Shwe Yadanar Local Products

Shwe Yadanar Local Products

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Yadanar Local Products, (3)Street. Lower Block ; Strand Road; Lanmadaw Township ; Yangon, Yangon.

29/08/2026

ခေါင်းစဉ်Topic လေးကြိုက်လို့ Join ဖြစ်မယ် ထင်ပ။❝ (၂၉. ၈. ၂၀၂၆) ❞

❝ ဓမ္မဒါနအွန်လိုင်းတရားပွဲ (၂၉. ၈. ၂၀၂၆) ❞


🌺 ဆရာလေး ဒေါက်တာပညာထေရီ (ကထိက- ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်) က ❝နေ့စဉ်ဘဝမှာပျော်ချင်ရင်…စိတ်ကလေးကိုပြင်❞ တရားတော်ကို ဟောကြားချီးမြှင့်ပေးပါမယ် 🙏🏻 ဓမ္မယောဂီအပေါင်းတို့ 🙏🏻

🌺 သာသနာတွင်းမှာပဲ နာကြားရနိုင်တဲ့ တရားတော်တွေကို တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာ (၂)နာရီလောက်လေး အချိန်ပေး ဝီရိယစိုက် သဒ္ဓါပိုက်ပြီး တက်ရောက်နာယူနိုင်ကြပါစေ။

🌺 *ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။*

Zoom Meeting ID - 842 120 6889
Passcode – BodhiTheri

29/07/2026

ဓမ္မစကြာလပြည့် ‌ဆုတောင်းမေတ္တာ
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်ဘေးမှ လည်းကောင်း။

၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။

၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ တို့၏ ဘေးမှလည်းကောင်း။

ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။
ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏🙏🙏

အရာခပ်သိမ်းဘေးကင်းလုံခြုံကြပါစေ။
မင်္ဂလာရှိသောနေ့ရက်လေးများပိုင်ဆိုင်ကြပါစေ။

12/07/2026

ဓမ္မစကြာလပြည့်လည်းနီးပြီဆိုတော့ Join ဖို့
(၁၅ -၇-၂၆) (ဗုဒ္ဓဟူးနေ့) မှစ (၁၀)ရက် တိတိ(Online သင်တန်း)
🙏ဓမ္မစကြာ သုတ်တော်နှင့် အနတ္တလက္ခဏ
သုတ်တော် Online သင်တန်း
🌸ည (၇ :၀၀)မှ(၉ : ၀၀) နာရီထိ
🌸 Zoom ID = 5661122521
🌸 Password မထားပါ။

💖**ချစ်ခင်ရသော
ဓမ္မမိတ်ဆွေများသို့ **
🌷🌸🌷🌸🌷🌸🌷🌸🌷

**ဗုဒ္ဓ ကိုယ်တော်တိုင် ရှင်သန်နေသူ
တွေကို ပထမဆုံးပေးခဲ့တဲ့ **လွတ်
မြောက်မှု လက်ဆောင်**ကို သိချင်
ပါလားရှင် ?

🌸 အဲဒါကတော့-
** ဓမ္မစကြာနှင့် အနတ္တလက္ခဏ
သုတ်တော် ဖြစ်ပါတယ် **

🌸 (၁၅ -၇-၂၆) (ဗုဒ္ဓဟူးနေ့)မှာ
*****************************
🌸🙏 ဓမ္မစကြာ သုတ်တော်နှင့်
🌸🙏 အနတ္တလက္ခဏ သုတ်တော်
Online သင်တန်း
🌸🙏 ည (၇ :၀၀)မှ(၉ : ၀၀) နာရီထိ
စတင်ဖွင့်ပါမည်။

ဒီတရား ၂-ပုဒ်ဟာ ဗုဒ္ဓကိုယ်တိုင်
ရှင်သန်နေသူတွေကို **ပထမဆုံး
ပေးခဲ့တဲ့ လွတ်မြောက်မှု** လက်
ဆောင်ပါ... အခု ဓမ္မမိတ်ဆွေတို့
လက်ထဲကို ရောက်လာဖို့ အသင့်
ဖြစ်နေပါပြီနော်။
🌷🌸🌷🌸🌷🌸🌷🌸🌷 🌷🌸

🌸** သင်တန်းမှာ အတူတူဖြတ်သန်း
ကြမယ့် အရာများ:**
•••••••••••••••••••••••••••••••••
(၁)🌈**ဓမ္မစက်ဝိုင်းကြီးကို နှလုံး
သားထဲ စတင်လည်စေခြင်း **

(၂)🌈** ငါ၊ ငါ့ဥစ္စာ ဆိုတဲ့ ချည်နှောင်
ရစ်ပတ်မှုတွေကို ဖြေလွှတ်နည်း **

(၃)🌈**ဒေါသ၊ စိုးရိမ် ပူပန်မှုတွေကို
ဗုဒ္ဓရဲ့လက်နက်နဲ့ အနိုင်ယူနည်း **
တို့ဖြစ်ပါတယ်။
🌷🌸🌷🌸🌷🌸🌷🌸🌷 🌸🌷🌸🌷

နေ့စဉ် (၁၀) ရက် ဆက်တိုက်
သင်ကြား ပို့ချပေးပါမည်။
🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷

🌸 Zoom ID = 5661122521
🌸 Password မထားပါ။

မဟာသဒ္ဓမ္မ ဇောတိကဓဇ-
ဒေါ်ခင်သန္တာဦး-လူမှုထူးချွန်
page မှာ Live လွှင့်ပါ့မယ်ရှင်။
••••••••••••••••••••••••••••

page linkလေးပါရှင်...
👇👇👇👇👇👇👇👇👇👇👇

https://www.facebook.com/share/1AHcCgW48o/

မဟာသဒ္ဓမ္မဇောတိကဓဇ-
ဒေါ်ခင်သန္တာဦး(လူမူထူးချွန်)
🌷🌸🌷🌸🌷🌸🌷🌸🌷 🌷🌸

စာအုပ်မှာကြားရန်
-----------------
ရန်ကုန်၊ နယ်အားလုံး

☎️ 09 252668283
☎️ 09 423740125
🌷🌸🌷🌸🌷🌸🌷🌸🌷

🌸**" ဒီ တရားတွေဟာ နှစ်ပေါင်း
(၂၆၀၀) ကြာ လူ သန်းပေါင်းများ
စွာရဲ့ ဘဝတွေကို ပြောင်းလဲပေးခဲ့
ပါတယ်... အခုတစ်ခါ ဓမ္မမိတ်ဆွေ
တို့အလှည့်ပါ!"**🤎

🌸** သင်တန်းပြီးရင် ဘာ’ရမလဲ** ?
•••••••••••••••••••••••••••••••••
(၁)🌈** ဘဝကို ဉာဏ်အမြင်နဲ့ 👁️
ကြည့်တတ်တဲ့ မျက်လုံးအသစ် **

(၂)🌈** စိတ် ဖိစီးမှုတွေ ကို တရား
ဓာတ်ခံအဖြစ် ပြောင်းလဲနည်း **

(၃)🌈**မိသားစု -အလုပ်ခွင်မှာကိုယ်
တိုင်ကိုယ်ကျ ငြိမ်းချမ်းရေးတည်
ဆောက်နည်း ** တွေဖြစ်ပါတယ်။
🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷

🌸မိမိကဲ့သို့ အခြားမိတ်ဆွေများ
🌸ကုသိုလ်၊ ပညာ၊ဗဟုသုတများ
တိုးပွားစေရန်
Like & Share လုပ်ပေးပါနော်။

💖** Friend များ အားလုံး.**💖
စမ်း ရေ ပ မာ၊ လန်း ဝေ ဖြာ
အေးချမ်း သာယာရှိကြပါ​စေရှင်။
🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷

Photos from Shwe Yadanar Local Products's post 05/10/2025

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ကြံစည်လုပ်ကိုင် တွေးတောစိတ်ကူး သမျှအရာရာ အောင်မြင်ကြပါစေ။ "ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ"

Photos from Nang Tin Moe Thu's post 09/07/2025

ဝါတွင်း ကာလအဓိဌာန် အဖြစ် #ခန္ဓီစေတီတည်ပုတီးစိတ်အဓိဌာန်လေးဝေမျှပါတယ်။ လပြည့်မမီ ခဲ့လည်း နောက်ရက်တွေ စစိတ်နိုင်ပါတယ်။
အဆင့် တစ်ဆင့် ကို ပုတီး (၁၀)ပတ် စိတ်ရပါမယ်။ (၁၆)ရက်ပြည့်ရင် စေတီ တစ်ဆူပြီးမြောက်ပါတယ်။ တစ်ရက်တည်း အချိန် ရလို့ တစ်ရက်တည်း (၁၆)‌ဆင့် (၁၆)*၁၀ပတ် 160ပတ် အပြီးစိတ်မယ် ဆိုလည်း ရပါတယ်။ တစ်ရက်တည်း စေတီ တစ်ဆူ တည်ခြင်း ပြီးမြောက်ပါတယ်။ (၁၀၈)လုံးပုတီးနဲ့ စိတ်ရင်ပိုကောင်းပါတယ်။ တစ်ရက်တည်း စိတ်သူများ အချိန် နေရာ ပြောင်းလို့ရပါတယ်။ ပုတီး (၁၀၈)လုံးနဲ့စိတ်ဖို့ အဓိကပါ။ အပြင်မှာ ဘုရားစေတီတည်ဖို့ဆိုတာ တော်ရုံငွေကြေးပြည့်စုံရုံသာမက ပါရမီထူးပါမှ ရမှာမို့ အပြင်မှာစေတီ တည်သကဲ့သို့ နှလုံးသွင်းပြီး အဓိဌာန်ပြု စေတီတည် ဖို့ ဝေမျှပါတယ်။ ကြားဖူးတာ တော့ မိမိရောက်ရှိအသက် (သို့မဟုတ်) ကျော်လွန်ပြီး စေတီ တည်ဖူးရင် ထူးခြားစွာကောင်းကျိုးများရရှိတယ်လို့ ကြားဖူးပါတယ်။ ဥပမာ အသက်40 ဆို စေတီ အဆူပေါင်း 40 တည်နိုင်ရင်ဖြစ်ဖြစ် ကျော်သွားရင်ဖြစ်ဖြစ် ပိုကောင်းပါတယ်။ မိမိအသက် ထက် ကျော်သွားပြီး စေတီ ဆက်တည်ပြီး ပုတီးစိတ်လို့ရပါတယ်။ ဝါတွင်းကာလ ကုသိုလ်ပြုမျှဝေ လိုက်ပါတယ်။

24/05/2025

ဒီနေ့ည (၂၄. ၀၅. ၂၀၂၅) စနေနေ့ ည (၈)နာရီတိတိ
Zoom Meeting ID - 842 120 6889
Passcode - BodhiTheri

❝ ဓမ္မဒါနအွန်လိုင်းတရားပွဲ (၂၄. ၀၅. ၂၀၂၅) ❞


🌺 ဆရာတော်ဒေါက်တာအရှင်တိက္ခဝံသာလင်္ကာရ က
❝လောကဓံနှင့်အတူပေါ့ပေါ့ပါးပါးနေထိုင်ခြင်း (Resilience)❞ တရားတော်ကို ဟောကြားချီးမြှင့်ပေးပါမယ် 🙏🏻 ဓမ္မယောဂီအပေါင်းတို့ 🙏🏻

🌺 တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာ (၂)နာရီလောက်လေး အချိန်ပေးပြီး သာသနာတွင်းမှာပဲ ကြားရနာရနိုင်တဲ့ တရားတော်တွေကို ဝီရိယစိုက် သဒ္ဓါပိုက်ပြီး တက်ရောက်နာယူနိုင်ကြပါစေ။

🌺 ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။

🌺 စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ပြီးတရားနာနိုင်ပါတယ်....

Zoom Meeting ID - 842 120 6889
Passcode - BodhiTheri

မေတ္တာဖြင့်- ဗောဓိထေရီရိပ်သာ၊ တောင်ကြီးမြို့။

03/05/2025

ဒီတစ်ပတ် စနေ့ အတွက်
Zoom Meeting ID - 842 120 6889
Passcode – BodhiTheri

❝ ဓမ္မဒါနအွန်လိုင်းတရားပွဲ (၀၃. ၀၅. ၂၀၂၅) ❞


🌺 ဆရာတော် ဒေါက်တာအရှင်တိလောက၊ (မဟာကမ္မဌာနာစရိယ) ဖားအောက်တောရရိပ်သာ မန္တလေး၊ က “ပြည့်စုံခြင်း(သမ္ပဒါ)” တရားတော်ကို ဟောကြားချီးမြှင့်ပေးပါမယ် 🙏🏻 ဓမ္မယောဂီအပေါင်းတို့ 🙏🏻

🌺 တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာ (၂)နာရီလောက်လေး အချိန်ပေးပြီး သာသနာတွင်းမှာပဲ ကြားရနာရနိုင်တဲ့ တရားတော်တွေကို ဝီရိယစိုက် သဒ္ဓါပိုက်ပြီး တက်ရောက်နာယူနိုင်ကြပါစေ။

🌺 *ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဥာဏ်ထက်၏။*

🌺 စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ပြီးတရားနာနိုင်ပါတယ်....

Zoom Meeting ID - 842 120 6889
Passcode – BodhiTheri

Photos from Shwe Yadanar Local Products's post 01/05/2025

မိသားစု နှင့် လူ့အဖွဲ့အစည်းအတွက် နေ့စဉ်အလုပ်လုပ်ပေးနေ သော ကာယ/ဥာန လုပ်သားများအားလုံးကို လေးစား ဦးညွတ်ရင်းအေးချမ်းပျော်ရွှင်ဖွယ်အလုပ်သမားနေ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Telephone

Website

Address


(3)Street. Lower Block ; Strand Road; Lanmadaw Township ; Yangon
Yangon