Healthy By LINN

Healthy By LINN

Share

Medical Knowledges Sharing
Available Good Quality Meidcal Equipments

Photos from Healthy By LINN's post 21/02/2022

👉Standard Q Antigen testkit

Yangon Instock
မှာယူရှိနိုင်ပါသည်။

Photos from Healthy By LINN's post 15/02/2022

Healthy By LINN မှာ antigen,antibody,mask,surgical gowns များလက်လီလက်ကားဝယ်ယူနိုင်ပါသည်။
All instock…

07/02/2022

ဥမ္မာခင်အကြာင်းသိရသမျှ.................................................…………...

ယခုရက်ပိုင်းအတွင်းမှာ Omicron မျိုးကွဲကူးစက်ပျံ့နှံ့မှုတွေများလာတာနဲ့အတူ ဖြစ်ပွါးနေတဲ့လူနာများရဲ့တွေ့ရှိချက်များ၊ ဝါရင့်သမားတော်ကြီးများ ရဲ့ မျှဝေချက်များကို ဖတ်ရှုရသလောက်အချက်အလက်တွေကိုကြည့်ပြီး ဝေမျှပေးချင်ပါတယ်။
အိုမီခရွှန်မျိုးကွဲဟာ ကူးစက်မှုနှုန်းပိုမြန်ပေမဲ့ ရောဂါပြင်းထန်နိုင်မှုကတော့နည်းပါးတာတွေရှိရပါတယ်။ နိုင်ငံပေါင်း ၅၇နိုင်ငံမှာ လျှင်မြန်စွာပျံနှံ့လျက်ရှိပြီး ဆေးရုံတက်ရသူလူနာဦးရေနဲ့ ကိုဗစ်ရောဂါကြောင့်သေဆုံးနှုန်းကတော့အရင် အရင်ဒယ်တာမျိုးကွဲထက်နည်းပါးပါတယ်။

🤒အပျော့စားလက္ခဏာများ-
ဖျားနာမယ်။လည်ချောင်းနာမယ်။ လည်ချောင်းယားမယ်။ ချောင်းဆိုးမယ်။ နုန်းမယ်။ကိုယ်လက်မအီမသာဖြစ်မယ်။
အသက်ရှူနှုန်းတစ်မိနစ်မှာ ၂၄ကြိမ်ထက်နည်းမယ်။
အောက်စီဂျင် ၉၄% အထက်မှာပဲအမြဲရှိမယ်။

များသောအားဖြင့်အဲ့လိုလူနာတွေမှာ ၁-၂ရက်လောက်ဖျားပြီး အခြားသောလဏ္ခဏာတွေက ၅-၇ရက်လောက်နေရင်ပြန်ကောင်းသွားတတ်ကြပါတယ်။ အနံ့ပျောက်တာတော့တွေ့ရှိရတာရှားပါတယ်။လည်ချောင်းနာတာပိုအဖြစ်များကြပါတယ်။

🤢သတိထားစောင့်ကြည့်သင့်သောလက္ခဏာများ (သို့မဟုတ်) ပြင်းထန်ကိုဗစ်ဖြစ်လာနိုင်ချေရှိသောလူနာများ-
အဖျားအလွန်ကြီးတာ၊
ချောင်းအရမ်းဆိုးပြီးမောနေတာ၊ရပ်ကြပ်နေတာ၊
အသက်ရှူနှုန်းတစ်မိနစ်မှာ ၂၄ကြိမ်ထက်များနေတာ၊
အောက်စီဂျင် ၉၄%အောက်နည်းနေတာ၊
နေ့ည၊အချိန်နေရာ မခွဲခြားနိုင်တော့တာ၊ ဂယောင်ဂတမ်းတွေပြောနေတာ၊ စကားပီသအောင်မပြောနိုင်တော့တာ၊
တက်တာ၊

အထက်ပါရောဂါလက္ခဏာများတွေ့ပြီဆိုရင်တော့ ပြင်းထန်အဆင့်ကိုမရောက်ခင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်တာ၊စမ်းသပ်တာတွေလုပ်ထားဖို့အကြံပြုချင်ပါတယ်။

😷ဘယ်လိုကုသရမလဲ?
အခုအချိန်မှာ ကိုဗစ်ရောဂါကုသမှုနည်းလမ်းပိုပြီးများများထွက်လာပြီမို့တတ်နိုင်သမျှသေဆုံးနှုန်းလျော့ချနိုင်ဖို့အရေးကြီးပါတယ်။
အရင်လိုဗိုင်းရပ်ပိုးသတ်ဆေးများမှာ ထိုးဆေးသာမက သောက်ဆေးများလည်းရှိနေပြီမို့ ကုသရမဲ့ဆရာဝန်များအတွက်ရွေးချယ်စရာများများရှိလာပါပြီ။
အဆိုပါဆေးများမှာ ဗိုင်းရပ်ပိုးကိုယ်ခန္ဓာအတွင်းမှာပွားနေချိန် (ရောဂါ လက္ခဏာပေါ်ပေါက်ပြီး ၅ရက်မကျော်ခင်) ပေးမှထိရောက်မှာမို့အစောဆုံးရှာဖွေသိရှိဖို့အရေးကြီးပါတယ်။
ကိုဗစ်ရောဂါဖြစ်ပွားသူတိုင်းသောက်စရာ၊ ထိုးစရာ မလိုပါဘူး။ ဘေးထွက်ဆိုးကျိုးများလည်းရှိတဲ့အတွက်မိမိဘာသာမသောက်သုံးပဲ ဆရာဝန်နဲ့အရင်တိုင်ပင်ကြဖို့တော့ အကြံပြုလိုပါတယ်။

👉အချုပ်အားဖြင့်ပြောရရင်တော့ -
😷ကိုဗစ်ရောဂါမဖြစ်ပွါးသေးသူများအတွက်-
ကာကွယ်ဆေးထိုးပါ။ ကာကွယ်ဆေး ၂ကြိမ်ထိုးပြီးသူများကလည်း (၃-၆လအကြာမှာ) booster ထပ်ထိုးပါ။
လက်ဆေးပါ။
နှာခေါင်းစီးတပ်ဆင်ပါ။
လူစုလူဝေးရှောင်ပါ။

🤒သာမန်လက္ခဏာဖြစ်ပွားသူများအတွက်-
ရေများများသောက်ပါ။
ကိုယ်ခံအားမြင့်တက်စေမဲ့အားရှိအောင်အစာများများစားပါ။
ရောဂါလက္ခဏာအလိုက် ပါရာစီတမော၊ ချောင်းဆိုးပျောက်ဆေး အစရှိသဖြင့်သောက်သုံးရုံနဲ့လုံလောက်ပါတယ်။

🤢ပြင်းထန်ရောဂါဖြစ်ပွါးနိုင်ချေရှိတဲ့ အသက်ကြီးသူ၊ရောဂါအခံရှိသူ၊ ကာကွယ်ဆေးမထိုးရသေးသူ၊ အပေါ်မှာဖော်ပြထားတဲ့ပြင်းထန်ရောဂါဖြစ်နိုင်ချေရှိတဲ့လက္ခဏာများတွေ့ရှိရတဲ့သူများကတော့ စောစောသိအောင်လုပ်ပြီး ဆရာဝန်နဲ့စောစောပြသနိုင်အောင်ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ယခု စတုတ္ထလှိုင်းကိုအောင်အောင်မြင်မြင်နဲ့ဖြတ်ကျော်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

Reference : Prof Dr.Daw Than Than Aye

25/12/2021

Healthy By LINN မှ မိတ်ဟောင်း၊ မိတ်သစ် ဈေးဝယ်သူများအားလုံး ပျော်ရွှင်စရာခရစ်စမတ်နေ့လေး ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
🎄Merry Christmas to you all🎄

20/10/2021

ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယမှာ ဘေးဘယာကင်းကွာပြီး ကျန်းမာချမ်းသာ ပါစေကြောင်း Healthy By LINN မှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏🙏🙏🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


U Chit Maung Road
Yangon
11201