92 Hair Design &Beauty By ChitZar

92 Hair Design &Beauty By ChitZar

Share

Beauty made me confidence.

09/09/2021

ဝက်ခြံ မဖြစ်ဖို့ သက်သာဖို့ အချက် ၁၀ ချက်

ဝက်ခြံက ကျနော်တို့ လူငယ်တော်တော်များများကြုံတွေ့နေရတဲ့ အရာတွေပဲ။ ဘယ်လိုတွေကြောင့် ဘာတွေကြောင့် ဆိုတာသတိမထားမိပဲ ဝက်ခြံပျောက်ချင်ဇောသာများနေကြသူတွေအတွက် ဒီ အချက် ၁၀ ချက်ကို သတိပြုဖို့ အကြုံပြုလိုက်ပါတယ်။

၁။ မျက်နှာကိုအမြဲသန့်ရှင်းအောင်ထားပါ။
ဝက်ခြံ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တနေ့ ၂ခါ မျက်နှာသေသေချာချာသစ်ဖို့က အရေးကြီးဆုံးအချက်ပါ။ အဆီ နဲ့ အညစ်အကြေးတွေရှိနေခြင်းက ဝက်ခြံတွေဖြစ်စေပါတယ်။ အမွှေးနံ့ပါတဲ့ ကိုယ်တိုက်ဆပ်ပြာတွေကလည်း အရေပြားကိုထိခိုက်စေပါတယ်။ မျက်နှာသန့်စင်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ အရာနဲ့သာ မျက်နှာသစ်ပါ။ မျက်နှာကို ညှင်သာစွာဆေးပြီး မျက်နှာသုတ်ပဝါနဲ့သုတ်တဲ့အခါလည်း ဖွဖွလေး ဂရုတစိုက်သုတ်ပေးပါ
(မျက်နှာသစ်ဆေးကိုလဲ ရွေးချယ်သုံးစွဲတတ်ဖို့ပါတယ်
နောက်ပိုင်းမှာ ဘယ်လိုမျက်နှာသစ်ဆေးကဘာအတွက်ထုတ်
ဘယ်လို့မျက်နှာသစ်အမျိုးစားသုံးသင့်တယ်ဆိုတာတွေသပ်သပ်
ထပ်ပြောပေးပါမယ် ဆိုင်တွေကပြောတာပဲဝယ်ပြီးပြန်လာတာမျိုးမဖြစ်အောင်)

၂။ Moisturizer (အစိုဓာတ်)
မျက်နှာလိမ်းဖို့ရွေးချယ်တဲ့နေရာမှာလည်း Oil-free လို့ပါတဲ့အရာ၊ Noncomedogenic လို့ရေးထားတဲ့အရာမျိုးရွေးချယ်သင့်ပါတယ်။ Gel type ဆိုလည်း အဆီပါဝင်မှုနည်းတဲ့အတွက် ဝက်ခြံအတွက်သင့်တော်ပါတယ်။

၃။ မျက်နှာလိမ်းတဲ့အရာရွေးချယ်ရာမှာလည်း သတိပြုပါ။
များသောအားဖြင့် ဝက်ခြံအတွက်ထုတ်ထားတဲ့ အရာတွေက အသားအရေကို ခြောက်သွေ့သွားစေမယ်။ Peeling လုပ်ပေးတယ်။ အသားအရေပါးတဲ့သူနဲ့ sensitive skin တွေအတွက်တော့ သတိထားရမယ်။

၄။ မိတ်ကပ်ဖြစ်နိုင်ရင်လျော့ပါ
မိတ်ကပ်လိမ်းတယ်ဆိုရင် ဝက်ခြံထွက်နေတြေ့အချိန်မှာ ခဏရပ်ထားပေးပါ။ မဖြစ်မနေသုံးရမယ်ဆိုရင် Oil-free မိတ်ကပ်မျိုးသေချာရွေးပါ။ ညဖက်ရောက်ရင်လည်း သေချာဖျက်ပြီး မျက်နှာသေချာသန့်စင်ပေးပါ

၅။ ခေါင်းမှာလိမ်းတဲ့အရာတွေလည်း သတိထားပါ။
ခေါင်းလိမ်းဆီ၊ Gel၊ Hair spray တွေနဲ့ ဆံပင်လိမ်းတဲ့ အရာတွေတော်တော်များများက မျက်နှယပေါ်ရောက်လာရင် အသားအရေချွေးပေါက်တွေပိတ်စေတတ်ပါတယ်။ လိမ်းထားတာကို မျက်နှာပေါ်မကျဘူးမထင်ပါနဲ့။ ချွေးနဲ့အတူ အချိန်ကြာလာတာနဲ့အမျှအနည်းနဲ့ အများ မျက်နှာပေါ်ကျတတ်ပါတယ်။ ညဖက်အိပ်ရင်လည်း ခေါင်းလျှော်ပြီးမှအိပ်ပေးပါ

၆။ မျက်နှာကိုလက်နဲ့မကိုင်ပါနဲ့
ခဏခဏမျက်နှာကိုကိုင်တာက လက်ကအညစ်အကြေးနဲ့ ဘတ်တီးရီးယားတွေ ဝက်ခြံဖြစ်စေတယ်။ ဝက်ခြံဖြစ်ဖို့အားပေးပါတယ်။
မနေနိုင်လို့ ဝက်ခြံညှစ်ရင်တောင် ညဖက် မျက်နှာကိုသေချာသစ် လက်ကိုသေချာဆေးပြီး ညှစ်ပါ။ လိမ်းသင့်တာလိမ်းပေးပါ

၇။ နေနဲ့တိုက်ရိုက်ထိခြင်းရှောင်ပါ
မနက် ၁၀ နာရီ မှ နေ့လည် ၂ နာရီ ထိက နေအပြင်းဆုံးအချိန်ပါ။ နေပူဒဏ်တိုက်ရိုက်ထိခြင်းက အသားအရေအတွက် မကောင်းစေပါ

၈။ အသားအရေအတွက် စားသင့်တာစားပါ။
အသီးအရွက်တွေက အသားအရေအတွက် သင့်တော်တဲ့ အစားအစာပါ။ Vitamin C ပါတဲ့ အသီးတွေစားခြင်းကလည်း ဝက်ခြံအတွက်သာမက ကိုယ်ခံစွမ်းအားအတွက်ရော အသားအရေကောင်းဖို့ပါ လုပ်ပေးပါတယ်။ နို့ထွက်ပစ္စည်း၊ ကြာရှည်ခံအစာ နဲ့ အဆီများတဲ့ အစာတွေက ဝက်ခြံဖြစ်စေပါတယ်

၉။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပါ
နေ့တိုင်းချွေးထွက်တဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်လို့ထွက်တဲ့ချွေး ခန္ဓာကိုယ်ထဲကအပူအပုပ်တွေထွက်ပြီး ဝက်ခြံထွက်ခြင်းလျော့ကျစေပါတယ်

၁၀။ စိတ်ကိုအေးဆေးစွာထားတတ်ပါစေ
Stress များခြင်း စိတ်ပူပန်ခြင်းကလည်း ဝက်ခြံထွက်စေတဲ့ အချက်တချက်ဖြစ်တဲ့အတွက် စိတ်ကိုအေးချမ်းစွာထားတတ်ဖို့ အကြံပေးပါတယ်

နောက်ပိုင်းမှာ skin careလုပ်နည်း။ ကိုယ်နဲ့သင့်တော်တဲ့ productတွေကိုရွေးချယ်သုံးစွဲနည်း
ဖက်ရှင်ရွေးချယ်နည်း
တကိုယ်ရည်သန့်ရှင်းရေးကို
စနစ်တကျလုပ်ဖို့ဘာတွေလိုအပ်တယ်
ခေတ်စားနေတဲ့ hair styleတွေကို ကိုယ်နဲ့လိုက်ဖက်အောင်ဘယ်လိုမျိုး change checkလုပ်သင့်တယ်
ဆံပင်ကျွတ်တာ ဗောက်ထတာ ကြမ်းတမ်းခြောက်သွေ့
ပျက်စီးနေတဲ့ဆံသားတွေကို ဘယ်လိုမျိုးပြုပြင်ထိန်းသိမ်းရမယ်
Right Technology, right product ဆိုတဲ့မှန်ကန်တဲ့နည်းပညာ မှန်ကန်တဲ့ထုတ်ကုန်ပစ္စည်းတွေနဲ့ဘယ်လိုမျိုးသုံးစွဲသင့်တယ် ဆောင်ရန် ရှောင်ရန်တွေကို ဖြန့်ဝေအကြံပေးသွားမှာမို့

ဒီ page လေးကို Like/SeeFirst လုပ်ဖို့ ပြောပါရစေ။

Photos from 92 Hair Design &Beauty By ChitZar's post 26/08/2021

Hello

မိန်းကလေးတိုင်းအတွက် makeup လိမ်းတဲ့အခါမရှိမဖြစ် ဆောင်ထားရမဲ့ brush လေးတွေပါနော်....

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon