KIYOI Myanmar

KIYOI Myanmar

Share

Feel pure, Be pure

27/08/2026

🩵 ခရီးသွားရင်းပဲဖြစ်ဖြစ်၊ အပြင်ထွက်တဲ့အခါမှာပဲဖြစ်ဖြစ် မျက်နှာသန့်စင်ဖို့နဲ့ Skincare သုံးဖို့အတွက် အိတ်ဆောင် Cotton Pads လေးတွေက မရှိမဖြစ် လိုအပ်ပါတယ်ရှင့်။

🩵 ခီယိုအိ ရဲ့ အခု (၅၀) ပါ Cotton Pad လေးက သယ်ဆောင်ရလွယ်ကူတာမို့ ပိုက်ဆံအိတ်၊ Skincare Bag အသေးလေးတွေထဲမှာ အလွယ်တကူ ထည့်ယူသွားလို့ရပါတယ်ရှင်။

🩵 နေရာမယူဘဲ အိတ်ထဲအလွယ်တကူ ဆောင်ထားနိုင်လို့ ဘယ်ပဲသွားသွား သန့်ရှင်းကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါနော်။

🩵 အသားအရေပေါ်မှာ နူးညံ့နေတာမို့လို့ မျက်နှာသန့်စင်ချိန်နဲ့ တိုနာ (Toner) လိမ်းချိန်မှာ ခြစ်ရာတွေဖြစ်မှာကို စိုးရိမ်စရာမလိုပါဘူး။

🩵 မိတ်ကပ်ဖျက်တာပဲဖြစ်ဖြစ်၊ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်တာပဲဖြစ်ဖြစ် ခီယိုအိ Cotton Pads လေးနဲ့ဆိုရင် ထိရောက်စွာ သန့်စင်ပေးနိုင်ပါတယ်။

🩵 ခီခီတို့ရဲ့ အိတ်ထဲမှာ အမြဲဆောင်ထားသင့်တဲ့ အိတ်ဆောင် ခီယိုအိ Cotton Pads အခုရေ (50) ပါလေးကို ဝယ်ယူပြီး အမြဲလှပသန့်စင်နေအောင် ဂရုစိုက်လိုက်တော့နော်။
#ခီယိုအိ

26/08/2026

Skincare တဲ့အခါမှာ ခီခီတို့ အသားအရေနဲ့ အကိုက်ညီဆုံး ဂွမ်းဖတ်ကို ရွေးချယ်တတ်ဖို့က အရေးကြီးတယ်နော်။ 𝗞𝗜𝗬𝗢𝗜 𝗖𝗼𝘁𝘁𝗼𝗻 𝗥𝗼𝘂𝗻𝗱𝘀 မှာဆိုရင် ခီခီတို့အတွက် ရွေးချယ်စရာ 𝗦𝗲𝗿𝗶𝗲𝘀 (𝟮) မျိုး ရှိနေပြီဆိုတာ သိပြီးပြီလား..

𝗨𝗹𝘁𝗿𝗮 𝗦𝗼𝗳𝘁 𝗦𝗲𝗿𝗶𝗲𝘀

🩵 အသားအရေခြောက်သွေ့သူတွေနဲ့ Sensitive Skin ပိုင်ရှင်လေးတွေအတွက် အထူးသင့်တော်ပါတယ်။

🩵 ဖွာထွက်ခြင်း လုံးဝမရှိဘဲ Toner ကို အသားအရေထဲထိ နူးညံ့စွာ စိမ့်ဝင်စေပါတယ်။

🩵 ပေါ့ပါးတဲ့ မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ Cleansing Water နဲ့ ညင်သာစွာ သန့်စင်ဖို့ အကောင်းဆုံးပါပဲ။

🩵 အခုအရေအနေနဲ့ (120) ပါအထုပ် နှင့် (80) ပါအထုပ်ဆိုပြီး နှစ်မျိုးရွေးချယ်လို့ရပါတယ်။

𝗗𝘂𝗮𝗹 𝗧𝗲𝘅𝘁𝘂𝗿𝗲 𝗦𝗲𝗿𝗶𝗲𝘀

🩵 အဆီပြန်တတ်သူတွေနဲ့ ဝက်ခြံကြောင့် စိတ်ညစ်နေသူလေးတွေအတွက် ရွေးချယ်သင့်တဲ့ Series ပါ။

🩵 ဇကာကွက်ပါတဲ့ဘက်ခြမ်းနဲ့ Deep Cleansing လုပ်ပြီး၊ ချောမွေ့တဲ့ဘက်ခြမ်းနဲ့ Toner ပြန်လိမ်းမယ်ဆိုရင် မျက်နှာလေး ကြည်လင်နေမှာနော်။

🩵 တစ်နေ့တာလုံး အညစ်အကြေးတွေနဲ့ ထိတွေ့ထားရတဲ့နေ့မျိုးမှာ ဒီ Series လေးက မရှိမဖြစ်ပါပဲ။

🩵 အခုအရေအနေနဲ့ (120) ပါအထုပ် နှင့် (80) ပါအထုပ်ဆိုပြီး နှစ်မျိုးရွေးချယ်လို့ရပါတယ်။

ကဲ... ခီခီတို့ရဲ့ Skincare စားပွဲပေါ်မှာ ဘယ် Series လေးက ပိုနေရာယူထားလဲ?

(𝗔) 𝗨𝗹𝘁𝗿𝗮 𝗦𝗼𝗳𝘁 𝗦𝗲𝗿𝗶𝗲𝘀 လား…

(𝗕) 𝗗𝘂𝗮𝗹 𝗧𝗲𝘅𝘁𝘂𝗿𝗲 𝗦𝗲𝗿𝗶𝗲𝘀 လား?

ဘယ် 𝗦𝗲𝗿𝗶𝗲𝘀 လေးကို သဘောအကျဆုံးလဲဆိုတာ comment မှာ ပြောပြပေးသွားပါဦးနော်…

#အသားအရေဂရုစိုက်မှုခီယိုအိနဲ့အစပြု

26/08/2026

“Daily အတွက်ဆိုလေ Kiyoi နဲ့အိုကေ“ ကံထူးရှင်‌လေးတွေ ထွက်ပေါ်လာပါပြီ။

ကံထူးရှင်လေးတွေအားလုံးလည်း Congratulations ပါရှင်...🎉

နောက်ထပ် Campaign လေးတွေမှာကံထူးရှင်လေးဖြစ်နိုင်တာမို့ ကံထူးရှင်မဖြစ်သွားတဲ့ ခီခီတို့လည်းစိတ်မကောင်းမဖြစ်ပါနဲ့နော်

🩵 အခု Campaign မှာအနိုင်ရသွားတဲ့ ကံထူးရှင်လေးတွေက မင်မင်တို့ KIYOI Myanmar TikTok Chatbox မှာ နာမည်နဲ့ K pay ဖုန်းနံပါတ်လေးကို 29 ရက်နေ့နောက်ဆုံးထားပြီး လာရောက်ပို့ပေးထားရပါမယ်ရှင်။

KIYOI Myanmar TikTok Link 👉https://www.tiktok.com/

ကဲ ဒါဆို ကိုယ့်သူငယ်ချင်းလေးတွေထဲမှာ ကံထူးရှင်လေးတွေပါတယ်ဆို အခုပဲ Mention လိုက်တော့နော်။

25/08/2026

ချစ်ရတဲ့ခီခီတို့ရေ... အိမ်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ Cotton Swab လေးတွေကို ရွေးချယ်တဲ့အခါမှာ ဘယ်အချက်တွေကို ဦးစားပေးလေ့ရှိကြလဲ?

မင်မင်ကတော့ သုံးရတာ ခိုင်ခံ့ဖို့ရယ်၊ သန့်ရှင်းသပ်ရပ်ဖို့ရယ်ကို အဓိကထားပါတယ်။ KIYOI က ထွက်ရှိထားတဲ့ Bamboo Series ဘူးလေးကတော့ အိမ်ရှင်မတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်သူတွေအတွက် အကြိုက်တွေ့စေမှာ အသေအချာပါပဲ။

ဒီဘူးလေးရဲ့ အားသာချက်တွေကတော့...

🩵 ထိပ်ပိုင်းဂွမ်းလေးတွေက ၁၀၀ ရာခိုင်နှုန်း ဂွမ်းစစ်စစ်ဖြစ်လို့ နုနယ်တဲ့ အသားအရေတွေအတွက်လည်း အဆင်ပြေစေပါတယ်။

🩵 ဘူးလေးတွေကို အလွယ်တကူ ထုတ်ယူနိုင်တဲ့ ဒီဇိုင်းပုံစံ ဖန်တီးထားတာမို့ အသုံးပြုရတာ အရမ်းလွယ်ကူပြီး ဖုန်မဝင်အောင်လည်း သပ်သပ်ရပ်ရပ် ပြန်ပိတ်ထားလို့ ရပါတယ်ရှင်။

🩵 ပလတ်စတစ်မသုံးဘဲ ဝါးနဲ့ ပြုလုပ်ထားလို့ သုံးရတာ ခိုင်မာတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေဘူးပေါ့။

🩵 အခုရေ ၁၃၅ ခုတောင် ပါဝင်တာမို့ မိသားစုတိုင်းအတွက် တကယ့်ကို တန်ဖိုးရှိပြီး အသုံးဝင်တာဆိုတော့ အခုပဲ Page Messenger ကနေမှာယူလိုက်တော့နော်။

#135 pcs

24/08/2026

မင်္ဂလာပါ ခီခီတို့ရေ... Skincare ပစ္စည်းတွေ ဝယ်တော့မယ်ဆိုရင် "ကိုယ့်အသားအရေက ဘာအမျိုးအစားလဲ" ဆိုတာကို အရင်ဆုံး သိထားဖို့က အရေးကြီးဆုံးပဲနော်။ အသားအရေ အမျိုးအစားကို သေချာမသိဘဲ သူများညွှန်းလို့ ကောင်းနိုးနိုးနဲ့ လျှောက်သုံးမိရင် ပိုက်ဆံလည်းကုန်၊ အသားအရေလည်း ပျက်စီးတတ်ပါတယ်ရှင်။

ဒီနေ့မှာတော့ ခီခီတို့ ကိုယ့်ရဲ့ Skin Type ကို လွယ်လွယ်ကူကူ ခွဲခြားသိရှိနိုင်ဖို့ ရှင်းပြပေးမယ်နော်။ မင်မင်နဲ့တူတူဆန်းစစ်ကြည့်ရအောင်။

1️⃣ အဆီပြန်တတ်တဲ့အသားအရေ (Oily Skin)

မျက်နှာသစ်ပြီး နာရီဝက်/တစ်နာရီလောက်နေတာနဲ့ တီဇုန် (နဖူး၊ နှာခေါင်း၊ မေးစေ့) တင်မကဘဲ ပါးပြင်တွေအထိပါ အဆီတွေ ပြန်လာတတ်လားဟင်။ ချွေးပေါက်ကျယ်တာ၊ ဝက်ခြံနဲ့ ဆားဝက်ခြံ ခဏခဏထွက်တာမျိုး ဖြစ်တတ်ရင်တော့ ခီခီတို့က အဆီပြန်တဲ့အသားအရေ ပိုင်ရှင်လေးတွေပါ။

2️⃣ ခြောက်သွေ့တဲ့အသားအရေ (Dry Skin)

မျက်နှာသစ်ပြီးတာနဲ့ အသားတွေ တင်းကျပ်ပြီး ခြောက်ကပ်သွားတာ၊ အသားပတ်သလို အဖတ်လေးတွေ လန်တာ ဒါဆိုရင်တော့ အစိုဓာတ်ခမ်းခြောက်ပြီး အရေးအကြောင်းဖြစ်လွယ်တဲ့ Dry Skin အမျိုးအစား ဖြစ်ပါတယ်ရှင်။

3️⃣ ပေါင်းစပ်အသားအရေ (Combination Skin)

ဒီအမျိုးအစားကတော့ နဖူးနဲ့ နှာခေါင်း (T-Zone) တစ်ဝိုက်ပဲ အဆီပြန်ပြီး၊ ပါးပြင်နှစ်ဖက်နဲ့ မေးစေ့တစ်ဝိုက်ကတော့ ခြောက်သွေ့နေတာမျိုးပါ။ မျက်နှာပေါ်မှာ နေရာကွက်ပြီး အဆီပြန်တာနဲ့ ခြောက်သွေ့တာ တွဲနေတတ်ပါတယ်နော်။

4️⃣ ထိခိုက်လွယ်တဲ့အသားအရေ (Sensitive Skin)

ရာသီဥတုအပြောင်းအလဲဖြစ်ရင်ဖြစ်စေ၊ Skincare တစ်ခုခု အသစ်ပြောင်းသုံးလိုက်ရင်ဖြစ်စေ မျက်နှာက ချက်ချင်းနီမြန်းလာတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားယံတာမျိုးတွေ ချက်ချင်းပြတတ်တဲ့ အသားအရေမျိုး ဖြစ်ပါတယ်။ ဘာသုံးသုံး မတည့်တာမျိုး ကြုံရတတ်လို့ ဂရုအစိုက်ရဆုံးပါပဲ။

ကဲ... ခီခီတို့ရော အပေါ်ကအချက်တွေအရ ဘယ် Skin Type အမျိုးအစားထဲမှာ ပါဝင်နေလဲဆိုတာ comment မှာ ပြောပြခဲ့ဦးနော်။ 👇

#ခီယိုအိ

24/08/2026

𝟱𝟬,𝟬𝟬𝟬 𝗞𝘀 နှင့်အထက်ဝယ်ရုံနဲ့ 𝟭𝟱% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 ရရှိမယ့် 𝗖𝗼𝘂𝗽𝗼𝗻 ခံစားခွင့်လေးကို မမေ့နဲ့ဦးနော်...

🩵 𝗧𝗵𝗶𝗻𝗴𝘆𝗮𝗻 𝗚𝗹𝗼𝘄 𝗕𝗹𝗶𝗻𝗱 𝗕𝗼𝘅 တုန်းက ဝယ်ယူသူအားလုံးအတွက် 𝟭𝟱% 𝗢𝗳𝗳 𝗖𝗼𝘂𝗽𝗼𝗻 𝗖𝗮𝗿𝗱 လေး ဘူးထဲမှာ ထည့်ပေးထားတယ်နော်..

🩵 ဒီ Coupon လေးနဲ့ 𝗞𝗜𝗬𝗢𝗜 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗣𝗮𝗴𝗲 မှာ 𝟱𝟬,𝟬𝟬𝟬 ကျပ်ဖိုး ဝယ်ယူရင် 𝟭𝟱% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 ရမှာဖြစ်လို့ မသိလိုက်ရမရှိလေအောင် သတိလေး လာပေးတာပါရှင့်။

🩵 𝗖𝗼𝘂𝗽𝗼𝗻 လေးကို 𝟮𝟬𝟮𝟲 𝗗𝗲𝗰 လကုန်အထိသာ အသုံပြုလို့ ရမှာဖြစ်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့ 𝗞𝗜𝗬𝗢𝗜 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 လေးတွေကို 50,000 ဖိုးပြည့်အောင် အခုပဲ 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁 𝗯𝗼𝘅 မှာအော်ဒါလာတင်လိုက်တော့နော်....

🩵ဒါနဲ့ 𝗖𝗼𝘂𝗽𝗼𝗻 လေးကိုတော့ တစ်ကြိမ်သာ အသုံးပြုခွင့်ရှိပါတယ်နော်...

#15%OffCoupon

23/08/2026

ဟယ်လို ချစ်ရတဲ့ ခီခီလေးတို့ရေ Skincare လုပ်တဲ့အခါမှာရော၊ မျက်နှာသန့်စင်တဲ့အခါမှာပါ ကိုယ့်ရဲ့ အသားအရေလိုအပ်ချက်အလိုက် စိတ်ကြိုက်အသုံးပြုချင်တယ်ဆိုရင်တော့... ခီယိုအိရဲ့ Dual Texture Cotton Round (120 Pcs) လေးက အရမ်းကောင်းပါတယ်နော်။

🩵 မျက်နှာပြင်နှစ်မျိုးပါရှိလို့ တစ်ခါတည်းနဲ့ ပြီးပြည့်စုံတဲ့ သန့်စင်မှုကို ပေးစွမ်းနိုင်ပါတယ်ရှင့်။ Smooth Side က မျက်နှာပေါ်က အဆီအအိမ့်နဲ့ အညစ်အကြေးတွေကို ညင်သာစွာ သန့်စင်ပေးပြီး၊

🩵 Grid Side ကတော့ Toner, Essence သို့မဟုတ် Exfoliating ပစ္စည်းတွေ သုံးတဲ့အခါ အသားအရေထဲကို ပိုမိုစိမ့်ဝင်အားကောင်းစေကာ ဆဲလ်အသေတွေကို ဖယ်ရှားပေးဖို့အတွက် အထူးဒီဇိုင်းထုတ်ပေးထားပါတယ်။

🩵 သန့်စင်ပြီးသား အရည်အသွေးမြင့် ချည်သားစစ်စစ်ကို အသုံးပြုထားတာကြောင့် အမွှေးအမျှင်ထွက်တာမျိုး လုံးဝမရှိဘဲ Sensitive Skin ပိုင်ရှင်တွေပါ စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်ရှင့်။ အိမ်မှာပဲသုံးသုံး၊ ခရီးသွားတဲ့အခါ အလွယ်တကူ သယ်ဆောင်သွားလို့ရမှာပါနော်။

🩵 နေ့စဉ် Skincare Routine မှာ ပိုမိုထိရောက်ပြီး သန့်စင်လှပတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် Dual Texture Cotton Round (120 Pcs) လေးကို ရွေးချယ်လိုက်ပါ။ ပြီးပြည့်စုံတဲ့ နူးညံ့သန့်စင်မှုကို တစ်ပြိုင်နက်တည်း ရရှိစေမှာအမှန်ပါပဲရှင်။

#ခီယိုအိ

22/08/2026

ကိုယ့်ရဲ့ မျက်နှာကို အသေးစိတ်ကအစ ဂရုစိုက်ကြတဲ့ ခီခီတို့ရေ... အခြား Cotton Pad တွေကို ဘေးဖယ်ပြီး KIYOI Cotton Pad (100) Pcs ကိုမှ စွဲစွဲမြဲမြဲ သုံးစွဲသင့်တဲ့ အကြောင်းအရင်းလေးတွေကိုဝေမျှပေးသွားမှာပါရှင့်။

🩵 ၁၀၀% ဝါဂွမ်းစစ်စစ်နဲ့သာ ပြုလုပ်ထားလို့ အလွန်နူးညံ့ပြီး Sensitive Skin ပိုင်ရှင်လေးတွေပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

🩵 မျက်နှာပြင်နှစ်မျိုးပါဝင်တဲ့ Dual Texture Series

🩵 Grid Side (ဇကာကွက်မျက်နှာပြင်): မိတ်ကပ် အကြွင်းအကျန်နဲ့ အညစ်အကြေးတွေကို လွယ်ကူစွာ သန့်စင်ပေးနိုင်ပါတယ်။

🩵 Smooth Side (မျက်နှာပြင်ချော): Toner နဲ့ Skincare တွေကိုအသားအရေထဲ စိမ့်ဝင်အောင် လိမ်းတဲ့အခါမှာ Skin Barrier ကို မခြစ်မိစေဘဲ နူးညံ့တဲ့ခံစားမှုကိုရရှိစေပါတယ်။

🩵 အသားအရေ ထိခိုက်မှာကို စိုးရိမ်စရာမလိုဘဲ စိတ်ချက်လက်ချ အသုံးပြုနိုင်ဖို့အတွက် KIYOI Cotton Pad (100 Pcs) လေးကို အခုပဲ Page Chat Box မှာ အော်ဒါ မှာယူလိုက်တော့နော်..

21/08/2026

ဩဂုတ်လ 𝗪𝗲𝗲𝗸 (𝟯) ရဲ့ 𝗣𝗼𝗰𝗸𝗲𝘁 𝗠𝗼𝗻𝗲𝘆 ပေးမယ့် ခီယိုအိရဲ့ 𝗛𝗮𝗽𝗽𝘆 𝗙𝗿𝗶𝗱𝗮𝘆 ကိုရောက်ရှိလာခဲ့ပါပြီနော်...

မေးခွန်းလေးကို 𝗞𝗶𝘆𝗼𝗶 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗩𝗶𝗯𝗲𝗿 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 မှာ ဖြေဆိုပေးရမှာ ဖြစ်ပါတယ်။

𝗩𝗶𝗯𝗲𝗿 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 မှာ ဖြေဆိုရမယ့် မေးခွန်းလေးကတော့...

𝗤: Cotton Swabs (120) Pcs ရဲ့ အစွန်းနှစ်ဖက်မှာ တစ်ဖက်က Round Tips ဖြစ်ပြီး ကျန်တစ်ဖက်ကို ပြောပြပေးရမှာပါ။

မှတ်ချက် - 𝗞𝗶𝘆𝗼𝗶 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗩𝗶𝗯𝗲𝗿 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 ရဲ့သက်ဆိုင်ရာ 𝗽𝗼𝘀𝘁 အောက်မှာသာ ဖြေဆိုပေးရမည်ဖြစ်ပါသည်။ 𝗩𝗶𝗯𝗲𝗿 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 တွင် ဖြေဆိုပေးမည့်သူများသာ အကျုံးဝင်ပါသည်။
&A

20/08/2026

နားထဲယားလို့ဖြစ်ဖြစ်၊ မိတ်ကပ်ပြင်ရင်း လိုင်းလေးတွေ စောင်းသွားလို့ဖြစ်ဖြစ် Cotton Swab လေးတွေကမရှိမဖြစ်လိုအပ်တယ်နော်။

🩵 ခီခီတို့ အိမ်မှာ သုံးနေကျ Cotton Swab တွေ ကအဝိုင်းထိပ်ပုံစံတွေပဲရှိတယ်ဆိုရင် အရမ်းခေတ်နောက်ကျနေတာမို့...

🩵 Kiyoi ကအသစ်ထွက်ထားတဲ့ 2 way သုံးလို့ရတဲ့ Cotton Swab လေးဆို ခီခီတို့အကြိုက်တွေ့စေမှာအသေအချာပါပဲနော်။

🩵 Round Tip + Spiral Tip နှစ်ဖက်ပါ Cotton Swab ‌လေးကို ဘယ်လိုသုံးမလဲဆိုတော့...

🩵 Spiral Tip

ဂွမ်းထိပ်လေးကရိုးရိုးအဝိုင်းမဟုတ်ဘဲ ခရုပတ်ပုံစံ လိမ်ခွေလေးမို့ နားသန့်ရှင်းရေးလုပ်တဲ့အခါမျိုးမှာ အညစ်အကြေးတွေကို အထဲကို ပိုတွန်းမထည့်မိစေဘဲ၊ တစ်ချက်တည်းနဲ့တင် လိမ်ခွေကြောင်းလေးတွေကြားထဲ ကပ်ပါလာအောင် လွယ်လွယ်ကူကူ ဆွဲထုတ်ပေးနိုင်တာကြောင့် ဖုန်မှုန့်လေးတွေ ဖယ်ရှားဖို့အတွက် အကောင်းဆုံးပဲပေါ့။

🩵 Round Tip

တကယ့်ကို နူးညံ့အိစက်နေတဲ့ အဝိုင်းပုံစံ Tip လေးဖြစ်လို့ Eyeliner ဆွဲရတာ လက်လွန်သွားတာပဲဖြစ်ဖြစ်၊ နှုတ်ခမ်းနီဘောင်ကျော်သွားတာပဲဖြစ်ဖြစ် တိတိကျကျနဲ့ အသားမနာအောင် တို့ဖျက်ပေးဖို့ အဆင်ပြေဆုံးပဲ။ ဝက်ခြံဆေးတို့၊ ခရင်မ်တို့ ထည့်တဲ့အခါမျိုးမှာလည်း သန့်ရှင်းစိတ်ချရအောင် သုံးလို့ရသေးတယ်နော်။

🩵 ဒီ Cotton Swab လေးက အပြင်ပန်းကြည့်ရင် Plastic ရိုးတံတွေနဲ့ တူပေမယ့် တကယ်တမ်းကျ Paper Stick (စက္ကူရိုးတံ) နဲ့ ပြုလုပ်ထားတာမို့ တစ်ဘူးတည်း ဝယ်ထားရုံနဲ့ နားသန့်ရှင်းရေးအတွက်ရော၊ မိတ်ကပ်ပြင်ဖို့အတွက်ပါအန္တရာယ်ကင်းကင်း သုံးလို့ရတဲ့အပြင် ကမ္ဘာမြေကြီးကိုပါ ကာကွယ်ပေးရာရောက်တဲ့ 2-in-1 Cotton Swab လေးကိုအခုပဲဝယ်ဆောင်ထားလိုက်တော့နော်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No 423, 33 Qtr , Sanyarsan Road, North Dagon
Yangon
11421

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00