Shop with Hnin
မိန်းကလေးတိုင်းကိုလှစေချင်လို့ပါ✨💙
100% Authentic Skincare & Cosmetics Shop
Since 2021 ✨ Viber , Telegram - 09982826997
20/03/2026
Pantene Instock💙
မိုးဆံပင်လေး Vdထဲပြောင်ပြောင်လေးနဲ့
Waveတွေပေါ်နေလို့ ဘာသုံးလဲမေးကြလို့
မိုးသုံးနေတာလေးတွေလာလင်းတာ
ကျမ recommend လုပ်ထားပီးသားတွေကြီးပါပဲလို့
မိုးကဆံပင် original အကောက်သမားမလို့
ဆံပင်တခါရှင်းပီးတိုင်း ခေါင်းပွကြီးမလို့
Leave in conditioner ကတော့ မပါမဖြစ်
အမြဲကိုသုံးရတယ်
Pantene ရဲ့ ဒီဟာလေး တအားကောင်း
ဆံသားကိုပျော့ဆင်းပီး shinyဖြစ်နေတာပဲ
မိုးသဘောကျတဲ့အချက်က
ဆံသားဝပ်ဆင်းသွားပေးမယ့်
volume မကျသွားဘူး
ပြားကပ်ကပ်ကြီးဖြစ်မသွားဘူး
ဆံသားအစိုဓာတ်လေးရပီး
ပြောင်ပြောင်လေးဖြစ်နေတာ
Jeeherb hair essence ကိုအပေါ်ကနေ
ဆံပင်မစိုမခြောက်မှာ နောက်တစ်လွှာ
အဖျားလေးတွေပဲလူးထားတာ
သူကလေ လုံးဝ lightweight ပေါ့ပေါ့ပါးပါးနဲ့
တုန်ဆီနဲ့ပိုတူတယ်
ဆံသားလေးက တုန်တုန်လေးပြောင်ပြောင်လေးနဲ့ အားရှိသလိုရုပ်လေးထွက်တာ
နေ့တိုင်းလူးတာတောင် ဆံသားထဲပဲစိမ့်ဝင်သွားတာ
ဆံသားကြီးပြားကပ်မသွားဘူး
တော်တော်လေးအဆင်ပြေတာပါ
Budgetအရလည်း တန်တယ်လို့ခံစားရတယ်
Pantene ဗူးအကိတ်က ရှယ်အသုံးခံတာ
မိုးတအားကိုကြိုက်တာ
Jeeherbကတော့ နှမြောလို့ အဖျားပဲသုံးတာ😅
Heehee
20/03/2026
အရမ်းဟော့နေတဲ့ Glad2Glow Skin Tintလေး မှာလို့ရပါပြီရှင့်😍
Review ပေးထားတဲ့မမလိမ်းပြထားတာက02N လေးရှင့်
17/03/2026
Dior Addict Lip Glow 031 Strawberry 🍓
Best Seller အရောင်လေး Yangon မှာInstock ရောက်ထားပါပြီနော်✨
သူအရောင်လေးက လုံးဝကိုဖြူဖြူညိုညိုလိုက်တာလေးရှင့်
New version မှာက 24hrs moisture long lasting ကနေ 48hrs ဖြစ်သွားလို့ အစိုဓာတ်ကိုလည်းပိုထိန်းပေးပါတယ်
Lip balm ကိုမှ အရောင်နည်းနည်းပါတာလည်းသုံးချင်
ရင် ဒါလေးtryကြည့်သင့်တယ် စေးကပ်မှုလည်းလုံးဝမရှိဘူး ပေါ့ပါးပြီး moisture ဓာတ်အပြည့်ပေးတယ်
နှုတ်ခမ်းခြောက်တတ်တဲ့သူတွေ lip balm ဆိုးပြီးသားလည်းဖြစ် နှုတ်ခမ်းရောင်လေးကလည်းနဂိုလှသလိုလည်းဖြစ်မှာပါ
Instock✨
💯 authentic
Disclaimer: This is an authentic product offered for resale by an independent seller. All trademarks and brand names are the property of their respective owners and are used for identification purposes only. This sale complies with all applicable laws and Facebook's Terms and Conditions, including Commerce Policies.
17/03/2026
Dior Lip Maximizer Full Size ❤️
📍Available Colour-009 ( Intense Rosewood)
US Macy’sကနေ ဝယ်ထားတာပါ✅
#ဒါလေးကတော့လူငယ်တွေအကြိုက်များတဲ့Colour
လေးပါရှင့်✨
Lip Maximizer တွေကတော့ ဝယ်ပြီးရင်ထပ်မဝယ်ရမနေနိုင်ပဲ နှုတ်ခမ်းပေါ်မှာဘယ်လိုဆိုးဆိုး အရမ်းလှပြီး နှုတ်ခမ်းသားလေးကိုဖူးဖူးလေးဖြစ်စေတာမို့
အသစ်ထွက်တဲ့ Lip Tint ထက်ဒါကိုပိုကြိုက်တဲ့သူလည်းများပါတယ်....
နှုတ်ခမ်းသားလိုင်းသားတွေကိုပျောက်စေလို့ နှုတ်ခမ်းသားကို filler ထိုးထားသလိုမျိုး မှန်လို Glass လေးတစ်ထပ်အုပ်လိုက်သလိုမျိုးလေး ဆိုးထားရင် သိပ်သိပ်လှတာပါ 🤭💜
အကြိုက်ဆုံးကလေ စီးကပ်ကပ်မဖြစ်ဘဲဆိုးထားရင် ပူရှိန်းရှိန်လေးနဲ့ နှုတ်ခမ်းသားကဖူးဖူးအိအိလေးနဲ့ အတော်လေးကို Comfortable ဖစ်တာကြိုက်တာ✨
100% Authentic & Fresh date
Instock✨
Cash On Delivery💕
10/03/2026
Customer တွေအရမ်းကိုမှကြိုက်ကြတဲ့ SHEINက Dunuf Lipliner Set #12ချောင်းပါတဲ့ Setလိုက်ကြီးကို အတန်ဆုံးစျေးနဲ့ ရပါမယ်ရှင့်✨💕
တန်တာမှ ပက်ပက်စက်စက်တန်နော်
✅12ချောင်းပါ1Set ကို 2သောင်းစွန်းစွန်းလေးနဲ့ရမှာနော်
စျေးမမှားသလို မျက်လုံးလည်းမမှားပါဘူး တကယ့်ကိုအရမ်းတန်တဲ့ amazing priceနဲ့ ရမှာပါ🤭
တချောင်းကို 2000တောင်မပြည့်တဲ့စျေးနဲ့ ရမှာမို့ ယူကိုယူသင့်ပါတယ်….
Matte Colour မို့ Longlasting ဖြစ်တဲ့အပြင် waterproofမို့ရေစိုချွေးစိုခံပြီး ပျံ့တာဘာညာလည်းမရှိဘူးနော်
Crème type textureမို့နှုတ်ခမ်းပေါ်မှာလည်းအလွယ်တကူ ဆိုးရလွယ်ပါတယ်
Linerလိုရော Lipsticks အနေနဲ့ပါ ၂မျိုးလုံးဆိုးလို့ရပီး Matte Typeမို့ တော်ရုံနဲ့လည်း မပျက်ပါဘူးနော်
အရောင်ထွက်အားကောင်းပီး Setထဲပါတဲ့အရောင်လေးတွေကလဲ ပယ်ရောင်လုံးဝမပါပဲ အကုန်အလှလေးတွေချည်းပဲနော်
Auto Pencil Type မလို့ ချွန်စရာမလိုပဲ အလွယ်တကူလှည့်သုံးရုံပဲနော် Liner လိုကော Lipsticks အနေနဲ့ပါ 2in1 သုံးဘို့ရတာလေးပါရှင့်
#အခုနောက်ပိုင်းနှုတ်ခမ်းနီဆိုးရင်liplinerလေးပါအောင်ဆိုးလာကြတာကလည်းtrendတခုလိုဖြစ်လာနေတာနော်
Lipliner နဲ့ဖော်ပြီးဆိုးထားရင် ကိုယ့်နှုတ်ခမ်းလေးက ပင်ကိုယ်ထပ်ကိုဖူးဖူးလေးဖြစ်ပြီး ပိုလည်းလှတာမို့ မရှိသေးရင်ယူဖြစ်အောင်ကိုယူပါနော်
Instock✨
Ygn Mdy Cash on delivery🛍️
10/03/2026
IN2IT Water Tint Blur ကလေ 3CE ရဲ့ Blur Water Tint ကို ဆိုးဖူးတဲ့သူဆို ဆိုးလိုက်တာနဲ့ ဟဲ့ တူလှချီလား လို့ ဖြစ်သွားစေမယ့် Lip Tint လို့တောင် ခေါ်လို့ရတယ်။ Moon က 3CE ကြိုက်တဲ့သူမလို့ ဒါစသုံးချိန်မှာ တော်တော်တူလို့ စသဘောကျသွားတယ်။
တကယ်သဘောပိုကျတာကတော့ အရောင်ပေါ့နော်။ IN2IT ကတော့ Thai Brand ဖြစ်လို့ သူထုတ်တဲ့အရောင်တွေက မြန်မာအသားအရေတော်တော်များများနဲ့ ပိုလိုက်တာမျိုး သတိထားမိတယ်။ Moon အခုဆိုးနေတဲ့ ပုံထဲက BLL03 Fig Mauve အရောင်ကလေ ပန်းရောင်နုနုလေးလို့ ထင်ရပေမယ့် တကယ်တမ်းတော့ သဖန်းသီး မရမ်းသီးကို နုဖတ်နေအောင် ရောထားတာဆိုတော့ နှုတ်ခမ်းပေါ်တင်လိုက်တာနဲ့ MLBB ပန်းမရမ်းနုလေးလို ဖြစ်သွားတာ။ အရမ်းသဘောကျတာပဲ။
Blur Watery Gel Tint ဖြစ်တဲ့အတွက် ဆိုးလိုက်တာနဲ့ နှုတ်ခမ်းပေါ်က လိုင်းတွေကို Blur ဖြစ်နေအောင် လုပ်ပေးနိုင်တယ်။ Matte ဖြစ်ပေမယ့် နှုတ်ခမ်းလေးက ဖူးဖူးလေးဖြစ်နေတာမျိုးကိုလည်း သတိထားမိတယ်။ Watery Gel ပုံစံဆိုတော့ Lightweight တော်တော်ဖြစ်တယ်။ ဆိုးထားမှန်း တစိမှ မသိသာဘူး။ ပုံထဲသာ ကြည့်လိုက် ပါးပါးကပ်ကပ်လေးရယ်။
Longlasting ဖြစ်တဲ့အပိုင်းကတော့ 3CE ထက် ပိုကောင်းတယ်လို့တောင် ထင်ရတယ်။ မနက်ဆိုး နေ့လည်ထမင်းစားပြီးတောင် အရောင်ကျန်နေတုန်းပဲ။ Moon အတွက်တော့ အဲလောက်ကျန်တာ အတော့်ကို Longlasting ဖြစ်တယ်ခေါ်ရမှာ။ ဒါဆိုးတဲ့နေ့ဆို တစ်နေ့လုံးနေမှ တစ်ခေါက်လောက်ပဲ ထပ်ဆိုးရတာမျိုး ရှိတာမျိုး။
ပြောချင်တာ 3CE Blur Water Tint ကြိုက်တဲ့သူဆို ဒီဟာကို ကြိုက်ကိုကြိုက်စေရမယ်။ အရောင်တော့ ရွေးပေါ့နော်။ Moon ကတော့ Moon ကြိုက်တဲ့ အရောင်လေးပဲ ယူလာတာ။ စျေးကလည်း ၂၉ ဆိုတော့ ငါးသောင်းကျော်တွေ ပေးရတာထက်စာရင် ပိုသက်သာ ပိုအဆင်ပြေတယ်လို့ပဲ တွေးတယ်။ Moon ကတော့ နှုတ်ခမ်းနီဆို စျေးသင့်လည်း ကွာလာတီကောင်းရင် လွှတ်ကို အားပေးတယ်။ အထူးသဖြင့် ကိုယ်အဆင်ပြေရင် သူများတွေလည်း ကြိုက်မယ်ဆိုတာ ယုံပြီးသား။ CHARM က ဝယ်တာပါ။
🌙
Moon
10/03/2026
ဒါလေးနဲနဲ ရန်ကုန်အိမ်ကို ပစ္စည်းဝင်ထားပါတယ်ရှင့် 💕🥹
05/03/2026
အသေး အကြီး နှစ်မျိုးလုံး အသင့်ရရှင့်✨💕
သိပ်ကိုကောင်းတဲ့ Pantene Hair Serum ပါ 💛
ခုချိန်မှ တင်ရင် Trend နောက်ကျမယ်ဆိုတာသိတယ်
ဒါပေမဲ့ သေချာမသုံးရသေးဘဲ Review မလုပ်ချင်လို့
ဘူးသေးရော ဘူးကြီးရော သုံးပြီးတော့မှ လာပြောပြတာ
မလွဲရမနေနိုင် ၂မျိုးကမတူဘူးဆိုတာ ၂ဘူးလုံးကုန်မှသိတာ 🤣
အသေးလေးက Repair & smooth အကြီးကကျတော့
Repair & Moisture ဒါပေမဲ့ သုံးရတဲ့ Experience က သိပ်မကွာဘူးလို့ခံစားရတယ်ရော်
ကျွန်တော်ကတော့ မစိုမခြောက်အချိန်မှာသုံးရတာကို ပိုသဘောတွေ့မိတယ် ခြောက်နေတဲ့အချိန်သုံးရင် စီးစီးကြီးဖြစ်လို့ ပြီးရင် အများကြီးသုံးမိရင်လဲ ဆံပင်က အ၀ပ်လွန်ပြီး ပြားကပ်ကပ်ကြီးဖြစ်သွားရော ဒါကတော့ အားနည်ချက်ပေါ့နော်
ကျွန်တော်ကသိတဲ့အတိုင်း လက်လွန်ကြက်သွန် ဖြစ်လွန်းလို့ သူ့ကို R3 serum နဲ့ တွဲသုံးတယ် အဲ့လိုတွဲသုံးလဲ မိုက်တာနော် သိလား 🙂↕️
တမျိုးထဲသုံးရင်လဲ ဆံပင်လေးက ၀ပ်၀ပ်လေးနဲ့ ပုံသွင်းထားရင် ၂ရက်လောက်ခံတယ် ပုံထပ်သွင်းစရာမလိုဘူး
တွဲသုံးရင်လဲ ပုံသွင်းပြီးရင် ပျော့ဆင်းပြီး Shiny ဖြစ်နေတာ အတော်မိုက်တယ်
အထူးတလည် ဆံပင်ကြီးက ကောင်းလာတာမျိုးတော့မတွေ့ရဘူး Normal ဘဲ သုံးတဲ့ရက်နဲ့ မသုံးတဲ့ရက်တော့ကွာတယ် စွဲသုံးရင်တော့ ဆံပင်လေးလဲ ကောင်းလာဖို့လမ်းမြင်မိတယ်ပေါ့နော် 🙂↕️🙂↕️
ဆိုတော့က ဆံဖင်ဖွာတဲ့သူတွေအတွက် အိုကေတယ် ပြီးရင် ကျွန်တော့လို အပူပေးပြီးအားနေပုံသွင်းနေတဲ့သူတွေတွက်အိုကေတယ် 💛
ကျွန်တော်ကတော့ သဘောကျတယ် Price to Performance လဲ မိုက်တယ် 💛
အသေးလေးကတော့ Eunoia with LoanLinn ဆီက ဂုံးဆင်းထားတာ အကြီးကိုတော့ The Beauty Room က၀ယ်တာပါ
ဆိုတော့သိချင်တာရှိရင် Cmt မှာ ချန်ခဲ့နော်
ဘိုင်းဘိုင် 💛
05/03/2026
တစ်သက်လုံး ရိုးမသွားစေမယ့် Blur Seriesထဲက 08 လေး #3ချောင်းinstockရမယ်ရီင်ြ ♥️
💄 Romand Blur Fudge Tint Series Sale 💄
Romand Series ထဲ ဆိုးလို့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးပဲ 🥰
Longlasting ဖြစ်တာ အရောင်ထွက်မှန်တာတွေ
သိကြပြီးသားမို့မင်မင်များကြီးထပ်မညွှန်းတော့ဘူးနော် 🤭
Instock Item ✨
Price -28000 ks
Direct From Korea 💯
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon