Y’Fave - Authentic Online Shop

Y’Fave - Authentic Online Shop

Share

100% Authentic
100% Guarantee

14/02/2023

အမေးများတဲ့ Retinol eye cream လေးတွေ instock ရှိပါတယ်ရှင် 💕

⚠️ 25+ မှ သုံးပေးပါရှင်

- ဒီ eyecream လေးက အရေးအကြောင်း လေးတွေ ရှိတဲ့သူ အတွက်ရော၊ အရေးအကြောင်းလေးတွေကို ကြိုတင် ကာကွယ်ချင်တဲ့သူတွေ အတွက် သင့်တော်တယ်နော်

- မျက်လုံးနားတစ်ဝိုက် လိုအပ်တဲ့ collagen ကို အပြည့်အဝ ထောက်ပံ့ပေးတာမို့ လိမ်းထားရင် မျက်လုံးနားလေးက စိုစိုတင်းတင်းလေး ဖြစ်နေမှာပါရှင်

- သူကလေ မျက်လုံးနား တစ်ဝိုက်တင် မဟုတ်ပဲ smile lines နေရာတွေ နဖူးက အရေး အကြောင်းနေရာတွေ လိမ်းလို့ရသေးတယ်နော်

How to use

- ခုမှ retinol eyecream စသုံးတာဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ် ပဲစလိမ်းပေးပါရှင်

- တချို့ကျလဲ retinol နဲ့ familiar ဖြစ် တော့ နေတိုင်း နည်းနည်းစီ လိမ်းကြတယ်ပေါ့နော်၊ ဒါမဲ့ retinol ပါတော့ လေ အမကတော့ ဒါကို တစ်ပတ် ၃ ကြိမ်လောက်ပဲ သုံးစေချင်တယ်

- retinol သုံးရင်တော့ moisturizer လိမ်းမို့ မမေ့နဲ့နော်

- ညဘက်ပဲ လိမ်းပေးပါရှင်

Price- 27000 mmks

-

20/12/2022

❌မကြာခဏ တွေ့နေရတဲ့ skincare မှု အမှားများ ❌

လိုတိုရှင်း မယ်နော် ၊ စာရှည်ရင် မဖတ်ချင်ကြလို့ ။ မိုး နဲ့ ပတ်ဝန်းကျင် မှာ ရှိနေသူတွေထဲ ခုတလော မြင်ရတဲ့ သတိထားမိတဲ့ skincare နဲ့ ပတ်သက်တဲ့ အလွဲအမှားလေးတွေ ကို သတိပေးချင်လို့ပါ ။

🙀 skincare trend တိုင်း လိုက်ဝယ် သုံးတာ 🙀

Skincare လုပ်တာ က ခု နောက်ပိုင်း ခေတ်စား လာတာ နဲ့ အမျှ ပေါ်ပင်တွေ အပြင် hit ဖြစ်ရင် ပီးရော ဆိုတော့ trend တွေပါ တက်လာတာ ။ အဲ့ဒါတွေ က တချို့လည်း တကယ် အဆင်ပြေသူ ရှိနိုင်သလို တချို့ နဲ့လည်း လုံးဝ ကို မကိုက်ညီ နိုင်တာ တွေ။ အဲ့တော့ မိုးက ပြောနေကြ စကားပဲ ထပ်ပြောပါမယ် .. စာတွေ ဖတ်ပါ ၊ လေ့လာပါ၊ ကိုယ် နဲ့ အသင့်တော်ဆုံး ကို ရွေးပါ။

🙀product အသစ်တွေ တချိန်ထဲ စသုံးတာ🙀

ပစ္စည်းတိုင်း မဟုတ်ပေမဲ့ တချို့ skincare လေးတွေ က လူနည်းစု မှာ သွားပီး reaction ရှိတာ မျိုး ဖြစ်တတ်ပါတယ် ။ တချိန်ထဲမှာ ၃-၄ မျိုး လောက် မသုံးဖူးတဲ့ ဟာ တွေ စ သုံးရင် နီတာ ယားတာ အဖုထွက်တာ ဆိုရင် ဘာတခုက တရားခံ လည်း မသိတော့ဘူးလေ ။ အဲ့တော့ သုံးလက်စ routine ထဲကို အသစ် တိုး/ပြောင်း ချင်ရင် တမျိုး ချင်းက စပါ။

🙀အိပ်ယာခင်း / ခေါင်းအုံးစွပ် တွေ မလဲ မလျှော်တာ🙀

မြန်မာပြည်ဆို အချို့ ခြင်ထောင် နဲ့ အိပ်ရင် ခြင်ထောင် ပါပါတယ် နော်။ ကိုယ့် အိမ်အနေအထားအရ အချိန်တခု သတ်မှတ်ပီး လျှော်ပေး ကြပါ။ မိုး အရင်ကတော့ ၃-၄ ပတ် တခါ လျှော်ပါတယ် ။ နောက်ပိုင်း ခြင်ထောင် နဲ့ မအိပ်တော့ အဲ့ကိစ္စမေ့သွားတာ။ ခေါင်းအုံးစွပ်က ရန်ကုန်မှာဆို ပူပီး အိပ်ရင် ချွေးထွက်တော့ ခေါင်းလျှော်တဲ့ နေ့တိုင်း လဲတယ် (တရက်ခြား လျှော်တာခေါင်းက ) ။ ခု ဒီမှာကတော့ ခေါင်းအုံးစွပ်က ၃-၄ရက်တခါ ၊ အိပ်ယာခင်း နဲ့ စောင်က တပတ်တခါ မပျက်မကွက် လဲတယ်။

🙀စိတ်မရှည်တာ results ပြဖို့ကို 🙀

ဘယ် skincare မဆို results ရဖို့ စောင့်ရပါတယ် ။ ဟပ်ချလောင်း မရပါဘူး ။ တချို့ instant results ရတယ် ဆိုတာက skin brightening လိုမျိုး visible မြင်သာတာမျိုး သာ သိနိုင်တာပါ။ skincare chemicals တွေရဲ့ အာနိသင်ပြဖို့ ကြာချိန် ကို မိုး ရေးပေးထားတာ pin post မှာ လေ့လာနိုင်ပါတယ်။ အချိန်တခုတော့ ပေးရပါတယ်နော်။

🙀အညွှန်းတိုင်း မသုံးပဲ အလွန်အကြူးတွေ လုပ်တတ်တာ 🙀

လှချင်ဇောနဲ့လေ .. chemical peeling တွေ တပတ် ၂ ခါတို့ ။ retinol/ retinoid တွေ ကို ဖြေးဖြေး ချင်း frequency မတိုးပဲ စစချင်းကို ညစဉ် လိမ်းတာတို့ စသဖြင့် မဟုတ်မဟတ်တွေ လုပ်တာ မျိုး ပေါ့။ အသားတွေ ခြောက်ကုန် ၊ လောင်ကုန်မှ အရပ်ကူပါ လူဝိုင်းပါ ရှိသမျှ group တကာ လိုက်တင်မေးရတာမျိုး တွေ မဖြစ်အောင် သုံးခိုင်းတဲ့ အညွှန်း ကို လစ်လျူမရှုပါနဲ့လို့ ။

🙀အဆီပြန်လို့ / ဝက်ခြံ ပေါက်လို့ ဆိုပီး moisturizer မသုံးတာ 🙀

ဒါ မိုး ကိုယ်တိုင် လုပ်ခဲ့တဲ့ အမှားပါ ။ ခုထိ လည်း ဒီလို တယူသန် အစွဲတွေ ရှိနေကြဆဲပဲ။ မိုး လည်း အရင်က အဲ့အတိုင်းပဲ ၊ ပိုဆိုးတာက အရင်ခေတ်က ရွေးစရာ များများ စားစား မရှိတာလည်း ပါတယ်။ ခုက အများကြီး ။ budget အလိုက် different types ., different brands တွေ အလွယ်တကူ ပြည်တွင်း ထဲ ရှိနေတာမို့ ဒီ မှားနေတဲ့ တယူသန် အစွဲကို ဖြုတ်ကြပါ။ moisturizer ကို ကိုယ့် skin အလိုက် သုံးဖြစ်အောင် သုံးပေးပါ။

🙀 double cleansing မလုပ်ကြတာ 🙀

မိတ်ကပ် လိမ်းပီးရင်တော့ double cleaning လုပ်လာကြပီ တချို့ ။ ဒါပေမဲ့ sunscreen တွေ လိမ်းပီး သေချာ ပြန် cleansing မလုပ်ကြတာတွေ ရှိတယ် ။ sunscreen တိုင်းလား မေးရင် တော့ မဟုတ်ပါဘူး ။ water based / gel type လိုဆိုရင်က တဆင့်နဲ့ ရနိုင်ပေမဲ့ oil based / cream type sunscreen အများစုကလေ အသားမှာ စွဲနေတာပါ။ double cleansing မှ သေချာ စင်ပါတယ် ။ micellar water of cleansing oil ကို မိုး ကတော့ အားပေး ပါတယ် ။ cleansing cream / balm လည်း ရပါတယ် နော်။

ကိုယ်တိုင်ရော ဘာလုပ်မိနေလဲ ? စမ်းစစ်ကြည့် ပါအုံးလို့ 😘

10/12/2022

Ink Velvet လေးတွေ ပုံမှာ ပြထားတဲ့ color လေး တွေ instock ရှိပါသေးတယ် ရှင် 🥰

ဆောင်းတွင်းလဲ ၀င်လာပြီ ဆိုတော့ နှုတ်ခမ်း ခြောက်တာ ကာကွယ် တဲ့ အနေနဲ့ lipstick လေးတွေ မဆိုးခင် နှုတ်ခမ်းကို အဆီလေး နဲ့ ပေါင်းတင် ပေးမို့ မမေ့ နဲ့နော် 💕

Price : 15,000 ks
Instock

Photos from Sweety's Makeuplooks's post 29/05/2022

Instock ✅

The Inkey List Retinol Eye Cream

Price - 27000 mmks

စျေးလေး ပြောင်းသွားမယ်နော် **

Photos from Y’Fave - Authentic Online Shop's post 29/05/2022

Instock ✅

The Inkey List

🌼 ဒီ brand လေးကတော့ ခုမှ retinol စသုံးမဲ့ သူတွေ အတွက် လူညွှန်း အများဆုံး brand လေးပါ

🌼 Sephora ဘက်က beauty advisor တွေကိုယ်တိုင်ကလဲ retinol ခုမှ စသုံးမယ်ဆို The Inkey List က်ို စသုံး ကြည့်မို့ ညွှန်းကြပါတယ်

🌼 Allure 2021 award ဆုကိုလဲ ရထားပါသေးတယ် နော်

🌼 သူ့မှာ ပါဝင်တာကကျ retistar stabilized retinol 1% နဲ့ Granaactive Retinoids 0.5% ပါဝင်ပါတယ်

🌼 Squalane ပါတဲ့ အတွက်ကြောင့် အသားအရေကို အစိုဓာတ်ပေးပါတယ်

🌼 ဝက်ခြံရှိတဲ့ အသားအရည်တွေလဲ သုံးလို့ သင့်တော်ပါတယ် ( တစ်ခါတစ်လေ မြုံနေတာတွေ ကန်ထွက် တတ်ပါတယ်)

🌼 အရေး အကြောင်းနဲ့ အသားအရည် ကောင်းမို့ အတွက် ပို အသုံးများပါတယ်

🌼 အမဲစက်တွေလဲ သင့်တော်ပါတယ်

‼️စစသုံးချင်းဆို တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ အရင်သုံးကြည့်ပေးနော် (အချိန်ယူပြီး ကိုယ့် skin နဲ့ အဆင်ပြေလား ဆိုတာ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပေးနော် 🥰)

‼️ retinol ကို ညဘက်ပဲ လိမ်းပေးနော်

‼️ နေ့ဘက်တွေမှာ sunscreen လေး ပုံမှန်
လိမ်းပေးနော်

‼️ တစ်ခါလိမ်းရင် ပဲစေ့ ပမာဏ လောက်ဆို လုံလောက်ပြီနော် (ဘယ်အရာ မဆို တန်ဆေးလွန်ဘေးနော်) Less is More နော် ❤️

‼️မျက်လုံး၊ နှုတ်ခမ်း နားကိုရှောင်လိမ်းပေးနော်

‼️ အမကတော့ ဘယ် retinol ကိုမဆို လိမ်းရင် moisturizer လေး လိမ်းပြီးမှ retinol လေးကို လိမ်းစေချင်ပါတယ် (နီတာ၊ ခြောက်တာ လေးတွေကနေ ကာကွယ် အောင်လို့ပါ)

🥪 sensitive skin တို့ dry skin တို့ဆို sandwich နည်းလမ်းလေးနဲ့ လိမ်းနော်
( moisturizer- retinol- moisturizer )

🔺ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် တွေ သုံးလို့မရပါဘူးရှင်
🔺 အသက် ၂၅ လောက်မှ သုံးပေးပါရှင့်
🔺 dermatologist နဲ့ ပြနေတဲ့သူရှိရင် မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်ပါ

‼️ review တော်တော်များများမှာ ဒါလိမ်းလို့ ဝက်ခြံ သက်သာကြတော့ တော်တော်များများက ဝက်ခြံ ထွက်လို့ လိမ်းချင်ကြတာ များပါတယ်၊

Retinol ပါလို့ ဝက်ခြံကို သက်သာစေတာ မှန်ပေမဲ့
ဝက်ခြံ က တစ်ယောက် နဲ့ တစ်ယောက် ထွက်ပုံ ထွက်နည်းရော၊ ထွက်တဲ့ အကြောင်း အရင်းရော မတူလို့ ဒါလိမ်းတိုင်း ပျောက်မယ် လို့တော့ တထစ်ချ တွက်လို့မရဘူးနော်

‼️ အမ ကတော့ ဝက်ခြံ အရမ်းဆိုးတဲ့ သူတွေဆို အရေပြား ဆရာဝန်နဲ့ ပြမ်ို့ပဲ တိုက်တွန်းပါတယ်

‼️ အသက်ငယ်တဲ့ skincare ချင်တဲ့ ညီမလေးတွေလဲ skincare ချင်တယ် ဆို

- cleanser
- moisturizer
- sunscreen SPF
- vitamin C ဒါလေးတွေ ကိုပဲ ပုံမှန် လိမ်းပေးနေယုံနဲ့ skincare routine က လုံလောက်နေပါပြီနော်

** skincare products တစ်ခု ဝယ်မယ်ဆို သေသေချာချာ research လုပ်ပြီးမှ ဝယ်စေချင်ပါတယ် **

Price 30 ml - 28500 mmks
USA Direct

https://www.facebook.com/102524932234311/posts/126376549849149/

Photos from Y’Fave - Authentic Online Shop's post 29/05/2022

Lipstick လေးတွေ ရောက်ပါပြီရှင် ။

တော်တော်များများနဲ့ လိုက်ဖက်ပြီး recommend များတဲ့ color လေးတွေပဲ ရွေးမှာထားတာ ။ 🥰

Price - 15000 ks ။

Korea Direct
100% Authentic

* ဒီနေ့ 1 နာရီ မတိုင်ခင်မှာရင် ဒီနေ့ Deli အပ်ပေးမယ်နော် *

Photos from Y’Fave - Authentic Online Shop's post 27/05/2022

Endorsi Bag လေး order ပြန်လက်ခံ ပါပြီ။
နက်ဖြန် order ပိတ်မယ်နော်။

Price Update - 25000 ks

Half Deposit

Korea Direct
Waiting time - 2 months

Photos from I AM 'YU''s post 27/05/2022
Photos from 드라마 Dialogue's post 22/05/2022

Admin သဘောကျရတဲ့ ကားလေး 💜

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 22:00