Perfect Life
Perfect Beauty
16/08/2025
အောင်သိဒ္ဓိလမ်း/၄၀ရပ်ကွက်/မြောက်ဒဂုံ
ခြံအကျယ် ၂၀/၆၀
နှစ်ထပ်တိုက်
MBR 1 ခန်း / SBR 3 ခန်း
ခြံထဲကားနှစ်စီးဆံ့ပါတယ်
ဧည့်ခန်းကအကျယ်ယူထားတယ်
ဘားကောင်တာပါတယ်
ခေါ်ဈေး သိန်း၅၈၀၀
စိတ်ဝင်စားရင် CB ကနေ ဆက်သွယ်ပေးပါ။
11/08/2025
မြန်မာနိုင်ငံမှာ မြေအမျိုးအစားတွေ အများကြီးရှိတဲ့ထဲကမှ လူအများဆုံးကြားဖူးတဲ့၊ အရောင်းအဝယ်အများဆုံးဖြစ်တဲ့ မြေအမျိုးအစား နှစ်မျိုးကတော့ ဂရံမြေ နဲ့ လယ်ယာမြေ ပါပဲ.. ဒီနှစ်ခုက အများကြီး ကွာခြားပါတယ်..
________________________________________
ဂရံမြေ (Grant Land)
ဂရံမြေဆိုတာ အစိုးရပိုင်မြေ ဖြစ်ပေမယ့်၊ နိုင်ငံတော်ကနေ နိုင်ငံသားတွေ ဒါမှမဟုတ် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတွေကို နှစ်ရှည် (ဥပမာ- နှစ် ၃၀၊ ၆၀၊ ၉၀) ငှားရမ်းထားတဲ့ မြေအမျိုးအစားပါ..
အများအားဖြင့် မြို့ပြဧရိယာအတွင်းမှာရှိပြီး လူနေအိမ်ရာဆောက်လုပ်ခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း စတဲ့ မည်သည့် တရားဝင်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုခွင့်ရှိပါတယ်.. ဒါကြောင့် Luxury Condo တွေ၊ ရိုးရိုး Condo တွေ၊ လူနေအိမ်တွေ၊ စီးပွားရေးအဆောက်အအုံတွေ အားလုံးကို ဂရံမြေပေါ်မှာ ဆောက်လုပ်ကြပါတယ်..
ဂရံမြေကို လွှဲပြောင်းရောင်းချခြင်း၊ ပေါင်နှံခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်.. ဂရန်သက်တမ်းကုန်ရင်လည်း သက်တမ်းတိုးလို့ရပါတယ်..
မြေယာပိုင်ဆိုင်မှု အခိုင်အမာရှိပြီး တရားဝင်လွှဲပြောင်းမှုတွေ ပြုလုပ်ရတာ လွယ်ကူပါတယ်.. မြို့ပြဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ တန်ဖိုးတက်လာမယ့် အလားအလာရှိပါတယ်..
အထူးသဖြင့် Condo တွေ အားလုံးနီးပါးကို ဂရံမြေပေါ်မှာပဲ ဆောက်လုပ်ကြတာပါ.. ဒါကြောင့် သင်ဟာ Luxury Condo ဒါမှမဟုတ် ရိုးရိုး Condo ဖြစ်စေ၊ ဘယ်လိုအခန်းအမျိုးအစားမဆို ဂရံမြေနဲ့ ဆက်စပ်ပြီး ရှာဖွေနိုင်ပါတယ်..
________________________________________
လယ်ယာမြေ (Agricultural Land / Farmland)
လယ်ယာမြေဆိုတာ နိုင်ငံတော်ပိုင်ဆိုင်တဲ့ မြေ ဖြစ်ပြီး၊ နိုင်ငံသားတွေကို စိုက်ပျိုးရေးလုပ်ငန်းအတွက်ပဲ သီးသန့်လုပ်ကိုင်ခွင့် ပေးထားတဲ့ မြေအမျိုးအစားပါ..
လယ်ယာမြေဥပဒေအရ စပါး၊ ပဲ၊ ပြောင်း စတဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက်သာ အသုံးပြုဖို့ သတ်မှတ်ထားပါတယ်.. အစိုးရရဲ့ ခွင့်ပြုချက်မရဘဲ တခြား ရည်ရွယ်ချက် (ဥပမာ- လူနေအိမ်ရာဆောက်လုပ်ခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း) အတွက် ပြောင်းလဲအသုံးပြုလို့ မရပါဘူး..
လယ်ယာမြေကို လွှဲပြောင်းရောင်းချခြင်း၊ ပေါင်နှံခြင်း စတာတွေ ပြုလုပ်နိုင်ပေမယ့် စိုက်ပျိုးရေးလုပ်ကိုင်မယ့် နိုင်ငံသားအချင်းချင်းကိုသာ ပြုလုပ်ခွင့်ရှိပြီး စိုက်ပျိုးရေးမဟုတ်တဲ့ တခြားရည်ရွယ်ချက်အတွက် ပြောင်းလဲခြင်း၊ နိုင်ငံခြားသားတွေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း စတာတွေ လုပ်လို့မရပါဘူး..
လယ်ယာမြေဥပဒေရဲ့ ကန့်သတ်ချက်တွေကြောင့် အိမ်ခြံမြေအဖြစ် တိုက်ရိုက်ရောင်းဝယ်ဖို့ ခက်ခဲပါတယ်..
တကယ်လို့ အိမ်ရာစီမံကိန်းဆောက်မယ်ဆိုရင် လယ်ယာမြေကို မြေအမျိုးအစားပြောင်းလဲခွင့်ရမှသာ လုပ်နိုင်ပါတယ်..
________________________________________
ဒါကြောင့် Luxury ဖြစ်စေ၊ ရိုးရိုးပဲဖြစ်စေ၊ Condominium အစုံ ကို ရှာဖွေနေတယ်ဆိုရင် ဂရံမြေ ပေါ်မှာ ဆောက်ထားတဲ့ Condo တွေကိုပဲ ဦးစားပေး ရှာဖွေရမှာ ဖြစ်ပါတယ်။
crd
#အိမ်ခြံမြေဈေးကွက်
#ရန်ကုန်မြို့
ဘုရင့်နောင်တာဝါ
2A 8ထပ်/ ဒေါင့်ခန်း 1540 sft
3 BD/1 MBR/2 SBR
4500 Lakh
စိတ်ဝင်စားရင် CB ကိုလာပေးပါ။
ဒါဖတ်ပြီးမှ skin care ဝယ်ပါ
---------------------------
ဒေါက်တာအေးမင်းထူး
(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။
(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။
(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။
ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်
(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး
(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။
ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum
(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။
(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။
(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။
(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။
Credit #ဒေါက်တာအေးမင်းထူး
Page👇
https://www.facebook.com/ခိုင်ရွှေညှာ-101131802479612/
23/06/2025
ဝမ်းဗိုက်အောက်ပိုင်း အဆီပိုလျှော့ချလိုတဲ့ အမျိုးသမီးများအတွက်
အမျိုးသမီးများရဲ့ ဝမ်းဗိုက်အောက်ပိုင်း ဖောင်းပွနေခြင်းဟာ အဆီသက်သက်ကြောင့် မဟုတ်ပါဘူး။ ဒါဟာ ရောင်ရမ်းမှု၊ ဟော်မုန်းမညီမျှမှုနဲ့ နာတာရှည် စိတ်ဖိစီးမှု တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက် လေ့ကျင့်ခန်းတွေလုပ်ခြင်း၊ အစားလျှော့စားခြင်းတို့ဟာ cortisol (စိတ်ဖိစီးမှု ဟော်မုန်း) ဒါမှမဟုတ် estrogen (အမျိုးသမီးဟော်မုန်း) ကို ပြုပြင်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဝမ်းဗိုက်ကို ချပ်ရပ်စေဖို့အတွက် အောက်ပါနည်းလမ်းတွေကို ကြိုးစားကြည့်ပါ။ အစားလျှော့စားစရာမလို၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်စရာမလို၊ စိတ်ဖိစီးစရာလည်း မလိုပါဘူး။
၁။ ကဖိန်းဓာတ်မသောက်မီ ပရိုတင်းဓာတ်စားပါ။
ပရိုတင်းဓာတ်များတဲ့ မနက်စာဟာ cortisol ကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ်ကို မျှတစေကာ ခန္ဓာကိုယ်ကို အဆီလောင်ကျွမ်းဖို့ ဘေးကင်းကြောင်း ပြောပြပေးပါတယ်။
၂။ တစ်နေ့လျှင် ခြေလှမ်း ၈,၀၀၀ မှ ၁၀,၀၀၀ လျှောက်ပါ။
လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျှော့ချပေးပြီး အင်ဆူလင် sensitivity အာရုံခံနိုင်စွမ်းကို တိုးတက်စေကာ lymph (ပြန်ရည်) စုပုံမှုကို ဖယ်ရှားပေးပါတယ်။ ဒါဟာ ညင်သာပေမယ့် အစွမ်းထက်ပါတယ်။
၃။ ကယ်လိုရီနည်းတာထက် အမျှင်ဓာတ်ကို ဦးစားပေးပါ။
အမျှင်ဓာတ်ဟာ ပိုလျှံနေတဲ့ estrogen ကို ဖယ်ရှားပေးပြီး အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဝမ်းဗိုက်ချပ်ရပ်စေဖို့အတွက် ဟင်းသီးဟင်းရွက်စိမ်း၊ chia စေ့၊ flax စေ့နဲ့ အခြားဟင်းသီးဟင်းရွက်တွေကို များများစားပါ။
၄။ အဆီကျခြင်းကို လွတ်လပ်မှုအဖြစ် သတ်မှတ်ပါ။
ရောင်ရမ်းမှု နည်းလေလေ စွမ်းအင်ပိုရှိလေ၊ စိတ်ခံစားချက် ပိုကောင်းလေ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ပိုမိုယုံကြည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်လေပါပဲ။
၅။ အဆာပြေစားခြင်းကို ရှောင်ပါ၊ အထူးသဖြင့် ပြုပြင်ထားသော ကာဗိုဟိုက်ဒရိတ်များကို ရှောင်ပါ။
အဆာပြေ မကြာခဏစားခြင်းက အင်ဆူလင် (ဝမ်းဗိုက်အဆီသိုလှောင်မှု ဟော်မုန်း) ကို မြင့်တက်စေပါတယ်။ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီများတဲ့ အာဟာရပြည့်ဝတဲ့ အစားအစာ ၂-၃ နပ်လောက်သာ စားပါ။
၆။ အလှအပပစ္စည်းများကို သန့်စင်ပါ။
အချို့သော မိတ်ကပ်၊ lotion နဲ့ ပလတ်စတစ်တွေကနေ ထွက်တဲ့ အဆိပ်အတောက်တွေဟာ သင့်ဟော်မုန်းတွေကို ပြောင်းလဲစေပါတယ်။ estrogen လွန်ကဲမှုကို ကာကွယ်ဖို့ သန့်ရှင်းကွာလတီကောင်းတဲ့ ပစ္စည်းတွေကို ရွေးချယ်သုံးစွဲပါ။
ရ။ အိပ်စက်ခြင်းကို လုံးဝ မဖြစ်မနေ လုပ်ဆောင်ပါ။
အိပ်ရေးမဝရင် သင့်ဝမ်းဗိုက်က အဆီတွေ လုံးဝကျမှာ မဟုတ်ပါဘူး။ ရ-၉ နာရီ အိပ်စက်ခြင်းက cortisol ကို ပြန်လည်ချိန်ညှိပေးပြီး အဆီလောင်ကျွမ်းမှုကို အားကောင်းစေပါတယ်။
၈။ ခွန်အားတည်ဆောက်ပါ၊ ပင်ပန်းနွမ်းနယ်အောင် မလုပ်ပါနှင့်။
တစ်ပတ်ကို ၂-၃ ကြိမ် ခွန်အားသုံးလေ့ကျင့်ခန်းလုပ်ခြင်းက ဟော်မုန်းတွေကို မျှတစေပြီး ဇီဝြဖစ်ပျက်မှုကို မြှင့်တင်ကာ ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ပေးပါတယ်။
၉။ ကာဗိုဟိုက်ဒရိတ်ကို မကြောက်ပါနှင့်၊ အချိန်မှန်စားပါ။
ကာဗိုဟိုက်ဒရိတ်ဟာ ရန်သူမဟုတ်ပါဘူး။ ထိန်းချုပ်မရတဲ့ အင်ဆူလင်ကသာ ရန်သူပါ။ ကာဗိုဟိုက်ဒရိတ်ကို ပရိုတင်းနဲ့ တွဲဖက်စားပါ၊ လေ့ကျင့်ခန်းလုပ်ပြီးမှ စားသုံးပါ၊ သင့်ခန္ဓာကိုယ်က ကျေးဇူးတင်ပါလိမ့်မယ်။
၁၀။ ဝမ်းဗိုက်အဆီဆိုတာ သင့်ခန္ဓာကိုယ်ရဲ့ SOS အချက်ပြမှုပါ။
ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးဖို့ မဟုတ်ဘဲ နားထောင်ဖို့ပါ။ သင့်ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းပေးပြီး ပံ့ပိုးပေးကာStress ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးတဲ့အခါ ဝမ်းဗိုက်အဆီတွေက သူ့အလိုလို လျော့ကျသွားပါလိမ့်မယ်။
ဟော်မုန်းတွေကို အလေးထားပါ၊ ခန္ဓာကိုယ်ကို အားဖြည့်ပါ၊ သဘာဝအတိုင်း ဝမ်းဗိုက်တွေချပ်ရပ်ဖို့ အချိန်ယူပါ။ဖြတ်လမ်းမရှာနဲ့။
ကျန်းမာကြပါစေ။
25/02/2025
" Drive with confidence "
မိန်းကလေး ကားမောင်းသင်ချင်တဲ့သူများ ရှိကြလား..? မင်မင် ကိုယ်တိုင် (မိန်းကလေး) ကိုယ်တိုင် တောင်ပေါ် မြေပြန့် ကျွမ်းကျင်စွာ မောင်းခဲ့တာ ၁၅ နှစ် သက်တမ်းရှိပီမို့ ယုံကြည်စိတ်ချ နိုင်ဖို့ 💯% အာမခံ ပါတယ်လို့.. တကယ်တတ်ချင်တဲ့စိတ် နဲ့ သတ္တိလေးပဲ ယူလာခဲ့ပါ..
Page Messenger ကနေ ဆက်သွယ်ပေးပါ။
( ရန်ကုန် ကပါရှင်။)
19/02/2025
Star City - A4 မှာ Garden View, 3 Bed Rooms, 1185sqft, 1 Master BR, 2 Single BR, ကျနေမထိုးတဲ့ အခန်းလေး အမြန်ရောင်းချင်ပါတယ်။ အိမ်ဌားမရှိ၊ လူမနေရသေးပါ။ စိတ်ဝင်စားရင် CB ကနေ အသေးစိပ် ပြောပေးပါမယ်။
10/10/2024
22/08/2022
✨♦️ခ်ဳပ္တာဆို ဘာတခုမွမႀကိဳက္ဘူး🙅
Perfect Waist Trainer ကတော့..ရှင်းတယ်။
✨♦️ခါးshape ဖော်ပေးမှာ..
တင်းကြပ်ပြီး နေရထိုင်ရခက်မနေဘူး။
ချုပ်ထားသလို မဖြစ်ဘူး....စိတ်ချ။
✨♦️ဆွဲသား ၈၀ % နဲ့မို့..
ဝတ်ထားတဲ့အချိန် ဝတ်ထားတာတောင် မေ့သွားမယ်။
✨♦️လွန်ခဲ့သော ၅နှစ် /၁၀ နှစ်လောက်က...
လှပခဲ့တဲ့ ခန္ဓာကိုယ်အချိုးအစားကို
ပြန်လွမ်း တမ်းတနေမိပြီဆိုရင်...👇👇👇
✨♦️အဝေးကြီးမရှာနဲ့..
Perfect Body Waist Trainer လေးပဲ ဝယ်လိုက်တော့.....😘😘😘
✨♦️PerfectBodyWaistTrainer♦️✨
✨🛍 Price - 14,000/- ကျပ်
✨🛍 မှာယူလိုပါက 💌Page Messenger က တဆင့် ဆက်သွယ် နိုင်ပါတယ်...
✨💳🏧Mobile Banking များ၊ MPU Card များ၊ နဲ့လဲ ဝယ်ယူအားပေးနိုင်ပါတယ်၊ K Pay နဲ့ လဲ % ထပ်မပေါင်းပါဘူးနော်...
17/05/2022
Body Shape လှတဲ့ ကောင်မလေးတွေ မြင်ရင်
ကိုယ်လဲ အဲလိုလှချင်လိုက်တာဆိုတဲ့ စိတ်လေး ဖြစ်မိတယ်မလား...မညာကြေး...🤗
ဝတ်လိုက်တဲ့ Dress တိုင်း /Outfitတိုင်း ခန္ဓာကိုယ်ပေါ်မှာ Fitting ကျကျလေးနဲ့ လှနေမယ်ဆိုရင် ကျေနပ်စရာပါ📌📌📌
လေးတထည်ရှိရင်သင့်ရဲ့ခါးဆိုဒ်နဲ့Bodyအချိုးအစားကိုလှပကျစ်လျစ်စေဖို့ပုံသွင်းပေးနိုင်မှာပါ။
မိမိရဲ့ကိုယ်အလေးချိန်/အရပ်အမောင်း/ခါးဆိုဒ်လေးတွေပြောပြီးမှာယူနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon