Han Su - Gathering of Beauty

Han Su - Gathering of Beauty

Share

Skin Care & Cosmetics
BKK/Korea/
Health Care
ပြည်တွင်းထုတ်ကုန်များ
လက်လီလက်ကားဝယ်ယူနိုင်ပါတယ်

Photos from Han Su - Gathering of Beauty's post 31/08/2025

မိတ်ကပ်ကလဲ တစ်နေကုန်လဲမခံဘူးလိမ်းပီခနဘဲ😥
မျက်နှာကလဲမဲလိုက်တာ အသားတခြား မိတ်ကပ်တစ်ခြားဘဲ 😤
သူများမျက်နှာတွေ စိုပီအိနေလိုက်တာ 😥
စျေးကြီးတဲ့ product များသုံးလို့လား 😪
သဘာဝဆန်ဆန်လေးလှချင်လိုက်တာနော်
ငါဘာလိမ်းရင်ကောင်းမလဲ

ဆိုပြီ တစ်ယောက်ထဲဂယောင်ချောက်ချာ သောက ရောက်နေပါသလား။

ဒါတွေအားလုံးကိုဖြေရှင်းပေးမဲ့ တစ်ခုတည်းသော pattaမိတ်ကပ်လာပါပြီနော်။

မျက်နှာအနှံအစက်ချပြီ ပုတ်ပီးလိမ်းပေးပါက အချစ်တို့ရဲ့ နေရောင်မှရရှိတဲ့ မဲနေတဲ့မျက်နှာ မိတ်ကပ်မစွဲတဲ့ မျက်နှာ အမဲစက် အဆီဖုများကိုသေချာစွာ ကုသပေးပြီး ကလေးမျက်နှာလေးလို နုဖက်အိစက် လာ အောင် ပြန်လည် မွမ်းမံပေးသောကြောင့် သဘာဆန်ဆန်နဲ့ ကြည်လင်တဲ့အသားအရည်ကိုရမှာပါနော် 😍

ဆန်နဲ့ပုလဲကုန်ကြမ်း ဖြစ်ပြီး ထုပ်လုပ်သူက အဂ်လန်နိုင်ငံ ဆေးသုတေသန ပါရဂူဘွဲ့ရသူမို့ မာကျူရီ လုံးဝ လုံးဝ မပါဘူးရှင့်။

အော် ကျန်သေးတယ် စျေးလဲလုံးဝမကြီးပါဘူးနော်။

ကဲ မှန်ကြည့်တိုင်း စိတ်ချမ်းသာတဲ့ပီတီရဖို့ patta မိတ်ကပ်ကိုသုံးကြစို့။

ဗူးကြီး - ၃၅၀၀၀ကျပ်

31/08/2025

မဂ်လာနံနက်ခင်းလေးပါ
အကောင်းဆုံးသောအရာများလက်ခံယူဖို့အတွက်
ဒီနေ့လေးမှာကျန်းမာစွာဖြင့်နိုးထလာလို့ကျေးဇူးတင်ပါတယ်
🌿
ဒီနေ့/လ ရက်အစမှစပြီးတစ်ရက်ချင်းကို
အကောင်းဆုံးကျော်ဖျက်နိုင်လို့ကျေးဇူးတင်ပါတယ်
🌿
ကျန်းမာပျော်ရွှင်စွာဖြင့်နိုးထလာဖို့ရာအတွက်
တစ်ညလုံးကိုစိတ်အေးချမ်းပီးအိပ်စက်ခွင့်ပေးသော
နားခိုစရာအိမ်လေးကိုကျေးဇူးတင်ပါတယ်
🌿
မိတ်ဆွေကောင်းများရှိသောပတ်ဝန်းကျင်တစ်ခုမှာ
နေထိုင်ရလို့ကျေးဇူးတင်ပါတယ်
🌿
နေ့စဉ်နေ့တိုင်းမှာလိုအပ်သောနေရာတိုင်းကို
ဖြေရှင်းဖို့ရာအတွက်ငွေကြေးများရှိရခြင်းကိုကျေးဇူးတင်ပါတယ်
🌿
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်

11/07/2025

မဂ်လာနံနက်ခင်းလေးပါ
ငွေကြေးများဝင်လာမစဲတသဲသဲနေ့လေးပါ
🍀🎍🍀🎍🍀🎍🍀

Photos from Han Su - Gathering of Beauty's post 19/03/2025

2025 နှစ်မှာ
စိန်ရွှေငွေရတနာများ
ဆပွားတိုးကာလက်ခံရရှိနေပါပီ
🧲🍀🧲🍀🧲

19/03/2025

နိုးထချိန်မှာကိုယ်စိတ်နှလုံးကျန်းမာနေလို့
ကျေးဇူးတင်ပါတယ်
🍀
ချစ်ရသူမွေးနေ့မှာ
ကုသိုလ်အလှူများပြုလုပ်ခွင့်ရဖို့
Kpay ငွေအဝင်လေးကို
ကျေးဇူးတင်ပါတယ်
🍀
နှစ်ဖက်မိဘတွေသက်ရှိထင်ရှား
ရှိနေပေးလို့ကျေးဇူးတင်ရပါတယ်
🍀
လိုအပ်သောအရာများ
ဖြစ်မြောက်နေဖို့အတွက်အမြဲဖြည့်စည်းပေးပါသော
ခင်ပွန်းကိုကျေးဇူးတင်ပါတယ်
🍀
‌ဝင်ငွေလမ်းကြောင်းများနေရာစုံမှာရှိနေပေးလို့
ကျေးဇူးတင်ပါတယ်
🍀
မိတ်ဆွေကောင်းတွေအမြဲတိုးနေလို့
ကျေးဇူးတင်ပါတယ်
🍀
2025နှစ်မှာလိုအပ်တိုင်းဖြည့်စည်းခွင့်ပေးနေသော
အထောက်ပံ့တိုင်းကိုကျေးဇူးတင်ပါတယ်
🍀🍀🍀🍀🍀
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်

06/03/2025

🌀 ရုတ်တရက် အားအင်ကုန်ခန်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေးမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံးကြည့်ပါ....👇👇👇

🌀 အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊ အားအင်ကုန်ခန်းလို့ဖြစ်ဖြစ်၊ မူးဝေနေရင်ပဲဖြစ်ဖြစ် အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတစ်လက် ကို မျှဝေပေးပါ့မယ်။

ပါဝင်ပစ္စည်းတွေကတော့.....

(1) ကြက်ဥအစိမ်းတစ်လုံး၊

(2) သုံပုရာသီးအမှည့်တစ်လုံး၊

(3) သကြားဖြူဟင်းစားဇွန်း နှစ်ဇွန်းတို့ကိုဖောက်ထည့် ရောမွှေပေးပါ။

သံံပုရာအစေ့တွေကို ဖယ်ရှားပစ်ပါ။ ပါဝင်ပစ္စည်းအားလုံးကို နှံ့နှံ့စပ်စပ် ရောမွှေပြီး သောက်ပေးရင် အမောအပန်းပြေပြီး အားရှိလာမှာ ဖြစ်ပါတယ်။

ဒီဆေးနည်းက ကျွန်တော့်ဖခင် ပေးတဲ့ရိုးရာဆေးတစ်လက် ဖြစ်ပါတယ် ။

သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေ ပိုပြီး သုံးစွဲသင့်ပါတယ် ။ အိပ်ရေးပျက်သူတွေအတွက်လဲအားဆေးတစ်လက်ပါ။

“အားလုံး ကျန်းမာချမ်းသာကြပါစေ”

06/03/2025

အသက် ၄၀ ကျော်များအတွက် ကျန်းမာပြီး ဟန်ချက်ညီသော ဘဝနေထိုင်နည်း အကြံပေးချက်များ

က။ မဖြစ်မနေ ပြုလုပ်ရမည့် ကျန်းမာရေး စစ်ဆေးမှု နှစ်ခု - သွေးပေါင်ချိန်ကို ပုံမှန် စောင့်ကြည့်စစ်ဆေးခြင်း
သွေးတွင်း သကြားဓာတ်ကို ပုံမှန်စစ်ဆေးခြင်း

ခ။ လျှော့စားသင့်သော အစားအသောက် ၆ မျိုး -
ဆား
သကြား
စက်ရုံထွက်နှင့် တာရှည်ခံ အစားအသောက်များ
အမဲသား၊ အထူးသဖြင့် ကင်ထားသော အသားများ
နို့ထွက်ပစ္စည်းများ
ကစီဓာတ်များသော အစားအစာများ

ဂ။ ပိုမိုစားသုံးသင့်သော အစားအစာ ၄ မျိုး -
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ပဲအမျိုးမျိုးနှင့် ပဲပင်ပေါက်များ
လတ်ဆတ်သော သစ်သီးဝလံများ
အခွံမာသီးအမျိုးမျိုး

ဃ။ ရှောင်ကြဉ်သင့်သော အတွေးအခေါ် ၃ မျိုး -
အသက်အရွယ်အပေါ် စိတ်ပူပန်နေခြင်း
အတိတ်ကို တွေးတောနေခြင်း
နာကြည်းချက်များကို စွဲကိုင်ထားခြင်း

င။ ပျော်ရွှင်သော ဘဝအတွက် အခြေခံလိုအပ်ချက် ၄ ခု -
စိတ်ရင်းမှန်သော မိတ်ဆွေကောင်းများ
ချစ်ခင်နွေးထွေးသော မိသားစု
အပေါင်းလက္ခဏာဆောင်သော အတွေးအမြင်များ
သက်သာချမ်းမြေ့ဖွယ် နေအိမ်

စ။ ကျန်းမာရေးအတွက် အကျိုးရှိသော အလေ့အထ ၄ ခု -
ညစာကို ရှောင်ခြင်း
အပြုံးပန်းများပြီး ရယ်မောပျော်ရွှင်တတ်ခြင်း
လမ်းလျှောက်ခြင်း သို့မဟုတ် အခြားကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ပြုလုပ်ခြင်း
သင့်တော်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း

ဆ။ နောက်မကျသင့်သော အရာ ၆ ခု -
အလွန်ဆာမှ မစားပါနှင့်
အလွန်ငတ်မှ ရေမသောက်ပါနှင့်
အလွန်အိပ်ချင်မှ မအိပ်ပါနှင့်
အလွန်းမောပန်းမှ မနားပါနှင့်
နာမကျန်းဖြစ်မှ ဆရာဝန်မပြပါနှင့်
အခက်အခဲကြုံမှ ဘုရားမတပါနှင့်

မိမိကိုယ်ကို ဂရုတစိုက် စောင့်ရှောက်ပါ

- ကျန်းမာရေးသည် သင့်ဘဝ၏ အဖိုးတန်ဆုံး ရတနာဖြစ်၏။

06/03/2025

"ငွေထက် တန်ဖိုးရှိတဲ့ Connection အကြောင်း"

◾️လောကမှာ ငွေရှိတာထက် ပိုအရေးကြီးတဲ့အရာတွေ ရှိပါတယ်။ စီးပွားရေးလုပ်နေတဲ့သူတွေဆိုရင် ဒါကို ကောင်းကောင်းကြီး နားလည်ပါတယ်။ Network, connection, relationship တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ပိုင်ဆိုင်မှု Asset တွေပဲဖြစ်ပါတယ်။

ငွေကြေးအောင်မြင်မှုတွေ ရရှိဖို့ဟာ အများအားဖြင့် ကိုယ်သိထားတဲ့ လူတွေပေါ်မှာ မူတည်ပါတယ်။ ငွေလိုပဲ တန်ဖိုးရှိတဲ့ လူတွေနဲ့ ဆက်ဆံရေးရှိတာက ပိုပြီးအရေးကြီးတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြချင်တာပါ။

◾️ဉာဏတို့လူသားတွေဟာ Social beings တွေပဲဖြစ်ပါတယ်။ လူအချင်းချင်း ဆက်ဆံမှုတွေမရှိဘဲ အသက်ရှင်နေထိုင်ဖို့ ခက်ခဲပါတယ်။ သိပ္ပံနည်းကျ သုတေသနတွေအရလည်း လူတွေရဲ့ ပျော်ရွှင်မှုဟာ မိသားစု၊ သူငယ်ချင်းတွေနဲ့ connections တွေပေါ်မှာ အများကြီး မူတည်နေတာကို တွေ့ရပါတယ်။

Harvard Happiness Study မှာလည်း နှစ်ပေါင်း ၇၅ နှစ်ကြာအောင် Data ကောက်ယူထားတဲ့ လေ့လာမှုအရ လူတစ်ယောက်ရဲ့ပျော်ရွှင်မှုဟာ ငွေကြေးဥစ္စာနဲ့ အောင်မြင်မှုထက် တခြားလူတွေနဲ့ Quality relationship တွေ ဖန်တီးနိုင်မှုအပေါ် မူတည်နေတာကို တွေ့ရပါတယ်။

◾️Network ဆောက်ဖို့၊ Connection တွေရှိဖို့ ကိုယ်ဘာတွေ လုပ်ဆောင်သင့်လဲဆိုရင် ပထမဆုံးသိထားရမှာက ဆက်ဆံရေးတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှု Investment လိုအပ်တယ်ဆိုတာကိုပါပဲ။ အချိန်လည်း ဖြစ်ချင်ဖြစ်မယ်၊ ငွေလည်းဖြစ်ချင်ဖြစ်မယ်၊ Energy လည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ်တွေ့ခဲ့တဲ့လူတိုင်းကို Contact list ထဲမှာ ရိုက်သွင်းလိုက်ရုံနဲ့ Network ဖြစ်မလာပါဘူး။ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့ မရပါဘူး။

ဆက်ဆံရေးဆိုတာ တန်ဖိုးထားမှု၊ လေးစားမှု၊ အချိန်ပေးမှုတွေကနေ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် မြေသြဇာ၊ ရေ၊ နေရောင်ခြည်လိုအပ်တဲ့ အပင်လိုပဲ ကိုယ့်ရဲ့ Connection တွေကိုလည်း ဂရုတစိုက် ပြုစုပျိုးထောင်ဖို့ လိုပါတယ်။

◾️ဆက်ဆံရေးတွေမှာ အရေးကြီးဆုံးမူက Give and take ပါပဲ။ တစ်ဖက်သတ် ရယူနေတဲ့ ဆက်ဆံရေးတစ်ခုဟာ ရေရှည်မှာ တည်တံ့မနေနိုင်ပါဘူး။ ကိုယ်က အမြဲတမ်း အကူအညီတောင်းနေတဲ့သူ မဖြစ်သင့်ပါဘူး။ ကိုယ်က တခြားသူတွေကို ဘယ်လို Value ပေးနိုင်မလဲ၊ ဘယ်လို အကျိုးပြုနိုင်မလဲဆိုတာကို အမြဲတမ်း စဉ်းစားသင့်ပါတယ်။

◾️Networking ဆိုတာက လူတွေနဲ့ ပုံမှန်ဆက်သွယ်ဖြစ်နေဖို့ အရေးကြီးပါတယ်။ အခုလို မရေရာတဲ့အခြေအနေတစ်ခုမှာ နေထိုင်ရတဲ့အခါမှာဆိုရင် ပိုလို့တောင် လိုအပ်ပါသေးတယ်။ အကောင်းတွေကြားမှာ အဆိုးတွေလည်း ရင်ဆိုင်ရတော့ အဲဒီအချိန်မှာ ကိုယ့်ဘက်က နေပေးနိုင်တဲ့သူတွေရှိဖို့က လိုအပ်ချက်တစ်ခုလိုပါပဲ။

လူတစ်ယောက်ဟာ Support system ကောင်းကောင်းရှိရင် မကောင်းတဲ့အခြေအနေတွေကနေ ပိုလွယ်ကူစွာ ပြန်ထနိုင်ပါတယ်။ နေထိုင်မကောင်းတဲ့အခါ ကူညီပေးမယ့်သူရှိတာ၊ စိတ်ဓာတ်ကျတဲ့အခါ အားပေးဖို့ မိတ်ဆွေသူငယ်ချင်းတွေ ရှိတာ၊ အဆင်မပြေတာတွေရှိတဲ့အခါ အကြံဉာဏ်ပေးမယ့်သူတွေရှိတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာရေးကို ကောင်းစေပါတယ်။

◾️Networking မှာ အရေးကြီးတဲ့ ကျွမ်းကျင်မှုတစ်ခုက Active listening ပါ။ လူအများစုဟာ နားထောင်တတ်ကြတယ်လို့ ထင်ကြပေမယ့် တကယ်တော့ တခြားသူတွေရဲ့ စကားကို ပြောမယ့်စကားတွေ စဉ်းစားရင်း ခဏခဏဖြတ်ပြီး နားထောင်တာမျိုး ဖြစ်တတ်ပါတယ်။

တစ်ကယ်တော့ နားထောင်တယ်ဆိုတာ ကိုယ့်ဦးနှောက်ထဲက စကားတွေကို ရပ်ထားပြီး တစ်ဖက်သားကို အာရုံစိုက်ဆင်ခြင်တာပါ။ လူတွေဟာ သူတို့စကားကို တကယ်နားထောင်ပေးတဲ့ လူတွေကို သဘာဝအလျောက် ပိုမိုနှစ်သက်ကြပါတယ်။

◾️Business world မှာဆိုရင် Opportunities တွေအများစုဟာ connections တွေကနေ ဖြစ်ပေါ်လာတာပါ။ အင်္ဂလိပ်လို It's not what you know, but who you know ဆိုတဲ့ စကားအတိုင်းပါပဲ။ အရည်အချင်းထက် အဆက်အသွယ်က ပိုအဓိကကျတာက အမှန်တရားတစ်ခုပါ။ ကိုယ်ရဲ့ Capability က အရေးကြီးပေမယ့် ကိုယ့်ကို ကူညီဖို့ လက်ချင်းဆက်ပေးဖို့ လူတွေရှိတာကလည်း အတော်လေး အရေးကြီးပါတယ်။

ဒါပေမဲ့ တစ်ခုရှိတာက ကိုယ် မြင်မြင်သမျှ သိတဲ့သူရော၊ မသိတဲ့သူရောကို Connection ဖြစ်အောင် အတင်းသွားရောဖို့တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ သက်ဆိုင်နေတဲ့ Quality professional relationships တွေ ဖန်တီးနိုင်ဖို့ကို ဆိုလိုတာပါ။

◾️ကိုယ့်လုပ်ငန်းအပေါ်မှာ မူတည်ပြီး Networking approach တွေလည်း ကွဲပြားပါတယ်။ တကယ့် အရေးကြီးတာက Mutual interest တွေ၊ Shared values တွေရှိတဲ့ လူတွေနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ပါ။

ပွဲလမ်းသဘင်တွေ၊ events တွေတက်တဲ့အခါ ကိုယ်က စကားပိုပြောတတ်တဲ့သူ မဟုတ်ရင်တောင် Open-ended questions တွေ မေးပြီး တစ်ဖက်သားကို စကားပြောစေတဲ့နည်းကို သုံးနိုင်ပါတယ်။ စကားပြောလာရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့အခါမှာလည်း ကိုယ်ဘယ်သူလဲဆိုတာရယ်၊ ဘာတွေလုပ်နေတယ်ဆိုတာရယ်၊ နောက်ဘယ်လို Value ထည့်ဝင်ပေးနိုင်လဲဆိုတာရယ်ကို ရှင်းလင်းပြတ်သားအောင် ပြောတာမျိုး လုပ်သင့်ပါတယ်။

◾️အချုပ်အနေနဲ့ Connection တွေဟာ တန်ဖိုးရှိပါတယ်။ သမိုင်းကြောင်းတစ်လျှောက်မှာလည်း လူတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ ကိုယ်တစ်ယောက်ထဲရဲ့ အားထုတ်မှုထက် ကိုယ်ဘေးနားမှာရှိတဲ့ လူတွေနဲ့ အဆက်အသွယ်ပေါ်မှာ အများကြီး မူတည်ခဲ့ပါတယ်။

အကောင်းဆုံးကတော့ အရည်အချင်းရှိပြီး Connection လည်းကောင်းတဲ့သူ ဖြစ်ဖို့ပါပဲ။ "Your network is your net worth" ဆိုတဲ့ စကားအတိုင်း ကိုယ့်ရဲ့ connection တွေဟာ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Connections တွေကို အမြဲတမ်း ပုံမှန်ထိန်းသိမ်းပြီး Investments လုပ်ဖို့ အကြံပြုပါတယ်။

#ဉာဏ

March 3, 2025

06/03/2025

တနေကုန်
မိသားစုအတွက်ကြိုးစားရှာဖွေနေသော
ချစ်ရသူကျန်းမာနေလို့ကျေးဇူးတင်ပါတယ်
🍀
မနက်မိုးလင်းကနေညနေထိ
အစားသောက်တွေကိုအရသာရှိရှိချက်ပြုတ်ပေးသောမေမေကိုကျေးဇူးတင်ပါတယ်
🍀
ဒီနေ့ဆိုင်သန့်ရှင်းရေးအလုပ်ပီးမြောက်သွားလို့
မိမိကိုယ်ကိုကျေးဇူးတင်ပါတယ်
🍀
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်

06/03/2025

၁။ ဘာဝယ်ဝယ်စျေးဆစ်ပါ။ တစ်ခါဝယ်တစ်ခါသက်သာပါများရင် ကြီးမားတဲ့စုဆောင်းမှု ဖြစ်လာပါတယ်။

၂။ ပထမဆုံးအလုပ်တိုင်း တစ်သက်လုံးအခြေချဖို့မဟုတ်ဘူး။ မတိုးတက်ရင် အလုပ်သစ်ပြောင်းပါ။

၃။ ရည်မှန်းချက်ရှိပြီး အလုပ်တအားလုပ်သူတွေနဲ့ပေါင်းပါ။ မင်းပါ ပျင်းရမှာရှက်ပြီး အလုပ်လုပ်လာလိမ့်မယ်။

၄။ ကျန်းမာရေးလိုက်စားဖို့ အချိန်၊ ပိုက်ဆံသုံးပါ။ တစ်သက်လုံး သက်လုံကောင်းကောင်းနဲ့ ငွေရှာနိုင်ဖို့ပါ။

၅။ ပန်းတိုင်ရှိပြီးသားဆို ဆိုရှယ်မီဒီယာပေါ်က တခြားသူတွေနဲ့ မင်းကိုယ်မင်း လိုက်မယှဉ်ပါနဲ့။ ကြိုးစားနေတဲ့ မင်းက တစ်နေ့ သူတို့ထက်ပိုသာနိုင်ပါတယ်။

၆။ စားပြီး ပိုတာ ပုံမှန်စုနေတာထက် ပြန်ရင်းနှီးမြှုပ်နှံတာက တိုးတက်မှုပိုမြန်ပါတယ်။

၇။ အသက် ၆ဝ ဆိုတာ ခဏလေးရောက်လာတာပါ။ မယုံရင် မင်းဘေးက လူကြီးတွေကိုကြည့်ပါ။ ငယ်ငယ်က လိမ်လိမ်မာမာမစုဆောင်းခဲ့လို့ နောင်တရနေတဲ့သူတွေ အများကြီးပဲ။

၈။ သုညဘဝဆိုရင် ဝန်ထမ်းအရင်လုပ်ပါ။ ရတဲ့လစာကနေ ဝန်ထမ်းခန့်လာနိုင်တဲ့ လုပ်ငန်းရှင်ဖြစ်လာအောင် လုပ်ပါ။

၉။ ပညာရပ်တိုင်းကို လေးလေးစားစားနဲ့ အမြဲသင်ယူလေ့လာပါ။ ဒါတွေက မင်းတစ်ဘဝလုံး သုံးစွဲမကုန်နိုင်တဲ့ အရင်းအနှီးကောင်းတွေပါ။

၁ဝ။ ဖြတ်လမ်းနည်းတွေနဲ့ လောဘဇောနောက်မလိုက်နဲ့။ ချောက်ထဲကျပြီးရင် ဘဝက ပြန်တက်ရခက်တယ်။

၁၁။ အမှားလုပ်မိမှာ မကြောက်ပါနဲ့။ သင်ခန်းစာယူပြီး ပြန်ရှေ့ဆက်ရမှာလည်း မကြောက်ပါနဲ့။

၁၂။ ကိုယ့်မှာဘာမှမရှိခင် လူတွေအထင်ကြီးမခံချင်ပါနဲ့။ မိတ်ဆွေတုတွေပဲ မင်းအနားရောက်လာလိမ့်မယ်။

၁၃။ လိုအပ်တာပဲဝယ်ပါ။ ရေရှည်ငွေကြေးကုန်ကျမှုများပြီး ကိုယ့်အတွက် ဝန်ပိုစေမှာတွေ မဝယ်ပါနဲ့။

၁၄။ ပစ္စည်းကောင်းတယ်ဆို တစ်ပတ်ရစ်သုံးရမှာ မရှက်ပါနဲ့။

၁၅။ ဘယ်အချိန်မှာဖြစ်ဖြစ် သုံးလစာ အရေးပေါ်စရိတ် အမြဲချန်ထားတာကတစ်သက်လုံး အကြွေးကင်းစေ ပါတယ်။

၁၆။ မင်း ဘယ်လောက်ဝင်ပြီး ဘယ်နေရာတွေမှာသုံးနေတယ်ဆိုတာ အမြဲသတိရှိပါ။

၁၇။ ဘယ်လောက်ဝယ်ချင်ချင် ၂၄ နာရီစောင့်ပြီး အဲ့အချိန်ထိ တကယ်ဝယ်ချင်သေးတယ်၊ လိုအပ်တယ်ဆိုမှ ဝယ်ပါ။

၁၈။ ရေတိုစိတ်ပျော်ရွှင်မှုထက် ရေရှည်စိတ်ဖိစီးမှုမဖြစ်မယ့်အရာတွေကို ဦးစားပေးရွေးချယ်ပါ။

၁၉။ ချက်ပြုတ်တတ်အောင်သင်ပါ။ ချက်ပြုတ်စားပါ။ တစ်သက်လုံးအတွက် ကုန်ကျသက်သာပါတယ်။

၂ဝ။ Brand ဆိုတာထက် ပစ္စည်းကောင်းပြီး စျေးသက်သာတာကို သုံးတတ်တဲ့အကျင့်လုပ်ပါ။

၂၁။ ပေါင်းသင်းဆက်ဆံရေးကောင်းတာက အခွင့်အလမ်းကောင်းတွေရရှိမယ့်လမ်းကြောင်းတစ်ခုပါ။

၂၂။ ရင်းနှီးလွန်းရင် ပိုက်ဆံမချေးပါနဲ့။ ပေးနိုင်ရင် အပြတ်ပေးပါ။

၂၃။ ငွေကြေးကို ဘဝအတွက်အသုံးချပါ။ ငွေကြေးက မင်းဘဝကို အသုံးချသွားတာမျိုးအဖြစ်မခံပါနဲ့။

၂၄။ ချက်ချင်းချမ်းသာသွားတာ ရုပ်ရှင်ထဲမှာပဲရှိပါတယ်။ ချမ်းသာချင်ရင် စိတ်ရှည်ရှည်ကြိုးစားဖို့လိုပါတယ်။

26/02/2025

အားလုံးဂရုစိုက်ကြပါ

အသည်းအဆီဖုံးခြင်းက လူ ၃ ယောက်မှာ ၁ ယောက် ဖြစ်နေနိုင်ပြီး လျစ်လျူရှုထားရင်လည်း အသက် အန္တရာယ်အထိ ထိခိုက်နိုင်ပါတယ်။

၁။ ကျန်းမာရေးကောင်းမွန်သော balanced diet များကိုစားသုံးပါ (ဥပမာ သကြားကိုလျှော့စားခြင်း၊ အသီးအနှံ အသီးအရွက်များများစားခြင်း နဲ့ တာရှည်ခံဆေးပါဝင်သောအစားအစာများကိုရှောင်စားခြင်း )

၂။ အရက်သောက်ခြင်းကို လျှော့ချပါ။ ဖြစ်နိုင်ရင် မသောက်တာ အကောင်းဆုံးပါ။

၃။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

၄။ ဆီးချိုနှင့် သွေးတွင်းသကြားဓာတ်ကိုထိန်းပါ
ကိုလက်စထရောကိုလျှော့ချပါ

သင့်ရဲ့အသည်းကို ဒီနည်းတွေနဲ့ ဂရုစိုက်ပေးပါ
#ကျန်းမာရေး #ဗဟုသုတ

20/02/2025

Dr.H Slim Coffee မှာ ပါဝင်တဲ့ အစွမ်းထက် ingredients တွေထဲက သဘာဝ extract ၆ မျိုးအကြောင်းကို သိထားရအောင် ပြောပြမယ်နော်✨

Garcinia Extract

အစာစားချင်စိတ်ကို ထိန်းချုပ်ပေးခြင်း အဆီလောင်ကျွမ်းစေမှု တိုးမြှင့်ခြင်း အကျိူးအာနိသင်ကို ရရှိစေပါတယ်။

Green Coffee Bean Extract

ကိုယ်အလေးချိန် လျှော့ချမှုအတွက် အထောက်အပံ့ဖြစ်စေတဲ့ အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

White Kidney Bean Extract

ခန္ဓာကိုယ်တွင်း ကစီဓာတ်စုပ်ယူမှုကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ်ထိန်းညှိမှု၊ အူလမ်းကြောင်း ကျန်းမာရေးကောင်းမွန်စေမှု အကျိုးအာနိသင်တွေကို ရရှိစေနိုင်ပါတယ်။

Acerola Cherry Extract

Vitamin A,B,C ပိုတက်စီယမ်၊ သံဓာတ်စတာတွေကို ရရှိစေပါတယ်။

Goji Berry Extract

Vitamin A,C, သံဓာတ်၊ကာရိုတီးနွိုက်ဓာတ်များကို ရရှိစေပြီး မျက်လုံးကျန်းမာရေးအတွက်လည်း အထောက်အပံ့ ရရှိစေပါတယ်။

Green Tea Extract

ဉီးနှောက်ကျန်းမာရေး၊ နှလုံးကျန်းမာရေး ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

Dr.H Slim Coffee မှာ ဒီလို Extract တွေအပြင် ခန္ဓာကိုယ်အတွက်ကောင်းကျိုးများစွာပေးနိုင်တဲ့ ပါဝင်ပစ္စည်းပေါင်းများစွာပါဝင်တာကြောင့် အဆီလည်းကျ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး လှပကျန်းမာစေမှာ အသေချာပါပဲ.. 🥰

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 778, Than Lwin Road, 90 Ward, Dagon Seikkan Township, Yangon, Myanmar (Burma)
Yangon