Nay Nutrition Diet Food

Nay Nutrition Diet Food

Share

ကျန်းမာလှပသောဝိတ်ချနည်းနှင့်အဆီချ?

03/07/2021

ဒိန်ချဥ်ရဲ့ကောင်းကျိုးများ

ဒိန်ချဥ်ဟာdietလုပ်နေသူတွေအတွက်နေ့စဥ်မပါမဖစ်အစားအစာတမျိုးလို့တောင်ပြောလို့ရပါတယ်
calciumဓါတ် ကြွယ်၀စွာပါ၀င်လို့ အရိုးနဲ့သွားတွေကိုကျမ်းမာစေပါတယ်အသက်အရွယ်ကြီးသူတွေအတွက်လည်းအရိုးပွရောဂါဖြစ်ခြင်းကိုသက်သာစေပါတယ်

Proteinဓါတ်အဓိကပါ၀င်တဲ့အတွက်ကိုယ်ခံစွမ်းအားကိုမြှင့်တတ်စေပါတယ်

အစာချေစနစ်ကိုကောင်းမွန်စေပီးဝမ်းချုပ်ခြင်းကိုပျောက်ကင်းစေပါတယ်
ဒိန်ချဥ်တခွက်လောက်သောက်ထားရင်အစာလည်းခံတဲ့အတွက်dietသမားတွေရဲ့လက်စွဲပဲနော်
အသားအရေလှပစေခြင်းကိုလည်းအထောက်အကူဖြစ်စေပါတယ်

31/01/2021

ဒီနေ့မနက်ရေဘယ်လောက်သောက်ပီးကြပီလည်း❤တို့ရေ
မင်မင်ကတော့ အိပ်ယာနိုးနိုးချင်း တစ်လီတာသောက်တယ် ပီးရင်မနက်စာတွက်ပြင်ဆင်ပီးစားတယ်
စားပီးတနာရီလောက်ကြာရင် workoutလုပ်ရင်းနဲ့ရောလုပ်ပီးရင်ရောရေ တစ်လီတာခွဲထပ်သောက်တယ်
ပီးရင်ကျန်တဲ့တနေ့လုံးအတွက်တစ်လီတာခွဲကနေနှစ်လီတာထိသောက်ဖစ်တယ်တနေ့ကိုရေ ၄လီတာကနေ ၄လီတာခွဲလောက်ထိသောက်ဖစ်တယ် မင်မင်တို့ခန္ဓာကိုယ်ရဲ့၆၀%နဲ့
ဥနှောက်တစ်ရှူးတွေရဲ့၈၅%ကရေဓာတ်နဲ့ဖွဲ့စည်းထားတာမို့ရေကခန္ဓာကိုယ်တွက်အဓိကလိုအပ်တဲ့ဓာတ်တခုပါနော် ဝိတ်ချချင်တဲ့သူတွေအတွက်အစားအသောက်ကိုဘယ်လိုထိန်းသိမ်းပီးစားစား ရေဓာတ်ပြည့်ဝစွာမဖြည့်တင်းမိရင် ဝိတ်ချခြင်းအတွက်နှောင့်နှေးတတ်ပါတယ်ချစ်တို့ရေ
ဒါဆိုဝိတ်မချတဲ့သူတွေအတွက်ရောမလိုအပ်ဘူးလား❓❓❓
လိုအပ်ပါတယ်နော် ရေဓာတ်ပြည့်ဝစွာဖြည့်ဝစွာဖြည့်တင်းဖို့လူတိုင်းတွက်လိုအပ်ပါတယ်
ရေဓာတ်လုံလောက်စွာရရှိရင်အသားအရေကြည်လင်လှပခြင်း၊ ဝမ်းမှန်စေခြင်း၊ခန္ဓာကိုယ်ကိုတနေ့လုံးပေါ့ပါလန်းဆန်းစေခြင်းအစရှိတဲ့အကျိုးကျေးဇူးများစွာကိုရရှိစေပါတယ်
အဲ့တော့ချစ်လေးတို့လည်းမနက်မိုးလင်းလင်းခြင်းအူသန့်ရှင်းအောင်ရေ တစ်လီတာ သောက်ပီးကျန်တဲ့အချိန်တွေမှာသောက်နိုင်သလောက်သောက်ကြဖို့တိုက်တွန်းပါတယ်နော်
ယောက်ကျားလေးရော မိန်းခလေးပါခန္ဓာကိုယ်လှပမှုနဲ့ပါတ်သက်တဲ့အကြောင်းအရာလေးတွေကိုမင်မင်ကအမြဲတမ်းတင်ပေးမှာမို့ like and shareလေးတွေလုပ်ထားပေးကြပါနော်
#

28/01/2021

အဆီကျဖို့plankထောက်ကြရအောင်💪💪💪
Plankထောက်ခြင်းဖြင့်ခါးအဆီကိုကျစေပီးဝမ်းဗိုက်ကိုချပ်ရပ်စေပါတယ်
ခါးနဲ့ကြောရိုးအနေအထားကိုမှန်ကန်စေပီး ကိုယ်နေဟန်ထားကိုပိုမိုကောင်းမွန်စေပါတယ်
စိတ်ဖိစီးမှုကိုလည်းသက်သာစေပါတယ်
Plankထောက်ခြင်းကအကြောတွေပြေလျော့စေတာကြောင့် ကောင်းမွန်စွာအိပ်စက်ခြင်းကိုရရှိစေပါတယ်
စစခြင်းထောက်သူများအနေဖြင့်
၁၀စက္ကန့်လောက်မှစ၍တနေ့ပီးတနေ့
အချိန်တိုးတိုးပီးထောက်ပေးနိုင်ပါတယ်ထောက်သည့်အခါတွင်လည်းပုံပါအတိုင်းခန္ဓာကိုယ်ကတဖြောင့်တည်းဖစ်နေအောင်သတိထားဖို့လိုပါတယ်
လက်မောင်းနဲ့ခြေထောက်ကြွက်သားတွေကိုလည်းသန်မာစေပါတယ်
ကဲ ကိုယ်နေဟန်ထားမှန်ကန်လှပအဆီကျဖို့ကိုယ်ထောက်နိုင်သလောက်ကြိုးစားပီးထောက်ကြရအောင်နော်💪💪💪💪💪💪

# Diet Food By Nay #
Crd

28/01/2021

ခရမ်းချဉ်သီးဟာဝိတ်ချနေသူတွေအတွက်အရေးပါတဲ့အသီးအနှံတမျိုးဖစ်ပါတယ် ခရမ်းချဉ်သီး 100gမှာ ကယ်လိုရီပါဝင်မှုက18သာရှိတဲ့dietအတွက်အကောင်းဆုံးအသီးအနှံလေးပါ
ဒါတင်မကသေးပါဘူး antioxidant ကြွယ်ဝစွာပါဝင်တဲ့အတွက် နုပျိုလှပပီးအသားအရေကြည်လင်ခြင်းအတွက်ပါပေးစွမ်းနိုင်ပါတယ်
ကင်ဆာနဲ့နှလုံးရောဂါဖစ်နိုင်ချေကိုလည်းလျော့ချပေးပါတယ်
Vit C ကြွယ်ဝတဲ့အတွက်ကိုယ်ခံစွမ်းအားကိုလည်းမြင့်တက်စေပါတယ်
Fiber ဓာတ်ပါဝင်တဲ့အတွက်
ဝိတ်ချရာမှာအဟန့်အတားဖစ်တဲ့ဝမ်းချုပ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်
ဒါကြောင့်ခရမ်းချဉ်သီးကိုသုပ်စားတာပဲဖစ်ဖစ် ဟင်းချက်ရာမှာထည့်တာပဲဖစ်ဖစ် တို့စရာအဖစ်နဲ့တမျိုး ပုံစံအမျိုးမျိုးနဲ့စားပေးသင့်ပါတယ်နော်
Food By Nay #
Crd

19/01/2021

Healthy Foodဆိုတာတကယ်တော့ဝိတ်ချခြင်းအတွက်တင်အသုံးဝင်တာမဟုတ်ပါဘူး ဝတဲ့သူအတွက်ရော ပိန်တဲ့သူအတွက်ရော လူသားအားလုံးအတွက်အကျိုးပြုတဲ့အစားအစာဖြစ်ပါတယ်
ဝတဲ့သူတွေအတွက်
ကျန်းမာရေးနဲ့ညီညွတ်တဲ့ဝိတ်ကိုကျစေခြင်းအသားအရေကိုစိုပြေစေခြင်း
ရောဂါတွေဝင်မလာအောင်တာဆီးပေးနိုင်ခြင်းရှိတဲ့ရောဂါတွေကိုလည်းလျော့ပါးသက်သာပျောက်ကင်းစေနိုင်ခြင်းမိမိကိုယ်ကိုယုံကြည်မှုပိုတိုးပွားလားစေခြင်းစိတ်ကြည်လင်လန်းဆန်းခြင်းအစရှိတဲ့အကျိုးကျေးဇူးပေါင်းများစွာကိုရရှိစေပါတယ်
ဒါဆိုပိန်တဲ့သူတွေအတွက်ရော
တချို့ပိန်တဲ့သူတွေဟာလူကသာပိန်ပေမယ့်
ဗိုက်ကလေးကွက်ပူတတ်တာမျိုးတသက်လုံးစားထားသမျှအကျိုးမပြုတဲ့အစားအသောက်မျိုးစုံကခန္ဓာကိုယ်အတွက်အဟာရမဖစ်ပဲကယ်လိုရီတွေကများပီးအဆီအဖစ်သိုလှောင်ကာဗိုက်မှာသွားစုတတ်ပါတယ်healthy foodကအဆီတွေကိုလောင်ကျွမ်းစေပီးကယ်လိုရီ​လေးကိုတွက်စားရင်တော့ပူနေတဲ့ဗိုက်ကလေးမရှိတော့ပဲကိုယ်လိုချင်တဲ့အနေအထားနဲ့ခန္ဓာကိုယ်လေးကိုရရှိမှာမလွဲပါဘူး
ရောဂါကင်းစင်ပီးပေါ့ပါးသွက်လတ်ခြင်းတွေကိုပိုင်ဆိုင်နိုင်မှာပါအဲ့အတွက်
ကိုယ်တသက်လုံးစိတ်ကြိုက်စားခဲ့မိတဲ့
အကျိုးမပြုတဲ့အစားအသောက်တွေကိုရပ်တန့်ပီး ကိုယ့်ခန္ဓာကိုယ်လေးကျန်းမာဖို့ကျန်းမာရေးနဲ့ညီညွတ်တဲ့healthy
foodလေးတွေကိုရွေးချယ်ပီးစားသောက်သင့်ပါတယ်
Nutrition Diet Food #

13/01/2021

ချစ်တို့ရေ ဝိတ်ချမယ်လို့စဉ်းစားထားပီလားကိုယ့် ကိုယ်လုံးလေးကိုဘယ်လိုပုံစံမျိုးလေးဖစ်အောင်ထုဆစ်ချင်ကြလဲ
ကိုယ်လိုချင်တဲ့targetရောက်ဖို့
ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်တွေကိုရွေးချယ်စားသောက်တတ်ဖို့လိုပါတယ်နော်
အဆီကျဆေးတွေသောက်ခြင်းကside-effectတွေအများကြီးရှိနိုင်ပါတယ်
exerciseလုပ်ခြင်းကလည်းလုပ်လိုက်
ဗိုက်တွေစာပီးအစားတွေစားလိုက်နဲ့
သံသရာလည်တတ်ပါတယ်ချစ်တို့ရေ
အဲ့အတွက်သံသရာမလည်အောင်exerciseလေးလည်းလုပ်ရင်း
healthy foodလေးကိုပါ
ကယ်လိုရီလေးတွက်စားကြမယ်ဆိုရင်
ကိုယ်ထုဆစ်ချင်တဲ့ကိုယ်လုံးလေးကို
ကျိန်းသေရမှာပါနော်❤❤❤❤💚💙💛💚

Photos from Nay Nutrition Diet Food's post 09/01/2021

ကိုယ်ရဲ့အလေးချိန်က
overweightဖစ်နေလား
ပုံမှန်လား
underweightဖစ်နေလားသိနိုင်ဖို့အတွက်
height and weight ဇယားလေးကိုကြည့်ပီးတွက်ကြည့်ကြရအောင်ချစ်တို့ရေ💗💗💗

09/01/2021

BMRတွက်နည်း❓❓❓❓
ဝိတ်ကျချင်သူ
ဝိတ်တက်ချင်သူ
ဝိတ်ထိန်းချင်သူ
ချစ်တို့အားလုံးတွက် BMR
တွက်နည်းလေးကလိုအပ်ပါတယ်နော်
ကိုယ့်ရဲ့တနေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏကိုသိမှ
ဝိတ်ကျချင်တဲ့သူကလိုအပ်တဲ့ကယ်လိုရီပမာဏအောက်လျှော့စားပေးမယ်🍇🍓🍏🍉
ဝိတ်တက်ချင်တဲ့သူကလိုအပ်တဲကယ်လိုရီပမာဏထက်ပိုစားပေးမယ်🍔🌭🍖🍗
ဝိတ်ထိန်းချင်တဲ့သူကတော့လိုအပ်တဲ့
ကယ်လိုရီပမာဏအတိုင်းစားပေးမယ်
ဆိုရင်🍓🍉🍑🍕🌭
ချစ်တို့လိုချင်တဲ့ကိုယ်လုံးလေးအတိုင်းရရှိမှာပါနော်
အောက်မှာပြထားတဲ့ဇယားလေးအတိုင်းကိုယ့်ရဲ့အရပ်
အသက်နဲ့အလေးချိန်kgကိုအစားထိုးပီးတွက်သွားရုံပဲနော်❤❤❤

08/01/2021

အဆီကျပီးသွယ်လျတဲ့ကိုယ်လုံးလေးလိုချင်ဆိုရင်❤❤❤
ကယ်လိုရီနည်းတဲ့အစားအသောက်တွေကိုရွေးချယ်စားသောက်တတ်ဖို့လိုသလို🥑🍅🍒🍓🍇🍏
ရေကိုလည်းတနေ့ ၂လီတာအနည်းဆုံးသောက်ဖို့လိုပါတယ်နော်😘
အိပ်ချိန်လုံလုံလောက်လောက်အိပ်ပေးကခြင်းကလဲဝိတ်ကျဖို့အတွက်အထောက်အကူပြုပါတယ်ချစ်တို့ရေ
အိပ်ရေးဝအောင်မအိပ်ခြင်းဟာ​သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေပီး
အဆီတွေလည်းပိုပီးစုဝေးစေပါတယ်
ဒါကြောင့်သွယ်လျမှုကိုရရှိဖို့
တနေ့ကို၇နာရီကနေ၈နာရီထိလုံလောက်စွာအိပ်ပေးကြပါနော်ချစ်တို့ရေ💛💚💙💜💗💓

06/01/2021

လိုအပ်တဲ့ကယ်လိုရီလေးတွေတွက်စားရင်းဝိတ်ချကြရအောင်❤❤❤❤

အစားအသောက် ကယ်လိုရီ
နို့တခွက် ၁၆၈
ကော်ဖီတခွက် ၈၄
ကိုကာကိုလာတဗူး ၁၀၃
လိမ္မော်ရေတခွက် ၁၁၅
စတော်ဘယ်ရီယိုတဇွန်း ၂၃.၂
ထောပတ်တဇွန်း ၇၆
ကော်ဖီနှင့်ပေါင်မုန့်
ကြက်ဥကြော် ၃၉၃
ကော်ဖီနှင့်ပေါင်မုန့်
ထောပတ်သုပ် ၄၅၂
ကော်ဖီနှင့်ပဲပြုပ်
ထမင်းကြော် ၅၁၁
ကော်ဖီနှင့်ပဲပြုပ်
ထမင်းဆီဆမ်း ၅၁၉
ကော်ဖီနှင့်မုန့်ဟင်းခါး ၃၅၃
ကော်ဖီနှင့်အုန်းနို့ခေါက်ဆွဲ ၅၅၀

ထမင်း၊ဝက်သားဟင်း၊
ကန်စွန်းရွက်ကြော်၊
သီးစုံချဉ်ရည်
သရက်သီမှည့် ၇၂၅

ထမင်း၊ကြက်သားဟင်း၊
အရွက်ကြော်၊ချဉ်ရည်၊
အရက်သီးမှည့် ၇၀၆

ထမင်း၊ငဖယ်သုပ်၊
အရွက်ကြော်၊ချဉ်ရည်၊
စပျစ်သီး ၆၅၄

ဝက်ပေါက်ဆီ၁လုံး ၃၄၀
ပဲပလာတာ ၃၇၇
အီကြာကွေး ၃၁၄
ဆီထမင်း၁ပွဲ ၁၈၇
ပဲပြုပ်ကောက်ညှင်းပေါင်း ၂၁၇
မုန့်ကျွဲသဲ ၅၆
ထန်းသီးမုန့်. ၁၂၀
မုန့်လင်မယား ၇၃
ဘိန်းမုန့်. ၂၈၆
သာကူမုန့်ဖက်ထုတ် ၁၂၁
အာလူးကြော်၁ထုတ် ၁၇၇
ငါးမုန့်ကြော် ၁၄၀
ကြက်ဥကြော် ၂၁၉
ကြက်ဥပြုတ် ၈၀
ပြောင်းဖူးပြုတ် ၃၅၀
ဝက်သားဟင်း ၂၀၂
ကြက်သားဟင်း ၂၁၆
ကော်ပြန့်ကြော် ၂၀၀
ပေါင်မုန့်၂ချပ် ၁၅၀
ပေါင်မုန့်ထောပတ်သုပ်
၁ချပ် ၁၁၉
ကိတ်မုန့်၁ချပ် ၁၁၈
ကြက်သားဘာဂါ ၅၈၀
ဒိုးနပ်၁ခု ၂၁၀
ချိစ်ဆန်းဒွစ်(ခ်ျ) ၁၃၀
နံပြား၁ချပ် ၉၀

ရှမ်းခေါက်ဆွဲ၁ပွဲ ၇၄၇
မုန့်ဟင်းခါး ၂၆၈
အုန်းနို့ခေါက်ဆွဲ ၄၆၆
ရခိုင်မုန့်တီ ၁၂၆
ကြက်သားဆီချက်ခေါက်ဆွဲ ၄၇၅
ကြက်ကြေးအိုး ၁ပွဲ ၁၅၈၈
ကြက်ကြေးအိုး
ပန်းကန်တလုံး ၅၅၃
ဘယာကြော်တခု ၁၉၄
စမူဆာ၃ခု ၉၁
ဘူးသီးကြော် ၇၀
ကော်ပြန့်စိမ်း ၇၆

ထမင်း၁ပန်းကန်၆ဇွန်း ၁၈၇
ထမင်း၁ပန်းကန်၉ဇွန်း ၂၇၅
ကြက်သားဒန်ပေါက်
၁ထုပ်၁၃ဇွန်း ၇၀၈
ကြက်သားဒန်ပေါက်
၁ပန်းကန်၉ဇွန်း ၅၂၅
ကြက်ခေါက်ဆွဲကြော်၁ထုပ်
၁၄ဇွန်း ၅၉၄
ကြက်ခေါက်ဆွဲကြော်
၁ပန်းကန်ပြား၉ဇွန်း ၃၉၆
ပဲပြုပ်ထမင်းဆီဆမ်း၉ဇွန်း ၄၃၅
ပဲပြုပ်ထမင်းကြော်၉ဇွန်း ၄၂၆
ထမင်းပေါင်းတပွဲ၁၂ဇွန်း ၄၇၅
တို့ဟူးသုပ်တပွဲ ၁၉၅
အစုံသုပ် ၃၇၃
နန်းကြီးသုပ် ၇၃၅
လက်ဖက်သုပ် ၄၆၇
ဂျင်းသုပ် ၅၁၂
ခရမ်းချဉ်သီးသုပ် ၁၁၇
ငါးဖယ်သုပ် ၁၃၀
ငါးကြင်းကြော် ၁၁၆
ငါးလေးဟင်း ၁၈၀
ဘဲဥဟင်း ၁၂၅
ပုစွန်ဟင်း ၉၈

ဂေါ်ရခါသီးပြုတ်၁လုံး ၂၇
ရုံးပတီသီးပုဇွန်ခြောက်ကြော် ၁၃၀
ကန်စွန်းရွက်ကြော်တပွဲ ၄၁
ကြက်သားဗူးသီးဟင်းချို ၉၅
ခရမ်းသီးပုစွန်ခြောက်နှပ် ၁၅၆
ငှက်ပျောသီးမွှေး ၁၄၀
စပျစ်သီးပန်းကန်၁လုံးစာ ၈၃
နာနတ် ၇၅
ဖရဲ ၃၈
သရက်သီးမှည့် ၁၂၈
သင်္ဘောသီးမှည့် ၆၃
ကျွဲကောသီး ၄၀
Crd

06/01/2021

မနက်အိပ်ယာနိုးပီးဘာမှမစားရသေးခင်ရေ ၁လီတာသောက်ပေးကြပါနော်😍😍😍😍

05/01/2021

ကန်စွန်းဥနဲ့ဝိတ်ချကြမယ်

ကန်စွန်းဥဟာအမျှင်ဓာတ်များတဲ့အတွက်တလုံးလောက်စားလိုက်ရင်ကိုပဲဗိုက်ပြည့်သွားတဲ့စိတ်ကျေနပ်မှုကိုရစေပါတယ်❤❤

ထမင်းတပန်းကန်ကိုဟင်းနဲ့စားမိရင်ကယ်လိုရီက၆၀၀လောက်အသာလေးတက်သွားနိုင်ပါတယ်နော်😟😟

ကန်စွန်းဥတလုံးနဲ့ကြက်ဥပြုတ်နှစ်လုံးလောက်ကိုစားပေးရင်တော့ဗိုက်လည်းပြည့်သလိုအဆီလည်းကျစေပါတယ်နော်
ကျမ်းမာရေးအတွက်လည်းကောင်းသလိုအသားအရေအတွက်လည်းလှပစေပါတယ်❤❤

အဲ့တော့ဝိတ်ကျစေဖို့ကန်စွန်းဥလေးစားပေးကြရအောင်နော်💛💛💛💜

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon