Fairy Myanmar pabedan yangon
Fairy Myanmar မှ နွေးထွေးစွာကြိုဆိုပါတယ်
မှန်ကြည့်တိုင်း ကိုယ့်အသားအရေလေး ကြည်လင်နေဖို့ ဆိုရင် Fairy Toner ကိုရွေးချယ်ပါ💯💯
Essence ပါဝင်လို့အသားထဲထိ
စိမ့်ဝင်လွယ်ပီးတနေ့တာလုံး glow စေမှာနော်🥰🥰
Essence Toner-68000
Made korea🇰🇷🇰🇷
Fairy ကဘယ်အချက်တွေ
ကြောင့်MLM မဟုတ်တာလဲ❓
လူကြိုက်များရောင်းမလောက်တဲ့ Fairy တိုနာလေး ပစ္စည်းမပြတ်ခင်အမြန်ဝယ်ထားပါ🥰
Toner-68000
Made korea🇰🇷🇰🇷
Skincare လိမ်းပေမဲ့ ဘာလို့အမဲစက်တွေများနေသေးတာလဲ❓❓
Skincare မလိမ်းပဲနေရင်ဘာဖြစ်လာနိုင်လဲ❓❓
အသားခြောက်နေလောင်ချွေးပေါက်ကျယ် ဝက်ခြံအမဲစက်တင်းတိပ်တွေဖြစ်လာနိုင်ပါတယ်✅✅
ကိုယ့်အသားအရေလှပဖို့ ကိုယ့်မှာပဲတာဝန်ရှိတာမို့ Skincare ဖို့ အချိန်နည်းနည်းပေးပါ🥰
အသက်ကြီးလာလို့မွဲခြောက်နေတဲ့အသားအရေတွေကို ပြန်လည်နုပျိုစိုပြေစေဖို့ မနက်တိုင်း Luxe bloom collagen တခွက်အမြဲသောက်နော်❤❤❤
Luxe collagen-48000(10ထုပ်ပါ)
တထုပ်-5000
Made Thailand
27/08/2026
#ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့
****************
ဗုဒ္ဓဒေသနာ အရ ဝါခေါင်လပြည့်နေ့ကို
“မေတ္တာအခါတော်နေ့”ဟု ရှေးဆရာများ
သတ်မှတ်ခဲ့ကြသည်။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ရဟန်းငါးရာသည် သာဝတ္ထိမြို့တော်နှင့် ယုဇနာတစ်ရာဝေးကွာသော
တောအုပ်တစ်ခု၌ ဝါကပ်ကာ ရဟန်းတရား
အားထုတ်ကြ၏။
ထိုတောအုပ်၌နေသော ရုက္ခစိုးနတ်
တို့သည် ရဟန်းတော်တို့၏ သီလတန်ခိုး
ကြောင့် သစ်ပင်ထက်၌ မနေနိုင်ဘဲ ကလေးတွေလက်ဆွဲကာ
မြေအောက်သို့ ဆင်းကြရ၏။
ရုက္ခစိုးနတ်တွေလည်း ကြာလာတော့
သည်းမခံနိုင်တော့သဖြင့် ရဟန်းတော်များ ထွက်သွားအောင် ခြောက်လှန့်
တတ်ကြသောကြောင့် ရဟန်းတော်များ
ဆယ့်ငါးရက်ခန့်နေပြီး ဘုရားရှင်ထံ ပြန်ကြကာ
အကျိုးအကြောင်း လျှောက်ထားကြသည်။
ထိုအခါ ဘုရားရှင်က
“ချစ်သားတို့က လက်နက်မှ ယူမသွားကြပဲကိုး။
ငါလက်နက်ပေးလိုက်မယ်။
ဒီလက်နက်ဟာ ချစ်သားတို့အတွက်
ပရိတ်(အရံအတား) လည်း
ဖြစ်လိမ့်မယ်။ကမ္မဋ္ဌာန်းလည်း ဖြစ်လိမ့်မယ်။”
ဟု မိန့်ကာ မေတ္တာပွားနည်းမေတ္တသုတ်ကို
သင်ပြဟောကြားပေးလိုက်၏။
ထိုမေတ္တသုတ် ဟောကြားပေးသောနေ့သည်
ဝါခေါင်လပြည့်နေ့ဖြစ်၍ ဝါခေါင်လပြည့်နေ့ကို
“မေတ္တာအခါတော်နေ့”ဟု သတ်မှတ်ထားကြ၏။
ရဟန်းတော်ငါးရာလည်း ထိုတောအုပ်သို့
ပြန်သွားကာ မေတ္တသုတ်ကို ရွတ်ဖတ်ပွားများ၍
အားလုံးအဆင်ပြေသွားကြသည်။
နောက်ဆုံးတော့ ရဟန္တာ ဖြစ်သွားကြ၏။
မေတ္တာဟူသည် သူတစ်ပါးတို့၏ ကောင်းကျိုး
စီးပွားကိုလိုလားသော
သဘောရှိ၏၊ သူတစ်ပါးတို့၏ ကောင်းကျိုး
စီးပွားကို လိုလိုလားလား ဆောင်ရွက်ပေး၏။
အငြှိုးအာဃာတကို ပယ်ဖျောက်တတ်၏။
သူတစ်ပါးတို့ ပြည့်စုံချမ်းသာမှုကို ဦးတည်၏။
မေတ္တာသဘောကို အဘိဓမ္မာက ဤသို့ဆို၏။
သူတစ်ပါးကောင်းကျိုးကို လိုလားတာ မေတ္တာ။
သူတစ်ပါးကောင်းကျိုးရှိအောင် ဆောင်ရွက်ပေးတာ မေတ္တာဖြစ်သည်။
မေတ္တာဟူသည် အစိုဓာတ်၊ အစေးဓာတ်၊
အအေးဓာတ်ရှိ၏။
ထိုအစိုဓာတ်၊ အအေးဓာတ်ဖြင့်
တစ်ပါးသူအပေါ် မြှေးယှက်လွှမ်းခြုံထားမှုကို “မေတ္တာ”ဟုခေါ်၏။
ဘယ်သူနှင့် ဘယ်သူတော့
အစေးမကပ်ကြဘူးဟု ပြောသံကြားဖူးလိမ့်မည်။
အစေးမကပ်ခြင်းဟူသည်
“မေတ္တာပျက်ပြယ်နေခြင်း” ကြောင့်ဖြစ်၏။
တစ်ဦးနှင့်တစ်ဦး မေတ္တာမထားနိုင်တာကို
အစေးမကူးခြင်း၊ အစေးမကပ်ခြင်းဟု ခေါ်၏။
ရှေးအခါက ပိုက်ကွန်မိသော ခိုငှက်တို့သည်
အားလုံးပြိုင်တူ တပြိုင်နက်ထပျံကြ၍ ပိုက်ကွန်မှလွတ်ကာ
လိုရာခရီးသို့ ရောက်ရှိသွားကြသည်။
မေတ္တာကြောင့်ဖြစ်သောစည်းလုံးမှုအင်အား၏ ပြယုဂ်သက်သေဖြစ်သည်။
ဘုရားရှင်က မေတ္တသုတ်နိဒါန်းမှာ မေတ္တာဘာဝနာ ပွားများသူသည် လိုက်နာပြုကျင့်ထိုက်သောတရား (၁၄)ပါး
ရှိသည်ဟု မိန့်သည်။
♥မေတ္တာစွမ်းအား ရှိရမည်။
✦ကာယကံစိတ် ဖြောင့်မတ်ရမည်။
မှန်တာလုပ်၊ ဟုတ်တာပြောရမည်။
✦စိတ်သဘောထား အထူးဖြောင့်မတ်ရမည်။
✦ပညာရှိသူတော်ကောင်းစကား နားထောင်ရမည်။လိုက်နာရမည်။
✦နူးညံ့ရမည်။
✦မာန်မာန ကင်းရမည်။
✦ရောင့်ရဲနိုင်ရမည်။
✦လွယ်ကူစွာ အသက်မွေးရမည်။
✦အပိုကိစ္စ နည်းပါးရမည်။
✦ပေါ့ပါးစွာ အသက်မွေးရမည်။
✦ငြိမ်သက်သော ဣန္ဒြေ ရှိရမည်။
✦ရင့်ကျက်မှု ရှိရမည်။
✦ကိုယ်နှုတ်နှလုံး ကြမ်းတမ်းမှု ကင်းရမည်။
✦ငါ့ဆွေမျိုး ငါ့မိသားစုဟူသော အစွဲကင်းရမည်။
✦ ပညာရှိများ ကဲ့ရဲ့နိုင်ပါက
မကောင်းမှု သေးသေးဖွဲဖွဲကိုပင် ရှောင်ကြဉ်ရမည်။
ဘုရားရှင်က ထိုသို့ မေတ္တာသမားထားရှိရမည့်
သဘောထားများကို မိန့်ကြားပြီးနောက် မေတ္တာပွားနည်းများကို
ဆက်လက်မိန့်ကြားတော်မူသည်။
ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ
သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
မြင်အပ်မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ထိုသို့ နှစ်စုသုံးစု ခွဲ၍ မေတ္တာပို့ရမည်။
တစ်ဖက်သားကို ချမ်းသာစေချင်တာ မေတ္တာဖြစ်သကဲ့သို့ တစ်ဖက်သားကို ဒုက္ခ မရောက်စေချင်တာလည်း မေတ္တာပင်ဖြစ်၏။
ထို့ကြောင့် ဘုရားရှင်က
“လူအချင်းချင်း လှည့်စားခြင်း၊ ကင်းရှင်းကြပါစေ။
လူအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ”
ဟု မေတ္တာပို့ရန် ဆက်လက် မိန့်ကြားတော်မူသည်။
လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ကောက်ကျစ်
စဉ်းလဲခြင်းသည် သစ္စာတရားကို ဆန့်ကျင်ခြင်းဖြစ်၏။
သစ္စာတရားကို ဆန့်ကျင်ခြင်းသည် ဆင်းရဲကြောင်းဖြစ်၏။
လူသားထုကို ချမ်းသာစေချင်လျှင် ထိုအပြုအမူတွေ ကင်းရှင်းမှဖြစ်မည်။
ထို့ကြောင့် ဘုရားရှင်က လူသားအချင်းချင်း
လိမ်ညာခြင်း လှည့်စားခြင်းကင်းဖို့၊ မထီမဲ့မြင်ပြုမှု အထင်သေးမှုတွေ
ကင်းဖို့၊ သီးသန့် မေတ္တာပို့ရန်
အထူးမိန့်ကြားခဲ့လေသည်။
ဘုရားရှင်ကိုယ်တော်မြတ်သည် သူ့ကိုဆန့်ကျင်သော
မာရ်နတ်၊ အာဠဝကဘီလူး၊ နာဠာဂီရိဆင်၊
အဂုင်္လိမာလ၊ စိဉ္ဇမာဏ၊ သစ္စကပရဗိုဇ်၊ နန္ဒောပနန္ဒနဂါး၊ ဗကဗြဟ္မာတို့ကို အနိုင်ယူအောင်မြင်တော်မူခဲ့၏။
ထိုအောင်ခြင်းရှစ်ပါးကို အောင်မြင်ရာတွင်
အကြမ်းမဖက် မေတ္တာသက်သက်ဖြင့် အောင်မြင်တော်မူခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် မိမိတို့ ရည်မှန်းချက်တစ်ခုခု
အောင်မြင်ချင်လျှင် မေတ္တာသာထားပါ။
မေတ္တာသာ ပွားပါ။
မေတ္တာနှင့်သာ ဆောင်ရွက်ပါ။
တကယ်စစ်မှန်သော အောင်မြင်မှုကို ရရှိမည်
ဖြစ်ပေသည်။
အရှင်သံဝရာလင်္ကာရ( ဓမ္မပိယဆရာတော်)
#မေတ္တာတရားများဖြင့်အစဉ်အေးချမ်းကြပါစေ
ဓမ္မဒါန မျှဝေပူဇော်ပါသည်
သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ
မေတ္တာများစွာဖြင့်- မြင့်မြင့်
27/08/2026
ဒီနေ့အတွက် စကားလက်ဆောင်💗💭🌹
#လူငယ်တွေအောင်မြင်ဖို့
#သျှင်စော
#ခွန်အားဖြစ်စကားစုများ
27/08/2026
ခန်တီဆိုတာ
ခန္တီဆိုတာ
🙏🙏🙏
ဘဝတစ်ခုမှာ အခုလိုစုန်ချီဆန်ချီုဖြစ်
နေတာအဆင်ပြေတာရှိသလို အဆင်
မပြေတာတွေလည်းရှိတယ်။
ဘဝမှာဘယ်သူမှထာဝရ အဆင်ပြေနေ
တယ်ဆိုတာမရှိဘူး။ မြတ်စွာဘုရား ပင်
လျှင် အဆင်မပြေတဲ့အခါရှိတယ်။ ဆွမ်း
မစားရတဲ့အခါရှိတယ်၊ မကောင်းတဲ့ အ
စားအစာတွေနဲ့ မျှတနေရတဲ့အခါရှိ
တယ်။
လူတို့ရဲု့ကြည်ညို လေးစားမှု ကြိုဆိုမှု
ကိုခံရတဲ့အခါ ရှိသလို ဆဲရေးတိုင်းထွာ
မှုခံရတဲ့အခါ ခြိမ်းခြောက်ခံရမှုဆိုတာ
တွေလည်း ကြုံရတယ်။
မြတ်စွာဘုရား ကိုယ်တိုင်အဆင်မပြေ
မှုတွေ ဘဝမှာကြုံတွေရတယ်။ အဲ့ဒီ အ
ဆင်မပြေမှုတွေဟာ ဘဝကပေးတဲ့ ဖန်
တီးမှုတွေဖြစ်တော့ ဘာနဲ့ဖြတ်ကျော်လဲ
ဆိုတော့ သီးခံခြင်းခွင့်လွှတ်ခြင်းနဲ့ ဖြတ်
ကျော်တယ်။ သည်းခံတယ်ဆိုတာဟာ
ခေါင်းထဲမှာ အမှတ်မထားတာ၊ မှတ်မ
ထားဘူး ကိုယ်လုပ်ရမယ့်အလုပ်ပဲ လုပ်
တယ်။
လောက လူတွေကကိုယ့်အပြစ်ပြော
ခံရလို့ရှိရင် စိတ်ကတစ်မျိုးပြောင်းသွား
တယ်။ ချီးမွမ်းလိုက်ရင် စိတ်ကတစ်မျိုး
ကဲ့ရဲ့လိုက်ရင်စိတ်က တစ်မျိုးဖြစ်သွား
တယ်။
မြတ်စွာဘုရား ကတော့ ချီးမွမ်းခြင်း၊
ကဲ့ရဲ့ခြင်း အလျဉ်းခေါင်းထဲမှမထည့်ဘူး
မတွက်ဘူး လုပ်သင့်လုပ်ထိုက်တဲ့
အလုပ် ပဲဆက်လုပ်တယ်။ အဲ့ဒါသီးခံ
ခြင်းပဲ။ သည်းခံခြင်းဆိုတာ ကိုယ့်မူလ
အခြေအနေကို မပျက်အောင် ထိန်းနိုင်
တဲ့ စွမ်းရည်သတ္တိတစ်မျိုးကိုခေါ်တယ်။
ခန္တီဆိုတာ စွမ်းရည်သတ္တိတစ်မျိုးပဲ
ဘာစွမ်းရည်သတ္တိတုန်းဆိုရင် မြှောက်
ပြောလို့လဲ စိတ်တက်ကြွမသွားဘူး။
ြိခိမ်းခြောက်လို့လည်း ကြောက်မသွား
ဘူး၊ ကဲ့ရဲ့လည်းစိတ်မဆင်းရဲဘူး၊ ချီး
မွမ်းလို့လဲ ဝမ်းမသာဘူး၊ စိတ်ဓာတ်
တည်ငြိမ်ပြီး ကိုယ်လုပ်မယ့်အလုပ်ကို
လုပ်သွားတာ စိတ်ရဲ့အပြောင်းအလည်းကိုမရှိအောင် ထိမ်းနိုင်တာကို ခန္တီလို့
ခေါ်တယ်။
မြတ်စွာဘုရားက စော်ကားတဲ့စကား
တွေလည်း သီးခံနိုင်တယ်။ လုပ်သင့်တာလုပ်မယ် ဒီသဘောပဲ အဲ့ဒီလို ဘဝ
မှာ အဆင်မပြေမှုဆိုတာတွေ သည်းခံ
ခြင်းနဲ့ကျော်ဖြတ်ခဲ့တယ်။
ပါမောက္ခချုပ်ဆရာတော်ကြီး၏
တရားတော်မှ ပူဇော်ပါသည်။
🙏🙏🙏🙏🙏🙏🙏
===================
ခန္တီနှလုံးအစဉ်သုံးရွင်ပြုံးကြပါစေ။
အဓမ္မဘေးရှောင်ဖယ်ဝေး ကပ်ရောဂါ
ဘေးဆိုး လွတ်ကင်းကျန်းမာခြင်း
ချမ်းသာခြင်းပြည့်စုံပါစေ။
ချမ်းမြေ့ပါစေ................... ဝင်းးး
27/08/2026
Category
Contact the business
Telephone
Website
Address
Yangon