Sue's Postbox
Cosmetic & Gift shop
04/12/2021
Sabal ကိုယ်တိုင်လဲ လက်ရှိ ဖြစ်နေလို့ ၊အားလုံးအတွက်လဲ အကျိုးရှိမယ်ထင်လို့ ပြန်မျှဝေပေးတာပါ🙏🏻
#ဝက်ခြံအထွက်များတဲ့မိန်းကလေးတွေသိထားသင့်တဲ့PCOSပြဿနာ 🦠🦠
ဒီတစ်ခေါက်မှာတော့ BB တို့ရဲ့ဆေးခန်းမှာ ဝက်ခြံအရမ်းထွက်လို့လာပြတဲ့ မိန်းကလေးတွေ ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တတ်တဲ့ ရောဂါတစ်ခုအကြောင်းကိုပြောပြပေးသွားပါမယ်..
🧐 PCOS ( Polycystic Ovarian Syndrome) ဆိုတာဘာလဲ?
ပုံမှန်အားဖြင့်မိန်းကလေးအများစုရဲ့ သားဥအိမ်မှအရည်ကြည်အိတ်လေးတွေ ဖြစ်လေ့ရှိတတ်ကြတယ်..အဲ့ဒီအရည်ကြည်အိတ်လေးတွေက အရွယ်အစားသေးရင်ပဲဖြစ်ဖြစ်၊ အရေအတွက်နည်းရင်ပဲဖြစ်ဖြစ် သူ့ဘာသာပြန်ပျောက်တတ်ပေမယ့် ၂၅ လုံးနဲ့အထက်ရှိလာရင်တော့ PCOS လို့ခေါ်တဲ့ ဟော်မုန်းပြဿနာတစ်ခုဖြစ်လာပါတယ်..
PCOS ဘာလို့ဖြစ်လဲဆိုတာက တိကျသေချာတဲ့အကြောင်းရင်းမရှိပေမယ့် 50-70% လောက်က အဝလွန်တာနဲ့ ဆက်စပ်နေတတ်ပြီးတော့ မျိုးရိုးကြောင့်၊ ဆီးချိုကြောင့်နဲ့ ဟော်မုန်းမညီမျှတာတွေကြောင့်လည်း ဆက်စပ်နေတတ်ပါတယ်
🧐 ဘာလို့ PCOS ကြောင့်ဝက်ခြံတွေထွက်တာလဲ?
အဓိကအားဖြင့်တော့ ဟော်မုန်းမညီမျှတာကြောင့် ယောက်ျားလေးဟော်မုန်းလို့ သိထားကြတဲ့ androgen level တွေမြင့်လာပါတယ်..အဲ့ဒီဟော်မုန်းကြောင့်
အဆီတွေပြန်လာပြီး ဝက်ခြံတွေထွက်လာမယ်..အထူးသဖြင့် မျက်နှာမှာဆိုရင် မေးရိုးနဲ့မေးစေ့နားမှာများနေမယ်…လည်ပင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေမှာလည်း ထွက်လာတတ်တယ်..ဒီအခြေအနေမှာ မိန်းကလေးအများစုက ကိုယ့်ကိုယ်ကို PCOS ဖြစ်နေမှန်းမသိကြပါဘူး..ဒါကြောင့် ဝက်ခြံအထွက်များရင် ဆေးခန်းသွားပြမှသာ ဆရာဝန်နဲ့သေချာဆွေးနွေးပြီး ရောဂါရှိမှန်းသိနိုင်တာပါ..
နောက်ထပ်ဘာတွေဖြစ်လာလဲဆိုရင်
🦠 ယောက်ျားလေးဟော်မုန်းကြောင့် မျက်နှာနဲ့ ခန္ဓာကိုယ်မှာပါ အမွှေးအမျှင်တွေထူလာမယ်
🦠 ယောက်ျားလေးတွေဆံပင်ကျွတ်တဲ့ပုံစံအတိုင်း ဆံပင်တွေကျွတ်လာမယ်..ဒါကို male pattern hair loss လို့လည်းခေါ်တယ်
🦠 ရာသီမမှန်တာ၊ မလာတာ၊ လာရင်လည်းပုံမှန်ထက် သွေးအများကြီးဆင်းတာ၊ နည်းနည်းလေးပဲဆင်းတာမျိုးလည်းဖြစ်တတ်ပါတယ်
🦠 Body weight လည်းတက်လာတတ်တယ် အထူးသဖြင့် ဗိုက်မှာအဆီစုတာတွေများနေမယ်
🦠 နောက်ပြီး skin tags လို့ခေါ်တဲ့အသားပိုသေးသေးလေးတွေ လည်ပင်းနားနဲ့ ချိုင်းနားတစ်ဝိုက်မှာပေါ်လာတတ်တယ်
🦠 တချို့တွေမှာ ဂုတ်တွေ၊ ချိုင်းတွေမည်းလာတာ (acanthosis nigricans )လည်းရှိတတ်တယ်
🧐 PCOS ကနောက်ဆက်တွဲ ဘာတွေဖြစ်စေတတ်လဲ?
ပုံမှန်ဆိုရင် သားဥအိမ်မှာ follicles လို့ခေါ်တာလေးတွေရှိပါတယ်..အဲ့ဒီထဲကတစ်ခုက dominant follicle အဖြစ်ကြီးလာပြီး ယောက်ျားလေးတွေရဲ့ သုတ်ပိုးနဲ့တွေ့တာအခါ မျိုးအောင်ပြီး သန္ဓေသားလေးတွေဖြစ်လာတယ်..သုတ်ပိုးနဲ့မတွေ့ရရင်တော့ပျက်စီးသွားပြီးတော့ ရာသီလာတဲ့အထဲပါသွားပါတယ်..
PCOS ဖြစ်ပြီဆိုရင်တော့ ခုနကပြောတဲ့ follicles လေးတွေက dominant follicle အဖြစ်မကြီးလာနိုင်တော့လို့ သုတ်ပိုးနဲ့တွေ့လည်း မျိုးမအောင်တော့ပါဘူး..ဒါကြောင့် ကိုယ်ဝန်ရဖို့အခက်အခဲတွေရှိလာတတ်ပါတယ်
တခြားနောက်ဆက်တွဲတွေအနေနဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးနဲ့သွေးကြောပြဿနာတွေလည်း ရှိလာနိုင်ပါတယ်..
🧐 PCOS ကဘယ်အသက်အရွယ်တွေမှာဖြစ်တတ်လဲ?
အရွယ်ရောက်ပြီးသားအမျိုးသမီးတွေရဲ့ ၁၀% လောက် PCOS ဖြစ်တတ်ပါတယ်..အသက်အရွယ်အားဖြင့်ဆိုရင်တော့ ၂၀-၃၀ ဝန်းကျင်မှာအဖြစ်များပြီး ဝက်ခြံကြောင့်နဲ့ ကလေးမရတာတွေကြောင့် စစ်ကြည့်ရင်းနဲ့မှ သိလာတတ်ပါတယ်
🧐 PCOS ကြောင့်ဖြစ်လာတဲ့ ဝက်ခြံတွေကိုဘယ်လိုကုမလဲ?
ဒီဝက်ခြံတွေကိုတော့ လိမ်းဆေးတစ်မျိုးထဲနဲ့ကုလို့မရတော့ပါဘူး..ဘာလို့လဲဆိုတော့ အပေါ်ကနေဘယ်လောက်ဆေးတွေလိမ်းလိမ်း အောက်ထဲကဟော်မုန်းမညီမျှသရွေ့က ဝက်ခြံထွက်နေဦးမှာပါပဲ..ဒါကြောင့် ကိုယ့်ကိုယ်ကို PCOS လို့ထင်ပြီဆိုရင် သူများလိမ်းတဲ့၊ သောက်တဲ့ဆေးတွေ လျှောက်မသောက်ပါနဲ့..နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ..ultrasound ရိုက်ပါ..သွေးစစ်ပါ..ဆရာဝန်ရဲ့လမ်းညွှန်ချက်အတိုင်းဆေးသေချာသောက်မယ်ဆိုရင် ဝက်ခြံတွေကသက်ကိုသက်သာမှာပါ…
PCOS ကိုသက်သာဖို့အတွက်လည်း သားဖွားမီးယပ်ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကုသလို့ရပါတယ်..
နောက်ပြီးအဝလွန်ရင် ပိုဆိုးလာနိုင်တဲ့အတွက် ကိုယ်လက်လှုပ်ရှားလုပ်ပေးပါ..yoga, workout, gym ဆော့ပေးပါ..အစားအသောက်ကိုလည်း ထိန်းပြီးစားပေးပါ..
ဒီလောက်ဆိုရင် ဝက်ခြံတွေအမြဲထွက်နေတတ်ပြီး ဘယ်လောက် skin care တွေသေချာလုပ်လုပ်..ဆေးတွေလိမ်းလိမ်းလည်း မသက်သာတတ်တဲ့မိန်းကလေးတွေအတွက် အဖြေတစ်ခုရမယ်လို့မျှော်လင့်ပါတယ်နော် 🤗
crd Original uploader from Bounding Beauties🙏🏻
01/12/2021
ဗောက်ထသူအတွက် အထူးအကြံပြုချက်
(၁) တပတ်ကို ၂-၃ကြိမ်ခန့်သာ ခေါင်းလျှော်ပါ။ နေ့စဉ်မလျှော်ပါနဲ့။ ခေါင်းလျှော်နေစဉ် ဦးရေပြားကို အတင်းကုပ်ခြစ်ကိုင်တွယ်တာမျိုး မလုပ်သင့်ဘူး။
(၂) ခေါင်းလျှော်ပြီးတဲ့အခါ hair gel တွေ၊ spray တွေ တတ်နိုင်သမျှ မသုံးပါနဲ့။ ခေါင်းကထွက်တဲ့ အဆီနဲ့ပေါင်းပြီး ဗောက်ကို ပိုဆိုးစေနိုင်တယ်။ အလားတူ ဆိုးဆေးနဲ့ ဆံပင်သန်ဆေး အသုံးပြုတဲ့အခါ သတိပြုရမယ်။
(၃) နေ့စဉ်ခေါင်းဖီးတာကောင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးရေပြားက ထွက်လာတဲ့ ဆဲလ်သေတွေ ဖယ်ရှားပစ်ဖို့ပါ။
(၄) စိတ်ဖိစီးမှုကလည်း ဗောက်ပိုထစေတယ်။ နေ့စဉ် အိပ်ရေးဝအောင်အိပ်ပါ။
(၅) ဗောက်ထသူတွေဟာ နေရောင်နဲ့ မကြာခဏ ထိတွေ့ ပေးတာ အကျိုးရှိတယ်။ ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA အမျိုးအစားက ဗောက်ကိုသက်သာစေတယ်။
(၆) အပြင်ထွက်တ်ုင်း ဦးထုပ်အမြဲဆောင်းတာ မကောင်းဘူး။ ထွက်တဲ့ခေါင်းချွေးက အစိုဓာတ်ဖြစ်ပြီး မှိုပိုးပေါက်ဖွားမှုကို အားပေးလို့ဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)
အကြံပြုချက် အသေးစိတ်ကို ဖတ်ရှုလိုပါက https://drayeminhtoo.com/dandruff/ တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်..
17/11/2021
Hello Sully'...💜
အကြောင်းအမျိုးမျိုးကြောင့် မင်စူးစျေးရောင်းတာလေး
ခဏနားပါမယ်နော်
Postသိပ်မတင်ဖြစ်ပေမယ့်လဲ စူးကိုချစ်လို့အားပေးကြတဲ့အမများရော..ချစ်သော Suly'များ တစ်ယောက်ချင်းစီကိုလဲ မင်စူး ဒီကပဲကျေးဇူးတင်ပါတယ်ပြောရင်း နှုတ်ဆက်လိုက်ပါရစေ 🙏🏻
See u later all Suly'🍀🤍
10/11/2021
ကောင်မလေးတွေအတွက် ချစ်စရာအရုပ်လေးတွေနဲ့ Silicon Phone Stand လေးတွေလာပြီနော် 😘
အရုပ်ပါ Silicon Phone Stand
Price -4500 ks
♥ဒါလေးက Adjustable phone Stand လေးပါ Movie time အတွက် အဆင်ပြေဆုံးလေး ပေါ့နော်
♥Live လွှင့်တဲ့အခါမှာ ဖုန်းကိုလက်ထဲကိုင်ပြီးလွှင့်ရတာအဆင်မပြေဘူးလား
♥ဖုန်းကိုတစ်ခုခုမှာမှီထားပြီး comment ဖတ်တဲ့အချိန်ပြုတ်ကျသွားလို့ စိတ်ညစ်နေရလား
♥Online ကစာသင်နေရလို့ video call နဲ့သင်တဲ့အခါ ဖုန်းကိုငြိမ်အောင်ထားပြီး သင်ချင်တာလား
♥ဖုန်းနဲ့ရုပ်ရှင်ကြည့်တဲ့အခါ လက်ကကိုင်ရတာ
ညောင်းနေပြီလား
♥အားလုံးအတွက်အဆင်ပြေတဲ့ Phone Stand လေးမို့ ခုဘဲဝယ်ထားလိုက်တော့နော် 😍
10/11/2021
RAY mask
Price-6500ks (10 ချပ်ပါ ၁ဘူး)
ကပ်ကြည့်ပြီးရင်တော့ ထပ်မှာပြီးရင်းမှာချင်နေမှာ သေချာတယ်....
ဘဝမှာအရေးကြီးဆုံးက Ray Mask ပဲ....
ပုံမှန်အားဖြင့် လူတော်တော်များများက သုံးနေကျ Skincare Productမဟုတ်ရင် လျှောက်မသုံးရဲကြဘူး😏 Okie👌
အိမ့် သုံးဖူးတဲ့အကြိုက်ဆုံးfacial sheet maskတွေထဲက တကယ်ကောင်းတဲ့၁ခုကို reviewလေးပေးချင်လို့ (တခါမှမရေးဖူးပေမဲ့ share ပေးချင်လို့ရေးလိုက်ပါပြီ)🤓
ဟိုတလောက ကောင်လေးကbangkok ကပြန်လာလို့ ဟိုဘက်မှာ Ray brand ကနာမည်ကြီးပြီးလူကြိုက်များတယ်ဆိုလို့ လက်ဆောင်ပေးထားတာ
ကောင်းတယ် ကောင်းတယ်ဆိုပြီး အရမ်းးညွှန်းနေတာနဲ့ပဲ စသုံးလိုက်မိတာ...တကယ်ကြွေဆင်းးး
First impressionမှာတင်
🖤Mask အသားကအထူကြီးမဟုတ်ဘဲ ပါးတယ်
🖤တစ်ချပ်သုံးပြီးတိုင်း မျက်နှာပေါ်ကအဆီဖုတွေ အမည်းစက်လေးတွေ သက်သာစေပြီး မျက်နှာလေးကကြည်လင်တင်းရင်းပြီး ဝင်းလာတာ တကယ်သိသာတယ်
🖤ရေဓာတ်ခမ်းခြောက်တတ်တဲ့သူဆို ပိုသိသာတယ် အသားရည်ကို refresh ပြန်လုပ်ပေးတယ်
🖤packagingလေးလည်းမိုက်ပြီးThai FDA လည်းရှိလို့စိတ်ချရတယ် box ကလက်ဆောင်ပေးလို့လှတယ်
Thai 🇳🇱ထုတ် RAY Maskကအမှန်က အမျိုးအစား၃မျိုးလာတာ✨Gold Facial Maskလေးက ပိုeffective ဖြစ်ပြီးfavorite မို့လို့ဒါလေးကို စမ်းသုံးကြည့်ဖို့ 💯 recommend ပါ
❓အိမ့်ရေ ဒီ Maskက skin type မတူရင်တည့်ပါ့မလား
All skin typeသုံးလို့အဆင်ပြေပါတယ်
❓Side Effectတွေရှိလားအိမ့်ရေ ဆိုရင်တော့
လုံးဝ Noပါ Thaiနိုင်ငံရဲ့အာမခံချက်အပြည့်အဝရရှိထားလို့ကိုယ်တိုင်သုံးကြည့်ပြီးမှ ရောင်းတာပါ
10/11/2021
Toner
Price-14500ks
ဒါလေးကတော့ Sensitive Skin တွေအရမ်းကောင်းတဲ့ Toner လေး 👍🏻👍🏻
အရေပြားဆရာဝန်တွေကပါညွှန်းပေးတဲ့
✅ အရောင်မပါ
✅ အနံလဲမပါ
✅ No Harsh chemical
✅ No mineral oil
✅ Alcohol လဲ free ဖြစ်တဲ့ Toner လေး
ဘာသုံးသုံးမတည့်တဲ့သူလေးတွေ ဒါလေးသုံးနော် 💚
အသားရေကြမ်းတမ်းတာတွေ
မွဲခြောက်တာတွေ ကာကွယ်ပေးပြီး
Moisture Skin လေးရစေပါတယ်ရှင်
10/11/2021
Vaseline Dry Serum New Version
Direct from bkk
Price -6500 ks
🌸 ချိုင်းအနံ့ထွက်တာ , ချိုင်းမဲတာ , ချိုင်းချွေးထွက် များပြီး အင်္ကျီမှာ အမြဲအကွက်တွေဖြစ်နေတာတွေအတွက်စိတ်ပူစရာမလိုတော့ဘူးနော် ။
🌸 Vaseline dry serum လေးက အနံ့သင်းသင်းလေးနဲ့ လိမ်းလိုက်ရင်လည်း အသားထဲ စိမ့်ဝင်တာ မြန်တယ်။
48 hr ကြာအောင် ချွေးထွက်ခြင်း ချွေးနံ့နံခြင်းကို ထိန်းပေးထားနိုင်တယ်နော်။
🌸 roll on အစားထိုးအသုံးပြုရတဲ့ dry serum လေးပါရှင်။
❤Ultra Bright - ချိုင်းကြားအသားအရေကို နဂိုထက် ပိုမို ဖြူဝင်းလာစေပါတယ်။
💜Bright & Smooth - ချိုင်းကြားအသားအရေ ကြမ်းနေတာတွေ အဖုဖုဖြစ်နေတာတွေကို နူးညံ့ ချောမွေ့လာစေပီး ဖြူဝင်းလာစေပါတယ်။
💙Bright & Dry - ချွေးအရမ်းထွက်တဲ့ ချိုင်းကို ခြောက်သွေ့စေပါတယ် ချွေးထွက်နှုန်း နည်းစေပါတယ် ချိုင်းကြားအသားအရေကို ဖြူဝင်လာစေပါတယ်။
🧡Bright & Renew - ပျက်ဆီးနေတဲ့ ချိုင်းအသားအရေ ပြန်လည်ပြုပြင်ပေးပီး ဖြူဝင်းလာစေပါတယ်။
10/11/2021
Rwine Beauty stem cell Japan Mask
Made in Japan
Price-1350ks
ကွာလတီက ကပ်ဖူးမှသိမယ်တချပ်ဆိုတချပ်အရမ်းသိသာစေပါတယ် ✅
အမဲစက် တင်းတိတ်ကင်းပြီး မျက်နှာအသားအရေကိုပြောင်ပြောင်တင်းတင်းလေးဖြစ်စေချင်သူများအတွက် 👍🏻
ဆော်လမွန်ငါးကနေထုပ်လုပ်ထားတဲ့
ကော်လာဂျင်နှင့်အခြားဗီတာမင်ပစ္စည်းများစွာပါဝင်တာကြောင့် ✅
အရေးအကြောင်းများကိုကာကွယ်ပေးသည်✅
အဖုအပိန့်များနှင့်အမာရွတ်များကိုလျင်မြန်စွာပျောက်ကင်းစေသည်✅
10/11/2021
Grape Bella by Watsons
Price-6500ks
ခရမ်း/ ရွှေ ရပါတယ်နော်😊😊😊
🍇 စပျစ်သီးကနေထုတ်လုပ်ထားပြီး body skin လေးကို အာဟာရဖြည့်တင်းဖို့ ကိုယ်အသားအရေကို Glow ပြီး အမဲကွက် နေလောင်ခြင်းတေကို သက်သာပျောက်ကင်းစေပါတယ်
🍇 Grape seed extract နဲ့ အဓိကပြုလုပ်လို့ အသားအရေကိုချောမွတ်ကာ အသားအရေ ကြည်လင်လှပစေပါတယ် Anti-aging effect လည်းပါတာမို့
ကောင်းမွန်ပါတယ် Serum type မို့ စေးကပ်ခြင်းမရှိဘဲ အသားထဲစိမ့်ဝင်လွယ်ပါတယ်အနံ့လေးလည်း မွှေးမွှေးလေးမို့ လူကြိုက်တော်တော်များပါတယ်။
10/11/2021
အရမ်းရောင်းရသောလေး...
တစ်ဖန် Instock-4000ks💕
10/11/2021
MBA Volume Eyelash Enhancer Korea
💥 မျက်တောင်ရှည်ဆေး 💥
Price-3500ks
၇ ရက်အတွင်းမျက်တောင်ပေါက်စေပြီးနဂိုရှိမျက်တောင်ကို
ရှည်စေပြီးထူလာစေပါတယ် 😍😍
မျက်တောင်ကလည်းတိုနေတဲ့အပြင်ကျွတ်တာကလည်းပါးပါးလေးပဲကျန်နေလို့စိတ်ညစ်မခံနဲ့ 🙅🙅၁၅ ရက်တည်းနဲ့
မျက်တောင်တုတေုင်တပ်စရာမလိုပဲလုံးဝကိုရှည်လျားထူ
ကော့လှတဲ့မျက်တောင်လေးကိုပိုင်ဆိုင်နိုင်ပါပြီးနော် 💛💛
အရည်အသွေးလေးကတော့ natural 100%ပါနော်
တနေ့ နှစ်ကြိမ်ရိုးရိုး mascara သုံးနေသလိုပုံမှန်သုံးပေးရုံနဲ့
တပတ်အတွင်းသိသာလာစေပါတယ်နော် 💙💙
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
3/23 Hninsi Street
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |