Lit' PonY

Lit' PonY

Share

Serve with LOVE & CARE by providing 100% authentic and quality products for your valued ones. Our product is 100% authentic and serve with love and care.

We value the personal information of customers and keep upmost security.

Photos from Lit' PonY's post 17/02/2023

🌺 Clearance sale 🌺
စျေးနှုန်းလေးတွေကို ၁ ပုံချင်းစီအောက်မှာရေးထားပါတယ်နော်
👇👇👇

28/01/2023

ပြန်လည် မျှဝေအပ်ပါတယ်...

28/01/2023

For your information...

Photos from Lit' PonY's post 05/01/2023

Smarty pants multivitamins လေးတွေ in stock ရှိတယ်နော် မေမေတို့ရေ
တစ်ပုံချင်းဆီအောက်မှာ စျေးနှုန်းလေးတွေ ရေးထားပေးပါတယ်ရှင့်

Photos from Sakura online shopping's post 23/12/2022

Little pony ရဲ့ sister pageက စီစဥ်တဲ့....

ဒီဇင်ဘာမှာ ဘန်ကောက်ရဲ့ အထူးပရိုမိုးရှင်းကို လက်မလွတ်ရအောင်မြန်မြန်အော်ဒါလေး တင်လို့ရပါပြီးရှင်....

https://m.facebook.com/story.php?story_fbid=455017230179540&id=100070138008978&mibextid=Nif5oz

09/11/2022

မင်မင်တို့မှာ Hair Burst hair vitamins လေးတွေ in stock ရှိပါတယ်ရှင်
အပြင်ကနေ hair treatment တွေလုပ်သလို ဆံသား ရေရှည်ကျန်းမာသန်စွမ်းဖို့အတွက်က ဒီလို vitamin လေးတွေ သောက်ပေးဖို့လည်း လိုပါတယ်နော်၊

အလုံး 60 ပါ ၁လစာကို 45,000 ကျပ်တည်းနဲ့ဆိုတော့ အမြန်သာ ဝယ်ထားလိုက်တော့နော်

Photos from Lit' PonY's post 29/09/2022

Lit Pony မှာ in-stock ရှိတဲ့ Vitabiotics product လေးတွေ တင်ပေးလိုက်တယ်နော်။ တစ်ပုံချင်းစီမှာ စျေးနှုန်းလေးတေွ ရေးပေးထားပါတယ်

Photos from Lit' PonY's post 15/09/2022

မင်မင်တို့မှာ Smarty Pants supplements လေးတွေထပ်ရောက်ပါတယ်နော်။ စျေးလေးတက်သွားရတဲ့ အတွက်တော့ အားနာပါတယ် ကာကာတို့ရေ...


’PonyHealthandBeauty
&CARE

01/07/2022

မင်မင်တို့ ဆီမှာ Smarty Pants လေးတွေ ထပ်ရောက်ပါတယ်နော်။
ဒါလေးကတော့ 2-3 years baby လေးတွေအတွက် Toddler Formula လေးပါ
👇👇👇

(Zawgyi)
Smarty Pants ရဲ့ Toddler Formula လေးကတော့ အသက် ၂နှစ် ကနေ ၃နှစ် အရွယ်ကလေးတွေ အတွက် မဖြစ်မနေလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ် ၁၅ မျိုး ပါ၀င်ပါတယ်။
👉DHA နဲ့ EPA က ရင်သွေးလေးတွေရဲ့ ဉာဏ်ရည်ဖွံဖြိုးစေပြီး အမြင်အာရုံ ကောင်းမွန်စေပါတယ်။
👉Vitamin D3 နဲ့ C တို့ကလည်း ကိုယ်ခံအားကောင်းစေပြီး၊ အရိုးနဲ့ သွားကို ခိုင်မာစေပါတယ်။
👉Iodine ကလည်း ဘေဘီလေးတွေ မှတ်ဥာဏ်ကောင်းစေဖို့ အထောက်အကူပေးပါတယ်။
Gummies လေးတွေဖြစ်တဲ့ အပြင် သားသားမီးမီးတို့ အကြိုက် စပျစ်၊ လိမ္မော်၊ ဘယ်ရီသီးအရသာမျိုးစုံပါတယ်ဆိုတော့ ဆေးတိုက်ရခက်တဲ့ ကလေးတွေတောင် လိုလိုလားလား တောင်းဆိုတတ်တဲ့ အားဆေးလေးပါနော်။ တစ်နေ့ ၃လုံး တိုက်ကျွေးပေးနိုင်ပါတယ်။
ကြာရှည်ခံဆေး၊ ဂျုံ၊ နို့၊ ဥ၊ ပဲပိစပ်၊ မြေပဲ၊ ငါး၊ အခွံမာကောင် စတဲ့ ကလေးတွေအတွက် ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေ မပါ၀င်အောင် စနစ်တကျစစ်ဆေးထားတဲ့အတွက် မိမိတို့ရဲ့ ရင်သွေးရတနာလေးများကို စိတ်ချလက်ချတိုက်ကျွေးနိုင်ပါတယ်ရှင်။
စျေးနှုန်းလေးကတော့ တစ်လစာ gummies အလုံး 90 ကို 43,000 ကျပ်ပါရှင်။
မှာယူချင်တယ်ဆိုရင်တော့ page messenger (သို့) 09787192764 (Viber/ WhatsApp) (သို့) 09447083815 ကနေဆက်သွယ်မှာယူနိုင်ပါတယ်။

’PonyHealthandBeauty
&CARE

(Unicode)
Smarty Pants ရဲ့ Toddler Formula လေးကတော့ အသက် ၂နှစ် ကနေ ၃နှစ် အရွယ်ကလေးတွေ အတွက် မဖြစ်မနေလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ် ၁၅ မျိုး ပါ၀င်ပါတယ်။
👉DHA နဲ့ EPA က ရင်သွေးလေးတွေရဲ့ ဉာဏ်ရည်ဖွံဖြိုးစေပြီး အမြင်အာရုံ ကောင်းမွန်စေပါတယ်။
👉Vitamin D3 နဲ့ C တို့ကလည်း ကိုယ်ခံအားကောင်းစေပြီး၊ အရိုးနဲ့ သွားကို ခိုင်မာစေပါတယ်။
👉Iodine ကလည်း ဘေဘီလေးတွေ မှတ်ဥာဏ်ကောင်းစေဖို့ အထောက်အကူပေးပါတယ်။
Gummies လေးတွေဖြစ်တဲ့ အပြင် သားသားမီးမီးတို့ အကြိုက် စပျစ်၊ လိမ္မော်၊ ဘယ်ရီသီးအရသာမျိုးစုံပါတယ်ဆိုတော့ ဆေးတိုက်ရခက်တဲ့ ကလေးတွေတောင် လိုလိုလားလား တောင်းဆိုတတ်တဲ့ အားဆေးလေးပါနော်။ တစ်နေ့ ၃လုံး တိုက်ကျွေးပေးနိုင်ပါတယ်။
ကြာရှည်ခံဆေး၊ ဂျုံ၊ နို့၊ ဥ၊ ပဲပိစပ်၊ မြေပဲ၊ ငါး၊ အခွံမာကောင် စတဲ့ ကလေးတွေအတွက် ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေ မပါ၀င်အောင် စနစ်တကျစစ်ဆေးထားတဲ့အတွက် မိမိတို့ရဲ့ ရင်သွေးရတနာလေးများကို စိတ်ချလက်ချတိုက်ကျွေးနိုင်ပါတယ်ရှင်။
စျေးနှုန်းလေးကတော့ တစ်လစာ gummies အလုံး 90 ကို 43,000 ကျပ်ပါရှင်။
မှာယူချင်တယ်ဆိုရင်တော့ page messenger (သို့) 09787192764 (Viber/ WhatsApp) (သို့) 09447083815 ကနေဆက်သွယ်မှာယူနိုင်ပါတယ်။

’PonyHealthandBeauty
&CARE

Photos from Lit' PonY's post 28/04/2022

🌸Thingyan Sale 🌸လေးပြီးဖို့ ၃ရက်ပဲလိုပါတော့တယ်၊ မသိသေးတဲ့ ကာကာတို့ကိုလည်း လက်တို့လိုက်တယ်နော် 👇👇👇

24/04/2022

ကလေးတွေအနေနဲ့ အစားသိပ်မစားလို့ စိတ်ညစ်နေတဲ့ ဖေဖေ မေမေတို့အတွက် ဒေါက်တာညီညီကျော်ရဲ့ ဆောင်းပါးကို တဆင့်မျှဝေပေးပါရစေ...

credit
မေမေတို့ အိမ်မှာသားငယ်သမီးငယ် လေးတွေ ထမင်းသိပ်မစားလို့ စိတ်ညစ်နေရင် ဒီနည်းလမ်းလေးတွေ သုံးကြည့်ပါ။

1. ကလေးတွေ က စူးစမ်းချင်တဲ့စိတ်အရမ်းများတဲ့ အတွက် သူတို့လေးတွေကို ကိုယ်တိုင် ထိတွေ့ကိုင်တွယ်စားခိုင်းပါ။ ဒါပေမယ့် ကိုင်စားမယ့် လက် တွေ ဇွန်း တွေကိုတော့ သန့်ရှင်းအောင် ဆေးကြောပေးဖို့တော့လိုပါမယ်။ ဒါမှ လည်းကလေး က ကိုယ့်အားကိုယ်ကိုးတတ်လာပြီး ပိုပြီးလည်း ထမင်းစားပိုဝင်တယ်လို့ သုတေသန တွေ့ရှိချက်များက ရေးထားပါတယ်။

2. ကလေး တွေ ထမင်းစားနေရင် ဘေးကနေ မေမေ ဖေဖေ တို့ က သူစားနေတာ ဘာအသား ဘာအရွက် အဲ့ဒါ စားရင် သူ့အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာလေးကို ပြောပြောပေးခြင်း အားဖြင့် ကလေးငာ်တွေ ပာာ သူတို့ အတွက် ဗပာုသုတ အသစ်အသစ် တွေ ရရှိစေတဲ့ အပြင် မိသားစု နွေးထွေးမှု့ကို ပါ ခံစားရတဲ့အတွက် ထမင်းစားပိုဝင်ကြပါတယ်။

3. ကလေးတွေ အတွက် ထမင်း ပန်းကန် ပြင်တဲ့ အခါ မှာ သူတို့ ကုန်နိုင်မယ့် ပမာဏ ကို ပဲ ထည့်ပေးသင့်ပါတယ်။ ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုပြီး ကလေး စားနိုင်ထက် ပမာဏ ထက်အများကြီး ပန်းကန်ထဲ ထည့်ပေးလိုက်ရင် ကလေးတွေရဲ့ စိတ်ထဲ မှာ ဒါသူတို့ မကုန် နိုင်လောက်ဘူးဆို ပြီး စစားထဲ က စိတ်မပါ လက်မပါ ဖြစ်တတ်သွားပါတယ်။ ဒါကြောင့် သူတို့ ကုန်နိုင်လောက်တဲ့ ပမာဏ ပဲထည့်ပေး ခြင်းပာာ ကလေး ငယ်တွေ စိတ်ထဲ သူတို့ စားလို့ ဖြစ်နိုင်တယ်လို့ ယူဆကြတဲ့ အတွက် သူတို့လေးတွေ ကပိုပြီးတော့တောင် စားချင်စိတ်ဖြစ်လာ တတ်ကြပါတယ်။

4. ကလေးတွေ ကို ပြင်ဆင်ချက်ပြုတ်ပေးတဲ့ အခါ မှာ လည်း သူတို့ စိတ်ဝင်စားမယ့် ပုံလေးတွေ ဖော်ပြီးကျွေးတာ၊ အလှ ပုံလေးတွေ ဖော်ပြီး ကျွေးတာ ကလည်း ကလေးငယ်တွေ ကို အစာစားချင်စိတ် ဖြစ်ပေါ်စေပါတယ်။

5. နောက်ဆုံးတစ်ခု အရေးကြီးတာ က ကလေးတွေ က ဗိုက်ပြည့်သွားပြီ ဆက်မစားချင်တော့ဘူးလို့ ပြောနေချိန်မှာ မေမေ တို့ အနေနဲ့ အတင်း စွတ်ကျွေးတာမျိုးမျိုး ကြိမ်းမောင်းပြီးကျွေးတာမျိုးက အရမ်းမှားပါတယ်။ ကလေးတွေ ပာာ လူကြီးတွေ နဲ့ မတူတဲ့ အချက် က သူတို့ က အားနာစာ နှမြောစာ ရယ်ဆိုပြီး ဗိုက်ပြည့်သွားလည်း နှမြောပြီး အားနာပြီး ဆက်စားတာမီုးမရှိတဲ့ အတွက် သူတို့ ဗိုက်ဝ နေတဲ့ အချိန်မှာ စိတ်ချမ်းသာအောင် ဆက်မကျွေးပါနဲ့။ သေချာပါတယ် နည်းနည်းပဲ စားထားတဲ့ ကလေး က ခဏနေတာ နဲ့ ဗိုက်ဆာ တယ် တန်းပြောမှာပါ။ အဲ့လိုမျိုး သူတို့ ဗိုက်ဆာ မှ ကျွေးကျွေးပေးတာမျိုးကလည်း ကလေးတွေ ကို အစားကို ဝင်စေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့စိတ်ထဲ မှာ သူတို့ စားချင်သလောက်ပဲ စားလို့ရတယ်။ မကုန်ရင်လည်း အပြစ်ပေးတာ ဆူတာ တွေ မရှိတော့ဘူးဆို ပြီး သူတို့ စားချင်တဲ့ အချိန်တိုင်း မေမေ တို့ကို ပြောဖို့ ဝန်မလေးတော့တဲ့ အတွက်ကြောင့်ပါ။

ဒါကြောင့် အထက်ပါ ဖော်ပြထားတဲ့ ကလေးငယ်များ အစားစားချင်စတ်ကို ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ နည်းလမ်း များကို အသုံးပြုပြီး ကလေးငယ်များ အစားကောင်းကောင်း စားအောင် ဖေဖေ မေမေ တို့ကြိုးစားကြည့်ပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#အစားဂျီးများတဲ့ကလေး

20/04/2022

credit

#သားသား_မီးမီးလေးက_နှာတံမပေါ်ဘူး
#ပြားပြား_နဲ့_ထိပ်လုံးလုံးလေးဖြစ်နေတယ်
#ဂျီးတော်ကြီးပြောသလို_ငယ်တုန်းလေး_ဆွဲဆွဲပေးမှ_နှာတံပေါ်လာမှာလား

မျက်နှာတစ်ခုလုံးမှာ ထောင်လိုက်ရှိနေတဲ့ တစ်ခုတည်းသော #နှာခေါင်း ကိုတော်တော် ကလိချင်ကြပါတယ်။

ဖအေရော မအေရော က နှာတံပေါ်ပေါ်ရယ် နင့်ကြမှ ဘာလို့ ပြားနေရတာလဲ ဆိုပြီး ကြုံတိုင်း ဆွဲပါတယ်။
ဆွဲခံရတိုင်း သူ့ဟာသူ သာသာယာယာ နေတဲ့ ကလေးက ငိုရပါတယ်
ဘာလို့ ငိုရတာလဲ ⁉️
😰 နာလို့ပေါ့ဗျာ

အရေပြား၊အသား နုနုနယ်နယ်ရှိတဲ့ ကလေးလေး ကို မဆိုနဲ့ ဒီအရွယ်ကြီး ကိုယ့်နှာခေါင်းကိုယ် ဆွဲကြည့်ပါလား နာ/မနာ

🤷‍♂️ နာမှန်းသိသားပဲ အကျိုးရှိလို့ လုပ်တာပေါ့ လို့ဆိုပြန်လဲ

#အကျိုးမရှိပါဘူးဗျာ

ကလေးလေးရဲ့ နှာခေါင်းအပါအဝင် မျက်နှာပုံပန်းသဏ္ဍာန်က ဘာသာရေးအရကြည့်ရင် အတိတ်ကုသိုလ်ကံ အတိုင်းလို့ပြောလို့ရသလို
ဆေးပညာအရပြောရရင် မျိုးရိုးဗီဇအရ သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။
(ရေမြေသဘာဝ နဲ့ကိုက်ညီတဲ့ ပုံပန်းသဏ္ဍာန် ပဲရကြတာပါ)

🤷‍♂️ ငါတို့ဆွဲဆွဲပေးလို့ မွေးကာစ နှာပြားလေးက ၂-၃ လသားလောက်မှာ နှာတံလေးပေါ်လာတယ်လေ ဆက်ဆွဲပေးမှ နှာတံချွန်ချွန်ရမှာပေါ့
#အဲ့လိုမဟုတ်ပါဘူး 😅
ခွဲစိတ်မွေးဖွားတဲ့ ကလေးတွေထက် ရိုးရိုးမွေးဖွားတဲ့ ကလေးလေးတွေက ကျဉ်းမြောင်းတဲ့မွေးလမ်းကြောင်းတောက်လျောက် ပွတ်ပြီးထွက်လာရတဲ့အတွက် ရှိသင့်တဲ့အရွယ်ထက် နှာခေါင်းလေးက ပြားနေရခြင်းဖြစ်ပါတယ်။
မွေးဖွားပြီး အချိန်အတိုင်းအတာတစ်ခု ရရင် မူလ ပုံစံလေးရလာပါလိမ့်မယ် (ဆွဲစရာမလိုပါဘူး)

နောက်တစ်ချက်က မွေးကာစ ကလေးလေး တွေဟာ နှာခေါင်းပုံစံ ပီပီပြင်ပြင် မဖွံ့ဖြိုးသေးပါဘူး လသားအရွယ်ရောက်လာတဲ့ အခါမှ နှာခေါင်းအရိုးနုတွေ ဖွံဖြိုးလားပြီး နှာတံလေးပေါ်လာပါလိမ့်မယ်။
(သူ့ဟာသူဖွံ့ဖြိုးလာတာကို ဆွဲလို့ ပေါ်လာတယ်လို့ ပြောကြမှာပေါ့ 😬)

လသားအရွယ်ရောက်လည်း သူရဲ့ပုံပန်းသဏ္ဌာန်က လူကြီးမှာရှိမယ့် ပုံပန်းသဏ္ဌာန်မဖြစ်သေးပါဘူးဗျာ

👉 ဆွဲဖို့ မကြိုးစားကြပါနဲ့

အသက် (၈-၁၀) နှစ်လောက်ရောက်မှ နှာခေါင်းပြားမလား လုံးမလား ချွန်မလား သေသေချာချာ သိကြရတာပါ။

👉 အဲ့အရွယ်လည်းသွားမလုပ်ကြပါနဲ့ 😅

နှာခေါင်းဆိုတာ အသက်ရှူလမ်းကြောင်းရဲ့ အစဖြစ်တဲ့အတွက်အရေးကြီးပါတယ်
ကလေးနုနုနယ်နယ်လေးကို လူကြီးအားနဲ့ ဆွဲခြင်းဟာ နှာခေါင်းမှာ ဒဏ်ဖြစ်နိုင်ပါတယ်
- နှာခေါင်းသွေးလျှံခြင်း တွေပါဖြစ်လာနိုင်ပါတယ်

အကျိုးမရှိတဲ့ကိစ္စအတွက် ဘာမှမပြောနိုင်သေးတဲ့ ကလေးလေးတွေကို #အနိုင်မကျင့်ကြပါနဲ့

(Ref; babycenterindia)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Credit to ဒေါက်တာဘုန်းစည်သူလွင်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon