Beauty by Htetwai
အလှအပရေးရာ
15/11/2024
#တန်ဆောင်တိုင် မီးထွန်းပွဲ 🙏🙏🙏
#(၇)ရက်သားသမီးအားလုံး ကျန်းမာချမ်းသာကြပါစေ 🙏🙏🙏
#3 days before 5 months baby girl 🐥
#မကြာမှီ ထိုင်တတ်တော့မယ်🥰🥰🥰
#တုနှိုင်းအမာရာဝေ
13/10/2024
ကျောက်စိမ်းဧကရီပင်(လူအများကြိုက်အပင်လေးအကြောင်း)
===================
- Zanzibar Gem
- အိမ်တွင်းစိုက် လေသန့်ပင်ထဲမှာပါဝင်တဲ့
ကျောက်စိမ်းဧကရာဇ်ပင်ရဲ့ ရုက္ခအမည်မှာ
( Zamioculcas Zamiifolia ) ဖြစ်ပြီးတော့
( Araceae ) မျိုးရင်းဖြစ်ပါတယ် ...
- သူဟာ အမြင့် ( 3 ) ပေခန့်အထိမြင့်နိုင်သော
အလှစိုက်ပင်မျိုးဖြစ်ပြီး ၊ မူရင်းဒေသကတော့
အာဖရိက ဖြစ်ပါတယ် ...
- ဒီအပင်ဟာ မြန်မာနိုင်ငံသို့ ( 1998 ) ခုနှစ်မှာ ထိုင်ဝမ်နိုင်ငံမှ စတင်ရောက်ရှိလာခဲ့ပြီး အစပိုင်းတွင် ကျောက်စိမ်းဂမုန်းပင်လို့ ခေါ်ခဲ့ကြပါတယ် ...
- အဲ့ဒီနောက် ( 2000 ) ခုနှစ်ခန့်ကစတင်ပြီး အပင်တင်သွင်းခဲ့သူက ကျောက်စိမ်းဧကရာဇ် ဟု အမည်မှည့်ခေါ်ခဲ့ပါတယ်....
- သူဟာ မိုးခေါင်သည့်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်
- မြေအောက်တွင် အာလူးကဲ့သို့ အရည်ရွှမ်းသည့် ဥ ရှိပြီး ထိုဥမှနေ၍ ဗေဒါရိုးကဲ့သို့ ရိုးတန်များထွက်လာကာ ထိုရိုးတန်များပေါ်တွင် အစိမ်းရောင်တောက်ပသော အရွက်များက စီတန်းစွာတည်ရှိပါတယ် ...
- ပန်းပွင့်မှာ ဂမုန်းပွင့် ၊ ပိန်းပန်းပွင့်နှင့် ဆင်တူပြီး ပွင့်ခဲလှပါတယ် ... ပန်းပွင့်လျှင် ၊ အရွက်များက အစိမ်းရောင်တောက်ပနေလျှင် လာဘ်ကောင်းသည် ၊ ငွေဝင်သည်ဟု ယုံကြည်ကြပါတယ် ...
- ဒါ့ကြောင့် ကျောက်စိမ်းဧကရာဇ်ပင်ကို ရုံခန်း ၊ စျေးဆိုင် ၊ ဧည့်ခန်း ၊ စားပွဲများပေါ်တွင် အလှထားလေ့ရှိကြပါတယ်....
- နေပူတွင် ထားနိုင်သလို အခန်းတွင်းမှာလည်း ကြာရှည်စွာ ထားနိုင်ပြီး အခန်းတွင်းထားလျှင် တစ်ပတ်ကို ရေ နှစ်ကြိမ်မျှသာ လောင်းရန်လိုအပ်ပါတယ် ...
- ရေများလျှင် အပင်ပုပ်၍ သေတတ်ပါတယ်
- ကျောက်စိမ်းဧကရာဇ်ပင်ဟာ စပျိုးသည့်နေ့မှစ၍ ထိုအတက်ကလေး ( 6 ) လက္မခန့် အမြင့်ရောက်ရန်အချိန်ဟာ တစ်နှစ်ခန့်ကြာမြင့်ပါတယ် ...
- သတိထားရမယ့်အချက်က ဒီအပင်ရဲ့
အစိတ်အပိုင်း တစ်ခုခုကို စားမိက
အဆိပ်သင့်နိုင်ပြီး သူ့အစေးဟာ မျက်လုံးကဲ့သို့
နုညံ့သည့် အရေပါး များကို ရောင်ရမ်းစေနိုင်ပါတယ် ...
Crd #ကျောက်စိမ်းဧကရီ
Photo Crd❤️
27/09/2024
#3 /4months ဆိုသူတို့လေးတွေ လည်လာပြီ အရာရာကို သိတတ်လာပြီ မေမေ/ဖေဖေကိုလည်းခွဲခြားတတ်လာပြီ🥰🥰
#တချို့ လေးတွေက ဂျီကျတတ်လာပါပြီ🤭🤭
လေးတွေဂျီကျပြီ ညညမအိပ်လို့ စိတ်ညစ်နေရတဲ့မေမေတွေလည်းfighting ပါနော်❤️❤️❤️
#တုနှိုင်း လေးနဲ့လမ်းလျှောက်ထွက်🥰🥰🥰
#တုနှိုင်းအမာရာဝေ ❤️
#မေမေ ့ အားဆေးများ🥰🥰🥰
10/09/2024
#သမီး ရက်၁၀၀ပြည့်အလှု🙏🙏🙏
#တုနှိုင်းအမာရာဝေ (ခ) ရူ့တိုင်းယဉ်
07/09/2024
၃လပြည့်ပြီဆိုရင် ကလေးလေးတွေ စမှောက်ပြီနော် မေမေတို့ရေ🥰🥰
တချို့ကလည်းစောတယ် တချို့က နောက်ကျတတ်တယ်😇😇
အများစုကတော့ ၃လဝန်းကျင်မှာ စမှောက်ကြတယ်😊😊
& 7days Baby girl 🐥🐣
07/09/2024
ပြည့်မွေးနေ့🥰🥰
#အစီစဉ် မရှိပဲ လုပ်ဖြစ်ပါသော 🥰🥰🥰
#ကျေးဇူး ပါ ဦး❤️
(6.9.1997)
28/08/2024
#ပုံ မှန်ဆို ကလေးတွေက ၄/၅လလောက်မှ မှောက်ကြတာ
#သမီး လေးက စော🥰🥰🥰
and 28days baby girl 🐥🐥
#မေမေ ကိုယ်ပွားလေး🥰🥰
17/08/2024
လေးမနိုးခင်မေမေ skin care 🥰🥰🥰
အရွယ်မှာ အမဲစက် တင်းတိပ်မထွက်ရလေအောင် ခုထဲက ဂရုစိုက်ထားပါ မေမေတို့ရေ😍😍😍
#ဈေး မတတ်ခင် ကြိုလက်ဦးထားနော်😌😌
16/08/2024
#ကလေး လျှာထုတ်တာ ပုံမှန်ပဲလား ???
⁃ ကလေးတွေမှာ လျှာလေးထုတ်ပြတာ ပြူ တစ်ပြူ တစ်လုပ်ပြတာဟာ ပုံမှန်အပြုအမူပါ။
⁃ သူတို့လေးတွေဟာ ဘေးပတ်ဝန်းကျင်က လူကြီး ညီအကိုမောင်နှမတွေရဲ့ အပြုအမူကို လိုက်အတုခိုးပြီး လိုက်လုပ်တတ်ကြတယ်။
⁃ ဒီလို လျှာထုတ်ပြတတ်ကြတာဟာ မွေးရာပါအပြုအမူလေးပေါ့ အဲ့လိုဖြစ်နေတာ ကလေးအတွက်ဘာကောင်းလဲဆိုရင် အမေနို့ (သို့) နို့ဘူး ကိုအလွယ်တူစို့နိုင်တယ် ခက်ခဲမနေဘူး ပုံမှန်ဆို ၄-၆လ လောက်ဆို အဲ့အပြုအမူလေးပျောက်သွားတတ်ကြပါတယ် ပျော်ပျော်နေတတ်တဲ့ ကလေးလေးတွေဆို လူကြီးကို ဟာသလုပ်ပြနေတာလား ဆိုပြီးတောင်တွေးလို့ရသေးတယ်။
⁃ နောက်တစ်ချက်စဉ်းစားစရာကတော့စကားမပြောတတ်သေးတဲ့ အရွယ်မှာ
သူတို့ငိုနေတိုင်းလည်း ဗိုက်ဆာလို့ မဟုတ်ဘူး အများအားဖြင့် သူတို့လေးတွေဆာပြီဆို လက်သီးဆုပ်လေးတွေပြတာမျိုး အမေနို့ကိုဟပ်ပြတာ ပါးစပ်ထဲလက်ထည့်တာ လျှာလေးပြူ တစ်ပြူ တစ်လုပ်တာမျိုးလေးတွလုပ်ပြတတ်ကြတယ်
သူတို့ဗိုက်ပြည့်သွားပြီဆိုရင်လည်း လျှာနဲ့တွန်းထုတ်တာ အစာထွေးထုတ်ချတာ တော်ပြီဆိုပြီးခေါင်းခါပြတာမျိုးလုပ်လေ့ရှိကြတယ်။ဒါကလည်း လျှာထုတ်ပြရဲ့အကြောင်းတစ်မျိုးပေါ့။
⁃ နောက်တစ်ခုက နို့တိုက်ပြီးရင် လေထုတ်ကြရတယ်လေ အဲ့အခါကျ လေထွက်ရင်လည်း လျှာလေးထုတ်တတ်ကြပြန်တယ်
🚫ပုံမှန်မဟုတ်နိုင်တဲ့အနေအထားတွေကတော့🚫
⁃သတိထားရမှာက ကလေးရဲ့လျှာဟာ ပုံမှန်ထက် အရွယ်ပိုမိုကြီးမားနေ ပိုထူနေတာမျိုးပေါ့ ဒါဟာ မျိုးရိုးဗီဇကြောင့် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ကြွက်သားဖွဲ့စည်းတည်ဆောက်ပုံကြောင့်ဖြစ်ရတာပါ Down Syndrome ပါလာတဲ့ ကလေးငယ်တွေမှာ တွေ့ရတတ်တယ် အဲ့ကလေးတွေမှာဆို တခါတရံ ပါးစပ်ပေါက်ပိုသေးငယ်နေတာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတွေပါလာတတ်ကြတယ်
⁃ တခါတရံကျ သူတို့နှုတ်ခေါင်းပိတ်နေတဲ့အခါမျိုး နှာရည်ယို နှာစေးနေတာမျိုးရှိရက်လည်း ပါးစပ်နဲ့ အသက်ရှူကြတာကြောင့် လျှာထုတ်တာမျိုးလုပ်တတ်ကြတယ် ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ အသက်ရှူမြန်တာ ကြပ်တာ ရွှီရွှီမြည်သံတွေကြားနေရင်တော့ဆရာဝန်နဲ့ ပြရမယ်။
⁃ နောက် ကလေးပါးစပ်ထဲ မှာသွားဖုံးရောင်တာ အာသီးရောင်တာမျိုးဆိုလည်း သူတို့နာနေလို့ လျှာထုတ်ပြတာမျိုးလုပ်တတ်ကြတယ် မေမေတွေက သူတို့ ပါးစပ်လေးကို ကြည့်ပေးပြီး လိုအပ်ရင် ဆရာဝန်နဲ့ပြသရမယ်။
⁃ နောက်ဆုံးတစ်ခုကတော့ကလေးတွေကိုမွေးစက အသက်ခြောက်လထိ အမေနို့တမျိုးထဲတိုက်ခိုင်းတယ် အသက် ခြောက်လပြည့်မှထမင်းပျော့ပျော့ ဆန်ပြုတ်စသဖြင့်ကျွေးခိုင်းတာ တချို့ကလေးလေးတွေက အမေနို့ သို့ နို့ဘူးသောက်ရာကနေ အစာ စကျွေးတဲ့အခါကျ သူတို့ချက်ချင်း လက်မခံနိုင်ကျသေးဘူး
အဲ့အခါကျ လျှာနဲ့တွန်းထုတ်တာမျိုးလုပ်တတ်ကြတယ် ဒါမျိုးကြခဏလောက် ရပ်ထားပြီးသူတို့လက်ခံလာအာင် တဖြည်းဖြည်းချင်း ကျင့်ပေးရင် အဆင်ပြေသွားပါတယ် အမြဲအဲ့လိုဖြစ်နေပြီ အစာလည်း ကောင်းကောင်းမစားဘူး ဖြစ်နေတယ်လို့စိတ်ပူတတ်တယ်ဆိုရင်တော့ဆရာဝန်ဆီမှာ ဆွေးနွေးကြည့်တာ အကောင်းဆုံးဖြစ်မှာပါ
-ဒေါက်တာဇီဝက
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon