Your Beauty Corner
You can buy with confidence because the best quality will be sold on our page with the reasonable price... �
07/06/2023
ဒါလေး 10,000ကျပ် အတိနဲ့ပဲ ပရိုမိုးရှင်းချပြီး ရောင်းပေးချင်လို့🤓
special period အနေနဲ့ ဒီနေ့ကနေစပြီး 11/june အထိပါပဲနော်... အဲ့ချိန်ကျော်သွားရင်တော့ ပုံမှန်စျေးဖြစ်သွားပြီနော်...
exp က 2024ပါ‼️
ဒီ set လေးထဲမှာက cleanser , toner, ampoule, serum ဆိုပြီး 4 မျိုးတောင် ပါတယ် 😍
step နည်းနည်းနဲ့ clear and healthy skin ဖြစ်ချင်တာဆို 611 line က ဒီ 4 မျိုးက အကောင်းဆုံးနော်❗
mini လေးမို့ axis-y ရဲ့ product လေးတွေ စမ်းသုံးကြည့်ချင်တဲ့ သူများအတွက်အရမ်းအဆင်ပြေတယ် ✔️
ခရီးသွား, staycation သွားတာမျိုးဆို အလွယ်တကူ ဒါလေးသာ ကောက်ထည့်သွား... 1set ထဲနဲ့ အကုန်ပြီးတယ် 😁
07/06/2023
Dove roll-on Deodorant (50ml)
🔘 instock
🔘 price - 8,350 mmk 💕
မင်မင်က ချွေးအရမ်းထွက်တတ်တဲ့သူမို့ deodorant ဆို တော်တော်လေး ရွေးရတဲ့အထဲမှာပါတယ်...
roll-on type တွေကျ စိုစိစိနဲ့မကြိုက်လို့ဆိုပြီး dry stick ပဲသုံးတော့လဲ အဆင်တွေပြေမနေဘူး... dry stick က သုံးလိုက်ရင် white cast တွေဖြစ်ပြီး ကြာလာရင် armpit မှာ ဂျီးတွေလို အလိပ်လိုက်တွေ ဖြစ်ကုန်လို့... 🤧
✅ 0% alcohol မို့ စိတ်ချ လက်ချ သုံးလို့ရတယ်... မင်မင်ဆို ဂျိုင်းသား နာနေ, နီနေတဲ့အချိန်မှာပဲ သူ့ကိုသုံးတာတောင် စပ်သွားတာမျိုး လုံးဝမဖြစ်...
✅ long lasting scent မို့လို့ သူ့တစ်မျိုးသုံးထားတာနဲ့တင် မွှေးတယ်... အမြဲသုံးလွန်းလို့ ကိုယ့်ကိုယ်သင်းနံ့လိုတောင် ဖြစ်နေတာ...
✅ moisturising cream ဖြစ်ပြီး ဂျိုင်းကြား အသားရေကိုစိုပြေစေတယ်... သူ့ cream က နေရခက်အောင် စိုစိစိဖြစ်တာမျိုးမဟုတ်ပဲ ခဏလေး လေသလပ်ခံတာနဲ့တင်ခြောက်တယ်...
✅ အရမ်းအရမ်းကို ချွေးထွက်သန်တဲ့ မင်မင်, တခြား roll-on တွေသုံးရင် ချွေးနဲ့ roll-on နံ့ရောပြီး နံသွားတာမျိုးဖြစ်ပေမဲ့.. ဒါကအဲ့လို လုံးဝမဖြစ်... နောက်ပြီး ရေချိုးတဲ့အခါ ဆေးချရတာလဲ လွယ်တယ်... ဂျိုင်းမှာ ချွဲပျစ်ပျစ်ဖြစ်နေတာမျိုး မဖြစ်ဘူး...
ဒီ dove ထဲက အခြား အနံ့တွေလဲ ရှိပေမဲ့ ထုံးစံအတိုင်း fragrance sensitive ဖြစ်တဲ့ မင်မင်ကတော့ ကိုယ်အကြိုက်ဆုံးကိုပဲ ရောင်းထားတယ်... 😅
💯% authentic
imported from UK 🇬🇧
07/06/2023
Coty Airspun Loose Face Powder (65g)
instock❗
price - 29,500 mmk (65g)
ဒိုး page ရဲ့ အရောင်းရဆုံးသောထဲမှာပါတဲ့ item တစ်ခု... ဒါ ၃ သုတ်မြောက်... date fresh ပါတယ်
all skin tones သုံးလို့ရတယ်... ✔️
powder သားလေးက သိပ်သိပ်ညက်ညက်လေးနဲ့ ultra smooth ဖြစ်ပြီး အရမ်း lightweight ဖြစ်တယ်... 👀
လိမ်းထားတဲ့ make up ကို long lasting ဖြစ်စေပြီး velvety finish ကိုရစေမှာပါ... 😘
သူ့ဟာလေးနဲ့သူ coverage လေးလဲ ပေးနိုင်ပြီး အဆီပြန်တာကိုလဲ အချိန်တစ်ခုထိ ထိန်းပေးနိုင်တယ်...🤓
ပြီးတော့ ကြိုက်သလောက် bake လုံးဝ cakey မဖြစ်ဘူး...🙅🏼♀️
65g တောင်ပါတာမို့လို့လဲ အရမ်းအကြာကြီးအသုံးခံတယ်... မနှမျောပဲ အမုန်း bake ပါလေ့... 🤭
မိတ်ကပ်မလိမ်းတဲ့ သူလေးတွေလဲ spf လိမ်းပြီး ဒီ powder လေးသာရိုက်... သဘာဝဆန်ဆန်လေးနဲ့ flawless look လေးရစေမှာ... 🌚
shades က 6 မျိုးထွက်တာကို မင်မင်က 👇🏼
⁃ translucent နဲ့
⁃ naturally neutral ဆိုပြီး
မြန်မာနိုင်ငံက သူတွေနဲ့ အဆင်ပြေလောက်တဲ့ shades လေးကို ရွေးပြီးတင်ပေးထားပါတယ်...
💯% authentic
directly ordered from USA 🇺🇸
ဘယ်မှာပဲဝယ်ဝယ် အတုအပ
သတိပြုပါကွယ် ⚠️
ဘူးနောက်ဘက်မှာ made in usa of us & imported parts ဆိုတာမှ US အစစ်ပါ...
made in china ဆိုတာတွေလဲ ရှိတတ်လို့...
20/10/2022
🍆 Papa Recipe Eggplant
Clearing Mud Cream Mask (capsule type) 🍆
‼️ Discount included ‼️
wash-off mask လေးတွေ ကြိုက်ကြတဲ့ သူတွေအတွက်...
💟 ပထမဆုံးပြောချင်တာက for all skin type အတွက်ဆို ပေမဲ့ သူ့ထဲမှာပါတဲ့ extract တွေက super oily, combination, acne prone skin သမားများအတွက်ဆို ပိုပြီးအထူးသင့်တော်ပါတယ်...
💟 ခရမ်းသီးရဲ့အဆီအနှစ် ၆၆% ပါဝင်ပြီး ခရမ်းသီးလေးက ဝက်ခြံပေါက်တတ်တဲ့ problem skin သမားများအတွက်ဆိုရင် လုံးဝ perfect ပါ...
💟 သူ့မှာပါတဲ့ walnut shell powder ကလဲ အသားရေကို gently exfoliate လုပ်ပေးပြီး မျက်နှာပေါ်က အဆီပိုများကို စုပ်ယူပြီး ဖယ်ရှားပေးတယ်...
💟 texture က အရမ်းကို creamy ဖြစ်ပြီး သုံးရတာ အရမ်း smooth ဖြစ်တယ်.. အရောင်လေးကလဲ deep color လေး...
💟 mud cream mask ဖြစ်တာကြောင့် clay mask တွေလို ခြောက်သွားတာမျိုး မဟုတ်ဘူးနော်... တော်တော်ကြာတဲ့အထိ စိုစိုအိအိလေးဖြစ်တုန်း...
💟 မျက်နှာသစ်ပြီးရင်လဲ နဂိုထက် ပိုနူးညံ့ပျော့ပျောင်းလာပြီး, အဆီပြန်နေတဲ့နေရာတွေလဲ သိသိသာသာ သက်လာလာတာ... ရေရှည်စွဲပြီးသုံးရင် အဆီပြန်တာကို ကောင်းကောင်းထိန်းချုပ်ပေးနိုင်မှာ...
how to use: 💁🏻♀️
-မျက်နှာကိုအရင်သန့်စင်အောင်လုပ်ပြီး ရေခြောက်သွားရင် cream လေးတွေကို မျက်နှာမှာ နှံ့အောင် လိမ်းပါ...
-10-15mins လောက်ထားပြီးရင် ရေပြန်ဆေးချလို့ ရပါပြီ...
-ပြီးရင်တော့ ကိုယ့်ရဲ့ပုံမှန် routine အတိုင်း ကျန်တာ ဆက်လိမ်းရုံပဲ...
-၁ပတ်ကို ၂/၃ ကြိမ်လောက်အထိ သုံးပေးလို့ရပါတယ်...
လောလောဆယ် မင်မင့်မှာ capsule type ပဲရှိပါဦးမယ်.. budget save ချင်ရင်ရော, စမ်းသုံးချင်တာရော အတွက်ဆို ဒီ capsule type က ပိုအဆင်ပြေတယ်နော်...
instock...
1ea - 3,000 mmk 💜
1box (10ea) - 25,000 mmk 💜
1ea ကို ပျမ်းမျှ ၂/၃ ကြိမ်သုံးလို့ရတယ်နော်...
1 box (not 1ea) price လေးကို မင်မင့်ရဲ့ telegram channel လေးကို join ထားတဲ့ ss လေးပြပြီးမှာပေးရင် "500 mmk off" ပါရှင်... 😘
here is the link to access my telegram channel!
https://t.me/yourbeautycornerbyttk
20/10/2022
VT Cica Sleeping Mask
Cica x Hyalon
🔘 instock
🔘 1ea - 2,000 mmk 💕
🔘 exp 2024
oily, combination, acne prone skin သမားများ sleeping mask လဲ သုံးချင်တယ်... အဆင်မပြေဖြစ်မှာလဲ စိုးရိမ်တယ်ဆိုတဲ့သူတွေ ဒါကို မျက်စိမှိတ်သုံး...
သုံးပြီးတာနဲ့ တခြားဘာ sleeping mask မှ မတိုးတော့ဘူးဖြစ်စေရမယ်...
မင်မင်ကိုယ်တိုင် oily skin သမား... တော်တော်များများ sleeping mask သုံးဖူးတယ် over hydrating ဖြစ်ပြီး အဆီဖုတွေထလာတာ လုံးဝအဆင်မပြေဘူး...
ဒါသုံးပြီးမှ သူမှသူဖြစ်ပြီး box လိုက်ကိုဝယ်သုံးရတော့တာ... ခုဆို ဒါကိုပဲ သုံးနေတာ နှစ်ချီနေပြီ... 😬
✅ texture က စိမ့်ဝင်လွယ်ပြီး လိမ်းလိုက်ရင် ပေါ့ပေါ့ပါးပါးနဲ့ အေးအေးရှိန်းရှိန်းလေး ဖြစ်နေတာ... အဆီပြန်ပြန်ကြီး ဖြစ်မနေဘူး...
✅ မိုးလင်းလို့ ရေဆေးချပြီးရင် မျက်နှာလေး ကြည်နေတာက အသက်...
✅ မျက်နှာမှာ breakout ဖြစ်လို့ နီမြန်းနေတာတွေအကုန် သက်သာတယ်...
✅ အဆီဖု ပျောက်တယ်, ဝက်ခြံဖုအကြီးကြီးတွေဆို အရမ်းကို သက်သာသွားတာ....
နေ့တိုင်းသုံးစရာမလိုဘူး ပြောကြလို့ မင်မင်ကတော့ 1 ရက်ခြားစီလိမ်းပြီး 1ထုပ်ကို 1ပတ်ခံတယ် 🤓
အရမ်း detail ဖြစ်တဲ့ blogger အချို့ရဲ့ review လေးတွေကိုလဲ link ထည့်ပေးလိုက်ပါတယ်..
https://m.facebook.com/story.php?story_fbid=1618371305021405&id=1123612134497327&sfnsn=mo
https://m.facebook.com/story.php?story_fbid=1350711255116686&id=529837910537362&sfnsn=mo
telegram channel: https://t.me/yourbeautycornerbyttk
💯% authentic
made in Korea 🇰🇷
imported from Korea 🇰🇷
20/10/2022
Etude House Baking Powder Crunch Pore Scrub
2019 လောက်ကထင်တယ် NCO review လို့ နာမည်ကြီးသွားတဲ့ St. Ives က apricot scrub ကို သုံးမိတာ အိုင့်မျက်နှာမှာ ချွေးပေါက်တွေကျယ်သွားတာများ လိမ္မော်သီး အခွံနဲ့ နင်လား ငါလားပဲ... 🤧
(brand ကိုပုတ်ခတ်ပြောတာ မဟုတ်ပါနော်... ကိုယ့်အတွက် သုံးရတာ အဆင်မပြေတာကို ပြောတာပါ)
အဲ့ကတည်းက မျက်နှာကို physical exfoliating ဆိုရင် peeling လောက်ပဲ လုပ်တော့တယ်... scrub သုံးဖို့ဆို တော်တော်ကြောက်သွားတာ... 😫
နောက်ပိုင်းကျ ဒီ etude house က baking powder လေးကို (ကိုယ်တိုင် စျေးစမရောင်းခင်တုန်းကပေါ့လေ) os တစ်ခုက gift အနေနဲ့ ၁ထုပ်ထည့်ပေးလို့ သုံးကြည့်ရင်း အရမ်းသဘောကျသွားတာ...
🌀 ဘာလို့လဲဆိုတော့ သူက micro scrub ဖြစ်ပြီး သူ့ရဲ့ texture ကလဲ တကယ်ကို မှုံ့စိနေတာပဲ...
🌀 မျက်နှာကို သူနဲ့ scrub လုပ်ရင်း ချွေးပေါက်တွေပိုကျယ် သွားတယ်ဆိုတာမျိုး လုံးဝမဖြစ်နော်...
🌀 ဒါတင်ပဲလားဆိုတော့ နှာခေါင်းကြား, မေးစေ့, မျက်လုံးအောက်နား ပါးပေါ်လေးက အဆီဖုလေးတွေဆိုတာလဲ ၂ပတ်လောက်နဲ့ တာ့တာပဲ...
🌀 အနံ့လေးကလဲ မွှေးမွှေးလေးနဲ့ မင်မင်ဆို သူနဲ့မှ နေ့တိုင်းကို scrub ချင်နေတော့တာ... မနည်းထိန်းထားရတယ်...
🌀 စျေးနည်းလို့ဆိုပြီး အထင်သေးရမဲ့အထဲမှာ ဒါလုံးဝမပါဘူး... အထုပ်ကလဲ ပိစိလေးသာ ဖြစ်နေတာ အရမ်းအသုံးခံတယ်...
🌀 korea ကတိုက်ရိုက်ဝယ်ထားပေးပြီး လုံးဝ လုံးဝ korea import စစ်စစ်နော်...
ဟောဒီက ကျွန်မကလဲ ဝမ်စျေးတွေခေါင်ခိုက် နေတဲ့ ကြားထဲကကို အမြတ်မဆိုသလောက်လေးပဲယူရောင်းပေးထားတာ... အရင်က 1pc ကိုပဲ "၁ထောင်" နဲ့ အနည်းဆုံး ၃ခုကစပြီး ဝယ်ရတာရယ်...
အဲ့တော့ အကုန်လုံးခြုံပြောရရင်တော့ ဒါလေးက ဝယ်ကို ဝယ်သင့်တဲ့အထဲမှာပါတာ... 🤭
instock‼️
1pc - 700 mmk
1box (24pcs) - 14,500 mmk
1 box (not 1pc) price လေးကို မင်မင့်ရဲ့ telegram channel လေးကို join ထားတဲ့ ss လေးပြပြီးမှာပေးရင်
"500 mmk off" ပါရှင်... 🙈
here is the link to access my telegram channel!
https://t.me/yourbeautycornerbyttk
09/10/2022
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ သီတင်းကျွတ်လပြည့်နေ့ရက်လေး ပိုင်ဆိုင်နိုင်ကြပါစေ...
လူတိုင်း လူတိုင်း သာတူညီမျှ ပျော်ရွှင်နိုင်ကြပါစေ... ❤️
08/10/2022
💫 RAIP R3 Argan Hair Oil (100ml) 💫
korean hair care product တွေထဲမှာ သူလေးက best seller ပဲနော်...
✔️ alcohol free ပါ...
✔️ texture က ကျဲကျဲလေးနဲ့ အရမ်းကို lightweight ဖြစ်တယ်... လိမ်းလိုက်ရင်လည်း လုံးဝကို စေးကပ်တာမရှိ...
✔️ ခေါင်းဆီအရမ်းထွက်တတ်လို့ ဘာလိမ်းလိမ်း အဆင်မပြေတဲ့ oily scalp သမားများအတွက် လုံးဝ try သင့်တာလေး...
✔️ argan hair oil ဖြစ်တာကြောင့် ဆံသားအတွက်လိုအပ်တဲ့ ရေဓာတ်ဖြည့်ပေးတယ်, ဆံပင်ကို ပျော့ပျောင်း နူးညံ့စေပြီး healthy and shiny ဖြစ်စေတယ်နော်...
သူက (၅)မျိုးထွက်တာကို ဒီမင်မင်က (၅)မျိုးလုံးရအောင် တင်ပေးထားပါတယ်ကွယ်... 😘
fragrance sensitivity ရှိတဲ့မင်မင်က အချစ်တွေ blind test ဝယ်ရတာ အဆင်ပြေအောင် အနံ့လေးတွေ ပြောပေးမယ်ဆိုပြီး လိုက်ရှူလိုက်တာ ထုံးစံအတိုင်း ခေါင်းမူးသွားလို့ အကြမ်းဖျဉ်းပဲ ပြောတော့မယ်နော်... 😭
💛original 💛
သူလေးရဲ့ အနံ့က ဘယ်လိုအနံ့လေးလို့ ပြောရမယ်မှန်းကို မသိဘူး... သူ့မွှေးပုံလေးက သင်းသင်းလေးနဲ့ စူးစူးလေး...
👼🏼 baby powder 👼🏼
နာမည်အတိုင်းပဲ... ကလေးလေးတွေနားက ရတဲ့ အနံ့လေးလိုမျိုး တစ်နံ့တည်း...
💜 elegance 💜
အနံ့လေးက ချိုချိုအီအီလေးနဲ့ မွှေးမွှေးလေးဖြစ်နေတာ...
💖 lovely 💖
floral scent လေးလိုကိုမှ အီစိမ့်နေတာမျိုးမဟုတ်ပဲ လန်းလန်းဆန်းဆန်းနဲ့ သူ့အနံ့လေးကိုက ချစ်စရာကောင်းနေတာ...
🌊 ocean blue 🌊
ရေချိုးပြီးရင် လန်းဆန်းသွားသလိုမျိုး သူ့အနံ့လေးကအရမ်းကို fresh ဖြစ်ချင်းမျိုးနဲ့ကို မွှေးနေရော...
အနံ့ပဲမတူတာ အာနိသင်က အကုန်အတူတူပဲနော် ❗
instock 💥
price - 9,000 mmk (100ml) ❤️
exp 2024
08/10/2022
innisfree volcanic calming pore clay mask
(sample sachet)
daily pore care အတွက်ဆို ဒီလို brand, ဒီ quality လောက် သင့်တော်ပြီးကောင်းတဲ့ product လေး မရှိတော့ဘူး... 😅
✅ all skin type သုံးလို့ရတယ်...
✅ mild ဖြစ်တာကြောင့် oily and acne prone skin သမားတွေ အတွက် နေ့တိုင်းတောင် သုံးလို့ရတယ် ပြောတယ်...
✅ volcanic sphere plus ကြောင့် pore အတွင်းပိုင်းထဲက အဆီတွေထိပါ ကောင်းကောင်း စုပ်ယူပေးနိုင်တယ်...
✅ mineral water ပါလို့ အစိုဓာတ်ကို ပြန်ဖြည့်ပေးတယ်... မျက်နှာသစ်ပြီး လုံးဝခြောက်ခြောက်ကြီး ဖြစ်ကျန်မနေခဲ့ဘူး... dry skin သမားတွေ ဒါလေး try ကြည့်သင့်...
✅ AHA , PHA ပါ, ပါဝင်တာကြောင့် dead skin cells တွေကို ဖယ်ရှားပေးပြီး... စွဲမြဲသုံးမယ်ဆိုရင် blackhead တွေပါ လျော့နည်းလာစေမှာပါ...
❗instock ❗
1 sachet (3 g) - 600 mmk 😘
ဒါလေးစျေးမပြောင်းသေးနော်
08/10/2022
💚 axis-y ရဲ့ 611 line က mini glow set 💚
ဒီ set လေးထဲမှာက cleanser , toner, ampoule, serum ဆိုပြီး 4 မျိုးတောင် ပါတယ် 😍
step နည်းနည်းနဲ့ clear and healthy skin ဖြစ်ချင်တာဆို 611 line က ဒီ 4 မျိုးက အကောင်းဆုံးနော်❗
mini လေးမို့ axis-y ရဲ့ product လေးတွေ စမ်းသုံးကြည့်ချင်တဲ့ သူများအတွက်အရမ်းအဆင်ပြေတယ် ✔️
ခရီးသွား, staycation သွားတာမျိုးဆို အလွယ်တကူ ဒါလေးသာ ကောက်ထည့်သွား... 1set ထဲနဲ့ အကုန်ပြီးတယ် 😁
packaging လေးကလဲ လှပြီးတော့ သပ်သပ်ရပ်ရပ်လေး... အထဲမှာပါတဲ့ sticker လေးဆိုကြိုက်လွန်းလို့ မင်မင်တောင် 1 set ယူထားသေး... 🌚
ပြည့်ပြည့်စုံစုံသိချင်သူများအတွက် review လေး👇🏼
https://www.facebook.com/103956361548462/posts/354254933185269/?d=n
❗instock❗
price - 12,000 mmk 😘
08/10/2022
miseenscene perfect hair serum (80ml)
ဆံပင်အတွက်လိုအပ်တဲ့ အရမ်းကောင်းတဲ့ hair serum လေး တစ်ခုရှိတာရော try ပြီးကြပြီလား? 👀
hair serum ဆိုတာ hair oil နဲ့ လုံးဝ မတူပါဘူးနော်...
မင်မင်သုံးကြည့်ရသလောက်ကတော့
✅ ဆံပင်ထဲစိမ့်ဝင်လွယ်တယ်...
✅ မင်မင်က အိမ်ထဲကအိမ်ပြင် မထွက်တဲ့သူဆိုတော့ ခေါင်းချွေးတွေလဲ အရမ်းမထွက်လို့လားမသိဘူး.. ၃ရက်လောက်ထိ မွှေးတုန်း...
✅ ဆံပင်မစိုမခြောက်ချိန်မှာလိမ်းပြီး dryer မှုတ်လိုက်တာ အောက်ဖျားဆိုအရမ်းဖွာပြီး လန်ပျံထွက်နေတဲ့ မင်မင့်ဆံပင်လေး ဝပ်ဆင်းပြီး weight ကလေးရှိသလိုဖြစ်သွားတယ်... စေးကပ်သွားတာလဲ မရှိ...
✅ ဆံပင်လေးကို ရှင်းသွားတာမှ ခေါင်းကိုဘီးနဲ့ ဖြီးစရာတောင် မလိုတော့ဘူး.. လက်လေးနဲ့ ရှင်းတာနဲ့တင်ရ...
အခုတော့မင်မင့်စီမှာ ၂ရောင်ပဲရှိတော့တယ်...
💛 original (အဝါ) လေးက မင်မင်ယူထားတာ... သူ့အနံ့က သင်းသင်းလေးပဲ... website မှာတော့ floral scent လို့ဆိုပေမဲ့ မင်မင်ကတော့ flora scent လိုမျိုး မရသလိုပဲ... ဒီထဲမှာဆို သူက အလယ်အလတ်...
❤️ rich (အနီ) လေးကို သူတို့ကတော့ coconut scent လို့ပြောပေမဲ့ ဒါလဲ မင်မင်ကတော့ အရှူပဲလွန်သွားလားမသိ အုန်းသီးအနံ့မရ 😑... ဒါမဲ့သူက ၃ခုထဲ အမွှေးဆုံး... အနံ့စူးစူးလေးနဲ့...
instock❗
price - 15,000 mmk (80ml) 💋
exp 2024
made in Korea 🇰🇷
imported from Korea 🇰🇷
ygn - COD / digital payment
others - full prepaid
Payment by mobile banking is accepted...
(no extra charge required)
20/09/2022
ကုန်သွားပြန်ပါပြီကွယ်... နောက်လလောက်နေမှ ထပ်ဝင်တော့မယ်...
ဒီတစ်သုတ်ဝယ်သွားတဲ့သူတွေလဲ တန်နေသေးတယ်...
ထပ်ဝင်မဲ့ တစ်သုတ်ဆို ၃သောင်းလောက်နဲ့တောင် ရောင်းနိုင်ပါ့မလားမသိ... 😅
Click here to claim your Sponsored Listing.
Category
Website
Address
165th Street, Tamwe Tsp, Yangon City
Yangon