Better Me - skincare and cosmetics
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Better Me - skincare and cosmetics, Beauty, cosmetic & personal care, Yangon.
10/06/2022
OF WAY Rose Whitening Essence (50ml) - 35000 MMK
[REVIEW] OF WAY – BULGARIAN ROSE WHITENING ESSENCE
“မဖူးပွင့်ရေ fungal acne safe, sensitive skin safe ဖြစ်တဲ့ brightening serum လေးညွှန်းပါဦး” လို့ခဏခဏမေးတဲ့သူတွေအတွက် နှစ်လတာဖွက်ထားတာလေးကိုထုတ်ပြလိုက်ပါပြီ။
Sensitive skin types can now celebrate! This serum is 100% natural and 65.98% organic extract based. Gentle enough to brighten almost all skin types. ဒါလေးကိုမဖတ်ခင်မှာဖူးပွင့်အရှေ့မှာရေးထားတဲ့ post တစ်ခုကိုဖတ်မှလိမ့်ပါတ်လည်မှာမို့လို့ အဲ့ဒါကိုအရင်သွားဖတ်ဖို့တိုက်တွန်းပါတယ်။
ဒီ product ကို brand ဘက်ကဖူးပွင့်ကိုလာပြီးမိတ်ဆက်တာ လွန်ခဲ့တဲ့နှစ်လကျော်လောက်က။ ဖူးပွင့်ဒါကိုသုံးဖို့ဆုံးဖြတ်တာကိုတောင် တော်တော်လေးကိုလိုက်ရှာပြီးဖတ်လိုက်ရတယ်။
အကြောင်းရင်းတွေက
(၁) Brand အသစ်တစ်ခုဖြစ်တာရယ် (ဘယ် website မှာမှ သူ့ရဲ့ full and detailed မရှိဘူး။ ကိုယ်တတ်တဲ့ ကိုရီးယားစာနဲ့အသည်းအသန်ဖတ်လိုက်ရတယ်)
(၂) မြန်မာပြည်ကိုတင်သွင်းတဲ့ Korean skincare brand တွေထဲမှာမှ ပထမဦးဆုံး COSMOS ကိုရထားတဲ့ လို့ brand အာမခံထားလို့ product ကဘယ်လို effect ဖြစ်တယ်ဆိုတာကိုသိချင်တာရယ်ကြောင့်။
Brand အသစ်တစ်ခုလို့ပြောရတာက ဒီ brand ကအခုမှ Korean local market မှာရော International market မှာပါအခုမှစပြီးထုတ်မယ့် product တစ်ခုဖြစ်တယ်။ ဒီ product formula ကိုထုတ်တဲ့သူတွေက ကိုရီးယားမှာနာမည်ရှိပြီးသား skincare brand အကြီးတစ်ခုမှာ skincare formula တွေဖော်စပ်ခဲ့ပြီးတော့ အခုသူတို့ကဒီ brand ကိုဦးဆောင်ပြီးလုပ်တယ်ပေါ့။
ဒီ product က Natural & organic ဖြစ်တဲ့အပြင်ကို COSMOS (UK organic certification, cosmos-standard.org), Vegan, Crueltyfree label ပါရထားတဲ့အတွက်ကြောင့်မို့လို့ natural and organic product ကိုကြိုက်တဲ့သူတွေ ပြီးတော့ formula အပျော့စား (mild formula) ကိုကြိုက်တဲ့သူတွေ နောက်တစ်ခုက whitening/ brightening skincare product တွေထဲမှာပါလေ့ရှိတဲ့ Vitamin C, Arbutin, Azelaic acid တွေနဲ့မတည့်ရင် ဒါကိုသုံးဖို့ဒီ review ကိုဖတ်ကြည့်သင့်တယ်။ ပြီးတော့ skin whitening/ brightening product လည်းသုံးချင်တယ် sensitive skin type လည်းဖြစ်တယ် ပြီးတော့ skin whitening/ brightening product တွေကိုသုံးလို့ အခန့်မသင့်တဲ့အခါအဖုလည်းထတတ်တယ်ဆိုရင် ဒါကိုစမ်းကြည့်သင့်တယ်လို့မြင်တယ်။
အရှေ့မှာပြောထားပြီးသားမို့လို့ဖူးပွင့်နောက်တကြော့ထပ်ပြီးတော့မပြောတော့ဘူး။ Ingredient တွေထဲကိုဘဲတိုက်ရိုက်သွားတော့မယ်။ COSMOS labeling ကိုရထားတော့ဒီ essence ၁၀၀ ရာနှုန်းကသဘာဝဖြစ်တာကိုအာမခံတယ်။ ပြီးတော့သူ့ရဲ့ skin whitening/ brightening ကိုအဓိကလုပ်ပေးတာက main ingredient သုံးမျိုး (သူတို့ပြောတာ) ပေါ့နော်။
ဘူလ်ဂေးရီးယားကနှင်းဆီ (Bulgarian Rose Water)
ဂျယ်ဂျူကျွန်းကဆန် (Jeju Rice)
ဂျာမနီကခါမိုမိုင်းကရတဲ့ alpha-bisabolol နဲ့
Hyaluronic acid ကတော့မပါမဖြစ်ပေါ့။
Ingredient တစ်ခုစီအကြောင်းကိုရှင်းရရင်
Jeju Rice - ဆန်ဆေးရေနဲ့မျက်နှာသစ်ရင်အသားဖြူလို့ အရှေ့အာရှမှာဆန်ဆေးရေနဲ့မျက်နှာသစ်တဲ့အလေ့ရှိတယ်။ ဆန်ထဲမှာပါတဲ့ ဓာတ်တစ်မျိုးကအသားအရေမှာ melanin ထွက်တဲ့နှုန်းကလျှော့ချပေးတယ်ဆိုတဲ့သုတေသနလည်းရှိတယ်။ ဆိုတော့ဆန်ဆေးရေကအသားဖြူတာကိုအထောက်အကူပြုစေတယ်ပေါ့နော်။ ဂျယ်ဂျူကျွန်းကထွက်တဲ့တောင်ပေါ်မှာစိုက်တဲ့ဆန်က အဲ့ဒီဓာတ်အများဆုံးပါတယ်။ ပြီးတော့ ဂျယ်ဂျူကျွန်းမှာက အော်ဂဲနစ်စိုက်နည်းတွေခေတ်စားတယ်။ ပြီးတော့ ရေမြေကပိုပြီးသန့်တယ်လည်းပြောတယ်။ (ဒါကြောင့် ဒရာမာတွေမှာဂျယ်ဂျူကျွန်းကိုထွက်ထွက်သွားကြတာနေမှာ)
Bulgarian Rose ကတော့ vitamin C ပါလို့အသားအရေကို skin brightening ဖြစ်စေတာကိုတော့ပြောကြတာအခါတစ်ရာရှိပြီမို့မပြောတော့ဘူး။ ဒါပေမယ့် Bulgarian rose က ကျန်တဲ့ rose အမျိုးအစားတွေနဲ့ယှဥ်လိုက်ရင်ကွာတာကိုတော့ပြောချင်တယ်။ Bulgarian rose ကကျန်တဲ့နှင်းဆီမျိုးစိတ်တွေနဲ့ယှဥ်ရင် တစ်ပွင့်တည်းမှာပွင့်ဖတ်ပိုများတယ်။ ပြီးတော့ သူ့အထဲမှာက vitamin C တွေပိုပြီးပါလို့ ဥရောပဘက်မှာ Bulgarian rose ကို skincare အတွက်သုံးကြတာများတယ်။ (ပွင့်ဖတ်ပိုများတာကိုး) Rose water တွေကိုထုတ်ရင် distillation process နဲ့ထုတ်ကြတာများတယ်။ Traditional process hydrosol တွေထုတ်ကြသလိုမျိုးပေါ့။ အဲ့လိုထုတ်မှ ထွက်လာတဲ့ rose water ကပိုပြီးတော့သန့်တယ်။
Alpha-bisabolol (အသံထွက် - အယ်လ်ဖာ ဘီဆာဘိုလောလ်)
Alpha-bisabolol ကတော့အခုမှအသစ်တွေ့တာလို့ပြောလို့ရတယ်။ သူက အသားအရေ brightening ဖြစ်စေတာကို vitamin C လိုမျိုးအထောက်အကူပြုတဲ့အပြင်ကို အသားအရေရဲ့ skin barrier ထိခိုက်ထားတာကိုပြန်ပြီးတော့ပြုပြင်ပေးတဲ့အတွက်ကြောင့်မို့လို့ အချို့ skincare product တွေမှာသုံးကြတယ်။ သူ့ရဲ့အဓိက function ကတော့ အမာရွတ်တွေ၊ မှဲ့ခြောက်တင်းတိပ်တွေမှာတွေ့ရတဲ့ melanin ဓာတ်ကိုလျှော့ချပေးတယ်။
Hyaluronic acid ကဘာကောင်းလဲဆိုတာကိုတော့ အသားအရေကိုရေဓာတ်ဖြည့်ပေးတယ်ဘဲပြောကြပါစို့။ (အရစ်ရှည်နေရင်ပိုပြီးရှည်သွားမှာစိုးလို့)
Brand ဘက်ကလာပြီးမိတ်ဆက်တော့ ဖူးပွင့်က brand အသစ်မို့လို့ ဒါကိုစမ်းကြည့်ဖို့စိတ်ဝင်စားသွားတယ်။ နောက်တစ်ခုက သူပြောထားသလိုမျိုး အသားအရေက အချို့ brightening ingredients (e.g. Vitamin C, AHA, BHA) တွေသုံးသလိုမျိုးရုတ်တရက်လန့်သွားပြီးအဖုတွေထလာသလိုမျိုးမဖြစ်လာဘူးဆိုလို့ စိတ်ထဲမှာလည်းစူးစမ်းချင်တယ်။ ဒါကြောင့် သူတို့ဘက်က collaboration လုပ်ချင်တယ်လို့ပြောတာကိုလက်ခံဖြစ်တယ်။
အတိုပြောရရင်တော့ product ကပြောသလိုမျိုး skin brightening with gentle and mild formula ဖြစ်တယ်။ Review အရှည်ကိုဖတ်ချင်ရင်တော့ဆက်ပြီးတော့ဖတ်ပါ။
Texture - Light serum လိုမျိုး။ နောက်တစ်ခုက ဘူးကိုကြည့်လိုက်ရင် အဖြူရောင်အဖတ်တွေပါသလိုလို နို့နှစ်ရောင်တွေမျောနေသလိုမျိုးဖြစ်တယ်။ ဒါပေမယ့် အဲ့ဒါကအသားပေါ်ရောက်ရင်ဘာမှမသိသာဘူး။ ဒီအတိုင်စိမ့်ဝင်သွားရော။
How I use - ဖူးပွင့်ဒါကိုစစလိမ်းတော့ light serum type ဖြစ်လို့ ဖူးပွင့်ရဲ့အသားအရေအတွက် ရေဓာတ်အများကြီးမပေးနိုင်ဘူးလို့ထင်ထားပြီးတော့ dropper (အထဲမှာပါတဲ့ပိုက်လိုညှစ်တဲ့ဟာ) အပြည့်လိမ်းလိုက်တယ်။ (ဂွမ်းသွားရော) ဆိုတော့ပြန်လျှော့လိမ်းရတယ်ပေါ့နော်။ ဖူးပွင့်လိုအသားအရေ (dry and dehydrated) အတွက် dropper သုံးပုံနှစ်ပုံလောက်လိမ်းရင်အဆင်ပြေတယ်ဆိုတော့ ကျန်တဲ့ skin type ဆိုရင် dropper တဝက်နဲ့အောက်လိမ်းရင်ကိုအဆင်ပြေမယ်လို့ထင်တယ်။ Oily skin, Combination skin with oily zone ဆိုရင် toner လိမ်းပြီးဒါကိုလိမ်းလိုက်ရင်ကို skincare routine အဆင်ပြေမယ်လို့ထင်တယ်။
Result – ဖူးပွင့်ရဲ့လုပ်နည်းကတော့ brightening skincare ကိုစမ်းတဲ့အခါ skincare ကပြောတဲ့ result ကိုရဖို့ ဖူးပွင့်က brightening skincare တွေသုံးတာကို နှစ်ပါတ်၊ သုံးပါတ်လောက်ဖြတ်လိုက်တယ်။ ပြီးတော့မှဒါကိုစသုံးတယ် (သိတယ်။ အလုပ်ရှုပ်ခံပြီးတော့ အရမ်းတွေကို serious ဖြစ်တာနော်)
သူပြောသလို result ဖြစ်လားဆိုတော့ဖြစ်တယ်။ ဒါပေမယ့် essence က natural extract တွေကထုတ်တာမို့လိုနည်းနည်းလေးအချိန်ယူတယ်။ အချို့ brightening essence တွေကနှစ်ပါတ်ဝန်းကျင်လောက်မှာသိသာလာတယ်ဆိုရင် ဖူးပွင့်အတွက် သူက တစ်လနီးပါးလောက်မှာသိသာတယ်။ နှေးတယ်လို့ပြောလို့ရပေမယ့် သူပြောထားတဲ့ရလဒ်အတိုင်းပေးလို့အဆင်ပြေတယ်လို့မြင်တယ်။
ဒါကိုမသုံးခင်က ကံကောင်းထောက်မစွာ (ထင်တာဘဲ) မေးရိုးတဝိုက်မှာဝက်ခြံကို (စပယ်ရှယ်) ညှစ်ထားလို့ အမာရွတ်ညိုတာတွေနည်းနည်းကျန်တယ်။ မေးရိုးနားတဝိုက်မှာကျန်တဲ့ အမာရွတ်ကအခြားအမာရွတ်တွေနဲ့ယှဥ်ရင် ပျောက်ဖို့ပိုကြာတယ်လို့ထင်တယ် (ကိုယ်တစ်ယောက်တည်းလားတော့မသိဘူး။ ပါးပေါ်နဲ့ယှဥ်ရင်သူက လေးပုံတစ်ပုံလောက်အချိန်ပိုကြာသလိုဘဲ) အဲ့ဒါတွေက ဒါကိုလိမ်းရင်နဲ့မှိန်တာမြန်လာတယ်။ ပြီးတော့ နောက်ရလဒ်တစ်ခုက မျက်နှာအသားအရေရဲ့ skin tone ကိုညှိပေးတယ်။ ဟိုနားကွက်ညို ဒီနားကွက်ဖြူတာမျိုးကိုလျှော့ချပေးတယ်ပေါ့။
Who should use (ဘယ်သူတွေသုံးသင့်လဲ) - အရှေ့မှာပြောခဲ့သလိုမျိုး vitamin C တို့ AHA တို့နဲ့မတည့်ဘူး ဒါပေမယ့်လည်း bright skin tone ဖြစ်ချင်တယ် ဒါမှမဟုတ် ဝက်ခြံပေါက်ပြီးတော့အမာရွတ်ကျန်ပြီးတော့ အမာရွတ်ပျောက်ချင်တယ်ဆိုတဲ့သူတွေသုံးသင့်တယ်။ အသားဖြူဖြူကြည်ကြည်လေးဖြစ်ချင်တဲ့သူတွေအတွက်ပေါ့။ သူ့ရဲ့ formula က ရှင်းတယ် ပြီးတော့သဘာဝကရတဲ့ ingredient တွေနဲ့ COSMOS certification ရအောင်ထုတ်ထားတဲ့အတွက်ကြောင့်မို့လို့ sensitive skin type ဖြစ်တဲ့သူတွေသုံးလို့ရတယ်။
“မဖူးပွင့်ရေ fungal acne safe ဖြစ်တဲ့ brightening serum လေးညွှန်းပါဦး” လို့ပြောတဲ့သူတွေလည်းဒါကိုသုံးလို့ရတယ်။ (ဒါကိုသုံးလို့ fungal acne ပျောက်မယ်လို့မပြောပါ။ ဒါကိုသုံးရင် fungal acne ပြန်ထဖို့ရာနှုန်းနည်းသွားတယ်လို့ဘဲပြောပါတယ်။)
ထပ်ဖြည့်ပြီးတော့ပြောချင်တာကတော့ natural ingredient တွေနဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အထဲမှာပါတဲ့ natural ingredient တွေနဲ့မတည့်ရင်တော့မသုံးနဲ့ပေါ့နော်။
TL;DR – suitable for all skin type (FA safe)
ဖူးပွင့်အနေနဲ့ highly recommend လုပ်ပါတယ်။ Skin problem တွေများပြီးတော့ ဘာ brightening skincare သုံးသုံးအဖုထလို့ညည်းနေရတဲ့သူတွေအနေနဲ့လည်းစမ်းကြည့်သင့်တယ်လို့မြင်တယ်။ (အပေါ်မှာရေးထားသလိုပေါ့)
ဝယ်ပြီးတော့သုံးချင်တယ်ဆိုရင်တော့ OF WAY ရဲ့ မြန်မာပြည့်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်တဲ့ KOCOS - Korea Cosmetics နဲ့ KOCOS ရဲ့ authorized store တွေမှာဝယ်လို့ရတယ်။ Price – 35,000 MMK (50ml)
ကဲ review ကတော့ တော်တော်ရှည်သွားပြီ။ ရပ်တော့မယ်။
See you in the next post.
Love,
Rosie
Disclaimer – This is a collaboration between The Rosie Edit and KOCOS Korea Cosmetics (OF WAY sole distributor). The post is 100% written by me based on my experience using the product and have no influence from anyone.
10/06/2022
OF WAY Rose Toner (250ml) - 31500 MMK
OF WAY Rose Whitening Essence (50ml) - 35000 MMK
Whitening series ထဲကလည်းစမ်းချင်တယ် အရမ်းပြင်းတာမျိုးလည်းမစမ်းချင်ဘူးဆိုရင် sensitive skin အတွက်ပါသင့်တော်တဲ့ OF WAY လေးကိုစမ်းကြည့်ကြပါနော်
Skincare မှာ Consistency ရှိဖို့တော့ လိုပါတယ်
28/05/2022
ma:nyo Pure Cleansing Oil (200ml) - 35000 MMK
တကယ်သုံးလို့ကောင်းတဲ့ cleansing oil လေးပါရှင့်
MA:NYO FACTORY Pure Cleansing Oil
ဒီ cleansing oil ရဲ့ advantage က heavy makeup တွေကိုဖျက်နိုင်တယ်။ စစချင်းလိမ်းရင်တော့ နည်းနည်း heavy ဖြစ်သလိုခံစားရတယ်။ ဒါပေမယ့် နေရာအနှံ့လိမ်းပြီးသွားပြီး ရေလေးနည်းနည်းထည့်ပြီးတော့ပွတ်လိုက်ရင် creamy soft ဖြစ်သွားပြီးမိတ်ကပ်တွေပျော်ဝင်သွားတာကတော်တော်မြန်တယ်။ ဆေးချပြီးသွားရင် cleansing oil တွေရဲ့ထုံးစံအတိုင်းသန့်ရှင်းသွားတဲ့ feeling ရတယ်။ ဒါပေမယ့် အဲဒီအနောက်ကတော့ cleansing foam ကောင်းကောင်းလိုက်မှရမယ်။ Creamy cleansing foam တွေ 100% organic wash တွေတော့သူ့အနောက်ကမလိုက်တာအကောင်းဆုံးဘဲ။ ma:nyo factory ရဲ့ soda foam နဲ့တွဲရင်တော့ ပိုပြီးတော့အချိတ်အဆက်မိတာပေါ့။
ဖူးပွင့်အတွက် cleansing ကောင်းတာတစ်ခုကိုကြိုက်ဖို့ cleansing foam လိုဘဲ အချက်သုံးခုရှိတယ်။
(1) Heavy makeup အထိကိုပါဖျက်နိုင်ရမယ်။
(2) ဆေးချပြီးရင်သန့်ရှင်းသွားတဲ့ feeling ကိုပေးနိုင်ရမယ်။
(3) Cleansing oil သုံးပြီးနောက်နေ့ကိုချွေးပေါက်ပိတ်တာတွေမဖြစ်ရဘူး။
ဒီတစ်ခုက ဖူးပွင့်အတွက်အပေါ်ကအချက်တွေနဲ့ကိုက်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဖူးပွင့်အတွက်က ဒီ cleansing oil ကကောင်းတဲ့အထဲမှာပါတယ်။ Everyday 1st step cleansing အတွက်လည်းသင့်တော်တယ်။ Cleansing oil ကတော့ all skin type သုံးလို့ရတယ်။ ဒါပေမယ့် oil-based ဖြစ်တဲ့အတွက်ကြောင့်မို့လို့ fungal acne ရှိတဲ့သူတွေမသုံးသင့်ဘူး။
200ml-30,000MMK
25ml-12,000MMK
2ml-1,200MMK
28/05/2022
Pure Cleansing Oil (200ml) - 35000 MMK
Blackhead & Pore Toner (210ml) - 29500 MMK
သုံးနည်း (Routine) က - အရင်ဆုံး cotton pad ကိုယူလိုက်ပြီးရင် toner စိုနေအောင်လုပ်ပြီးတော့ ၅ မိနစ်နဲ့ ၁၀ မိနစ်လောက်ကို မျက်နှာရဲ့ဆားဝက်ခြံထွက်လေ့ရှိတဲ့နေရာမှာကပ် (ဖူးပွင့်ကတော့ နှာခေါင်းနားတစ်ဝိုက်မှာဆားဝက်ခြံပေါက်လေ့ရှိလို့ အဲ့ဒီနေရာမှာ ၇ မိနစ်ကပ်တယ်။ ပြီးရင် ခွါလိုက်။ မခွါခင်မှာ cotton pad ကခြောက်မနေဖို့အရေးကြီးတယ်နော်။ ခြောက်သွားခဲ့ရင် cotton pad အပေါ်ကို toner ထပ်ပြီးလောင်းထည့်။ အချိန်ပြည့်ရင်ခွါလိုက်။ ခွါပြီးသွားရင် cleansing oil ကို ယူပြီးတော့ မျက်နှာအနှံ့ ဒါမှမဟုတ် ဆားဝက်ခြံထွက်တဲ့နေရာကိုပဲ လိမ်းပြီးတော့ ၁-၂ မိနစ်လောက်ပွတ်ပေး။ ပွတ်ပေးပြီးရင် ရေလေးနည်းနည်းလေးထပ်ထည့်ပြီးပွတ်။ ပြီးသွားတာနဲ့ ရေဆေးချ။ ရေကြက်သီးနွေးလေးနဲ့ဆေးချပေးနိုင်ရင်ပိုကောင်းတယ်။ ဒါကသူ့ရဲ့သုံးနည်းပဲ။ နည်းနည်းလေးတော့ရှုပ်ပေမယ့် သူ့ရဲ့ standard procedure ပေါ့နော်။
သုံးပြီးသွားရင် ချက်ချင်း မျက်နှာက အဆီပိုတွေရှင်းသွားပြီးတော့ clean and fresh ဖြစ်သွားတာမျိုးခံစားရတယ်။ အဲ့ဒီ feeling ကိုသဘောကျတယ်။ ထပ်ဖြည့်ပြီးပြောချင်တာက ဒါကိုမသုံးခင်မှာ မျက်နှာသစ်ဖို့လိုလားမလိုလားပေါ့နော်။ ဖူးပွင့်ကတော့ အပေါ်မှာပြောထားသလိုမျိုး Blackhead and pore toner နဲ့ toner mask လုပ်မယ့်နေ့မှာ evening routine ကိုမျက်နှာအရင်မသစ်ဘဲ toner mask ကိုသုံးတယ်၊ ပြီးရင် cleansing oil ကိုတစ်မျက်နှာလုံးသုံးတယ်၊ ပြီးရင်ရေဆေးချတယ်။ ပြီးရင် facial foam သုံးတယ်။ ဒီ routine ကိုဖူးပွင့်က တစ်ပါတ်ကိုတစ်ခါ၊ အလွန်ဆုံးနှစ်ခါပဲသုံးတယ်။
ဒီနှစ်မျိုးကိုဖူးပွင့်တွဲပြီးသုံးတော့ ဘာရလဒ်တွေရလဲဆိုတော့ blackhead တွေအသစ်ထွက်လာတာနှေးသွားတယ်။ အရင်ကလောက်မမြန်တော့ဘူး။ ပြီးတော့ အသစ်ဖြစ်တဲ့ blackhead ကလည်း size သေးတယ်။ လုံးဝပျောက်ပြီး တစ်သက်လုံးပြန်မထွက်ဘူးမပြောဘူးနော်။ အသက်ကြီးလို့ အသားအရေကအဆီပြန်တာနည်းသွားမှပဲ ဒီ blackhead ကသက်သာတယ်။ မဟုတ်ရင်ကတော့ ပြဿနာကအနည်းနဲ့အများကတော့ရှိနေမှာပဲ။
[ROUTINE] TWO PRODUCTS TO REDUCE AND PREVENT BLACKHEADS
The only two products you need for effective and gentle blackhead removal.
ဆားဝက်ခြံတွေကိုရှင်းဖို့အတွက် routine.
ဖူးပွင့်ရဲ့ MANYO blackhead and pore series review မလာခင်မှာ series review ထဲက product နှစ်ခုကိုထုတ်ပြီးတော့ highlighted short review အရင်လုပ်လိုက်တယ်။ တစ်ထိုင်တည်းနဲ့ အားလုံးကိုဖတ်လိုက်ရင်ခေါင်းရှုပ်သွားမှာစိုးလို့။
Blackhead နဲ့ပါတ်သက်ပြီးတော့ blackhead တွေကဘယ်လိုဖြစ်လာတယ်။ ဘယ်လိုဖယ်ရမယ်။ ဘာတွေကိုသုံးကြတယ်ဆိုတာကတော့ beauty blog တွေဖတ်တဲ့သူတော်တော်များများသိပြီးလောက်ပြီလို့ထင်လို့ အတိုချုပ်ပဲအရင်ပြောလိုက်မယ်နော်။ (ကိုယ့် reader စစ်စစ်တွေကတာ့ နောကျေပြီးသားပါ)
Blackhead ဆိုတာကတော့ ချွေးပေါက်ထိပ်ဝမှာအဆီခဲကပိတ်နေပြီးတော့ ပြင်ပက လေ (အောက်စီဂျင်) နဲ့တွေပြီးတော့ oxidise ဖြစ်ပြီး မဲလာတာပေါ့။ Blackhead နဲ့ whitehead ဘာကွဲလဲဆိုရင် အဆီခဲကလေနဲ့တွေ့ပြီးပြီလား မတွေ့ရသေးဘူးလားဆိုတာလောက်ပဲကွာတယ်။ ကျန်တာက သိပ်ပြီးမကွာဘူး။ Whitehead ကိုပိုးဝင်သွားရင်တော့ ဒါကပြဿနာတစ်ခုပေါ့။
Blackhead တွေက အဆီခဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကမာမာအခဲလေးတွေဖြစ်ပြီးတော့ ချွေးပေါက်တွေကိုဆွဲဆန့်သလိုမျိုးဖြစ်ပြီးတော့ ဆားဝက်ခြံရှိရင်ချွေးပေါက်ကျယ်တဲ့ ပြဿနာကလည်း သျှောင်နောက်ဆံထုံးပါဆိုသလိုပဲ တတွဲတွဲဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ ဆားဝက်ခြံအတွက်ထုတ်ထားတဲ့ skincare product တွေဆိုရင် ဆားဝက်ခြံကိုဖယ်ပေးတာအပါအဝင် ချွေးပေါက်ကိုပါကျဥ်းသွားအောင်လုပ်ပေးတဲ့ ingredient တွေကိုထည့်ထားတာများလာတာကိုတွေ့ရတယ်။ ဟိုအရင်ကလိုမျိုး ဆားဝက်ခြံပဲဖယ်ပေးတာသပ်သပ်မဟုတ်တော့ဘူးပေါ့။
ဒီ post ထဲမှာရေးထားတဲ့ routine ကတော့ ဆားဝက်ခြံတွေကို nose strip တွေမသုံးပဲနဲ့ blackhead removal လုပ်တဲ့နည်းပေါ့နော်။ အဲ့ဒီနည်းကတော့ Cleansing oil blackhead unplugging နဲ့ pore toning method ကိုတွဲပြီးတော့သုံးတာပေါ့။ Cleansing oil နဲ့ဆားဝက်ခြံရှင်းတဲ့နည်း (cleansing oil blackhead unplugging) ကတော့ဖူးပွင့် ၂၀၂၀ တုန်းက တစ်ခါဘာသာပြန်ပြီးရေးပေးထားတဲ့အတိုင်းပဲ cleansing oil ကိုမျက်နှာပေါ်မှာ အသာအယာပဲ ၂-၃ မိနစ်လောက်ပွတ်ပြီးတော့ရေဆေးချတယ်။ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် ဆားဝက်ခြံတွေက အဆီနဲ့ဖျော်ပြီးနှဲ့ထုတ်သလိုမျိုးဖြစ်ပြီးတော့ ဆားဝက်ခြံအဖတ်တွေထွက်လာတယ်ပေါ့။ အဲ့ဒီလိုလုပ်တာကြာလာရင် ဆားဝက်ခြံတွေကပျော်ပြီးတော့ကျွတ်သွားတဲ့အတွက်ကြောင့်မို့လို့ ဆားဝက်ခြံရှင်းတယ်ပေါ့။ ဒါက pore unplugging တစ်ပိုင်း။
ဆားဝက်ခြံတွေထွက်သွားပြီးတဲ့နောက်မှာ သူနေရာယူထားတဲ့ချွေးပေါက်နေရာကကျယ်ပြီးတော့ကျန်နေခဲ့တယ်။ အဲ့ဒီကျယ်တာကပုံမှန်အတိုင်းထားထားရင်တော့ သဘာဝအတိုင်းပြန်ပြီးတော့ကျဥ်းပါတယ်။ ဒါပေမယ့် သဘာဝအတိုင်းဆိုတော့ နည်းနည်းကြာတယ်။ လူစိတ်ဆိုတာကမြန်ချင်တယ်။ ဒါကြောင့်မို့လို့ အမြန်ကျဥ်းအောင် skincare အကူအညီယူတယ်ပေါ့။ အဲ့ဒီမှာ အခု introduce လုပ်မယ့် toner ကတစ်ပိုင်းဝင်လာတယ်။
ဒီလိုမျိုး pore toner တွေက အဓိကအားဖြင့် function သုံးမျိုးလုပ်ပေးတယ်။
(၁) ချွေးပေါက်တွေကိုကျဥ်းအောင်လုပ်ပေးတဲ့ astringent function
(၂) အဆီပိုတွေကိုထိန်းချုပ်ပေးတဲ့ oil-controlling function
(၃) ချွေးပေါက်ထဲမှာအဆီပိုတွေခဲမနေအောင်လုပ်ပေးတဲ့ pore unclogging function ပေါ့။
တော်တော်များများကတော့ ဒီလိုမျိုးလုပ်ပေးတယ်ဆိုပေမယ့် အားလုံးရဲ့ function and performance က တသမတ်တည်းတော့မဖြစ်နေဘူး။ အချို့ toner တွေကတော်တော်လေးကိုပြင်းတဲ့အထဲပါတယ်။ အမေရိကားက ချွေးပေါက်ကျဥ်းတယ်ဆိုတဲ့ pore toner/ pore refining toner အချို့ဆိုရင် ပါတဲ့ function ကတော့ ဒီလိုသုံးမျိုးပဲ ဒါပေမယ့် သုံးပြီးသွားရင် အသားကရဲပြီးကျန်တာမျိုး၊ အသားကတရားလွန်ခြောက်ပြီးကျန်ခဲ့တာမျိုးဖြစ်တယ်။
ဒီ routine ထဲမှာပါတဲ့ pore toner (pore toning effect) ကတော့ skin pH level ကိုလည်းညှိထားသလို South Korea FDA ရဲ့ ထိန်းချုပ်ချက်အရ BHA ကို ရာခိုင်နှုန်းနည်းနည်းပဲထည့်ပြီးဖော်ထားတဲ့အတွက်ကြောင့်မို့လို့ mild and gentle ဖြစ်တယ်။ Mild and gentle ဖြစ်ပေမယ့်လည်း ထိရောက်မှုမရှိတာမျိုးမဖြစ်ဘူး။ သူ့ကိုသေချာအချိန်ပေးပြီးတော့ နည်းစနစ်မှန်မှန်နဲ့သုံးပေးရင် ဆားဝက်ခြံတွေအသစ်ထပ်ဖြစ်တာကိုကာကွယ်ပေးတယ်။ တစ်ညနှစ်ညသုံးရုံနဲ့တော့အဆင်မပြေဘူး။ အနည်းဆုံးသုံးပါတ်လောက်သုံးပေးရမယ်။
အပေါ်မှာပြောထားတဲ့ pore unplugging နဲ့ pore toning effect ကိုရဖို့အတွက် power duo ဖြစ်တဲ့ product နှစ်ခုကတော့ ဒီထဲမှာရေးထားတဲ့နှစ်မျိုးပေါ့နော်။
အဲ့ဒီလိုမျိုး effect ရဖို့အတွက်က MANYO က blackhead and pore toner နဲ့ pure and deep cleansing oil ကိုပဲသုံးရမှာလားဆိုရင်တော့ ဟုတ်တယ် သူတို့နှစ်ခုက synergistic ဖြစ်အောင်ဖော်ထားလို့။ တစ်ခုနဲ့တစ်ခုအားဖြည့်ပေးတယ်ပေါ့။ Cleansing oil တွေကိုသုံးနေကျဖြစ်တဲ့သူတွေဆိုရင်သိမှာပါ။ Cleansing oil ချင်းတူရင်တောင်မှ အပျစ်အကျဲမတူတာ၊ ဆေးရလွယ်တာခက်တာမတူတာ၊ စေးပိုင်မှုခြင်းမှာကွာတာ အစရှိသည်တို့မှာကွဲတာမျိုးတွေရှိတယ်။ ကိုယ်ကသုံးလက်စရှိနေတဲ့ cleansing oil ရှိလို့ အဲ့ဒါကိုဆက်သုံးပြီး blackhead and pore toner နဲ့တွဲလို့တော့ရတာပေါ့လေ။ MANYO ကတော့ သူထုတ်ထားတဲ့ cleansing oil ကဘာ result ပေးတယ်ဆိုတာကိုသိတာမို့လို့ အဲ့ဒါကိုအားဖြည့်ပေးတဲ့အနေနဲ့ blackhead and pore toner ကိုထုတ်ထားတယ်ပေါ့။
သုံးနည်း (Routine) က - အရင်ဆုံး cotton pad ကိုယူလိုက်ပြီးရင် toner စိုနေအောင်လုပ်ပြီးတော့ ၅ မိနစ်နဲ့ ၁၀ မိနစ်လောက်ကို မျက်နှာရဲ့ဆားဝက်ခြံထွက်လေ့ရှိတဲ့နေရာမှာကပ် (ဖူးပွင့်ကတော့ နှာခေါင်းနားတစ်ဝိုက်မှာဆားဝက်ခြံပေါက်လေ့ရှိလို့ အဲ့ဒီနေရာမှာ ၇ မိနစ်ကပ်တယ်။ ပြီးရင် ခွါလိုက်။ မခွါခင်မှာ cotton pad ကခြောက်မနေဖို့အရေးကြီးတယ်နော်။ ခြောက်သွားခဲ့ရင် cotton pad အပေါ်ကို toner ထပ်ပြီးလောင်းထည့်။ အချိန်ပြည့်ရင်ခွါလိုက်။ ခွါပြီးသွားရင် cleansing oil ကို ယူပြီးတော့ မျက်နှာအနှံ့ ဒါမှမဟုတ် ဆားဝက်ခြံထွက်တဲ့နေရာကိုပဲ လိမ်းပြီးတော့ ၁-၂ မိနစ်လောက်ပွတ်ပေး။ ပွတ်ပေးပြီးရင် ရေလေးနည်းနည်းလေးထပ်ထည့်ပြီးပွတ်။ ပြီးသွားတာနဲ့ ရေဆေးချ။ ရေကြက်သီးနွေးလေးနဲ့ဆေးချပေးနိုင်ရင်ပိုကောင်းတယ်။ ဒါကသူ့ရဲ့သုံးနည်းပဲ။ နည်းနည်းလေးတော့ရှုပ်ပေမယ့် သူ့ရဲ့ standard procedure ပေါ့နော်။
သုံးပြီးသွားရင် ချက်ချင်း မျက်နှာက အဆီပိုတွေရှင်းသွားပြီးတော့ clean and fresh ဖြစ်သွားတာမျိုးခံစားရတယ်။ အဲ့ဒီ feeling ကိုသဘောကျတယ်။ ထပ်ဖြည့်ပြီးပြောချင်တာက ဒါကိုမသုံးခင်မှာ မျက်နှာသစ်ဖို့လိုလားမလိုလားပေါ့နော်။ ဖူးပွင့်ကတော့ အပေါ်မှာပြောထားသလိုမျိုး Blackhead and pore toner နဲ့ toner mask လုပ်မယ့်နေ့မှာ evening routine ကိုမျက်နှာအရင်မသစ်ဘဲ toner mask ကိုသုံးတယ်၊ ပြီးရင် cleansing oil ကိုတစ်မျက်နှာလုံးသုံးတယ်၊ ပြီးရင်ရေဆေးချတယ်။ ပြီးရင် facial foam သုံးတယ်။ ဒီ routine ကိုဖူးပွင့်က တစ်ပါတ်ကိုတစ်ခါ၊ အလွန်ဆုံးနှစ်ခါပဲသုံးတယ်။
ဒီနှစ်မျိုးကိုဖူးပွင့်တွဲပြီးသုံးတော့ ဘာရလဒ်တွေရလဲဆိုတော့ blackhead တွေအသစ်ထွက်လာတာနှေးသွားတယ်။ အရင်ကလောက်မမြန်တော့ဘူး။ ပြီးတော့ အသစ်ဖြစ်တဲ့ blackhead ကလည်း size သေးတယ်။ လုံးဝပျောက်ပြီး တစ်သက်လုံးပြန်မထွက်ဘူးမပြောဘူးနော်။ အသက်ကြီးလို့ အသားအရေကအဆီပြန်တာနည်းသွားမှပဲ ဒီ blackhead ကသက်သာတယ်။ မဟုတ်ရင်ကတော့ ပြဿနာကအနည်းနဲ့အများကတော့ရှိနေမှာပဲ။
အသားအရေအဆီပြန်တဲ့သူတွေ၊ ဆားဝက်ခြံထွက်လွယ်တဲ့သူတွေကတော့ ဒီ power duo (pure & deep cleansing oil + blackhead and pore toner) နဲ့တော်တော်ကိုအဆင်ပြေမယ်လို့ထင်တယ်။ ဖူးပွင့်ကတော့ အသားခြောက်လို့ ဒီ power duo ကို နေ့တိုင်းသုံးရင် အသားအရေကပိုပြီးခြောက်သွားသလိုခံစားရလို့ ရက်ခြားပြီးတော့သုံးကြည့်တယ်။ ဖူးပွင့်အတွက် perfect ဖြစ်တဲ့အချိန်အပိုင်းအခြားကတော့ သုံးရက်ခြား၊ လေးရက်ခြားတစ်ခါလောက်သုံးတာပဲ။ အသားအရေအဆီပြန်ရင်တော့ နေ့တိုင်းနီးပါးသုံးလို့ရတယ်။ ကိုယ့်အသားအရေရဲ့ အခြေအနေနဲ့ချိန်ကြည့်ပြီးတော့သုံးပေါ့နော်။ ဒီနှစ်မျိုးကို မနက်ညသုံးဖို့တော့ မလိုဘူးလို့ထင်တယ်။ ဖူးပွင့်ကတော့ ညနေဘက်ပဲသုံးဖြစ်တယ်။ နေ့တိုင်းမသုံးရတော့အသုံးတော့ခံပါတယ်။ Pore toner ဆိုရင် ခြောက်လဝန်းကျင်လောက်ခံမယ်လို့ထင်တာပဲ။
ဒီ power duo ကိုလိုချင်လို့ဝယ်ချင်တယ်ဆိုရင်တော့ MANYO ရဲ့ sole distributor ဖြစ်တဲ့ KOCOS - Korea Cosmetics နဲ့ တရားဝင်အရောင်းကိုယ်စားလှယ်တွေကနေပြီးတော့ ဝယ်လို့ရပါတယ်။
Cleansing oil
Price - 35,000 MMK (200 ml)
Pore Toner
Price - 29,500 MMK (210 ml)
Anyway! Routine ကတော့ ဒီလောက်ပဲ။ Product full review ကတော့ နောက်တစ်ပုဒ်မှာ အခြား product review သုံးမျိုးနဲ့အတူတူပါလာမှာမို့လို့ stay tuned!
See you tomorrow!
Stay safe. Stay healthy.
Love,
Rosie
Disclaimer – this is a collaboration post between The Rosie Edit and MANYO Myanmar (KOCOS). Review receives no influence from a different party. Thoughts and reviews are my own.
28/05/2022
Double Cleansing ရဲ့ ပထမဆုံး အရေးကြီးတဲ့ step အတွက်
JM solution H9 Hyaluronic Ampoule Cleansing Water (850ml) - 17500 MMK
Klairs Gentle Black Deep Cleansing Oil (150ml) - 32000 MMK
Klairs Gentle Black Fresh Cleansing Oil (150ml) - 33000 MMK
ma:nyo Pure Cleansing Oil (200ml) - 35000 MMK
ma:nyo Herb Green Cleansing Oil (200ml) - 35000 MMK
စမ်းသုံးချင်တဲ့သူတွေအတွက်လည်း mini လေးတွေရှိပါတယ်
26/05/2022
Klairs Rich Moist Soothing Cream (80ml) - 32000 MMK
Klairs Rich Moist Soothing Cream (20ml) - 11500 MMK
-rich moist cream ကလေ အထဲက cream ကိုကြည့်လိုက်ရင် သွားတိုက်ဆေးနဲ့တော်တော်တူပါတယ်… but လိမ်းလိုက်ရင်် greasy လုံးဝမဖြစ် oily လည်းလုံးဝမဖြစ်ဘဲ skin ထဲစိမ့်ဝင်ပါတယ်။
-non-oily မလို့ combination skin and oily skin တွေစိတ်ချပြီးသုံးနိုင်ပါတယ်။
-skin ကို moisturizing and soothing effects ပေးနိုင်တဲ့အပြင် လိမ်းထားရင်လည်းရှိနေတယ်လို့တောင်မခံစားရအောင် ပေါ့ပါးပါတယ်။
✔️Rich Moist Soothing Serum လေးနဲ့တွဲသုံးရင်ပိုကောင်းတဲ့ effect ရပါတယ်…
အရမ်းကောင်းပြီး အရမ်းကြိုက်လို့ ကုန်သွားရင်ထပ်ဝယ်သုံးဖြစ်မယ့်ပစ္စည်းလေး… try ကြည့်ကြပါလို့
26/05/2022
Klairs Rich Moist Soothing Serum (80ml) - 32000 MMK
-rich moist soothing serum ဆိုတဲ့အတိုင်း moisturizing နဲ့ soothing effects ပေးနိုင်ပါတယ်။
-စေးကပ်တာမျိုးမရှိဘဲ အေးအေးလေးနဲ့မြန်မြန်စိမ့်ဝင်နိုင်ပြီး deep moisturizing ဖြစ်စေနိုင်ပါတယ်။
-skin ကို moisture အဓိက ရချင်တယ်ဆို သုံးသင့်ပါတယ်။
-စွဲသုံးရင် skin သိသိသာသာကောင်းလာတာမလို့ သုံးကြည့်ကြပါနော်…
✔️Rich Moist Soothing Cream လေးနဲ့တွဲသုံးရင် ပိုကောင်းတဲ့ effect ရနိုင်ပါတယ်…
26/05/2022
Klairs Supple Preparation Facial Toner (180ml) - 28000 MMK
Klairs Supple Preparation Facial Toner (30ml) - 7500 MMK
Klairs Supple Preparation Unscented Toner (180ml) - 28000 MMK
Klairs Supple Preparation Unscented Toner (30ml) - 7500 MMK
-Klairs ရဲ့ Facial Toner ကတော့ deep hydration ဖြစ်စေတာမလို့ skin types အားလုံးနီးပါးနဲ့အဆင်ပြေပါတယ်။
-Dehydrated Skin, Very Sensitive Skin နဲ့ Essential Oils တွေကို sensitive ဖြစ်တဲ့ skin တွေအတွက်ကတော့ Unscented Toner နဲ့သင့်တော်ပါတယ်။
-Toner နှစ်ခုလုံးကတော့ hydrating , soothing & calming effects ပေးပါတယ်။
-Texture ကတော့ပျစ်တဲ့ serum လို type မျိုးပါ။ (အရမ်းပျစ်ပျစ်ကြီးမဟုတ်ဘူးနော်)
-Cotton Pad နဲ့သုံးရမှာ နှမြောရင် လက်နဲ့ ပုတ်လိမ်းလို့လည်းရပါတယ်။
-Cotton Pad နဲ့ သုံးမယ်ဆိုရင်လည်း နောက်တစ်ထပ်လက်လေးနဲ့ ထပ်ပုတ်လိမ်းရင် ပိုပြီး hydrate ဖြစ်စေပါတယ်။
-Skin ကို တကယ် moisturize ဖြစ်စေလို့ try ကြည့်ကြပါရှင့်
တကယ်ကောင်းတဲ့ toner လေးပါ ✔️
26/05/2022
KAHI mist - 16000 MMK
ရေမွှားလေးတွေက မှုန်မှုန်ညက်ညက်လေး နဲ့ collagen mist
reviews တွေလည်းကောင်းတယ်ဆိုတော့ facial mist သုံးချင်တယ်ဆို ဒါလေးယူသင့်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon