး​တွေတင်​ပေးပါမယ်​နော်

အဓိကက​တော့ Oxygen ပြသာနာလို့မြင်​နေကြတဲ့အ​ပေါ် ဘယ်လို အိမ်မှာ Home Care Treatment ​ပေးနိုင်မလဲ ဘယ်လို​တွေ ​နေထိုင်သင့်သလဲဆိုတာ​တွေကို နီနီနဲ့ ညီမ​​လေး Dr.Saw Yu တို့နှစ်​ယောက်တိုင်ပင်ပီး ​ရေးတင်​ပေးလိုက်ပါတယ်

ပထမဦးစွာအ​နေ​အောက်မှာ​ဖော်ပြထားတဲ့နဲ့ Covid Positive ရဲ့ လက္ခဏာတွေတခုခု​သော်လည်း​ကောင်း အားလုံးလည်း​ကောင်း​တွေ့ခဲ့ရင်
***အရမ်း မစိုးရိမ်ပဲနဲ့ Treatment ​လေး​တွေ စပြီး လုပ်​စေချင်ပါတယ်****
(စိုးရိမ်မှုလွန်ကဲခြင်းဟာ Oxygen Level ပိုလို့ကျ​စေနိုင်ပါတယ်)
Signs and Symptoms
~~~~~~~~~~~~~~~~
Positive ဖြစ်တဲ့သူနဲ့ ထိ​တွေ့မှုရှိထားပီး
-စဖျားလာရင်
-ကြွက်သားတွေ ညောင်းညာကိုက်ခဲလာရင်
-ချောင်းဆိုး
-ခေါင်းကိုက်
-မျက်လုံး ရဲ/နာ
-ဝမ်းပျက်ရင်
-အနံ့ပျောက် အရသာပျောက်ရင်
-ခန္ဓာကိုယ်မှာ အနီစက်များပေါ်လာခဲ့ရင်
-ဆီးချိုလုံးဝ ထိန်းမရင်

ဘယ်လိုလူ​တွေ ပိုပြီး ဂရုစိုက်သင့်သလဲ?
~~~~~~~~~~~~~~~~~~~~~~
-က​လေးသူငယ်များ / သက်ကြီးရွယ်အိုများ
-ခုခံအားကျထားသူများ
-ရောဂါအခံ ရှိထားသူများ(နှလုံး,​သွေးတိုး,ဆီးချို, အဆုတ်​ရောဂါ,ကင်ဆာ​ရောဂါ စသည်ဖြင့်....)ပ်ုဂရုစိုက်သင့်ပါတယ်

အိမ်မှာဘယ်လိုSupportive Care ​တွေလုပ်​ပေးနိုင်လဲ?
~~~~~~~~~~~~~~~~~~~~~~~~
​သံသယဖြစ်စရာရောဂါလက္ခဏာတခုခု​တွေ့ခဲ့မယ်ဆိုရင်
​Self Quarantine
-၁၄ရက်ပြည့်အောင် သီးခြားခွဲထားရန်
-တစ်ယောက်ထဲ သီးသန့် အသုံးအဆောင် အိမ်သာ သုံးရန် ( အတတ်နိုင်ဆုံးပါ, မရှိရင် Mask ၂ထပ်တပ်ပြီး​တော့​နေပြီး အသုံးပြုနိုင်ပါတယ် တံခါးလက်ကိုင်​တွေနဲ့ ထိ​တွေ့ခဲ့တဲ့​နေရာ​တွေအားလုံးကို အရက်ပြန် နဲ့ဖြန်း​ပေးပါ)
-လေဝင်လေထွက်ကောင်းတဲ့​နေရာမှာ​​နေပါ တံခါး​တွေ ဖွင့်ထား​ပေးပါ
-အာဟာရပြည့်ဝစွာ စားသောက်ပါ(ကြက်ပေါင်း,ငှက်သိုက်, Vitamin C ပြည့်ဝ​သောအသီးအနှံ)
-ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ
-ဓါတ်ဆားသောက်ပါ
-Oximeter-SPO2,
Blood Pressure Monitor( ​သွေး​ပေါင်ချိန်),Temperature တိုင်းရန် ​​တ​နေ့ ၃ -၄ ကြိမ်တိုင်း​ပေးပါ
OximeterမှSPO2-Oxygen 90 အောက် ရောက်လာမှသာ Oxygen စ​ပေးဖို့လိုပါမယ်
(***ဒါ​ကြောင့်မို့ Positive ဖြစ်သူတိုင်း Oxygen လုံးဝလိုအပ်တယ်ဆိုတာ မဟုတ်ပါဘူး****)
လူငယ်​တွေနဲ့ကိုယ်ခံအား​ကောင်းသူ​တွေမှာ Oxygen မကျပဲ ပြန်​ကောင်းလာနိုင်ပါတယ်
ဒါ​ကြောင့်မို့ Oxygen အိမ်တိုင်းအလျင်စလိုဝယ်တာ​ဆောင်တာ​တွေလုပ်ဖို့ မလိုပါဘူး

ဘာ​ဆေး​တွေ ​ဆောင်ထားသင့်လဲ???
~~~~~~~~~~~~~~~~~~~
ဖျားရင်-Paracetamol တစ်နေ့ ၃ကြိမ်( အစာနှင့်)
(အစာအိမ်ရောဂါ အခံရှိရင် Pantocid or Omez နဲ့တွဲသောက်ပါ)

နှာစေးရင်~
Dazit or Lorantidine 5 mg ၁လုံး တ​​နေ့ ၂ကြိမ် ​သောက်နိုင်ပါတယ်

လည်ပင်းနာလျှင်~
Betadine throat spray အာ​ခေါင်ကိုဖြန်းပါ
-Mybacin lozanges
-ရေနွေးနဲ့ ဆား အာလုတ်ကျင်းပါ

ချောင်းဆိုရင်~
bronchest or attusin tablets တနေ့၃ကြိမ်

အဖျားကြီးရင် ရေပါတ်တိုက်ရန်(နဖူး,ဂျိုင်းကြား,ပေါင်ခြံကြား) ရေအေးဝတ်နဲ့တိုက်ပါ

ကိုယ်ခံအားမြှင့်တင်​ပေးတဲ့​ဆေးဝါး​တွေကို ​တ​​​နေ့တလုံး​​​သောက်နိုင်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~
-ImunActiv or immusense ၁နေ့၁ကြိမ်
-Enervon C or vitacee တစ်နေ့တစ်ကြိမ်သို့မဟုတ် VitaminC 500mg
- Vitamin D3 20mg
- Becozinc တ​နေ့ တလုံး ​​​သောက်ပါ

​Positive မဖြစ်​သေးတဲ့သူ​​တွေဘယ်လိုကာကွယ်ကြမလဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~
-ကိုယ်ခံအားကောင်းအောင်
အာဟာပြည့်အောင် စားသောက်ပါ
-အိပ်ရေးဝအောင် အိပ်စက်ပါ
- ကျန်းမာ​ရေး ညွှန်ကြားချက်များ အမြဲလေ့လာပါ
-အပြင်သွားရင် သို့မဟုတ် ​ရောဂါရှိသူနဲ့အိမ်မှာ တူတူ​နေရရင်Double Mask အမြဲဝတ်ဆင်ပါ
-၆​ပေအကွာမှ စကားပြောပါ
-အတတ်နိုင်ဆုံးအိမ်မှာ​နေပါ
-လက်ကိုခဏခဏဆေးပါ
-အရက်ဖြန် Spray , Hand Sanitizer အမြဲသုံးပါ
-နှာစေးချောင်းဆိုးရင် ပုဝါကာပါ Mask တပ်ထားပါ
-မိမိကစ ကာကွယ်ဖို့လိုပါမယ်
-တရားထိုင်ပါ
-အသက်ရှူလေ့ကျင့်ခန်း တစ်ခုခုလုပ်ရန်(အဆုတ်သန့် အဆုတ်အားကောင်းစေသော)

****အ​ရေးအကြီးဆုံးက​တော့ Facebook ​ပေါ်က စိုးရိမ်စရာ သတင်း​တွေ​ကြောင့် စိတ်ဖိစီးမှု​​တွေ စိုးရိမ်မှု​တွေ ​​လျှော့ချ​စေချင်ပါတယ်******

စိတ်နဲ့ ကိုယ်ခံအားနဲ့ အရင်တိုက်ရမယ့်​ရောဂါပါ​နော်
-ချစ်ခင်ရတဲ့သူ​တွေ နဲ့ မိတ်​ဆွေ​တွေကို အား​ပေးစကား အမြဲ​ပြော​ပေးပါ​နော်

​အားလုံး ​​ရောဂါကပ်ဆိုး​တွေ အဆိုး​တွေကြားမှာ စိတ်ဓါတ်ခိုင်မာစွာနဲ့ ​ကျော်ဖြတ်ကြရပါမယ်
အားတင်းထားပါ မြန်မာ🙏🙏🙏

(ပုံစာ _ ​​ဆေး​ကျောင်းသူဘဝ ၂၀၁၁_၂၀၁၂)

01/02/2021

ညပိုင်းမီးဖြတ်မယ်ကြားတယ်။
အိမ်တွေမှာရေတင်ထားပါ။
ဖုန်းအားတွေသွင်းထားကြပါ။
လိုအပ်တာတွေapkတွေဒေါင်းထားပါ။
စားစရာတွေဖြည့်ထားပါ။
အင်တာနက်လိုင်းတွေပြန်ပိတ်မယ်ကြားတယ်။
နိုင်ငံတကာဝင်လာဖို့ရှိတယ်။
အခြေနေတွေပိုရှုပ်ထွေးမယ်။
အိမ်တံခါးတွေလုံခြုံစွာပိတ်ထားပါ။
လမ်းသွားရင်တယောက်ထဲမသွားကြပါနဲ့။

04/11/2020

🙆‍♀️💖 Omo Omo.... ရဲ့ New + ​လေး ​နောက်အပတ်လာ​တော့မယ်နော် yayyyyy 👏👏👏🥰🥰🥰

💟💟 အရမိးချစ်ဖို့​ကောင်းတဲ့ Packaging ပန်း​ရောင်နု​လေးနဲ့တင်​ ကြွေဆင်းသွားမယ် အထဲက quality က​တော့​ပြောစရာကိုမလိုတာ 🙈🙈❤❤

🇰🇷Korean လိုဘာ​​ရေးထားလဲ သိချင်ကြလား⁉️⁉️⁉️

နောက်အပတ်​ရောက်ရင်​ပြောပြမယ်​နော် 💞💞

🔥🔥 အခု​တောင် Pre Order တင်တာဗူး 20,000 ​လောက်ဘူးရယ် 😜😜 အခု 40,000 မှာလိုက်ရပြီ 🇲🇲 မြန်မာပြည်ရဲ့ Online မှာနံပတ် 1 Collagen ဖြစ်​နေပြီ​နော် 💯💯💯👏👏👏👏🥰🥰🥰🥰🥰

04/11/2020

နံနက်အိပ်ရာထခါစမှာ ရေသောက်ပါ။
--------------ဒေါက်တာခင်မိုးမိုး
နံနက်အိပ်ထခါစမှာ အောက်ပါအတိုင်းရေသောက်တာက သင့်အတွက် ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရရှိနိုင်ပါတယ်။
- အိပ်ရာထထချင်း သွားမတိုက်ခင် ရေလေးဖန်ခွက်သောက်ပါ။ တစ်ဖန်ခွက်နဲ့ အကျင့်စလုပ်ပြီး နောက်ရက်တွေမှာ တိုးတိုးပြီးသောက်ပါ။
- ရေသောက်ပြီး ၄၅ မိနစ်အတွင်း ဘာမှမစားပါနဲ့။
- ၄၅ မိနစ်နောက်ပိုင်း ပုံမှန် အတိုင်းစားသောက်ပါ။

ရရှိနိုင်သောကောင်းကျိုး
-------------------------
#ဇီဝရုပ်ဖြစ်စဉ်ပိုမိုကောင်းမွန်နိုင်ပါတယ်။
ဒီအကျင့်ပြုလုပ်ပြီး ရက်အနည်းငယ်အကြာမှာ မကြာခဏဗိုက်ဆာနေတာမျိုး မရှိနိုင်တော့ပါ။ တစ်စွတ်စွတ် စားချင်စိတ် လျော့နည်း သွားနိုင်ပါတယ်။

#ကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။
အစာခြေစနစ်လုပ်ငန်းစဉ် နှေးကွေးတာရယ်၊ ဗိုက်မဆာတော့တာရယ်ကြောင့် ကိုယ်အလေးချိန် ကျဆင်းနိုင်ပါတယ်။

#ပိုမိုလန်းဆန်းပြီးကျန်းမာရေးပိုကောင်းမွန်နိုင်ပါတယ်။
အိပ်ရာထခါစ ရေသောက်တာက ကိုယ် တွင်းအဆိပ်အတောက်ကို အလွယ်တကူ ဖယ်ရှားနိုင်တာကြောင့် ပေါ့ပါးလန်းဆန်း နိုင်ပါတယ်။

#ရင်ပူဝေဒနာသက်သာနိုင်ပါတယ်။
ဒီအကျင့်ကြောင့် အစာမကြေတာနဲ့ ရင်ပူဝေဒနာ သက်သာနိုင်ပါတယ်။

#အရွယ်တင်နုပျိုနိုင်ပါတယ်။
ဒီအကျင့်ကြောင့် မျက်နှာပေါ်က အရေးကြောင်းတွေ ပျက်ပြယ်သွားပြီး အသားအရေစိုပြည်တောက်ပြောင် ဝင်းလက်ကာ အရွယ်တင်နုပျိုနိုင်ပါတယ်။

#ဆံသားကျန်းမာနိုင်ပါတယ်။
ဆံသားအဖျားနှစ်ခွဖြစ်လွယ်သူ၊ ဆံသားကျိုးလွယ်သူ၊ ဆံပင်ကျွတ် လွယ်သူတွေက ဒီအကျင့်ကို ပြုလုပ်နိုင်ရင် ဆံသားတောက်ပြောင်ပြီး ဆံပင်အကျွတ် နည်းနိုင်ပါတယ်။

#ဆီးလမ်းကြောင်းပိုးဝင်ရောဂါမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။
မကြာခဏ ဆီးလမ်းကြောင်းပိုးဝင် ရောဂါ ဖြစ်တတ်သူတွေက ဒီအကျင့် ကို ပြုလုပ်ပေးနိုင်ရင် ပိုးသတ်ဆေး သောက်စရာတောင် မလိုတော့ပဲ ရောဂါသက်သာ နိုင်ပါတယ်။

#ဖျားနာခြင်းကင်းဝေးနိုင်ပါတယ်။
ဒီအကျင့်က ခုခံအားစနစ်ကိုကောင်းမွန်စေနိုင်တဲ့ အတွက် ဖျားနာခြင်း ကင်းဝေးနိုင်ပါတယ်။

စာဖတ်သူအားလုံး ကိုဗစ်အန္တရာယ်မှ လွတ်ကင်းပြီး ကျန်းမာကြပါစေ။

crd

25/09/2020

🚩BoomCoffee ထဲမှာပါဝင်သောChia Seeds အကြောင်း

🖤 High in Fibre
Chia Seeds မှာ Fibre ပါဝင်နှူန်း အလွန်များလွန်းတာကြောင့် ရေကို ၎င်း၏အလေးချိန်ထက် ၁၀ဆစုပ်ယူနိုင်ပါတယ်။ ထို့ကြောင့် အစာခံပြီး အစားအလွန်အကျွန်စာသုံးခြင်းကို ကာကွယ်ပေးပါတယ်။

လက်ဖက်ရည် ၂ဇွန်း Chia Seeds မှာ Fibre 10.0g ပါရှိပါတယ်။ ဒါဟာ လူတစ်ယောက် တစ်ရက်မှာ လိုအပ်တဲ့ Fibre ပမာဏရဲ့ ၄၀% ဖြစ်ပါတယ်။ Fibre ပါဝင်နှူန်းမြင့်မှူကြောင့် ၀မ်းပုံမှန်သွားစေပြီး ခန္ဓာကိုယ်ရဲ့ အပူအပုပ်တွေကို ဖယ်ရှားပေးပါတယ်။ Carbohydates လည်း အလွန်နည်းပါးပါတယ်။

🖤 High in Protein
Chia Seeds မှာ Protein ပါဝင်နှူန်းလည်း များပါတယ်။ ထို့ကြောင့် Chia Seeds စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အဆီမတိုးပဲ muscle ဖြစ်စေခြင်းကို အထောက်အကူဖြစ်စေပါတယ်။ လက်ဖက်ရည် ၂ဇွန်း Chia Seeds မှာ Protein 4.7g ပါရှိပါတယ်။ ထို့ကြောင့် သင့်တစ်နေ့တာအတွက် လိုအပ်တဲ့ Energy ပမာဏကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Chia Seeds ဟာ Protein Drinks တွေထက် ဈေးပေါတဲ့ Protein Source ဖြစ်လို့ တစ်ချို့အားကစားသမားများက အစားထိုးအသုံးပြုကြပါတယ်။ Protein Drinks တွေ၊ နို့ထွက်ပစ္စည်းတွေကြောင့် ဖြစ်ပေါ်စေတဲ့ ၀က်ခြံတွေက ကင်းဝေးစေမှာပါ။

🖤 High in Omega 3 Fatty Acids
Chia Seeds ဟာ အပင်က Omega 3 အများဆုံးရနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ Omega 3 ဟာ ခန္ဓာကိုယ်အတွက် လွန်စွာအထောက်အကူပြုတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ Omega 3 ဟာ နှလုံးသွေးကြောကျဉ်းသူများ၊ အရိုးအဆစ်ကိုက်ခဲသူများအတွက် အလွန်သင့်တော်တဲ့ အစားအစာဖြစ်ပါတယ်။

🖤 High in Calcium
Chia Seeds မှာ Calcium ပါဝင်မှူများခြင်းကြောင့် Chia Seeds တစ်ခွက် သောက်သုံးခြင်းက နွားနို့တစ်ခွက်သောက်သုံးခြင့်နှင့်ညီမျှပြီး အဆီတက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။

Credit: Culture for Health, Organic Vegan Super Food

Photos from Boom Beauty by Thet Thet's post 18/09/2020

❤️BOOM COLLAGEN❤️

👉Boom Collagen မှာ ဘာတွေ ပါသလဲ?

ပါဝင်တဲ့ အရာတွေကတော့ အစာအိမ် နဲ့ အူနံရံက အလွယ်တကူ စုပ်ယူနိုင်တဲ့ fish collagen အမျိုးအစားကို ရွေးချယ်ထားပါတယ်။ ပြီးတော့ အသားရည်လှပစေတဲ့ vitamin C ရွယ်ဝတဲ့ လိမ္မော်।မာလကာ। နာနတ်। စပျစ်သီး၊သံပုရာ। ကီဝီသီးစတဲ့အသီးနှံများအပြင် co enzy Q10လည်းပါဝင်ပေါင်းစပ်ထားပါတယ်

👉Boom Collagen သောက်ရခြင်း ကောင်းကျိုး🌸

၊အသားရေတင်းရင်းဖို့। နုပျိုဖို့ လိုအပ်တဲ့ ကော်လဂျင် ကို ပုံမှန် မှီဝဲ ပေးခြင်းဖြင့် မျက်နှာ အရေကြောင်း ပေါ်ခြင်း। အသားရည် တွဲကျခြင်း। ချွေးပေါက်ကျယ်ခြင်း। ဝက်ခြံအမာရွတ်များလျော့ကြစေခြင်း၊ဝကါခြံဖြစ်မလာအောင်တို့ကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် ကော်လဂျင် မှီဝဲခြင်းဟာ ဆံပင်ကျွတ်သူတွေ အတွက်လဲ အကျိုးရှိပါတယ်။နေရောင်ကာဆေးအနေနဲ့လည်းသုံးစွဲနိုင်ပါတယ်

👉Boom Collagen သောက်နည်း

တနေ့တာ အတွက်သောက်သုံးရန်300ml ပါတဲ့ ပုလင်း သောက်ပေးရန် သတ်မှတ်ထားပါတယ်

မဖြစ်မနေ မနက် အိပ်ယာနိုးနိုးချင်း သောက်ပေးရပါမယ်။( ဗိုက်ထဲမှာ အစာမရှိခင် ကော်လဂျင် သောက်ပေးခြင်းက အထိရောက်ဆုံး ဖြစ်ပါတယ်။

မအားလပ်တဲ့သူများကတော့ညအိပ်ယာမဝင်ခင်လည်းသောက်ပေးနိုင်ပါတယ်

RRICE - 32000 for 1 box
09420218380
Come cb

18/09/2020

Good Morning!🌞🌞
Have a nice friday!!💖🌸🌸

10/09/2020

Covid 19 ကာကွယ်ဆေး (၁)လုံး ရဲ့ တန်ဖိုး ဘယ်လောက်ရှိနိုင်မလဲ။(ခန့်မှန်းချက်)

Covid 19 ကာကွယ်ဆေးဟာ တစ်ကမ္ဘာလုံးရှိ နာမည်ကျော် ဆေးကုမ္ပဏီကြီးများ အပြိုင်အဆိုင် ထုတ်လုပ်ဖို့ ကြိုးစားနေကြပါတယ်။ရှေ့ဆုံးရောက်နေတဲ့ ဆေးကုမ္ပဏီကြီးတွေကတော့ AstraZeneca,Johnson&Johnson,BioNTech,GlaxoSmithKline ,Pfizer,Merck,Moderna,Sanofi နဲ့ Novavax တို့ ဖြစ်ကြပါတယ်။

ကဲ ဆေးတန်ဖိုးကို ခန့်မှန်းကြည့်ရအောင်😁

AstraZeneca နဲ့ Oxford တက္ကသိုလ်ကထုတ်တဲ့ Covid 19ကာကွယ်ဆေးကို Australia က သူ့နိုင်ငံသားတွေအတွက် ဆေးအလုံးရေ ၈၄ သန်း မှာထားပြီး US Dollar 1.24 ဘီလီယံကျပါတယ်။ ဒါဆိုဆေး တစ်လုံးတန်ဖိုးက ၁၄.၇ ဒေါ်လာကျသင့်ပါတယ်
Brazil နိုင်ငံက ဆေးအလုံး ရေ သန်း ၁၀၀မှာထားပြီး ငွေ US dollar သန်း ၃၆၀ ကြိုပေးထားရပါတယ်။ဆေးတစ်လုံး ၃.၆ ဒေါ်လာ လို့ ဆိုနိုင်ပါတယ်။

နောက်ပြီး ဆေး ရဲ့တန်ဖိုး သဘောသဘာဝ အရ ချမ်းသာတဲ့ နိုင်ငံမှာတော့ အစိုးရက ဈေးတစ်မျိုးပေးဝယ်ရမှာဖြစ်ပြီး ဆင်းရဲပြီး ဝင်ငွေနည်းတဲ့နိုင်ငံတွေမှာတော့ Covid 19ကာကွယ်ဆေးက တစ်လုံးကို US ၃ dollar လောက်နဲ့ရမယ့် သဘောရှိပါတယ်။တကယ်တမ်း တော့ ဆေးကုမ္ပဏီတွေက ဈေးချတာမဟုတ်ပဲ လှူဒါန်းတဲ့ အဖွဲ့အစည်းတွေက ပူးပေါင်းလှူပေးတာဖြစ်ပါတယ်။ဥပမာ Gavi ဆိုတဲ့ ကာကွယ်ဆေးတွေ လှူဒါန်းတဲ့ အဖွဲ့အစည်း ဆိုရင် ဘီလ်ဂိတ်တို့ပါဝင်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 30(1-A), ZayYaThuKha Street, Sanchaung
Yangon