Beauty by KKM

Beauty by KKM

Share

Beauty

Photos from Beauty by KKM's post 03/06/2024

ကိုယ့်ဘဝကို တခြားသူတွေနဲ့ မနှိုင်းယှဥ်ပါနဲ့

ကိုယ့်ကိုယ်ကိုဘဲ နှိုင်းယှဥ်ပါ💯

တစ်ရက်ကုန်သွားရင်တရက်

ငါ ဘာတွေလုပ်နိုင်လိုက်လဲဆိုတာကို တွေးပါ🤔

Energy Strongဖြစ်စေမယ့် အရာတွေဘဲ

တွေးပါ လက်တွေ့လုပ်ဆောင်ပါ💪

တခြားသူတွေနဲ့ နှိုင်းယှဥ်ပီး

emotional changeရအောင်

ကိုယ်က သူမဟုတ်ဘူးလေ👍👍

Photos from Beauty by KKM's post 01/06/2024

ဒီလိုရာသီရောက်ပီဆိုတာနဲ့

ချဥ်ချဥ်စပ်စပ်တွေ မတည့်ဘဲ စားချင်လာပီ😋🍋🌶

စားပီးရင်လည်း ဝက်ခြံတွေက ထွက်မှာ စိတ်ပူရအုံးမယ်😫

ဒါပေမယ့် ခုတော့ Aloe Vera Gelလေး ရှိနေလို့

ကေကတော့ စိတ်မပူပါဘူး 💚

အပူစပ်စားတာများလိုပဲ ဖစ်ဖစ် ဟော်မုန်းကြောင့်ပဲဖစ်ဖစ်

၀က်ခြံအဆီဖုတွေထွက်ရင် HEFFEY Collgen Gel 🍀က

တစ်ပတ်နဲ့တင် သိသာစေတယ်နော်💯

Collgen ပါ၀င်လို့အသားရည်ကိုတင်းတင်းရင်းရင်းနဲ့

နဂိုထက်လည်း နုပျိုစေလို့ သုံးဖူးသူတိုင်းရဲ့ အသဲစွဲလေး😘💚

တစ်ဗူးကိုမှလဲ 13000ks ဆိုတော့ 🤭

ကဲ...အရာရာ စျေးတက်နေတဲ့ခေတ်ကြီးမှာ

ဘယ်လောက်တောင် သက်သာလိုက်လဲ🤑

Photos from Beauty by KKM's post 30/05/2024

လူရွေးမှားလို့ အသည်းကွဲရင်

ခနနော်......

ထပ်ရွေးလို့ရတယ်😁

suncream ရွေးမှားလို့

မျက်နှာထိခိုက်သွားရင်

အသည်းကွဲတာထက်ဆိုးတယ်😥

အစားထိုးလို့မရဘူး

အဲ့ဒါကြောင့် သေချာလေးရွေးတတ်ဖို့တော့လိုတယ်😘

ကေကတော့ SPF 50PA++ပါတဲ့

Heffey Suncreamလေးရွေးထားလို့

ရွေးချယ်မှုတွေ မှန်နေပီလေ🖤

Photos from Beauty by KKM's post 19/05/2024

Suncream တွေ ပေါပေါလောလော

ရှိနေတဲ့ခေတ်မှာ ဘာကြောင့်
𝐇𝐞𝐟𝐟𝐞𝐲 𝐒𝐮𝐧𝐜𝐫𝐞𝐚𝐦 ☀️ လေးကလူ သုံးများကြတာလဲ❓

✔️𝐐𝐮𝐚𝐥𝐢𝐭𝐲
✔️𝐏𝐫𝐢𝐜𝐞
✔️ 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 𝐕𝐚𝐥𝐮𝐞 ကြောင့်ပါ။

Korea | Cosmax စက်ရုံရဲ့Quality 🤩

ရတဲ့ Quality နဲ့ ပေးရတဲ့စျေး ကလည်း
သုံးရတန်တယ်။ 🤩

အာနိသင် တွေကလည်း များတယ် 🤩

𝐒𝐩𝐟 50+ 𝐏𝐀+++ ပါလို့ မြို့တွင်းနေရောင်သာမက
ပင်လယ်ကမ်းခြေဒေသတွေမှာထိပါ
အလွန်အဆင်ပြေဆုံးနော်🥰

🚫မိတ်ကပ်သားနဲ့
🚫 အဆီမပါတဲ့အတွက်လည်း
လိမ်းရတာပေါ့ပါးပြီး အသားထဲစိမ့်ဝင်လွယ်တယ် 💧☣️

💯 ချွေးစိုခံပြီး တကြိမ်လိမ်းထားရင်
ထပ်လိမ်းစရာမလိုပဲ တနေကုန် ခံတယ်နော် ။ ☀️
🍀 💦လိမ်းရတာ ပေါ့ပါးပြီး
သဘာဝအတိုင်း လှစေတယ်။

19/05/2024

ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဉ်လုပ်ပါ

(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)

(၂) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။

(၃) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။

(၄) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။

(၅) ကြက်ဥအကာကို ယူပြီး ချွေးပေါက်ကျယ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ နေ့စဉ်လုပ်ခြင်းအားဖြင့် ၁-၃လအတွင်း အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာသက်သာစေနိုင်တယ်။

အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆ်ိုင်နိုင်ကြပါစေ။

#ဒေါက်တာအေးမင်းထူး

16/05/2024

ဝက်ခြံတွေတော့ ပျောက်သွားတယ်
ဒါပေမယ့် အမဲစက်တွေကျန်နေလို့ ဘာလုပ်ရမလဲ မသိဘူးဆိုရင်
ဒီနည်းလမ်းလေးတွေ လိုက်လုပ်ကြည့်
အရမ်းထိရောက်တယ်😍

(၁)မျက်နှာသစ်ပါ
၀က်ခြံဖြစ်တဲ့ အသားအရေဟာ အဆီပြန်တဲ့အသားအရေဖြစ်တတ်ပါတယ်။ဒါကြောင့် မနက်(အိပ်ရာထ မဟုတ်ပါ)ကျောင်းမသွားခင်၊ရုံးမသွားခင် မျက်နှာသစ်ပေးပါ။ညအိပ်ရာ ၀င်ခါနီးတဈကွိမျ မျက်နှာသစ်ပေးပါ။

(၂)အာလူးသုံးပါ
အာလူးကို အကွင်းလေးတွေလှီးပါ။သို့မဟုတ် ချေလိုက်ပါ။ပြီးရင် အမာရွတ်တွေကို အုပ်ထားပါ။မိနစ် ၃၀ လောက်ကြာရင် ခွာပြီးမျက်နှာသစ်ပါ။တစ်ပတ်နှစ်ကြိမ်လောက်ပြုလုပ်ပေးရင် ၀က်ခြံအမာရွတ်မှ မဟုတ်ပဲ အခြားအမာရွတ်တွေပါ သက်သာပျောက်ကင်းစေပါတယ်။

(၃)ဗီတာမင် စီ မှီဝဲပါ။
အရှင်းဆုံးနည်းလမ်းကတော့ သံပရာသီးတစ်နေ့တစ်လုံးကို ဒီတိုင်းပဲစားစား၊ဖျော်ရည်ပဲလုပ်သောက်သောက် တစ်နေ့တစ်လုံးသောက်ပေးရပါမယ်။အလုပ်များတယ်ဆိုရင်တော့ ဗိုက်တာမင်စီ ဆေးပြားလေးတွေ တစ်နေ့နှစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ဗိုက်တာမင် စီဟာ ေးငယ်စေပါတယ်။အထူးကောင်းမွန်ပြီး အစက်အပြောက်လေးတွေကို သေးငယ်စေပါတယ်။

(၄)moisturizer အသုံးပြုပါ။
အမာရွတ်တွေကို ပြန်လည်အစားထိုးဖို့ ဆဲလ်တွေက ရေဓါတ်ကို လိုအပ်ပါတယ်။ဒါကြောင့် moisturizer ကိုအသုံးပြုပါ။အများကြီး အသုံးမပြုပါနှင့်။အချို့ moisturizer တွေက အဆီပြန်တတ်လို့ပါ။

(၅)သံပရာနှင့် ဂလစ်ဆရင်း(Glycerin) ရောစပ်ပါ။
သံပရာရည် တစ်ဆ၊Glycerin နှစ်ဆကို ရောစပ်ပါ။ပျစ်ချွဲချွဲ အရည်များဖြစ်သွားရင် မျက်နှာပေါ်တွင် သုတ်လိမ်းပါ။ခြောက်သွားလျင် Mask ကဲ့သို့ဖြစ်သွားပါလိမ့်မယ် မိနစ် ၂၀ ခန်ကဖုံးအုပ်ထားပါ။တစ်ပတ်တစ်ကြိမ် အသုံးပြုပါ။နှစ်ပတ်အတွင်း သိသိသာသာထူးခြားလာပါလိမ့်မယ်

(၆)ရေများများသောက်ပါ
ရေကို တစ်နေ့အနည်းဆုံး ၁၅ ခွက်သောက်သုံးပါ အသားအရေစိုပြေမှုရရှိပါလိမ့်မယ်။

(၇)ကိုယ်တိုက်ဆပ်ပြာတွေ ရှောင်ကြဉ်ပါ။
ကိုယ်တိုက်ဆပ်ပြာတွေမှာ အပြင်းစား ဓါတုပစ္စည်းတွေပါ၀င်နေတဲ့အတွက် ဝက်ခြံအမာရွတ်တွေနဲ့ထိရင် အမာရွတ်တွေ မဲသွားနိုင်ပါတယ်။

(၈)မိတ်ကပ်တွေနဲ့ မဖုံးပါနဲ့
မိတ်ကပ်တွေနဲ့ဖုံးအုပ်ထားရင် ချွေးပေါက်တွေကို ပိတ်သွားစေပြီး ပိုမိုဆိုးဝါးလာနိုင်ပါတယ်။

(၉)ခေါင်းအုံးစွပ်တွေကို လျှော်ဖွတ်ပါ။
ခေါင်းအုံးစွပ်တွေကို တစ်ပတ်စ်ခါ ဖြစ်နိုင်လျင်လျှော်ပါ။အနည်းဆုံး တစ်လတစ်ခါလျော်ပါ။လျှော်သည့်အခါ ဆပ်ပြာမှုန့်တွေသိပ်မသုံးပါနှင့်။ရေနွေးထဲစိမ်ပြီးမှလျှော်လျှင်ပိုကောင်းပါသည်

(၁၀)အရမ်းစိတ်မပူပန်ပါနှင့်
အမာရွတ်တွေမပျောက်မှာ စိုးပြီးအရမ်း မပူပန်ပါနှင့်။စိတ်ဖိစီးမှုကြောင့် ၀က်​ခြံထွက်နိုင်တယ်ဆိုတာ သတိထားပါ

အလှတရားကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေရှင့်❤

Photos from Beauty by KKM's post 02/05/2024

ရာသီဥတုပူလို့ ညဘက်အိပ်မပျော်လည်း
ဝက်ခြံထွက်မှာ စိတ်မပူပါဘူး😍

အားကိုးရာ Iaura ရှားစောင်းဂျယ်လေး ရှိတယ်လေ😘

collagenပါလို့ အိုမင်းရင့်ရော်မှုကိုလည်း
ကာကွယ်ပေးသေးလို့ အရမ်းကြိုက်💚💚

Photos from Beauty by KKM's post 29/04/2024

ခုတလော postတွေတင်တာတွေကျဲနေတော့
စျေးမရောင်းတော့ဘူးလား လာလာမေးနေကြလို့

onlineစျေးသည်မလေး စျေးရောင်းပါတယ်လို့
ပုံနဲ့လာပြောပြတာ😁

ဂရုတစိုက်ရှိနေပေးကြလို့ အားလုံးကို ချစ်တယ်နော်❤




ျေးသည်မလေး

Photos from Beauty by KKM's post 29/04/2024

ဝက်ခြံတွေ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။

ဝက်ခြံဖြစ်ရတဲ့ အကြောင်းရင်း လေးခုရှိပါတယ်။

၁။ အဆီထုတ်လုပ်မှု များပြားခြင်း

၂။ မွေးညှင်းပေါက်များမှာ အဆီနဲ့ ဆဲလ်သေများပိတ်ဆို့ခြင်း

၃။ ဘက်တီးရီးယားများ ပေါက်ဖွားခြင်း

၄။ ရောင်ရမ်းခြင်း

အားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်ဖြစ်ပေါ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ အစားအသောက်၊ ဆေးဝါးအချို့နဲ့ စိတ်ဖိစီးမှုများတာတွေကြောင့် အဆီထုတ်လုပ်မှု များလာတာကနေ အဲဒီပိုလျှံနေတဲ့အဆီတွေက မွေးညှင်းပေါက်လမ်းကြောင်းလေးတွေထဲမှာ ဆဲလ်သေတွေနဲ့ရောထွေးပြီး ပိတ်ဆို့ကုန်တယ်။ အဲဒီနေရာမှာ ဘက်တီးရီးယားတွေပေါက်ဖွားလာပြီး နောက်ဆက်တွဲအနေနဲ့ ရောင်ရမ်းပြည်တည်တာတွေ ဆက်ဖြစ်တာကနေ အဖုအပိန့်တွေနဲ့ ကြည့်ရဆိုးတဲ့ ဝက်ခြံတွေဖြစ်ရပါတယ်

ဘာကြောင့်ဖြစ်တဲ့ ဝက်ခြံဘဲဖြစ်ဖြစ် Iaura gelလေးနဲ့ဆို စိတ်ပူစရာမလိုတော့ဘူးနော်💚


#ဝက်ခြံအကြောင်း

#အလှအပ

Photos from Beauty by KKM's post 27/04/2024

‼️ဘာကြောင့်ထွက်တဲ့ဝက်ခြံပဲဖြစ်ဖြစ်
နှစ်ဘယ်လောက်ကြာတဲ့ဝက်ခြံပဲဖြစ်ဖြစ် သက်သာစေပြီး‼️

နဂိုအသားရေတိုင်း ပြန်လည်ကျန်းမာတဲ့အသားရေကို ရရှိစေလို့ ထပ်ခါထပ်ခါလာဝယ်ကြတဲ့ အတွဲလေး💘

Photos from Beauty by KKM's post 22/04/2024

Suncream တွေ ဒီရက်ထဲ ရောက်တော့မယ်တဲ့
ပျော်လိုက်တာ😍

ခုတော့ ရောင်းဖို့မပြောနဲ့...

ကိုယ့်ပါကိုတောင်သုံးစရာမကျန်လို့
👇 ဒီလိုသုံးနေရတော့တယ်😁

Photos from Beauty by KKM's post 03/04/2024

လူတိုင်းသိထားသင့်တဲ့ အခြေခံ skincare ဗဟုသုတများ ❤

ဖတ်ရလွယ်ပြီး မှတ်ရလွယ်အောင်

cartoonလေးတွေနဲ့ လုပ်ပေးထားပါတယ်နော်.....

skincareလုပ်မယ့်သူတိုင်း ဒီအခြေခံလေးကိုသိထားသင့်ပါတယ် 💞

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon