LivelyPk Lane
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LivelyPk Lane, Yangon.
23/09/2025
ကိုယ်ကျင့်တရား မကောင်းတဲ့သူတွေကြားမှာ
သည်းခံခြင်းမှတပါး အခြားမရှိပါ။
——————————————————
ပါချုပ်ဆရာတော်ဘုရားကြီး
08/09/2025
Freelancing
အခုခေတ်မှာ လူငယ်တော်တော်များများ Freelancing Jobs တွေဘက်ကို ပိုအားသန်လာကြတယ်။ Freelance လုပ်လို့ရတဲ့ Career တွေဆို Gen Z တွေ အမိအရ Freelance လုပ်ကြတယ်။ Full-Time Job တွေရှိနေရင်တောင် Freelance Job ကိုလက်မလွှတ်ကြဘူး။ PK ကိုယ်တိုင်လည်း Full-Time ရှိပေမယ့် Full-Time Job ကိုမထိခိုက်စေမယ့် Freelance လုပ်ဖြစ်နေတာ ၂ နှစ်နီးပါးတောင်ရှိတော့မယ်။ ဒါပေမယ့် စဉ်းစားမိတာတစ်ခုရှိလာတယ်။ Salary အဆင်ပြေ၊ Experience လည်းကောင်းကောင်းရတဲ့ အလုပ်ရှိနေရက်နဲ့ဘာလို့ Freelance ကိုလက်မလွှတ်နိုင်ဖြစ်နေရတာလဲပေါ့။ ကိုယ့်ကိုယ်ကိုနဲ့ယှဉ်ပြီး တစ်ခြား Gen Z တွေအတွက်လည်းစဉ်းစားကြည့်မိတော့
- ဝင်ငွေ၊ ထွက်ငွေ မမျှလာလို့။ ငွေရှိရင်လုပ်ချင်တာလုပ်လို့ရတဲ့ခေတ်၊ လိုချင်စရာပေါတဲ့များတဲ့ခေတ်မှာ ဘယ်လောက်ငွေဝင်နေပါစေ၊ မလောက်ငတော့ဘူး။ မိသားစုတာဝန်ထမ်းထားရတယ်ဆိုပိုဆိုးမှာပဲ။ကုန်ဈေးနှုန်းတွေတက်လာတာကလည်း အကြီးမားဆုံးထိခိုက်မှုတစ်ခုပေါ့။
- Freelance အလုပ်ကလွတ်လပ်လို့၊ Flexible ဖြစ်လို့ဆိုတာကလည်း Gen Z တွေကိုဆွဲဆောင်နိုင်ဆုံးအချက်တစ်ခုပဲ။ ကိုယ်အဆင်ပြေတဲ့အချိန်မှထလုပ်ရုံပဲ။ Time Sensitive ဖြစ်တဲ့ Client တွေအတွက်တော့အချိန်ဖယ်ထားရတာပေါ့😂
- ပြီးတော့ ဝါသနာပါလို့။ PK ဆို စာရေးရတာဝါသနာပါတယ်။ တစ်ခါတစ်လေရေးရမှာပျင်းပေမယ့် ဝါသနာပါတော့ Freelance Content Writer တစ်ယောက်ဖြစ်မှန်းမသိဖြစ်လာတယ်။ ပြီးတော့ Company တစ်ခုတည်းအတွက်လုပ်ပေးနေရတာထက်စာရင် Freelance လေးတွေကြောင့် Experience တိုးစေတာပေါ့။
ဒီ(၃)ချက်ထဲက တစ်ချက်မှာ Gen Z တွေဘာလို့ Freelance Job ကိုလက်မလွှတ်နိုင်ကြလဲဆိုတာ သေချာပေါက်ပါနေမယ်ထင်ပါတယ်။
Company တွေကလည်း Freelancers တွေကို
သဘောကျလာကြတယ်ဆိုတော့ Freelance လုပ်လို့ရတဲ့ Career ဆို Full-Time Job ကိုမထိခိုက်သရွေ့လုပ်နိုင်တယ်လို့မြင်တယ်။ လုပ်ဖို့လည်း အားပေးပါတယ်။
ဒါပါပဲ။
Just My Opinion ✌🏻
07/09/2025
Bagan Fantasy
ဖတ်နေရင်းပုဂံကိုပြေးသွားချင်မိတဲ့စာအုပ်
မျက်ရည်လည်ရတဲ့စာအုပ်
ည၂ နာရီခွဲတဲ့အထိဖတ်မိတဲ့စာအုပ်
စာအုပ်အဆုံးထိ မနားတမ်းဆွဲခေါ်သွားနိုင်တဲ့စာအုပ်….
စာအုပ်အကြောင်းဘာမှမပြောခင် အရမ်းကြိုက်လွန်းလို့ Rating အရင်ပေးပါရစေ 10000/10 ပါ။
ပထမဆုံး ဇာတ်လမ်းအကြောင်းပြောရရင်
- သမိုင်းကြောင်းကို အခြေခံပြီး စိတ်ကူးယဉ်ဇာတ်လမ်းဖန်တီးထားတာဆိုပေမယ့် အရမ်းကိုအံဝင်ခွင်ကျဖြစ်နေတယ်။ ဇာတ်လမ်းတည်ဆောက်ထားပုံက ကျစ်လစ်ပြီးတော့ ဟာကွက်မရှိသလို Character တွေကိုလည်းအပြည့်ထည့်ထားတယ်။ လက်ထဲမှာဖတ်နေရင်းစာအုပ်ကိုတောင် လွတ်သွားမှာစိုးမိလောက်အောင် ဇာတ်အိမ်ကဆွဲဆောင်ထားတော့ နာရီပိုင်းအတွင်းအပြီးဖတ်မိသွားတယ်။
- ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်အားလုံးရဲ့ အခန်းကဏ္ဍကိုပြည့်ပြည့်ဝဝထည့်ပေးထားပြီး Character တစ်ခုတည်းကိုပဲ Focus မလုပ်ထားတော့ ဖတ်ရတဲ့ Feeling ကအရမ်းကောင်းတယ်။ ရသမျိုးစုံကိုပေးနေတာ။
- ပြီးတော့စာအရေးအသားမှာလည်း အပိုအလိုမရှိပဲ၊ ပုဂံသမိုင်းကြောင်းတွေကို အထူးသဖြင့် နရသူမင်း အကြောင်းတွေကိုသေသေချာချာဖော်ပြသွားတာ ဖတ်ရတာစိတ်ဝင်စားဖို့ကောင်းတယ်။ ဗဟုသုတတွေလည်းရတယ်။
ဖတ်နေရင်ခံစားရတဲ့ Feeling အဆင့်ဆင့်ကို
အာမေဋိတ်တွေနဲ့ဖော်ပြချင်သေးတယ်😂
အော်
ဟမ်
ဟမ်
ဟမ်
ဟယ်
ဟင်း
ဟမ်
ဟမ်
ဟာ
အော်
တော်သေးတာပေါ့
😂😂တောက်လျှောက်ကြီး သိချင်ဇောတွေ တ ဟမ်ဟမ်နဲ့ တက်လာလိုက်တာ နောက်ဆုံးအဆုံးသတ်ကတော့ “တော်သေးတာပေါ့” မို့ တကယ်တော်သေးတာပေါ့။
ပုဂံနဲ့ပတ်သက်တဲ့စာအုပ်တွေဆို Personally တစ်အားကြိုက်ပါတယ်။ ဒီစာအုပ်ကတော့ ပုဂံနဲ့ပတ်သက်နေလို့တစ်ခုတည်းကြောင့်မဟုတ်ဘဲနဲ့ကိုကြိုက်တာပါ။ ဒီစာအုပ်ကိုသာ ပုဂံမှာဖတ်လိုက်ရရင်ဘယ်လောက်များ ခံစားသက်ဝင်လို့ကောင်းလိုက်မလဲ။ ဖတ်နေရင်းတောင် ပုဂံကိုပြေးသွားချင်တယ်။
စာရေးဆရာမကိုတကယ် Appreciate လုပ်ပါတယ်။ သူက စာရေးတာအပြင် ဆရာမလည်းလုပ်သလို Script writer, Filmmaker မို့လို့ပဲလားတော့မသိ ဇာတ်အိမ်တော်တော်မိုက်တယ်။ သူ့စာအုပ်ကိုခုမှဖတ်ဖူးပေမယ့် တစ်ခြားစာအုပ်တွေဖတ်ကြည့်ဖို့ တော်တော်အားတက်သွားပါပြီ….
Highly Recommend💯
#ခေတ်ရှေးညို #နရသူ
06/09/2025
နောက်ပိုင်းကျ ကလောင်အသစ်တွေဆိုရှောင်တော့မယ်။
ဒီစာအုပ်ကိုမနေ့ကပဲ ဝယ်လာတယ်။ အရင်က “ကိုယ်ကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ” ဆိုတဲ့ မယ်ညိုရဲ့စာအုပ် ကိုဖတ်ပြီးထဲက ကလောင်
သစ်တွေဆို လုံးဝမဖတ်ချင်ခဲ့တော့ပေမယ့် အထဲကို အမြည်းလေးဖတ်ကြည့်ပြီး
စာအရေးအသားလေးမဆိုးပါဘူးဆိုပြီး ဝယ်လာတာပဲ။ ဒါပေမယ့်သေချာဖတ်ကြည့်လိုက်တော့ အင်း…..
ဒါဆိုစာအုပ်ရဲ့ ဇာတ်လမ်းကိုစပြီးဝေဖန်ရရင်
- ဇာတ်လမ်းတည်ထားတာ ကောင်းမလိုလိုနဲ့ ဖတ်ရင်းနဲ့ စာအုပ်တစ်ဝက်မှာတင်ဆက်မဖတ်တော့ပဲရပ်လိုက်ပါတော့တယ်။ကိုယ်ကပဲ အခုခေတ် ချစ်ခန်း၊ကြိုက်ခန်းပုံစံတွေကိုမကြိုက်မိလို့လားမသိပေမယ့်၊ ဒီစာအုပ်ထဲမှာပါတဲ့ Online ကနေရည်းစားဖြစ်သွားတာမျိုး၊ မောင်ကိုအရမ်းချစ်ပြပြီး ချစ်တဲ့အကြောင်းတွေကိုပဲ Online စာဖတ်ပရိတ်သတ်အကြိုက်ရေးထားတာမျိူး၊ မန္တလေးသူလိုလို “ကျွန်တော်”သုံးပြီးကာမှ မန္တလေးသူမဟုတ်တာမျိုး၊ သူရေးထားတာ အခုခေတ်ကိုထင်ဟပ်ရေးထားပေမယ့် အခုခေတ်နဲ့ ၁၉၇၀ လောက်ကိုရောချချင်နေတာမျိုးတွေသဘောမကျသလို
- စာအရေးအသားမှာလည်း ဒီလိုပါပဲ။ Online မှာနာမည်ကြီးတဲ့ စာအရေးအသားပုံစံမျိုးတွေလို့ခံစားမိတယ်။ တစ်ခုတော့ချီးကျူးစရာရှိတာက ဒီကလောင်သစ်က စာတော့တော်တော်ဖတ်ပုံရတယ်။သူ့အရေးအသားက Legend စာရေးဆရာ၊ဆရာမကြီးတွေပုံစံ အကွန့်အညွန့်လေးတွေသုံးထားတယ်။ စာအုပ်ထဲမှာထည့်ထားတဲ့ ကဗျာတစ်ချို့၊အကြောင်းအရာတစ်ချို့ကိုကြည့်ရုံနဲ့စာတော်တော်ဖတ်ထားတဲ့ပုံစံမို့တော့ချီးကျူးမိပါတယ်။
စာအုပ်ကို တစ်ဝက်ပဲဖတ်ပြီးရတဲ့ခံစားချက်ပြောပါဆိုရင် ကလောင်သစ်ဆရာမကြိုးစားထားတယ်ဆိုပေမယ့် ဇာတ်လမ်းတည်ဆောက်ပုံမှာရော၊အထဲကအရေးအသားတွေမှာရော တော်တော်အားမရဖြစ်တဲ့ခံစားချက်ရတယ်။
Rating အနေနဲ့ 3.5/10 ပဲပေးချင်တယ်။
Personal ကြိုက်တဲ့ပုံစံက အရင်ခေတ် အရေးအသား၊ အရင်ခေတ်ကိုထင်ဟပ်စေတဲ့ပုံစံတွေ၊ စာအုပ်တစ်အုပ်ဖတ်လိုက်တာနဲ့ အချစ်တွေချည်းမဟုတ်ပဲ အဓိကက အကြောင်းအရာတစ်ခုခုကို သိသွားရတဲ့ပုံစံမျိုး၊ စိတ်ထဲမှာတစ်ခုခုတွေးစရာကျန်တဲ့ပုံစံမျိုးကိုမှ စာအုပ်ကောင်းတစ်အုပ်လို့သတ်မှတ်မိတဲ့ ကိုယ့်စံကပဲမြင့်နေတာလား….
စာဖတ်ပရိတ်သတ်တစ်ယောက်အနေနဲ့ပဲဝေဖန်ကြည့်တာပါ။ သိလို့တတ်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့်သေချာတာတစ်ခုကတော့
ကလောင်သစ်တွေဆို ရှောင်မိတော့မယ်ထင်ပါတယ်…
04/09/2025
နောင်တရမယ်မှန်းသိရက်နဲ့
ဆက်လျှောက်နေရတဲ့လမ်းတွေ ဝေးပါစေတော့ ….
အခု တစ်ရက် - နှစ်ရက်အတွင်း စိတ်အလိုမကျဘူး။ ဒေါသဖြစ်လွယ်တယ်၊ စိတ်မရှည်ဘူး….
ဘာဖြစ်လို့လဲဆိုတာ သေချာပြန်စဉ်းစားကြည့်ရင် အရှိကိုလက်မခံနိုင်တာ
အရှိကို မတင်းတိမ်နိုင်တာဖြစ်နေတယ်။
လက်ရှိ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေအပေါ်မှာ
အားမလိုအားမရဖြစ်တာရော၊
ဖြစ်ချင်တဲ့အရာတွေဖြစ်ခွင့်မရတာကြောင့်ရောပေါ့။
ဖြစ်ချင်တဲ့အရာတွေကို မြိုသိပ်ပြီး
ဖြစ်သင့်တဲ့အရာတွေချည်းပဲလုပ်နေရတော့
လူကမွန်းကြပ်လာရော။
လက်ရှိကိုလက်ခံနိုင်ဖို့ကြိုးစားနေဆဲပဲ
ဒါပေမယ့် အခက်ခဲတွေများလွန်းတော့လည်း
ဒါငါ့ဘဝမှ ဟုတ်ရဲ့လားပေါ့
ဒါတောင် ထမ်းထားရတဲ့တာဝန်တွေဆိုတာ
မရှိနေသေးဘူး။ ကိုယ်ဖြစ်ချင်တာ မဖြစ်ရလို့
လုပ်ချင်တဲ့အရာတွေ မလုပ်ရလို့ စိတ်တိုတာပဲရှိသေး၊
စိတ်မရှည်တာ၊ အလိုမကျတာပဲရှိသေး……
ပိုပိုပြီး အသက်ကြီးလာလို့ ထမ်းထားရတဲ့ တာဝန်တွေသာရှိလာရင် Handle နိုင်ပါစေ….
28/08/2025
ဒီစာအုပ်နဲ့ပတ်သက်ပြီးရေးချင်တဲ့အကြောင်းအရာတွေတအားများနေမိတယ်။ ရေးချင်တာတွေများလို့ ကပေါက်တိ ကပေါက်ချာတွေဖြစ်ကုန်မှာလည်းစိုးတယ်။
အရင်ဆုံး ဆရာမကိုကျေးဇူးတင်ချင်တာတစ်ခုက ဘယ်စာအုပ်ကိုပဲဖတ်လိုက်ဖတ်လိုက်
နယ်ပယ်တစ်ခု၊ အကြောင်းအရာတစ်ခုကို
ထဲထဲဝင်ဝင်ရေးပြထားတယ်။
ဥပမာ တောင်ပြုံးအကြောင်းဘာမှမသိပေမယ့် ပြုံး၍လည်း ကြောင့်သိသွားသလို
ဒီစာအုပ်ကြောင့် မန္တလေးအငြိမ့်သဘင်လောကအကြောင်းကို သေသေချာချာလေးသိလိုက်တယ်လို့ခံစားရတယ်။
နောက်တစ်ချက်ကတော့ ဇာတ်ကောင်တွေကိုပုံဖော်တဲ့နေရာမှာတစ်ခုမှ ဟာကွက်မရှိဘူးလို့ခံစားရတယ်။ Main Character ဖြစ်တဲ့ “ခင်သက်ပိုင်” ကတော့ မိသားစုကဆင်းရဲ၊ ပညာလည်းမတတ်ရှာတော့ သူများနှိပ်တာခံရတယ်။ ငယ်သေးတဲ့အရွယ်မှာ
သူ့စိတ်ထဲကိုသွင်းပေးလိုက်တဲ့စိတ်ဓာတ်တွေက
မကောင်း၊မသန့်ရှင်းတော့ ကြီးတဲ့အထိပြုပြင်လို့မရတော့ဘူး။ တော်တော်ပညာပေးထားတဲ့ Character ပဲ။
နောက်ဆုံးကတော့ စာအုပ်ထဲက လူတွေရဲ့စိတ်ဓာတ်
တစ်ယောက်ကိုတစ်ယောက်ထိုးချရတာ၊ ဘလပ်(တွေ့ချို၊လုပ်ချို) လုပ်ရတာတွေ၊ ဂျောက်ချတာ၊အယုံသွင်းပြီးလိမ်တာ၊ဖောက်ပြန်တာတွေက
အငြိမ့်သဘင်လောကမှာတင် ရှိတာမဟုတ်ဘူးလေ…
ဒီစာအုပ်ကလွန်ခဲ့တဲ့နှစ်(၃၀)နီးပါးကအကြောင်းအရာတွေကိုရေးထားပေမယ့် အခုခေတ်ဖြစ်ပျက်နေတာတွေနဲ့တစ်ထပ်တည်းပဲမို့ တော်တော်လေးသဘောကျမိသလို….
ဒီစာအုပ်ကိုအခုမှ ဒုတိယအကြိမ် ထုတ်ဝေခြင်းပဲရှိသေးတာကိုလည်း အားမလိုအားမရဖြစ်မိတယ်။
ဝယ်ပြီးဖတ်ကြည့်စေချင်ပါတယ်။
Rating 9/10 ပါ။
#နုနုရည်အင်းဝ
#ဗိုလ်ကေတစ်ထောင်မှာတယောက်လောက်တော့စွဲကောင်းပါရဲ့
25/07/2025
“တယ်နိပ်တဲ့ မြာကလေး” ပါလား မေ…..
14/07/2025
crd……
“အလွမ်း၌သာ
ခြေထောက်ပါလျှင်
ခြေရာ ရင်၌ထင်စေသတည်း”
..………………………………………..
ဖော် ကွာ ဝေး - မင်းလူ
Click here to claim your Sponsored Listing.
Culinary Team
Attire
Telephone
Website
Address
Yangon