Heroes Fitness

Heroes Fitness

Share

WELCOME TO HEROES FITNESS!

27/09/2026

အံ့ဩဘ ကမ္ဘောဇပါအေ ။ ဆန္ဒနဲ့ ဘဝ တစ်ထပ်ထဲကျပါစေနော်🥹

26/09/2026

Boxing class ❤️
မနက်ဖြန် နားကြမယ်ဆိုလို့ စေတနာနဲ့ ဖြုတ်😁❤️

25/09/2026

Gym ကို Family Type ဘဲ ဆော့ဖြစ်ကြတော့တယ်။

ဘယ်လောက်တောင် Family Type လဲဆိုရင် ‌Gym ရောက်တာနဲ့ ဆရာဘာချက်လဲ ၊ ဆရာဘာစားနေတာလဲ၊ ဆရာ နည်းနည်းကျွေးဆိုတာချည်းဘဲ

ဘယ်ဘဝထဲက မစားရမသောက်ဘဲ Gym ကိုရောက်လာတာလဲမှတ်ရတယ်၊သူတို့ရှေ့ဆို ဘာမှကိုမစားရဲဘူး🥴

သူတို့အာပြဲကြီးနဲ့အော် ရယ် နေရင်လည်း၊ ဘူမသိ ကိုးမသိ လိုက်ရယ်ရသေး၊မဟုတ်ရင် သူတို့ရယ်နေတဲ့အကြောင်းအရင်းက ကိုယ်ဖြစ်သွားနိုင်လို့🥹

Gym လာရင် Air-Con ဖွင့်ခိုင်းပြီး အိပ်တာကပါသေး 🥹

တစ်ခါတစ်လေ ယပ်တောင်က ခပ်ပေးရသေးတယ် ၊ ရေဆာလိုက်တာ Royal D လေးဘာလေးမရှိဘူးလားဆို ကိုယ့်မှာပြေးဝယ်ပေးရတာ မပါသေးဘူး 🥹

အခုလဲ Gym fees တစ်နှစ်စာ သွင်းပြီးထဲက တစ်ခါမှလည်းမဆော့ဘူး၊ အလုပ်ကပင်ပန်းလို့တဲ့ လာမနှိုးပါနဲ့ဆိုလို့ ဘေးမှာငုပ်တုပ်လေး 🥹

တစ်ခါတစ်လေ Member လာအပ်ကြတာလား၊ မင်းတုန်းမင်းလက်ထက် က မင်းညီမင်းသားတွေ အထိန်းဝောာ်တွေဆီ လာနေတာလား တောင် မသည်းကွဲဘူး🥴

24/09/2026

Gym ဆော့နေဆဲ ကာလမှာ ကိုယ်အလေးချိန် ထိုးကျသွားရင် ကျန်းမာရေးအတွက် ပြဿနာ ဖြစ်နေပြီနော်‼️

အထူးသဖြင့် ကိုယ်တိုင်မရည်ရွယ်ဘဲ ကျနေတာဆိုရင်ပိုလို့ဝောာင်စိုးရိမ်ရပါတယ်‼️

ကိုယ်‌အလေးချိန် ထိုးကျသွားရတဲ့အကြောင်းအရင်းတွေက
📍 Calories ပမာဏ လုံလောက်အောင်မစားဖြစ်ခြင်း
📍ရေဓါတ်ဆုံးရှုံးမှုများခြင်း(ချွေးထွက်များခြင်း)
📍လုပ်ဆောင်တဲ့လေ့ကျင့်ခန်းကသာများပြီး recovery မလုံလောက်တာကြောင့်လဲဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲ အနေနဲ့က အဆီသာမက Muscle ပါကျလာတာမျိုးဖြစ်နိုင်တဲ့အပြင် မူးဝေခြင်း၊အားနည်းခြင်း၊နှလုံးခုန်မမှန်ခြင်း၊အသက်ရှူမဝခြင်း နှင့် မေ့လဲခြင်းတို့ပါ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန် ကျသွားတိုင်း အဆီကျသွားတယ်ဆိုပြီး အမှတ်မထင်နေလိုက်ခြင်းက နောက်ဆက်တွဲကျန်းမာရေးကိုပါ များစွာထိခိုက်လာနိုင်လို့ အထူးဂရုစိုက်ပါခင်ဗျ❤️📢

Photos from Heroes Fitness's post 22/09/2026

2005/2006/2007/2008 born တွေကို 30% Discount က တကယ်ပေးတာလားတဲ့ 📢
ဟုတ်ကဲ့ တကယ်ပေးနေတာပါခင်ဗျာ✨‼️

Sep 30 ရက်လွန်သွားရင်တော့ မရတော့ဘူးနော် 📢

21/09/2026

သစ္စာများဆိုထားကြတာလား ဒါမှမဟုတ် သင်တဲ့ သင်္ချာဆရာမ ကပဲ တူကြလို့လားဟင်🥴

17/09/2026

အမျိုးသမီးထုကြီးနဲ့အမျိုးသားထုကြီးကအပြန်အလှန် တောင်းဆိုနေလို့ဗျာ 🥹

အဆော်ကင် ရှိ မှ Gym ပြန်ဆော့မယ်ဆိုလို့ ၊ Gym ဆော့ရင်း အမောပြေကြည့်ဖို့ အဆင်လေးတွေ Urgent လိုအပ်နေလို့ အသက် 18 နှစ် မှ 21 နှစ် ရှိတဲ့ အဆင်လေး ဆိုရင် 30% Dis နဲ့ တစ်လတိတိပေးမယ်ကွာ‼️🥹

ကိုယ်က(2005/2006/2007/2008) Born ဆိုရင် Gym Fees သွင်းတဲ့အခါ ကိုယ့်ရဲ့ ID Card ဖြစ်စေ ကျောင်းသားကဒ်ဖြစ်စေ ယူလာပြီး 30% Discount ကို ရယူလိုက်ပါနော် 🥹📢

အဆင်ဆိုတော့ အမျိုးသားတွေအတွက်ပဲလားဆိုတော့ No နော် Discount က အမျိုးသမီးလေးတွေအတွက်ပါ ပါတယ် ဗျို့ 😁📢

သတ်မှတ်ချိန်ကာလ က (17.9.2026 မှ 30.9.2026)အထိပဲနော်

အဆင်ရှာ‌ တော့ ရှာပေးပြီးပြီနော် မလာရင် တွေ့ပြီ📢‼️

16/09/2026

Gym သာမလာတာ Promotion ဆို ထိပ်ဆုံးက ၊ အဲ့ဝောာ့ နောက်နှစ် Promotion ချိန်ကျမှ ပြန်တွေ့ရအောင်နော် 🥴

15/09/2026

ကြက်ဥ ၁လုံး ၇၀၀ခေတ်မှာ ပြိုင်ပွဲတက်ဖို့ ကြိုးစားနေတဲ့ ဆရာ၂ယောက်အတွက် အားပေးစကားလေး ပြောခဲ့ကြပါဦး❤️🔋

14/09/2026

နှစ်ရက်ဆော့ပြီး သုံးလလောက် လည်းမလှပါဘူးနော်🥹

Category

Telephone

Website

Address


No. 89, Ground Floor, Ou Yin Street (Upper), Nat Sin Lan Bustop, Kyimyindaing Township
Yangon
11101

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00

Alerts

Be the first to know and let us send you an email when Heroes Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.