April Hnin Onlie Shop
Online Shopping
12/11/2025
#မိုးကုတ်သဘာဝနီလာလေးပါ
#2.13ct
500000ကျပ်ပါရှင့်
မိုးကုတ်စစ်စစ်လေးပါရှင့်
ချက်ကျောက် မီးဖုတ်ကျောက်လုံးဝမဟုတ်
အာမခံပါတယ်ရှင့်
စစ်ချက်ရယူလိုကထုတ်ပေးပါမယ်ရှင့်
(ဝယ်သူမှ စစ်ချက်ခပေးရပါမည်)
ကျမတို့ကလော့လိုက်စစ်ထားပြီးသားပါရှင့်
ကိုယ်တိုင်ကိုယ်ကျရွေးချယ်ဝယ်ယူချင်ရင်လဲရပါတယ်ရှင့်
ကျောက်လေးတွေကအပြင်မှာပိုလှပါတယ်ရှင့်
12/11/2025
#မိုးကုတ်သဘာဝနီလာတဆက်စာလေးပါ
13*00000ကျပ်ပါရှင့်
မိုးကုတ်စစ်စစ်လေးပါရှင့်
ချက်ကျောက် မီးဖုတ်ကျောက်လုံးဝမဟုတ်
အာမခံပါတယ်ရှင့်
စစ်ချက်ရယူလိုကထုတ်ပေးပါမယ်ရှင့်
(ဝယ်သူမှ စစ်ချက်ခပေးရပါမည်)
ကျမတို့ကလော့လိုက်စစ်ထားပြီးသားပါရှင့်
ကိုယ်တိုင်ကိုယ်ကျရွေးချယ်ဝယ်ယူချင်ရင်လဲရပါတယ်ရှင့်
ကျောက်လေးတွေကအပြင်မှာပိုလင်းလက်တောက်ပပါတယ်ရှင့်
12/11/2025
#မိုးကုတ်သဘာဝပတ္တာမြားလေးပါ
#7.65ct
9*00000ကျပ်ပါရှင့်
လော့ကပ် နားကပ် လက်စွပ်ကြိုက်လိုပုံဖော်လို့ရပါတယ်ရှင့်
မိုးကုတ်စစ်စစ်လေးပါရှင့်
ချက်ကျောက် မီးဖုတ်ကျောက်လုံးဝမဟုတ်
အာမခံပါတယ်ရှင့်
စစ်ချက်ရယူလိုကထုတ်ပေးပါမယ်ရှင့်
(ဝယ်သူမှ စစ်ချက်ခပေးရပါမည်)
ကျမတို့ကလော့လိုက်စစ်ထားပြီးသားပါရှင့်
ကိုယ်တိုင်ကိုယ်ကျရွေးချယ်ဝယ်ယူချင်ရင်လဲရပါတယ်ရှင့်
ကျောက်လေးတွေကအပြင်မှာပိုလှပါတယ်ရှင့်
12/11/2025
ဲရဲခဲခဲလေး
15*00000ကျပ်ပါရှင့်
ချက်ကျောက် မီးဖုတ်ကျောက်လုံးဝမဟုတ်
အာမခံပါတယ်ရှင့်
စစ်ချက်ရယူလိုကထုတ်ပေးပါမယ်ရှင့်
(ဝယ်သူမှ စစ်ချက်ခပေးရပါမည်)
ကျမတို့ကလော့လိုက်စစ်ထားပြီးသားပါရှင့်
ကိုယ်တိုင်ကိုယ်ကျရွေးချယ်ဝယ်ယူချင်ရင်လဲရပါတယ်ရှင့်
11/11/2025
#မိုးကုတ်သဘာဝပတ္တမြားလေးပါ
#1.2ct
3*00000ကျပ်ပါရှင့်
မိုးကုတ်စစ်စစ်လေးပါရှင့်
ချက်ကျောက် မီးဖုတ်ကျောက်လုံးဝမဟုတ်
အာမခံပါတယ်ရှင့်
စစ်ချက်ရယူလိုကထုတ်ပေးပါမယ်ရှင့်
(ဝယ်သူမှ စစ်ချက်ခပေးရပါမည်)
ကျမတို့ကလော့လိုက်စစ်ထားပြီးသားပါရှင့်
ကိုယ်တိုင်ကိုယ်ကျရွေးချယ်ဝယ်ယူချင်ရင်လဲရပါတယ်ရှင့်
ကျောက်လေးတွေကအပြင်မှာပိုလှပါတယ်ရှင့်
11/11/2025
#မိုးကုတ်သဘာဝနီလာလေးပါ
#2.2ct
3/00000ကျပ်ပါရှင့်
မိုးကုတ်စစ်စစ်လေးပါရှင့်
ချက်ကျောက် မီးဖုတ်ကျောက်လုံးဝမဟုတ်
အာမခံပါတယ်ရှင့်
စစ်ချက်ရယူလိုကထုတ်ပေးပါမယ်ရှင့်
(ဝယ်သူမှ စစ်ချက်ခပေးရပါမည်)
ကျမတို့ကလော့လိုက်စစ်ထားပြီးသားပါရှင့်
ကိုယ်တိုင်ကိုယ်ကျရွေးချယ်ဝယ်ယူချင်ရင်လဲရပါတယ်ရှင့်
ကျောက်လေးတွေကအပြင်မှာပိုလှပါတယ်ရှင့်
11/11/2025
#မိုးကုတ်သဘာဝနီလာလေးပါ
#2.13ct
5*00000ကျပ်ပါရှင့်
မိုးကုတ်စစ်စစ်လေးပါရှင့်
ချက်ကျောက် မီးဖုတ်ကျောက်လုံးဝမဟုတ်
အာမခံပါတယ်ရှင့်
စစ်ချက်ရယူလိုကထုတ်ပေးပါမယ်ရှင့်
(ဝယ်သူမှ စစ်ချက်ခပေးရပါမည်)
ကျမတို့ကလော့လိုက်စစ်ထားပြီးသားပါရှင့်
ကိုယ်တိုင်ကိုယ်ကျရွေးချယ်ဝယ်ယူချင်ရင်လဲရပါတယ်ရှင့်
ကျောက်လေးတွေကအပြင်မှာပိုလှပါတယ်ရှင့်
11/11/2025
#သဘာဝမိုးကုတ်မြလေး💚
#2.9ct
3*00000ကျပ်ပါရှင့်
မိုးကုတ်စစ်စစ်လေးပါရှင့်
ချက်ကျောက် မီးဖုတ်ကျောက်လုံးဝမဟုတ်
အာမခံပါတယ်ရှင့်
စစ်ချက်ရယူလိုကထုတ်ပေးပါမယ်ရှင့်
(ဝယ်သူမှ စစ်ချက်ခပေးရပါမည်)
ကျမတို့ကလော့လိုက်စစ်ထားပြီးသားပါရှင့်
ကိုယ်တိုင်ကိုယ်ကျရွေးချယ်ဝယ်ယူချင်ရင်လဲရပါတယ်ရှင့်
ကျောက်လေးတွေကအပြင်မှာပိုလို့လှပါတယ်ရှင့်
04/11/2025
“တန်ဆောင်မုန်းလပြည့်
သာမညဖလအခါတော်နေ့”
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။ “သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။
မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။
မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။
(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ္ပါယ်ရပါသည်။
(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုနိုင်ပါသည်။
(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။
(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။
(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။
(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။
(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။
(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။
(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။
(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ “ဝိဇိတာဝီ” မည်သော ပစ္စေကဗုဒ္ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။
(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။
(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။
(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။
(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။
Ref: အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များ-နှာ၁၇၅-မှ
ရဟန်းဝတ်ရသော အကျိုး (၁၃)မျိုး
_________________________
ရဟန်းဝတ်ရခြင်းအကျိုးတရားကို
သိချင်လို့ တောင်းဆိုထားတဲ့အတွက်
သာမညဖလသုတ်တော်မှာ လာသော ရဟန်းဝတ်ရခြင်း
အကျိုးတရား ၁၃ မျိုးကို အကျဉ်းမျှ ဖော်ပြပေးလိုက်ပါတယ်။
မေးသူ -- အဇာတသတ်မင်းကြီး
ဖြေသူ-- မြတ်စွာဘုရား
နေရာ -- ရာဇဂြို ဟ်ပြည်၊ ဇီဝက၏ သရက်ဥယျာဉ်
အကြောင်းအရာ-- ရဟန်းဝတ်ရခြင်း၏ အကျိုး
ဟောကြားသည့်နေ့--တန်ဆောင်မုန်းလပြည့်နေ့ ည
ဟောကြားသည့်သုတ်--သာမညဖလသုတ်
၁။ မင်းခစား/အမှုလုပ်အဖြစ်မှာ လွတ်ငြိမ်းခွင့်ရခြင်း
အဇာတသက်မင်းကြီးအမေး…
'' အရှင်ဘုရား ဆင်းသူရဲများ/မြင်းစီးသူရဲများ/ရထားစီးသူရဲများ/
ဆတ္တာသည်များ/စဖိုသည်များ/ပန်းကုံးသူများ/ယက်ကန်းသည်များ/အိုးထိမ်းသည်များ/သင်္ချာဂဏန်တတ်သူများ ထိုမှတစ်ပါး
များလှစွာသော အတတ်သည်တို့သည် မျက်မှောက်ဘဝ၌ပင်
ထိုအတတ်ဖြင့် အသက်မွေးကုန်ကြပါကုန်၏။
ထိုအတတ်တို့နှင့်တူစွာ မျက်မှောက်ဘဝ၌ပင် ရဟန်းဖြစ်ရကျိုး
(ရဟန်းဝတ်ရသောအကျိုး )ကို ပြခြင်းငှာ တတ်နိုင်ပါသလော
အရှင်ဘုရား''
ဘုရားရှင်အဖြေ…
'' မင်းကြီး တတ်နိုင်ပါ၏။''
'' သင်မင်းမြတ် သင်မင်းမြတ်၏ အမှုလုပ် ကျွန်ယောင်္ကျားသည်
ဆံမုတ်ဆိတ်တို့ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍
လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါ၏၊ ထိုသူသည် ထိုသို့
ဝင်ရောက်ပြီး ကိုယ်ဖြင့်စောင့်စည်းလျှက်နေ၏၊ နူတ်ဖြင့်စောင့်စည်းလျှက်နေ၏၊ စိတ်ဖြင့်စောင့်စည်းလျှက်နေ၏၊ ဟု မင်းကြီးအား
ကြား၏။ ထိုသို့ မင်းကြီးအား ကြားလျှင် မင်းကြီးသည်…
''အချင်းတို့ ထိုယောင်္ကျားသည် ငါ့ထံသို့ပြန်လာစေလော့
ရှေ့ဦးစွာထလေ့ရှိသော နောက်မှအိပ်လေ့ရှိသော အဘယ်ကိုပြုရ
အံ့နည်း ဟု နာခံလေ့ရှိသော နှစ်ကြိုက်ဖွယ်ကိုဖြစ်စေတတ်သော
ချစ်ခင်ဖွယ်ကိုဆိုလေ့ရှိသော မျက်နှာရိပ်ကိုကြည့်လေ့ရှိသော
အမူလုပ်ကျွန်ပင် တစ်ဖန်ဖြစ်စေလော့''ဟု ဆိုမည်လော့…''
''အရှင်ဘုရား ဤသို့ မဆိုပါ။''
'' စင်စစ်သော်ကား အကျွန်ုပ်တို့ကပင် ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊
ထိုင်ရန်နေရာခင်ပေးခြင်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏
အထောက်အပံဖြစ်သော ဆေးတို့ကို အလှုခံရန်ဖိတ်ခြင်း၊
လုံခြုံမှုပေးခြင်းတို့ကိုသာ ပေးရဦးမှာ ဖြစ်ပါတယ် ဘုရား။''
'' မင်းကြီး ဤသို့ဖြစ်ခဲ့သော ကိုယ်တိုင်းမြင်ရ သိရသော ရဟန်း
ဝတ်ခြင်း အကျိုးပင် မဟုတ်လော့…''
___________________________________________
၂။ အခွန်မှ လွှတ်ခြင်းအကျိုး
'' မင်းမြတ် အခွန့်ကို ထမ်းဆောင်ကုန်သော ဥစ္စာအစုကို
တိုးပွားစေတတ်သော အိမ်ရှင်လယ်သမားယောင်္ကျားသည်
ဆံမုတ်ဆိတ်တို့ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို
ဝတ်၍ လူဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်၏၊ ထိုသူသည်
ထိုသို့ ဝင်ရောက်ပြီးသော် ကိုယ်/နူတ်/စိတ် တို့ကို စောင့်စည်း
ုလျှက်နေ၏။ဟု မင်းကြီးအား ကြား၏။ ထိုသို့ ကြားသော သင်
မင်းကြီးသည်…
'' အချင်းတို့ ထိုယောင်္ကျားသည် ငါ့အထံသို့ပြန်လာစေလော့
အခွန်ကိုထမ်းဆောင်သော ဥစ္စာအစုကိုတိုးပွားစေတတ်သော
အိမ်ရှင်လယ်သမားပင် တဖန်ဖြစ်စေလော့''ဟု ဆိုမည်လော့…''
'' အရှင်ဘုရား ဤသို့ မဆိုပါ။''
'' စင်စစ်သော်ကား အကျွန်ုပ်တို့ကပင် ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊
ထိုင်ရန်နေရာခင်ပေးခြင်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏
အထောက်အပံဖြစ်သော ဆေးတို့ကို အလှုခံရန်ဖိတ်ခြင်း၊
လုံခြုံမှုပေးခြင်းတို့ကိုသာ ပေးရဦးမှာ ဖြစ်ပါတယ် ဘုရား။''
''မင်းကြီး ဤသို့ဖြစ်ခဲ့သော ကိုယ်တိုင်းမြင်ရ သိရသော ရဟန်း
ဝတ်ခြင်း အကျိူ းပင် မဟုတ်လော့…''
___________________________________________
၃။ အကျင့်တရားနှင့်ပြည့်စုံခြင်း အကျိုး
'' ထိုသူသည် ရဟန်းဘဝသို့ ဝင်ရောက်ပြီးသော်
' ပါတိမောက္ခသံဝရသီလ' ကို စောင့်ထိန်းလျှက်နေ၏။
(ဝိနည်းစည်းကမ်း ၂၂၇သွယ်ကို ဆိုလိုသည်)
% အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊
% သိက္ခာပုဒ်၌ ကောင်းစွာဆောက်တည်၍ ကျင့်၏၊ ကောင်းသော
ကံယကံ ဝစီကံနှင့်ပြည့်စုံသည်ဖြစ်၍ စင်ကြယ်သော
အသက်မွေးမှု ရှိ၏၊
% သီလနှင့်ပြည့်စုံ၏၊
% ဣနြေ္ဒတို့၌ ပိတ်ထားသာတံခါးရှိ၏၊
% စားဖွယ်၌ အတိုင်းအရှည်ကို သိ၏၊
% အောက်မေ့ခြင်း သတိနှင့်ပြည့်စုံ၏၊
% ဆင်ခြင်ခြင်း ''သမ္ပဇဉ်''နှင့်ပြည့်စုံ၏၊ ရောင်ရဲလွယ်၏။''
____________________________________________
၄။ စူဠသီလနှင့် ပြည့်စုံခြင်း အကျိုး
'' မင်းကြီး ဤလောက၌ ရဟန်းသည်
> အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
> တုတ်ကို ချထားပြီး ဖြစ်၏၊
> လက်နက်ကို ချထားပြီး ဖြစ်၏၊
> ရှက်ခြင်း ရှိ၏၊
> သနားတတ်၏၊
> ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက်နေ၏၊
ဤသည်ကား ထိုရဟန်းတို့၏ သီလပေတည်း။
* မပေးသည်ကို ယူခြင်းမှပယ်၍ မပေးသည်ကို ယူခြင်းမှ
ရှောင်ကြဉ်၏၊
* ပေးသည်ကိုသာ ယူ၏၊
* ပေးသည်ကိုသာ အလိုရှိ၏၊
* မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့်နေ၏၊
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
~ မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊
~ ယုတ်မာသောအကျင့်ကို ကျင့်လေ့မရှိ၊
~ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊
ဤသည်လည်း ထိုရဟန်းတို့၏ သီလပေတည်း။
-> မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊
-> အမှန်ကိုသာ ဆိုလေ့ရှိ၏၊
-> မှန်သော စကားခြင်း ဆက်စပ် စေ၏၊
-> တည်သော စကားရှိ၏၊
-> ယုံကြည်ထိုက်သော စကားရှိ၏၊
-> လောကကို လှည့်စားတတ်သူ မဟုတ်၊
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
* ဂုံးစကားကို ပယ်၍ ဂုံးစကားမှ ရှောင်ကြဉ်၏၊
* ဤသူတို့အထံံမှ နားထောင်၍ (ထိုသူတို့နှင့်)ဤသူတို့
ကွဲပြားစေခြင်းငှါ ထိုသူတို့အထံ၌ မပြောတတ်၊
* ထိုသူတို့ အထံမှ နားထောင်၍(ဤသူတို့နှင့်)ထိုသူတို့ ကွဲပြား
စေခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊
* ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊
* ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊
* ညီညွတ်ခြင်း၌ မွေ့လျော်၏၊
* ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊
* ညီညွတ်ခြင်းကို နှစ်သက်၏၊
* ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏၊
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
- ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်၏၊
- အကြင်စကားသည် အပြစ်ကင်း၏၊
- နားချမ်းသာ၏၊
- နှစ်လိုဖွယ်ရှိ၏။
- နှလုံးသို့ သက်၏၊
- ယဉ်ကျေး၏၊
- လူအများ နှစ်သက်၏၊
- လူအများ နှစ်ကြိုက်၏ ထိုသို့သဘောရှိသော စကားကိုသာ
ဆို၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
> ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ
ရှောင်ကြဉ်၏၊
> သင့်သော အခါ၌သာ ဆိုလေ့ရှိ၏၊
> ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊
> အကျိူ းနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊
> တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊
> အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊
> သင့်သောအခါ၌ အကြောင်းနှင့် တကွသော အပိုင်းအခြား
ရှိသော အစီးအပွားနှင့်စပ်သော မှတ်သားလောက်သော
စကားကိုသာ ဆိုလေ့ရှိ၏၊
ဤသည်လည်း ထိုရဟန်းတို့၏ သီလပေတည်း။
~ မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှရှောင်ကြဉ်၏
~ ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊
~ ညစား စားခြင်းမှ ရှောင်ကြဉ်၏၊
~ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏၊
~ ကခြင်း.တီးခြင်း.တီးမှုတ်ခြင်း.သူတော်ကောင်းတရား၏
ဆူးငြောင့်ဖြစ်သော ပွဲလမ်းသဘင် ကြည့်ခြင်းမှ ရှောင်ကြဉ်၏၊
~ ပန်းပန်ခြင်း.နံသာခြယ်ခြင်း.နံသာလိမ်းခြင်း.မှ ရှောင်ကြဉ်၏၊
~ မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏၊
~ ရွှေ. ငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ ကောက်စိမ်း(စပါးအစိမ်း)ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ မိန်းမအို.မိန်းမပျိူ ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
(နဂိုခေတ်က ကျွန်မိန်းမ.ကျွန်ယောင်္ကျား တို့ကို လက်ဆောင်
အဖြစ်ဖြစ်စေ၊သဘောကျလို ဖြစ်စေ ပေးလှု လေ့ရှိသည်)
~ ဆိတ်နှင့် သိုးတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ ကြက်.ဝတ်ကို ခံယူုခြင်းမှ ရှောင်ကြဉ်၏၊
~ ဆင်.နွား.မြင်း.မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ လယ်နှင့် ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏
~ ဝယ်မှု ရောင်မှုမှ ရှောင်ကြဉ်၏၊
~ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်တား စဉ်းလဲခြင်းမှ
ရှောင်ကြဉ်၏၊
~ တံစိုးယူခြင်း.လှည့်ဖြားခြင်း.အတုပြု၍ လိမ်းခြင်း တည်းဟူ
သော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
~ ဖြတ်ခြင်း.သတ်ခြင်း.နှောင်ဖွဲခြင်း.လုယက်ခြင်း.ဖျက်ဆီးခြင်း.
ဓားမြတိုက်ခြင်းမှ ရှောင်ကြဉ်၏၊
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်။ စူဠသီလပြီး၏။''
_____________________________________________
၅။ မဇ္ဈိမ သီလနှင့်ပြည့်စုံရသော အကျိုး
(က) ပစ္စည်းဥစ္စာ သိုးမှီခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ခ) ပွဲလမ်းသဘင် သွားခြင်း ကြည့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဂ) အလောင်းကစား ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဃ) တိရစ္ဆာန်/သားရဲအရေ/အမွေးဖြင့်ပြုလုပ်ထားသော
နေရာ. အခင်တို့ကို အသုံးပြု ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(င) အလှပြင်ခြင်း.နံသာလိမ်းခြင်းဖြင့် ကိုယ်ကို လှပအောင်
တန်ဆာဆင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(စ) နိဗ္ဗာန်၏ ဆန့်ကျင်ဘက်ဖြစ်သော စကား၊ ဓမ္မနဲ့ ဆန့်ကျင်
သောစကား၊ အကျိူ းမဲ့သော စကားတို့ကို ပြောဆိုခြင်းမှ
ရှောင်ကြဉ်ခြင်း၊
(ဆ) ငြင်းခုန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဇ) အခစား.တမန်.အစေအပါး ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(စျ) မြှောက်ပင် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
ဤသည်လည်း ထိုရဟန်းတို့၏ သီလပေတည်း။ မဇ္ဈိမသီလပြီး၏။''
_____________________________________________
၆။ မဟာသီလနှင့် ပြည့်စုံရသော အကျိုး
--> နိဗ္ဗာန်နှင့် ဆန့်ကျင့်သော မှားသော အယူဖြစ်သော
ယဇ်ပူဇော်ခြင်း၊ အင်္ဂကျမ်း၊ နိမိတ်ကျမ်း၊ ဘုတ်တစ္ဆေအတတ်၊
တို့ကို ရှောင်ကြဉ်ခြင်း၊
--> လက္ခဏာအတတ်တို့ကို သင်ယူခြင်း. ဟောပြောခြင်းမှ
ရှောင်ကြဉ်ခြင်း၊
--> နက္ခတ် တာရာအတတ်၊ နေ လတို့ကိုကြည်၍ ရှေ့ဖြစ်
ဟောခြင်းအတတ်တို့မှာ ရှောင်ကြဉ်ခြင်း၊
--> သူနှစ်ဦးတို့ကို အောင်သွယ်ပေးခြင်း၊ စေ့စပ်ပေးခြင်း၊
ကြောင်လမ်းပေးခြင်း၊ နတ်မေးပေးခြင်း၊ ယဇ်ပူဇော်ပေးခြင်း၊
တို့ကို ရှောင်ကြဉ်ခြင်း၊
--> အောက်လမ်းအတတ်၊ ဆုန်အတတ်၊ ကဝေအတတ်
တိုမှ ရှောင်ကြဉ်ခြင်း၊ ဤသည်လည်း ထိုရဟန်း၏
သီလပေတည်း။ မဟာသီလပြီး၏။''
__________________________________________
၇။ ဣနြေ္ဒ ၆ ပါးကို အကုသိုလ်မဖြစ်အောင် စောင့်စည်း
နိုင်ခြင်း အကျိုး
'' မင်းကြီး ဤလောက၌ ရဟန်းသည်…
--> မျက်စိဖြင့် အဆင်း
'' ရူပါရုံ'' ကို မြင်သော် မိန်းမ/ယောင်္ကျား စသော သဏ္ဌာန်
နိမိတ်ကို စွဲယူလေ့မရှိ၊ လက်ခြေစသော အင်္ဂါ.ပြုံးဟန် ရယ်ဟန်
စသော အမူအရာ အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊
အကယ်၍ စက္ခု နြေ္ဒကို မစောင့်စည်းပဲ နေလျှင် ယင်း စက္ခုနြေ္ဒ
ဟူသော အကြောင်းကြောင့် မက်မောခြင်း '' အဘိဇ္ဈာ''
နှလုံးမသာယာခြင်း''ဒေါမနဿ ''ဟူသော ယုတ်မာသော
အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍
နှိပ်စက်ကုန်၏၊ ထိုကြောင့် ရဟန်းသည် ထိုစက္ခုနြေ္ဒကို စောင့်
စည်းခြင်းငှါ ကျင့်၏၊ စောင့်စည်း၏။''
နားဖြင့် - အသံ '' သဒ္ဒါရုံ''ကို ကြားသော်……။ပ။…
နှာခေါင်းဖြင့် - အနံ့"ဂန္ဓာရုံ''ကို နမ်းသော်……။ပ။…
လျှာဖြင့် -အရသာ''ရသာရုံ''ကို လျက်သော်…။ပ။…
ကိုယ်ဖြင့် -အတွေ့အထိ'' ဖောဋ္ဌဗ္ဗာရုံ''ကို တွေ့ထိသော်…။ပ။…
(အပေါ်က ရူပါရုံ လို နည်းတူ မှတ်ပါ)
ထိုရဟန်းသည် ဤမြတ်သော ဣနြေ္ဒကို စောင့်စည်းခြင်းနှင့်
ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌ ကိလေသာနှင့် မရောသော
ချမ်းသာခြင်းကို ခံစား၏၊ ''
___________________________________________
၈/၉။ သတိ/သမ္ပဇဉ်နှင့် ပြည့်စုံရသော အကျိုး
'' မင်းကြီးရဟန်းသည် အဘယ်သို့ အောက်မေ့ခြင်း''သတိ''
ဆင်ခြင်ခြင်း ''သမ္ပဇဉ်''နှင့် ပြည့်စုံသနည်းဟူမူ…
'' မင်းကြီး ဤသာသနာတော်၌ ရဟန်းသည် ရှေ့သို့တတ်ရာ
နောက်သို့ ဆုတ်ရာ၌ ဆင်ခြင်လျက် ပြု လေ့ရှိ၏၊
- တူရှုကြည့်ရာ(ရှေ့တည်တည်ကြည်ရာ) တစောင်းကြည့်ရာ၌
ဆင်ခြင်လျက် ပြု လေ့ရှိ၏၊
- ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက်ပြု လေ့ရှိ၏၊
- ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက်ပြု လေ့ရှိ၏၊
- စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက်ပြု လေ့ရှိ၏၊
- သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ
ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြု လေ့ရှိ၏၊
မင်းကြီး ရဟန်းသည် ဤသို့လျှင် အောက်မေ့ခြင်း''သတိ''
ဆင်ခြင်ခြင်း''သမ္ပဇဉ်''နှင့် ပြည့်စုံပေ၏။''
_____________________________________________
၁၀။ ရောင့်ရဲလွယ်ခြင်း အကျိုး
'' မင်းကြီး ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ကို
မျှတနိုင်စေရုံ သင်္ကန်းဖြင့်၊ ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့်
ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ ကိုယ်နှင့်အတူ
ပါမြဲ ပရိက္ခရာ ၈ပါး မျှသာ ရှိသဖြင့် တစ်ပါတည်း ယူပြီးဖြစ်၍
သာလျှင် သွား၏၊ မင်းကြီး အတောင်ရှိသော ငှက်သည် ပျံလေ
ရာရာသို့ မိမိအတောင်သာ ဝန်ရှိသည်ဖြစ်၍ ပျံသွားသကဲ့သို့
မင်းကြီး ဤအတူ ရဟန်းသည် ကိုယ်ကို မျှတစေနိုင်သော
သင်္ကန်းဖြင့်၊ ဝမ်းကို မျှတစေနိုင်သော ဆွမ်းဖြင့် ရောင့်ရဲ၏။''
____________________________________________
၁၁။ နီဝရဏတရား ငါးပါးကင်းခြင်းအကျိုး
'' ထိုရဟန်းသည် လောက၌ ->
(က) မက်မောခြင်း''အဘိဇ္ဈာ''ကိုပယ်၍-> မက်မောခြင်း
'အဘိဇ္ဈာ'ကင်းသော စိတ်ဖြင့် နေ၏။''
(ခ) ပျက်စီးစေလိုသော ''ဒေါသ''ကို ပယ်၍-> မပျက်စီးစေလို
သော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏
အစီးအပွားကို လိုလားလျက် နေ၏၊
(ဂ) လေးလံထိုင်းမှိုင်းခြင်း ''ထိနမိဒ္ဓ''ကို ပယ်၍-> လေးလံထိုင်း
မှိုင်းခြင်း ''ထိနမိဒ္ဓ''မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်
လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏။
(ဃ) ပျံ့လွင့်ခြင်း ''ဥဒ္ဓစ္စ''၊ နောင်တ တဖန်ပူပန်ခြင်း''ကုက္ကုစ္စ''ကို
ပယ်၍-> မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍
မပျံ့လွင့်သည်ဖြစ်၍ နေ၏၊
(င) ယုံမှားခြင်း''ဝိစိကိစ္ဆာ''ကို ပယ်၍-> ယုံမှားခြင်း''ဝိစိကိစ္ဆာ''ကို
လွန်မြောက်သည် ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော
သို့လော မရှိသည်ဖြစ်၍ နေ၏။
မင်းကြီး ဥပမာသော်ကား………
* အကြွေးယူထားသော အကြွေးသမားသည် အကြွေးပြန်ဆပ်
နိုင်သောအခါ ဝမ်းမြောက်သကဲ့သို့………
* ပြင်းစွာ နိပ်စက်အပ်သော အနာရောဂါရှိသော သူသည်
ထိုအနာရောဂါမှ လွတ်မြောက်၍ ဝမ်းမြောက်သကဲ့သို့…
* နောင်အိမ်.အကျဉ်းချထားခြင်း ခံရသော သူသည်
ထိုနောင်အိမ်. အကျဉ်းမှ လွတ်မြောက်၍ ဝမ်းမြောက်ရာ
သကဲ့သို့…
* ကျွန်သည် မိမိ၏ ကျွန်ဘဝအဖြစ်မှ လွတ်မြောက်၍
ဝမ်းမြောက်ရာ သကဲ့သို့…
* ဘေးရန်ရှိသော ရှည်သောခရီးကို ဥစ္စာနှင့်တကွ သွား၍
ပြီးမြောက်ကား ဝမ်းမြောက်သကဲ့သို့…
''မင်းကြီး ဤအတူ အကြွေးကင်းခြင်းကဲ့သို့၊ အနာရောဂါကင်းခြင်း
ကဲ့သို့၊ နှောင်အိမ်အကျဉ်းမှ လွတ်ခြင်းကဲ့သို့၊ ကျွန်ဖြစ်မှလွတ်၍
လွတ်လပ်သူ ဖြစ်ခြင်းကဲ့သို့၊ ဘေးရှိသော ရှည်သောခရီးမှ
ငြိမ်းချမ်းရာ အရပ်သို့ ရောက်ခြင်းကဲ့သို့ မင်းကြီး ဤအတူ
ရဟန်းသည် မိမိ၌ ဤအပိတ်အပင် ''နီဝရဏ''တရားငါးပါးတို့ကို
ပယ်ပြီး ဖြစ်သည်ကို ကောင်းစွာ မြင်၏။''
'' မိမိ၌ ဤအပိတ်ပင်''နီဝရဏ''တရားငါးပါး ပယ်ပြီ ဖြစ်သည်ကို
ကောင်းစွာမြင်သော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည်
ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်ခြင်း''ပီတိ''သည်
ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည်ငြိမ်း၏၊
ငြိမ်းသောကိုယ်ရှိသော ရဟန်းသည် ချမ်းသာကို ခံစား၏၊
ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။''
_____________________________________________
၁၂။ စျာန်တရားများ ရရှိခြင်းအကျိုး
အခြေခံဖြစ်သော
ပဌမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်၊
စသော စျာန်တရားများ ရရှိခြင်း။
(အကျယ် မဖော်ပြတော့ပါ)
________________________________________
၁၃။ ဥာဏ်စဉ် (၈)ပါး နှင့် ပြည့်စုံလာရခြင်း အကျိုး
၁။ ဝိပဿ နာဥာဏ်
၂။ မနောမယိဒ္ဓိဥာဏ်
၃။ဣဒ္ဓိဝိဓဥာဏ်
၄။ ဒိဗ္ဗသောတဥာဏ်
၅။ စေတောပရိယဥာဏ်
၆။ ပုဗ္ဗေနိဝါသနုဿ တိဥာဏ်
၇။ စုတူပပါတာဥာဏ်
၈။ အာသဝက်ခယဥာဏျ
( အကျယ် မဖော်ပြတော့ပါ ရှည်လွန်လို့)
''မင်းကြီး ဤသည်လည်း ရှေ့ဖြစ်ကုန်သော ကိုယ်တိုင်သိမြင်
ရသော ရဟန်းဖြစ်(ရဟန်းဝတ်)ကျိုးတို့ထက် သာ၍ နှစ်သက်
ဖွယ်သည်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော
ကိုယ်တိုင်သိမြင်ရသော ရဟန်းဖြစ်ကျိူ းပေတည်း။
ရဟန်းဝတ်ရခြင်း အကျိုး ၁၃ ပါး ပြီး၏။
မှတ်ချက်
______
သာမညဖလသုတ်ကို လိုရင်းလေးတွေကိုသာ ထုတ်နူတ်၍
တင်ပြထားခြင်းဖြစ်ပါသည် အပြည့်အစုံကို သီလက္ခန်ပါဠိတော်
မြန်မာပြန် ၊ သာမညဖလသုတ်မှာ ဖတ်ရှုနိုင်ပါတယ်။
Credit,မူရင်း
🙏🙏🙏
06/10/2025
အားလုံးဘဲ ကိုယ်ကျန်းမာစိတ်ချမ်းသာပြီးဘေးဘယာတွေဝေးကွာကြပါစေ စီးပွားဥစ္စာများလဲဒီရေအလားတိုးတက်ပါစေ🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Kyaw Thu Street
Yangon