Htet Collection

Htet Collection

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Collection, Beauty Store, Yangon.

Photos from Just May's post 24/09/2023
24/09/2023

ဝယ်မိတာ လုံးဝ နောင်တမရတဲ့ထဲ ဒါကြီးပါတယ် 🤨💯
၂၀၁၉ ကတည်းက ဝယ်ထားတာ အခုဆို ၄ နှစ်ပြည့်တော့မယ် ၊ မေ တစ်ယောက်တည်းသုံးတာတောင် မဟုတ်ဘူး ၊ ညီအစ်မ သုံးယောက်သုံးတာ ။

❤️‍🔥ညှော်တာ ၊ စက်သံ ပုံမှန်မဟုတ်တာ ဘာညာ လုံးဝ မဖြစ်ဘူး ။ ပြုတ်ကျတာလဲ ခဏခဏပဲ ။

❤️‍🔥မေက ဆံပင်ကို layer cut အမြဲ ညှပ်တတ်သူမို့ ဒီ Revlon ရဲ့ one step dryer က ပုံသွင်းတဲ့အခါ ဘီးလုံး တစ်ဖက် ၊ dryer တစ်ဖက်နှင့် အလုပ်ရှုပ်ပြီး လက်ညောင်းရတဲ့ ဒုက္ခကနေ တော်တော် သက်သာစေတယ် ။
Wolf cut , butterfly cut , jellyfish cut ညှပ်ထားသူတွေ ဝယ်သင့်တယ် ။

❤️‍🔥ဆံပင်က နည်းနည်း ဖွာတဲ့အထဲပါတာကြောင့် သူက saloon တွေမှာ blow dry လုပ်ပေးသလို ဝပ်ဝပ်ကလေး ဖြစ်စေတယ် ။

❤️‍🔥ပုံသွင်းရင် သွင်းတတ်သလို ဆံပင်ဖောင်းဖောင်းလေးရတယ် ။ ဒါကတော့ ညှပ်ထားတဲ့ hair cut ပေါ်လဲ မူတည်တာပေါ့နော် ။

မေ ဝယ်တုန်းက ၂၀၁၉ မှာဆိုတော့ ၁၄၀,၀၀၀ လောက်ကျတယ် ။ မေ့အတွက်တော့ စျေးများတဲ့ထဲပါပြီး တကယ်ရော အသုံးဝင်ပါ့မလား စိုးရိမ်ခဲ့တာ ၊ မေ့အတွက်တော့ တန်ကိုတန်ပါတယ် ။ ညီမတွေပါ ဝိုင်းသုံးတော့ ပိုတန်တယ် ။

Review video လေးလဲ တင်ပေးဖူးတယ် ။ အခု လေးနှစ်ကြာတဲ့ထဲ သုံးလို့ ကောင်းနေတုန်းမို့ မနေနိုင်လို့ ထပ်လာပြောတာ 😝။ မကြည့်ရသေးသူတွေ link လေး comment မှာ ပြန်ချပေးမယ်နော် ။

မေ ဝယ်တာက T & G Cosmetics ကပါ ။ အခုတော့ စျေးဘယ်လောက်ဖြစ်နေမလဲ မသိတော့ဘူး ။ Edit : အခုတော့ ငွေစျေးဘာညာနှင့် ၂ သိန်းကျော်ဝန်းကျင် ကျနိုင်ပါတယ် ။

PS: တစ်လကျော်လောက် ပျောက်နေတာက မေ emotional crisis ကို ရင်ဆိုင်နေခဲ့ရလို့ပါ ၊ ဒီတစ်ခေါက်က တော်တော်လေးလဲ ပင်ပန်းခက်ခဲခဲ့ပါတယ် ။ အခုတော့ healing လမ်းကြောင်းပေါ် ပြန်ရောက်လာခဲ့ပြီမို့ post လေးတွေ ပုံမှန်တင်နိုင်အောင် ကြိုးစားပါ့မယ် ။ အသဲလေးတွေ အများကြီးမြင်ရင် ပျော်မိမှာပဲ 😝

18/07/2023

Page လေးကို ပြန် Run တဲ့အနေနဲ့
ကံစမ်းမဲလေးတွေလည်းဖောက်ပေးမယ်နော်

Photos from Htet Collection's post 18/07/2023

မင်ဒါမျိုးလေးတွေ နောက်ပိုင်းဆိုင်လေးဖွင့်ပြီး
ရောင်းပေးမယ် နော်

Photos from Htet Collection's post 12/02/2023

♥️

Photos from Pann Sabal-Reviewer's post 12/02/2023
Photos from Bee Beauty Blog's post 04/09/2022
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon