Pharma Cos'
Health is Beauty
17/01/2021
*ဝက်ခြံကြောင့် စိတ်ညစ်နေရသူတွေအတွက် သဘာဝ ဝက်ခြံပျောက်နည်း*
ဝက်ခြံထွက်ရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ ခန္ဓာကိုယ်အတွင်း ဓာတ်တစ်မျိုးမျိုး ချို့ယွင်းခြင်းကြောင့် ဝက်ခြံတွေထွက်တတ်ပါတယ်။ အများအားဖြင့် ဝက်ခြံထွက်လေ့ရှိတဲ့ နေရာတွေကတော့ နဖူး၊ မေးရိုးနဲ့ မေးစေ့၊ မျက်နှာဘေးပတ်လည်၊ ပါးပြင်၊ မျက်ခုံးနှစ်ခုအကြား၊ နှာခေါင်းနှင့် နှုတ်ခမ်းအပေါ်ဘက်စတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဝက်ခြံထွက်ရတဲ့ အဓိကပြဿနာတွေကတော့
- စိတ်ဖိစီးမှုများခြင်း
- အိပ်ချိန်မမှန်ခြင်း
- ကိုယ်အလေးချိန် အတက်အကျ ပြောင်းလဲမှုကြောင့် အစာချေစနစ် မမှန်ခြင်း
- ဓမ္မတာလာခါနီးနှင့် ဓမ္မတာလာစဉ် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
- စားသောက်မှုပုံစံမှားယွင်းခြင်း
- အစပ်၊ အငန်နှင့် အဆီ အစားများခြင်း
- အလှကုန်ပစ္စည်းနှင့် ဓာတ်မတည့်ခြင်း
- ရောဂါတစ်ခုခုရှိသူများမှာ ဓာတ်ချို့ယွင်းခြင်းကြောင့်လည်း ဝက်ခြံထွက်ရခြင်း ဖြစ်ပါတယ်။
ဝက်ခြံကို သဘာဝနည်းနဲ့ ကုသတဲ့ နည်းလမ်းလေးတွေအများကြီးရှိတဲ့အထဲမှ (၅)မျိုးကို ပြောပြပေးပါမယ်။ အဲဒါတွေကတော့
ပျားရည်ဟာ သဘာဝပိုးမွှားတွေကို ဖယ်ရှားရာမှာ အကောင်းဆုံးဆေးဖြစ်လို့ ပျားရည်ကို ဝက်ခြံဖုပေါ်သို့ လိမ်းပေးပြီး တစ်နာရီလောက်ထားပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ရေနှင့်စင်အောင်ဆေးပေးခြင်းဖြင့် သိသာတဲ့ ရလဒ်ကို တွေ့ရပါလိမ့်မယ်။
ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဝက်ခြံထွက်တဲ့နေရာမှာ လိမ်းပေးခြင်းဖြင့် ပိုးကိုသေစေနိုင်ပြီး ယောင်ယမ်းတာတွေ ယားယံတာတွေကိုပါ သက်သာစေပါတယ်။
ကြက်သွန်ဖြူဟာ ပိုးမွှားတွေကို သေစေနိုင်တဲ့အတွက် ကြက်သွန်ဖြူကို ကြိတ်ပြီး အရည်ညှစ်ယူပါ။ ထိုအရည်ကို ရှားစောင်းလက်ပတ်ဂျယ်လ် (သို့) ရေနှင့်ရောကာ ဂွမ်းစနုနုကို ထည့်ပြီး ၁၀မိနစ်ခန့် စိမ်ထားပါ။ ပြီးနောက် ထိုဂွမ်းစကို ဝက်ခြံထွက်တဲ့ နေရာကိုတို့လိမ်းပေးခြင်းဖြင့် ဝက်ခြံထွက်မလာအောင် ကာကွယ်ပေးပါတယ်။
လိမ္မော်သီးနှင့် သံပရာသီး မှာ အက်ဆစ်ဓာတ်နဲ့ ဗီတာမင်စီ ပါဝင်တဲ့အတွက် ဝက်ခြံဖုတွေကို လိမ္မော်ခွံနဲ့ ပွတ်တိုက်ပေးပါ။ တစ်ခုအသုံးပြုပြီးတိုင်း နောက်ထပ်အသစ်တစ်ခုလဲသုံးပြီး ပွတ်တိုက်ပေးပါ။ မျက်နှာအသားရေဟာနုညံ့တဲ့အတွက် မျက်နှာကို ပြုပြင်တော့မယ်ဆိုရင် လက်ကိုစင်ကြယ်စွာဆေးကြောပါ။ မျက်နှာကို သန့်စင်အောင် သစ်ပြီးမှ ပြုလုပ်ပေးပါ။ လိမ္မော်ခွံနှင့် ပွတ်ခြင်းက ချွေးပေါက်တွေကိုပွင့်စေပြီး ဝက်ခြံထပ်မထွက်လာအောင် ကာကွယ်ပေးပါတယ်။
ရေခဲကပ်ပေးခြင်းကလည်း ဝက်ခြံထွက်တာကိုသက်သာစေတဲ့အတွက် ရေခဲကို အဝတ်စနှင့် ထုပ်ပြီး ဝက်ခြံဖုနေရာကို မိနစ်အနည်းငယ် ကပ်ပေးခြင်းက အေးမြမှုကြောင့် ဝက်ခြံထွက်တာကို သက်သာစေပြီး ယောင်ယမ်းခြင်းကိုပါ သက်သာစေပါတယ်။
Crd
06/12/2020
၀က်ခြံပျောက်အောင် ဘာတွေလုပ်ရမလဲ.....
16/11/2020
( Eye cream လိမ်းနည်း (၅)ချက် ))
နံပါတ် (၁) အချက် လက်သူကြွယ် (လက်စွပ်၀တ်တတ်သောလက်ချောင်း) ထိပ်လေးနဲ့လိမ်းပေးပါ
နံပါတ် (၂)အချက် မျက်၀န်းနား တလျှောက်ကို ခရင်မ် အစက်လေးတွေအရင်ချလိုက်ပါ
နံပါတ် (၃) အချက် မျက်၀န်းနားကို massage (နှိပ်နယ်ခြင်း) မလုပ်ပါနဲ့
နံပါတ်(၄)အချက် နှာခေါင်းရဲ့အတွင်းဘက် ကနေ ဆွဲယူပြီး အပေါ်မျက်ခုံးမွှေးအရင်းထိ ပတ်ပတ်လည်လိမ်းပေးပါ
နံပါတ် (၅)အချက်ကတော့ မျက်လုံးအောက် ( under eye area) မျက်တောင်လေးတွေနဲ့အရမ်းကြီးကပ်မလိမ်းပါနဲ့၊ မျက်၀န်း
ညိုနေတဲ့နေရာတလျှောက်လိမ်းပေးရင်ရပါပြီ
Crd(မူရင်း)
14/11/2020
ဆံသားအမျိုးမျိုးအတွက် အိမ်တွင်းပေါင်းတင်နည်းလေးတွေပါ ☺
Photo crd
10/11/2020
***တိုနာလိမ်းနည်း***
တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ ဟုတ်ပါသလား???
တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်း
စတာတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။
ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်
ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။
သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။
အားလုံးပဲလှနိုင်ကြပါစေရှင် .... 🥰♥️
03/11/2020
မျက်နှာကို ရေခဲပွတ်ခြင်းဖြင့်
ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်
မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည့်အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့် ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်
ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်ဖြစ်ပါတယ်
လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်
(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း
အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။
(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်
လင် လာပြီး သဘာဝ မျက်နှာ ပုံစံဖြစ်သွားနိုင်ပါတယ်။
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကိုမျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။
31/10/2020
သီတင်းကျွတ်လပြည့်နေ့
(၃၁.၁၀.၂၀၂၀)
🙏🙏🙏
30/10/2020
အလှပရေးရာ...မျှဝေမယ်...
မျက်ခုံးမွှေးထူအောင်ပြုလုပ်နိုင်တဲ့ သဘာဝနည်း ၅မျိုး (5 Natural Ways to Grow Eyebrows)
ကဲ...ဒီတခါမှာတော့
လွယ်လွယ်ကူကူနဲ့
အိမ်မှာရနိုင်တဲ့ပစ္စည်းတွေကိုသုံးပြီးမျက်ခုံးမွေးလေးတွေထူအောင်ဘယ်လိုလုပ်မလဲဆိုတာဝေမျှပေးချင်ပါတယ်
စစချင်းပြောချင်တဲ့နည်းလေးက
အုန်းဆီ
*********
- သူက အသားရည်အတွက်ဘယ်လောက်ကောင်းလဲ
- အုန်းဆီဟာ မျက်ခုံးမွေးဆံပင်အတွက်ဘယ်လောက်ကောင်းလဲဆိုတာ
တို့သိပြီးသားဖြစ်ပါလိမ့်မယ်။
သန်စေဖို့အတွက်လည်း အရမ်းအထောက်အကူဖြစ်ပါတယ်တဲ့၊
ဘာလို့လဲ?
***********
- အုန်းဆီမှာပါတဲ့ Vitamin E , Iron စတာတွေက မျက်ခုံးကို ထူစေ ရှည်စေအောင်အားဖြည့်ပေးလို့ဖြစ်ပါတယ်
လိမ်းနည်း
**********
- ဝါဂွမ်းတုတ်ချောင်းလေးနဲ့ အုန်းဆီလေးကိုဆွတ်ပြီး မျက်ခုံးပေါ်မှာ ညအိပ်ခါနီးလိမ်းပေးပါ။
- မနက်ကျမှ မျက်နာသစ်တဲ့အခါ ပါသွားပ့လိမ့်မယ်။ ဒီလိုမျိုး၁ ပတ် ၂-၃ကြိမ်လုပ်ပေးရင်လုံလောက်ပါဘီ။
Petroleum Gel
***************
(Vaseline လို့ သိများတဲ့ဆီလေးပေါ့)
- သူက တချို့လည်းသိပြီးသားဖြစ်မှာပါ။ သူက မိန်းကလေးတွေအတွက်အလှအပရေးရာတော်တော်များများမှာအသုံးတည့်ပါတယ်။
- ထင်တယ် မိန်းကလေးတော်တော်များများမှာ အဲဒါလေးတဗူးတော့ရှိကြလိမ့်မယ်လို့။
- ကဲ ဒါဆို ခုဘဲလိမ်းဖို့ သူ့အကြောင်းလေးဖတ်လိုက်ရအောင်နော်။
ဘာလို့လဲ?
***********
- သူက moisture ဓါတ်ကိုပေးပြီး မျက်ခုံးထူပြီးပြည့်လာစေအောင် အားဖြည့်လို့ဘဲဖြစ်ပါတယ်။
လိမ်းနည်း
**********
- သူ့ကိုလည်းအုန်းဆီလိုဘဲ ညဘက်တွေလိမ်းအိပ်ရုံပါဘဲ။
- သူ့ကိုကျတော့ ညတိုင်းလိမ်းအိပ်မယ်ဆို ပိုကောင်းတဲ့ result ကိုမြန်မြန်ရပါလိမ့်မယ်။
ကြက်ဆူဆီ
***********
- ဘေဘီလေးတွေကို ဆံပင်သန်အောင်ကြက်ဆူဆီလေးလိမ်းပေးကြတယ်ဆိုတာကိုပေါ့။
- ကဲဒီတော့ကြက်ဆူဆီက မျက်ခုံးအတွက်လည်းအထောက်အကူဖြစ်တယ်ဆိုတာ ခန့်မှန်းမိမှာပေါ့နော်။
- မျက်ခုံးအတွက် အကျိုးသက်ရောက်မှုအရှိဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။
ဘာလို့လဲ?
**********
- သူ့မှာ protein, vitamin , fatty acids နဲ့ antioxidants တွေအများကြီးပါဝင်လို့ မျက်ခုံးကိုအများကြီးအထောက်ပံ့ပေးနိုင်ပါတယ်
လိမ်းနည်း
**********
- မျက်ခုံးပေါ်ကို ဆီလေးတစက်၂စက်တင်ပြီး လက်ချောင်းထိပ်လေးနဲ့ နှိပ်ပေးပါ
- ပြီးရင် ၃၀မိနစ်လောက်ထားပြီး makeup remover လေးနဲ့ဖျက်ပါ
- နောက်ဆုံးရေနွေးလေးနဲ့မျက်နှာသစ်လိုက်ရင်ရပါဘီ
ကြက်သွန်နီ
***********
- ကဲ.. မိမိတို့မီးဖိုချောင်က ကြက်သွန်နီကလည်းတယ်စွမ်းသကိုး...
- တချို့ ဆံပင်ပါးသူတွေ ထိပ်ပြောင်သူတွေတော့ ကြက်သွန်နီနဲ့ပွတ်ရတာကြားဖူးတယ်..
- သူက မျက်ခုံးကိုဘယ်လိုထောက်ပံ့ပေးလဲ??
- ဖတ်ကြည့်ရအောင်နော်
ဘာလို့လဲ?
**********
- ကြက်သွန်နီမှာ sulfur, minerals တွေနဲ့ vitamins တွေအများကြီးပါပါတယ်
- Sulfur က မျက်ခုံးမွေးသန်စေဖို့ collagen tissue တွေကိုထုတ်ပေးပါတယ်
- တခြားဓါတ်တွေကလည်း မျက်ခုံးသန်စေဖို့ အကူညီပေးပါတယ်
လိမ်းနည်း
***********
- သူ့ကို အရည်ထွက်အောင် ထောင်းတာ / ကြိတ်တာလုပ်ပြီး ရတဲ့အရည်လေးကိုမျက်ခုံးပေါ်သုတ်လိမ်းပေးရပါမယ်
- တနာရီလောက်ထားရပါမယ်
- ပြီးရင်တော့ ဝါဂွမ်းတံလေးမှာlemon juice လေးဆွတ်ပြီး ဖျက်ပေးရပါမယ် (lemon juice က သူ့အနံ့ကိုပျောက်စေလို့ပါ)
နွားနို့
*****
- နောက်ဆုံးပြောချင်တဲ့နည်းက နွားနို့ပါ။ နွားနို့ဟာ skincare productsတွေမှာ အမြဲအထောက်အကူပြုတဲ့ ပစ္စည်းတခုပါ။
- မျက်ခုံးတွက်ကရော?
ဘာလို့လဲ?
**********
နို့မှာပါတဲ့ protein က မျက်ခုံးကိုသန်စေလို့ပါတဲ့။
လိမ်းနည်း
**********
- နွားနို့ကိုဂွမ်းလေးနဲ့ဆွတ်ပြီး မျက်ခုံးမှာသုတ်မယ်
- ပြီးရင် ၁၅မိနစ်လောက်ညင်သာစွာ နှိပ်ပေးမယ်
- ပြီးရင်ရေဆေးရုံပါဘဲ
ကဲဒီနည်းတွေက မျက်ခုံးမွေးကိုထူလာစေမယ့်နည်းလေးတွေဖြစ်ပါတယ်
စာကြွင်း
********
- ထပ်ဖြည့်ပြောချင်တာက ဒီနည်းတွေကိုစိတ်ရှည်ရှည်လုပ်ပေးဖို့လိုပါတယ်
- ပြီးတော့ မျက်ခုံးကိုနှိပ်ပေးခြင်းက blood circulation ကိုကောင်းစေပြီး မျက်ခုံးသန်စေဖို့ပိုအားဖြည့်ပေးပါလိမ့်မယ်
ဒီနည်းလေးတွေက ယောက်ျားလေးတွေရော မိန်းကလေးတွေရောအတွက်ပါအထောက်အကူဖြစ်မယ်လို့မျှော်လင့်မိပါတယ်...
အားလုံးဘဲ လှသထက်ပိုလှကြပါစေ
Credit #
29/10/2020
😊 မျက်နာဘယ်လိုသစ်လည်း Skincare တွေကို မှန်မှန်ကန်ကန် ဘယ်လိုလိမ်းရလည်းဆိုတာလေးတွေကို မျှဝေပေးပါမယ်နော်👌
အဆင့် 1️⃣ : Make up တွေသေချာဖျက်ပါ
- make up တွေ eye shadow တွေ eye liner တွေကို နေ့စဉ် သေချာမဖျက်ပေးရင် အညစ်အကြေးတွေ တဖြည်းဖြည်း စုလာပြီး အမဲစက်တွေ အသားအရောင်မညီညာတာတွေဖြစ်ပေါ်လာပါတယ်
- Cotton Pad လေးသုံးပြီး make up remover လေးနဲ့သေချာဖျက်ပေးပါ
- မျက်နာ (ပါး, မေးစေ့နဲ့နဖူး)အတွက် တစ်မျိုး , မျက်လုံးနဲ့နှုတ်ခမ်းအတွက် တစ်မျိုး သီးသန့်သုံးပေးတာပိုကောင်းပါတယ်, မျက်နာအတွက်က နူးညံ့ပြီး အရမ်းမပြင်းတဲ့ remover တွေက အသားအရေမထိခိုက်စေဘဲ, မျက်လုံးသီးသန့်က waterproof eye liner တွေ mascara တွေအတွက်ပိုပြောင်စေပါတယ်, သေချာမပြောင်ခဲ့ရင် အမဲစက်တွေထွက်တတ်လို့ပါနော်။
အဆင့် 2️⃣ - မျက်နာသစ်
- ရေနွေးနွေးလေးနဲ့ဘဲမျက်နာသစ်ပါ
- မျက်နာသစ်ဆေးကို အမြှုပ်ထအောင်လက်ထဲမှာပွတ်ပြီးမှ မျက်နာပေါ်သစ်ပေးပါ
- 15 ချက်လောက်မျက်နာကိုသာသာလေးစက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ
- ရေနဲ့သစ်ချပြီး ခြောက်အောင်ပွတ်ပြီးမသုတ်ပါနဲ့, facial tissue (သီးသန့်လာပါတယ်) လေးနဲ့ မျက်နာကို သာသာလေးဖိပြီး ရေစုပ်သွားအောင်ဘဲ ဖိပေးပါ
- ရေအေးအေးလေးနဲ့ အခါ ၂၀ လောက်ရေခွက်ထဲကနေလက်ခုပ်လေးနဲ့ ပုတ်ပြီး သစ်ပေးပါ။
အဆင့် 3️⃣ - တိုနာလိမ်း
- Toner လိမ်းရင် လက်နဲ့ပုတ်ပုတ်ပြီးမလိမ်းပါနဲ့, Cotton pad ( ဂွမ်း) လေးနဲ့ဘဲသုတ်ပြီးလိမ်းပေးပါ
- Toner ကို Cotton Pad ပေါ်မှာများများလေးတင်ပေးပါ, ဂွမ်းတစ်ခုလုံးစိုနေအောင်ထည့်ပြီး မျက်နာကို cotton pad လေးနဲ့ သာသာလေးပွတ်ပေးပါ
- တစ်မျက်နာလုံး အနံ့သုတ်ပြီးရင် လက်ဖဝါးလေးနဲ့ သာသာလေးမျက်နာကိုပုတ်ပေးပါ။
အဆင့် 4️⃣ - Essence/ Serum လိမ်း
- skin care ဆက်လိုက်မှာ ဈေးအမြင့်ဆုံးနဲ့ အသိသာဆုံးက Essence/ serum ပါ
- Essence ကိုအရင်ဆုံးလက်ဖဝါးပေါ်တင်ပြီးပြီး လက်ထိပ်လေးနဲ့ နှဖူး, ပါးနှစ်ဖက်, နှာခေါင်းနဲ့မေးစေ့ ကိုတို့ပေးပါ (လက်သူကြွယ်သုံးပါ, သူက လက်ချောင်းတွေထဲမှာအနုဆုံးမို့ပါ)
- လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံစံ သာသာလေးနှိပ်ပြီးပွတ်လိမ်းပေးပါ ( အမဲစက်တွေတင်းတိတ်တွေရှိတဲ့နေရာကိုပိုပွတ်ပေးပါနော်)
- နောက်ဆုံးကျရင် လက်ဖဝါးနှစ်ဖက်နဲ့ပါးနှစ်ဖက်ကို “V” ပုံစံ အုပ်ပြီးသာသာလေးဖိပေးပါ ( လက်ဖဝါးက အနွေးဓာတ်လေးတွေက Essence ကိုစုပ်ယူမှုအားပိုကောင်းစေပါတယ်နော်။
အဆင့် 5️⃣ - နို့ရည်/Cream
- နို့ရည်လိမ်းရင် အဆီပြန်တယ်, ပူတယ်ဆိုတာမဟုတ်ပါဘူးနော် ( ကိုယ်နဲ့မသင့်တော်လို့ဖြစ်တာပါ)
- အသားခြောက်တဲ့သူဆိုရင် အဆီဓာတ်ပိုပါတဲ့ နို့ရည်လေးတွေနဲ့ပိုသင့်တော်ပြီး
- အဆီပြန်တဲ့သူဆိုရင် ရေဓာတ်ပိုပါတဲ့ moisturizer လေးတွေသုံးသင့်ပါတယ်
- combination skin type ဆိုရင်တော့ ရာသီဥတုနဲ့လိုက်ပြီး ရွေးချယ်သုံးသင့်ပါတယ်
- နို့ရည်လိမ်းရင် လက်ထိပ်နဲ့မဟုတ်ဘဲ လက်ချောင်းလေးနဲ့လိမ်းရင်ပိုကောင်းပါတယ်
- မျက်လုံးထောင့်, နာခေါင်းတစ်ဝိုက် နှာခေါင်းထောင့်တွေလည်းသေချာလိမ်းပေးပါ, လည်ပင်းပါတောက်လျှောက်လိမ်းပေးပါ။ ( လည်ပင်းက ပင်ကိုယ်အဆီထွက်နှုန်းအရမ်းနည်းလို့ အရေးအကြောင်းပေါ်ထွက်တာပိုမြန်လို့ပါ)
အဆင့် 6️⃣ - Sunscreen/ sunblock ( နေ့ပိုင်း)
- တင်းတိတ် အမဲစက် ထိထိရောက်ရောက်ကာကွယ်ဖို့အတွက်ပါ, အရမ်းအရေးကြီးပါတယ်နော်
- sunscreen ကိုလောက်အောင်သုံးပေးပါ, ပြီးပြီးရော လိမ်းတယ်ဆိုရုံလောက်နဲ့မထိရောက်ပါဘူး
- တစ်ခါလိမ်းရင် ကြွေပြားစေ့တစ်စေ့စာပမာဏလိမ်းပေးပါ ( 30ml ပါတဲ့ဘူးကို တစ်လကျော်လောက်အပြီးလိမ်းပေးရင်လုံလောက်ပါတယ်)
- အပေါ်ကမှ ကိုယ်ကြိုက်ရာ မိတ်ကပ် သနပ်ခါးလိမ်းလို့ရပါပြီနော်...
ကယ်... ဒါလေးတွေကတော့ မျက်နာလေးကိုဘယ်လိုသေချာထိန်းသိမ်းရမလည်းဆိုတဲ့ အခြေခံသုံးနည်းလေးတွေပါ...
သေချာလေး ဂရုစိုက်ပြီး လိမ်းပေးနိုင်ရင် ပါတဲ့အာနိသင်က ထိရောက်ပြီး ပိုတောင်သိသာနိုင်ပါတယ်နော်...
အမြဲ ပို၍ပို၍ နုပျိုလှပကြပါစေ😘😘😘
#
28/10/2020
ဆံပင်ဖြူနေပြီလား
=============
အသက် ၃၀ ကျော်လာပြီဆိုတာနဲ့တချို့တွေမှာ ဆံပင်ဖြုတွေစထွက်ပါပြီ။ တချို့တွေကတော့ နောက်ကျတတ်ပါတယ်။ ဆံပင်ဖြူတာ ဇရာရဲ့ လက္ခဏာဆိုပေမယ့် အရွယ်သိပ်မကြီးသေးခင် ဆံပင်ဖြူတာကိုတော့ လူတွေက သိပ်မကြိုက်ကြပါဘူး။ အထူးသဖြင့် မြန်မာလူမျိုးတွေက ဆံပင်က အနက်ရောင်မို့ဆံပင်ဖြူတယ်ဆိုရင် သိပ်သိသာပါတယ်။
ဒါပေမဲ့ သိပ်တော့ စိတ်ဓာတ်မကျပါနဲ့။ ဆံပင်ဖြူတာကို ဆေးဆိုးပြီး ကြည့်ကောင်းအောင် လုပ်နိုင်သလို ရိုးရိုးရှင်းရှင်း အိမ်တွင်းနည်းလမ်းလေးတွေနဲ့လည်း ကာကွယ်လို့ရပါတယ်။ နည်းလေးတွေကလည်း မခက်သလို အလွယ်ရပြီး ဘေးဥပါဒ်လည်း ကင်းတဲ့နည်းလေးတွေမို့အနည်းဆုံးတော့ စမ်းကြည့်ဖို့သင့်ပါတယ်။
**** သံပုရာရည်နဲ့ဆီးဖြူသီး ****
ဆီးဖြူသီးကတော့ မြန်မာပြည်မှာ အလွယ်ရတဲ့အသီးပါ။ ဒီအသီးက ဆေးဖက်ဝင်တဲ့အသီးအဖြစ် အိန္ဒိယမှာ အလွန်အသုံးပြုကြပါတယ်။ အဝလွန်တာ၊ အစာအိမ်နဲ့ အရေပြားရောဂါတွေ ကုသဖို့သုံးကြပါတယ်။ ဆီးဖြူသီးကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ဆီးဖြူသီးမှုန့်ကို သံပုရာရည်နဲ့ရောပြီး ဆံပင်ကိုလိမ်းရမှာပါ။ နှစ်ခွကွဲတဲ့ဆံပင်တွေကိုလည်း လိမ်းလို့ရပါတယ်။ ဒီလိုမျိုး တစ်နေ့ကို တစ်နာရီလောက်လိမ်း၊ နှိပ်နယ်ပေးပြီးမှ ခေါင်းလျှော်ပေးပါ။ နေ့တိုင်းလောက် ဂရုစိုက်လုပ်ပေးရင် မကြာခင် သိသာလာပါလိမ့်မယ်။
**** ကြက်သွန်နီအနှစ် ****
ကြက်သွန်နီကို ကြိတ်ထားတဲ့အနှစ်ဟာ မျက်စိကိုမွှန်စေပေမယ့် ဆံပင်ဖြူကိုတော့ ပြန်နက်လာစေနိုင်ပါတယ်။ လုပ်ရမှာကတော့ အလွယ်လေးပါ။ ကြက်သွန်နီအနှစ်ကို ဆံပင်တွေမှာနယ်ပြီး အခြောက်ခံရုံပါပဲ။ ပြီးမှ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်တစ်ခါလောက် လုပ်ကြည့်ပါ။ မထူးခြားဘူးဆိုရင်တော့ တစ်နေ့တစ်ခါ လုပ်ကြည့်ပါ။ တစ်ခု သတိထားရမှာက ကြက်သွန်နီဟာ အနံ့ပြင်းတာမို့ ခေါင်းလျှော်ရည်အနံ့ ကောင်းကောင်းနဲ့ ခေါင်းပြန်လျှော်ပေးပါ။
**** အုန်းဆီနဲ့သံပုရာရည် ****
ခေါင်းပေါ်မှာ ဆံပင်ဖြူပေါက်ရင် ယားလည်း ယားတတ်ပါတယ်။ ခေါင်းယားတာကိုလည်း ပျောက်ပြီး ဆံပင်ကိုလည်း ပြန်မည်းစေချင်ရင်တော့ သံပုရာရည်နဲ့အုန်းဆီကိုရောပြီး ဆံပင်တွေကိုနှိပ်နှယ်ပေးပါ။ ဒါက တကယ့်ကို ထိရောက်တဲ့ အိမ်တွင်းနည်းဖြစ်သလို တကယ်လည်း အကျိုးကျေးဇူးက သိသာပါတယ်။ ကိုယ်ကြိုက်တဲ့ အနေအထားရောက်တဲ့ အထိ နေ့တိုင်းလုပ်ပေးပါ။ ဒီနည်းက ဆံပင်ဖြူတွေကိုလည်း ပျောက်စေသလို ဆံပင်ကိုလည်း သန်စွမ်းကျန်းမာလှပစေပါတယ်။
**** မုန်လာဥနီဖျော်ရည် ****
မုန်လာဥနီဖျော်ရည်ဟာ အရသာလဘည်းရှိသလို ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဆံပင်ဖြူ မပေါက်ချင်ရင် ဆံပင်မည်းတွေ ပြန်များလာစေချင်ရင် မုန်လာဥနီဖျော်ရည် တစ်ခွက်က်ို နေ့စဉ်သောက်ပေးပါ။ ဒီဖျော်ရည်က ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။ မုန်လာဥနီဖျော်ရည်ဟာ အိမ်မှာအလွယ်လုပ်လို့ ရပါတယ်။ ဒါကို ဆံပင်ကိုလိမ်းစရာမလိုပါဘူး။ နေ့စဉ်သောက်ရုံပါပဲ။ မုန်လာဥနီ နေ့စဉ်သောက်တာဟာ ဆံပင်အတွက်သာမကပဲ တစ်ကိုယ်လုံး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိပါဘူး။
**** နှမ်းနဲ့အယ်လမွန်အစေ့ဆီ ****
နှမ်းကိုကြိတ်ပြီး အယ်လမွန်စေ့အဆီနဲ့လိမ်းတာကလည်း အနောက်တိုင်းက ဆံပင်ဖြူပျောက်ဆေးပါ။ နှမ်းစေ့ကတော့ မြန်မာပြည်မှာ အလွယ်ရပေမယ့် အယ်လမွန်စေ့အဆီကတော့ နည်းနည်းရှာဝယ်ရမှာပါ။ နှမ်းကိုကြိတ်ပြီး အယ်လမွန့်စေ့အဆီထဲ ထည့်လိမ်းရင် ဆံပင်ဖြူတာကို ကာကွယ်ပေးပါတယ်။ တစ်ခုသိထားရမှာက အယ်လမွန်ဆီထဲ ထည့်မယ့်နှမ်းကို ညက်အောင်ကြိတ်ဖို့ပါ။ ရေချိုးခါနီး နာရီဝက်လောက်အလိုမှာ ဆံပင်ကို ဒီအဆီနဲ့လိမ်းပြီး နာရီဝက်လောက် ထားပါ။ ပြီးရင်တော့ ခေါင်းလျှော်ပါ။ အိမ်တွင်းနည်းဆိုပေမယ့် အံမခန်းရလဒ်ကို ရပါလိမ့်မယ်။
အထက်က ဖော်ပြခဲ့တဲ့နည်းတွေဟာ အလွယ်တကူ အိမ်တွင်းကရတဲ့ ပစ္စည်းတွေနဲ့ဆံပင်ဖြူသက်သာပြီး ဆံပင်တွေ ကျန်းမာသန်းစွန်းအောင် လုပ်နည်းပါ။ အပန်းလည်း မကြီးသလို ဘေးလည်းကင်းပါတယ်။
ဒါတွေအပြင်တစ်နေ့ကို ရေ ၃ လီတာလောက် အနည်းဆုံးသောက်ပေးပါ။ ကိုယ်မှာ ရေဓာတ်ခန်းခြောက်မှုမရှိခြင်းက ဆံပင်တွေကို ကျန်းမာသန်စွမ်းစေလို့ဖြစ်ပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစားမှုဟာ ဆံပင်ဖြူစေတဲ့ အကြောင်းတစ်ခုပါ။ ဒါကြောင့် ဆံပင်မဖြူချင်ရင် စိတ်ဖိစီးမှုက ကင်းအောင်နေပြီး ပျော်ပျော်နေဖို့ လိုတယ်ဆိုတာလည်း မမေ့သင့်ပါဘူး။
လင်းလင်း
ကိုးကား:
http://www.searchhomeremedy.com/best-home-remedies-for-white-hair/ .MreWhqIu.dpuf
Click here to claim your Sponsored Listing.
Category
Website
Address
(245) Kyaik Ka San Road, Tamwe Township
Yangon
11211