Dora May May
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dora May May, Health/Beauty, north okkalapa, Yangon.
05/09/2022
အရင်ကဆို လှီးတဲ့အချိန်ပဲ
မျက်ရည်ကျရတာ🥴🥴🥴
ခုဆို ဝယ်တဲ့အချိန်ပါ မျက်ရည်ကျနေရပြီ
😬😬😬
Credit #
ဘယ်လိုလေးတွေ ချွေတာကြမယ်ဆိုတာလေးတွေကို sharing လုပ်ပေးမယ်ရှင်🤗
28/08/2022
💦🌧️Me...မိုးလေးကတစိမ့်စိမ့်လေးရွာပြီး အေးနေတော့ ကော်ဖီတစ်ခွက်နဲ့ ငြိမ့်နေရကောင်းသား(အရင်က တော့ coffeeလေးတစ်ခွက်နဲ့ ဟိုလွမ်းဒီလွမ်းပေါ့လေ🤭)
👋 ဖြန်း.....ဖြန်းးးးး
☕Coffee တစ်ထုပ်ဘယ်လောက်ဖြစ်နေပြီလဲ။နေ့တိုင်းကော်ဖီသောက်နိုင်ဖို့တောင် ဆုတောင်းထားတော့ (ကိုယ့်ဘာသာဆုံးမတာပါ။ခုလည်းကော်ဖီကိုမဖြတ်ရက်ပေမယ့်တဖြည်းဖြည်းဖြတ်နေပါပြီ😔 ထပ်တက်ဖို့ပဲရှိတယ်လေ)
ကော်ဖီလေးလျော့သောက်ပြီ ချွေတာကြမယ်လေ
လာမည့် (၃)နှစ်အတွင်း
၁။ ခြိုးခြံချွေတာပြီး ရွှေ ငွေတို့ကို တတ်နိုင်သလောက် စုဆောင်းထားပါ။
၂။ မိမိကျွမ်းကျင်တဲ့ အလုပ်ကိုဘဲ စွဲစွဲမြဲမြဲ အခြေမပျက်လုပ်ပါ။ ထူးချွန်အောင် ကြိုးစားရင်း အခွင့်အလမ်းကောင်း တွေ့တာ သေချာမှ သတ္တိရှိရှိနဲ့ စွန့်စားပါ။
၃။ အချိန်ရရင် ရသလို ဝါသနာပါရာ၊ အလုပ်နဲ့ ဆက်စပ်ရာ တခုခုကို တိုးတက်ဖို့ သင်ယူပါ။ online က သင်ကြားတတ်အောင် အလေ့အကျင့် လုပ်ထားပါ။ Youtube မှာ မြန်မာလို သင်ပေးတာတွေ မျိုးစုံ ရှိနေပါပြီ။ မြန်မာလို ရိုက်ပြီး ရှာလို့တောင် ရနေပါပြီ။
၄။ မိတ်ဆွေကောင်း ရှာပါ၊ ကပ်ဘေးဖြစ်နေတော့ မိတ်ဆွေကောင်း မိတ်ဆွေစစ်ရှာဖို့ အကောင်းဆုံး အချိန်ပါ။ ဆရာတင်လို့ ရတဲ့သူ ဆရာတင်ပါ။ တပည့်မွေးလို့ရလောက်သူကို တပည့်မွေးပါ။
၅။ မလိုအပ်ဘဲ လျှောက်မဖြုန်းပါနဲ့။ တခုခု ဝယ်ခါနီး သုံးခါနီး မဝယ် မသုံးဘဲရသလား၊ အစားထိုးသုံးလို့ ရသလား၊ လျော့စားလို့ ရသလား စဉ်းစားကြည့်ပါ။ ရရင် ချွေတာလိုက်ပါ။
၆။ မိမိကိုယ်ကို နှိမ့်ချပါ။ ဂုဏ်တု ဂုဏ်ပြိုင် မလုပ်ပါနဲ့ ကုန်ကျစားရိတ်နဲပြီး အန္တရာယ်ကင်းပါတယ်။ ကြွားဝါပြီး ဂုဏ်တုဂုဏ်ပြိုင်ရင်း အကုန်အကျများပြီး အခုလို အချိန်မှာ အန္တရာယ်ရှိပါတယ်။
၇။ အလုပ်နဲ့ ပတ်သက်ပြီး အားနာတာမျိုးကို ရှောင်ပါ။ အလုပ်နဲ့ ပတ်သက်တာကို ဆုံးဖြတ်တဲ့အခါ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်တာထက် အချက်အလက်နဲ့ ဆုံးဖြတ်ပါ။
၈။ သတင်းများများကြည့်ပါ။ လေ့လာမှုတွေ ပိုလုပ်ပါ။
၉။ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ။ တတ်နိုင်သလောက် ပြည်တွင်းက ထွက်တဲ့ သဘာဝ အသီးအနှံတို့စားပါ။ ပြည်တွင်းဖြစ်ပစ္စည်း သုံးဖို့ ဝန်မလေးပါနဲ့။ တာရှည်ခံပြုပြင်ထားတဲ့ အစားအစာ ရှောင်ပါ။ ရေသန့်၊ သန့်ရှင်းတဲ့ ရိုးရိုးရေ၊ ကြိုချက်ထားတဲ့ ရေသောက်ခြင်းဟာ အချိုရည်၊ အုန်းရည်အပါအဝင် သစ်သီးဖျော်ရည်၊ အဖျော်မကာရေ တခုခုသောက်ခြင်းထက် ကျန်းမာရေးနဲ့ ပိုညီညွှတ်တော့ ရိုးရိုးရေ သောက်တတ်ဖို့ အလေ့အကျင့် လုပ်ထားပါ။
၁၀။ မိသားစုကို အချိန်ပေးပါ။ တွေ့ချင်တဲ့အခါတွေ့လို့ရပြီး မတွေ့ချင်တဲ့အခါ မတွေ့ရတဲ့ မိတ်ဆွေမျိုး ရှာပေါင်းပါ။ ကူညီလို့ ရပေမဲ့ မှီချမဲ့သူကို ရှောင်ပါ။
၁၁။ ငွေ မချေးပေးရ။ တတ်နိုင်ရင် တခါတည်း အပြီးပေးလိုက်ပါ။
၁၂။ ရစရာ ရှိတာဘဲလို့ ယူဆပြီး အိမ်တွေ၊ ကားတွေကို အကြွေးနဲ့ မဝယ်ပါနဲ့။
၁၃။ လုပ်ငန်းသစ်ကို အစမ်းလုပ်မကြည့်ဘဲ မတည်ထောင်ပါနှင့်။ ရင်းနှီးမြှုပ်နှံမှုတွေလဲ တနိုင်တပိုင်ဘဲ လုပ်ပါ။ အလုပ်တို့ ဘဝရည်မှန်းချင်တို့ reform and restructure ထိန်းသိမ်း ကိုင်တွယ်လို့ ကောင်းအောင် ပြုပြင်ပြောင်းလဲတာမျိုး လုပ်ပါ။ ကြီးထွားအောင် ချဲ့ထွင်တာထက် နိုင်နိုင်နင်းနင်း ကိုင်တွယ်လို့ ကောင်းအောင် လုပ်တာပါ။
၁၄။ စားလို့ မကုန်ပါဘူး၊ မှားလို့ ကုန်နိုင်ပါတယ်။ ရှေ့ရောက်ဖို့ထက် နောက်ရောက်မသွားဖို့ ပိုအရေးကြီးပါတယ်။
၁၅။ လူတိုင်း ဆုံးရှုံးနေတဲ့ အချိန်ဖြစ်နေတော့ အဖတ်ဆယ်နိုင်တဲ့သူ သာသွားမှာပါ။
၁၆။ ကိုယ့်ဖာသာကိုယ်ဆိုရင်တောင် တော်တော် သေချာနေရင်တောင် အရမ်း မမျှော်လင့်ထားပါနဲ့ ။ ဒီနေ့ Hero မနက်ဖန် Zero ဖြစ်သွားနိုင်ပါတယ်။ မိဘ သားသမီး၊ ဆရာ တပည့်၊ ညီအကို မောင်နှမ ၊ ဆွေမျိုး၊ မိတ်ဆွေ၊ သမီးရီးစား၊ လင်မယား ဆိုတာမျိုးတွေက ပိုဆိုး။ ဘာမှ မသေချာတော့ပါဘူး။
၁၇။ တရားထိုင်တာတို့ မိမိယုံကြည်ရာ ဘာသာအတိုင်း ကျင့်ကြံတာတို့ လုပ်သင့်ပါတယ်။
တွေးမိတွေးရာပါ။
Tin Sein ဆေး ၁
Click here to claim your Sponsored Listing.
Category
Website
Address
North Okkalapa
Yangon