Cassie's Skincare

Cassie's Skincare

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cassie's Skincare, Health/Beauty, Yangon.

06/05/2023

မြန်မာမလေးတို့အကြိုက် သနပ်ခါးအနှစ်လေးမှ ထုတ်လုပ်ထားတဲ့ Thanakha Moisturizing Lotion
လေးအကြောင်း ပြောပြပေးပါမယ်ရှင့် ..

(၄) Thanakha Moisturizing Lotion

အသားအရေအတွက် Cassie တို့တွေ ခေါတ်အဆက်ဆက်ယနေ့ထက်တိုင် လက်စွဲသုံးကြတဲ့ မြန်မာ့သနပ်ခါးကို အခုအခါ နိုင်ငံတကာမှာလည်း ပုံစံအမျိုးမျိုးနဲ့ skincare ပစ္စည်းတွေထုတ်လုပ်သုံးစွဲလာကြပါပြီ။ မြန်မာ့သနပ်ခါးရဲ့အကျိုးကျေးဇူးတွေကိုသိရှိပြီး အရင်ထဲကတန်ဖိုးထားသုံးစွဲကြသူတိုင်းအတွက် ရိုးရာမပျက် Thanakha Moisturizing Lotion လေးကိုလည်း ထုတ်လုပ်ထားပါတယ်ရှင့်။

နေပူပူထဲသွားရလို့ သနပ်ခါးထူထူတွေလိမ်းသွားရတဲ့ခေါတ်ကုန်သွားတဲ့အခါ Cassie ရဲ့ Thanakha Lotion လေးက သနပ်ခါးရဲ့ကောင်းကျိုးတွေလည်းပါဝင်နေတယ်. အချိန်ပေးပြီး တစ်နေ့တစ်နေ့သွေးနေစရာလည်း မလိုတော့တာမို့ သနပ်ခါးချစ်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုလေးပါဘဲနော်။

သနပ်ခါးအနှစ်လေးသွေးလိမ်းထားသလို နေရောင်ခြည်ဒဏ်လည်းကာကွယ်ပေးမယ်၊ လေပူတွေကြောင့်အသားခြောက်ခြင်းတွေ သက်သာစေမယ်၊ အသားအရောင်လေး ကို ဝင်းဝင်းလေးနဲ့လင်းလင်းလေးလည်းဖြစ်စေတယ်။

နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေမှာဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်ဆည်းပေးတာကြောင့် အသားလေးအေးမြပြီး စိုပြေနုပျိုမှုကိုလည်း ရရှိခံစားရစေမယ်။

ကဲ … ဒါဆိုရင် သနပ်ခါးချစ်သူလေးတို့အတွက် လိုအပ်ချက်တွေအားလုံးပြည့်စုံနေတာမို့ ဘာလိုသေးလဲရှင့် ။

Cassie’s Thanakha Moisturizing Lotion လေးသာြမန်မြန်လိမ်းကြည့်လိုက်တော့နော်။

05/05/2023

Cassie’s Skincare ကထုတ်လုပ်ထားတဲ့ နံ့သာဖြူ Sandalwood Moisturizing Lotion လေးက ချစ်မမတို့အကြိုက်တွေထဲက တစ်ခုပေါ့နော် ..

(၃) Sandalwood Moisturizing Lotion

သူလေးကတော့ Cassie တို့ရဲ့ ဘိုးဘွားတွေလက်ထက်ထဲက အိမ်တိုင်းမှာတန်ဖိုးထားသုံးစွဲလေ့ရှိခဲ့တဲ့ နံ့သာတစ်ပါးဖြစ်တဲ့ နံ့သာဖြူရဲ့အနှစ်ကို အဓိကထည့်သွင်းထုတ်လုပ်ထားသော ရေဓာတ်ဖြည့် Lotion လေးဘဲဖြစ်ပါတယ်ရှင့်။

အသားအရေနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိနေလို့လည်း နံ့သာဖြူကို အစဉ်အဆက် လက်စွဲထားသုံးစွဲခဲ့ကြပါတယ်။ ဒီလို အိမ်တိုင်းဆောင်ထားတတ်တဲ့ နံ့သာဖြူလေးကို Lotion လေးအဖြစ်ထုတ်လုပ်ထားပြီဆိုမှတော့ ကလေးကစ လူကြီးအထိ အသုံးဝင်နှစ်သက်ကြမှာ အသေချာပါဘဲနော်။

ဒီ Lotion လေးမှာ နံ့သာဖြူရဲ့ antioxidants ကြွယ်ဝစွာပါဝင်ခြင်းအစွမ်းကြောင့် အသားအရေ နုပျိုကြည်လင်စေပြီး ပုံမှန်သုံးစွဲပေးခြင်းဖြင့် အရေပြားခြောက်ကပ်ကပ်ဖြစ်တာတွေနဲ့ အသားအရေကြမ်းတမ်းခြင်းတွေကိုပါ သက်သာပျောက်ကင်းစေတာကြောင့် နူးညံ့စိုပြေသောအသားအရေလေးပိုင်ဆိုင်လာမှာဘဲဖြစ်ပါတယ်။

အရေးအကြောင်းဖြစ်ပေါ်ခြင်းကို သက်သာစေခြင်းကြောင့်လည်း သဘာဝအတိုင်း နုပျိုနေသော အသားအရေလေးကြည်ကြည်လေးဖြစ်လာအောင် ကူညီပေးမယ့်သူလေးဘဲဖြစ်ပါတယ်ရှင့်။

သူ့ရဲ့ လူကြိုက်များတဲ့ သဘာဝနံ့သာဖြူအနှစ်ရနံ့လေးက တစ်ခါလိမ်းထားရုံနဲ့ တစ်နေကုန်စွဲနေစေပြီး တစ်ယောက်လိမ်းထားတာနဲ့ တစ်အိမ်လုံး အနံ့လေးသင်းနေစေမှာပါနော်။

Sandalwood Lotion လေးရဲ့ နံ့သာနံ့သင်းပျံ့ပျံ့လေးက စိတ်ရောကိုယ်ပါ နွမ်းနယ်မှုတွေလျော့ပါးစေပါတယ်။ အိပ်စက်အနားယူတဲ့အချိန်လေးမှာလည်း သက်တောင့်သက်သာဖြစ်စေပြီး စိတ်ကြည်ကြည်လင်လင်လေးနဲ့ အိပ်ပျော်သွားစေတာကြောင့် အနားယူချိန်မှာလိမ်းထားသင့်တဲ့ Lotion လေးတစ်မျိုးဆိုလည်း ဟုတ်ပါတယ်နော်။

လူကြီးသူမတွေအကြိုက်တွေ့ကြတဲ့ သန့်စင်တဲ့အနံ့လေးဖြစ်သလို အိမ်ခန်း ရုံးခန်း ဘုရားခန်းစတဲ့နေရာတွေမှာပါ နံ့သာဖြူနံ့လေးမွှေးပျံ့နေအောင်လည်း အသုံးပြုနိုင်ပါသေးတယ်ရှင့်။

04/05/2023

ဒီpost လေးမှာတော့ Cassie’s Skincare Products တွေထဲက Neem Moisturizing Lotion လေးကို ဘယ်သူတွေသုံးသင့်တယ်. ဘာကြောင့်သုံးသင့်တယ်ဆိုတာလေးကို ရှင်းပြပေးထားပါတယ်ရှင့်..

(၂) Neem Moisturizing Lotion

သဘာဝရဲ့ လက်ဆောင်မွန်တစ်ခုဖြစ်တဲ့ “တမာ”ရဲ့ ဆေးဘက်ဝင်အာနိသင်တွေဟာ အသားအရေကောင်းခြင်းအတွက် အသုံးဝင်တဲ့လျှို့ဝှက်ချက်တွေထဲကတစ်ခုဘဲဖြစ်ပါတယ်နော်။ ဒီလိုအစွမ်းထက်လှတဲ့ တမာရွက်လေးတွေရဲ့အနှစ်ကိုအခြေခံပြီး ထည့်သွင်းထုတ်လုပ်ထားတဲ့ Neem Lotion လေးက ချစ်တို့ရဲ့အသားအရေကို ကောင်းသည်ထက်ပိုကောင်းစေမှာပါ။
ဘာတွေဘယ်လိုကောင်းလဲဆိုရင်တော့ Moistruizing Lotion လေးဖြစ်တဲ့အတွက် အသားအရေအတွက်လိုအပ်သောရေဓာတ်ပမာဏကိုလည်း အပြည့်အဝဖြည့်ဆည်းပေးမယ်။ Vitamin E ပါဝင်မှုကလည်း ကျန်းမာတင်းရင်းတဲ့ရလဒ်ကောင်းလေးတွေရလာစေမယ်။

ဒါတွေအပြင် ဆေးဘက်ဝင်“တမာ”ပါဝင်တဲ့ အာနိသင်ကြောင့် အရေပြားပေါ်မှာရှိတတ်တဲ့ အမဲစက်လေးတွေ အမာရွတ်ရာလေးတွေကို လျော့ပါးသွားစေခြင်း၊ အရေပြားအတွင်းပိုင်းမှ Collagen ထုတ်လုပ်မှုကို အထောက်အပံ့ပေးခြင်းနဲ့ အရေပြားရောင်ရမ်းခြင်းတွေကို သက်သာစေခြင်းစတဲ့ အကျိုးထူးလေးတွေပါ ရရှိစေမှာပါရှင့်။

ဒါကြောင့် အသားအရေအရောင်မညီတဲ့သူတွေ အမဲစက်အမာရွတ်လေးတွေဖြစ်တတ်တဲ့သူတွေ အရေပြားအလွယ်တကူယားယံတတ်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့ ရေဓာတ်ဖြည့် Lotion လေးဖြစ်ပါတယ်နော်။

Neem ရဲ့ သင်းပျံ့တဲ့ ရနံ့မွှေးမွှေးလေးကလည်း လိမ်းပြီးရင်းလိမ်းချင်နေစေမယ့် ချစ်စရာအနံ့အမျိုးအစားလေးမို့ သုံးဖူးသူတွေရဲ့ အကြိုက်တွေ့မှုကို အမြဲရရှိထားသူလေးဘဲဖြစ်ပါတယ်ရှင့်။

03/05/2023

Cassie’s ချစ်သူတို့ရေ
အလှအပကို မြတ်နိုးတန်ဖိုးထားတဲ့ ချစ်တို့အတွက် အသားအရေကောင်းခြင်းဆိုတာလည်း လိုအပ်ချက်တစ်ခုဘဲလေနော်..

ဒီလိုအပ်ချက်လေးပြည့်စုံစေဖို့အတွက် သဘာဝပစ္စည်းကောင်းလေးတွေကိုဘဲ အဓိကထည့်သွင်းထုတ်လုပ်ထားတဲ့ Cassie’s Skincare Products လေးတွေက အသင့်ရှိနေပါပြီရှင့်

ဒီတစ်ခါမှာတော့ Cassie’s Skincare Products တွေထဲက Moisturizing Lotion လေးတွေ တစ်ခုချင်းစီအကြောင်းကိုရှင်းပြပေးမယ်နော်..

(၁) Peach Moisturizing Lotion
ပန်းနုရောင် Peach လေးကတော့ Cassie’s Lotion လေးတွေရဲ့ထုံးစံအတိုင်း အသားအရေအတွက်လိုအပ်သော ရေဓာတ်ဖြည့်ပေးခြင်းနှင့် Vitamin E တို့ရဲ့ အစွမ်းတွေကို ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်စေ ပတ်ဝန်းကျင်လေထုကြောင့်ဖြစ်စေ ကိုယ့်အသားအရေ ပိုမိုအိုမင်းရင့်ရော်လာစေခြင်းကို ထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။

အသားအရေအတွက် လိုအပ်သော အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေလေးကို တင်းရင်းပြီး ကျန်းမာနေစေမှာပါရှင့်။ ပုံမှန်သုံးပေးခြင်းအားဖြင့် နုအိစိုပြေသော အသားလေးကို ပိုင်ဆိုင်ရပြီး ချစ်တို့ရဲ့ အသားအရေ ကြည်လင်နုပျိုမှုလေးကို ထိန်းသိမ်းပေးထားမှာပါနော်။

သူ့ရဲ့လူငယ်ကြိုက်လတ်ဆတ်တဲ့ရနံ့လေးကြောင့်လည်း လိမ်းပြီးတာနဲ့ ပင်ပန်းမှုတွေပျောက် လန်းဆန်းမှုတွေ ကိုယ့်ဆီရောက်လာစေသူလေးပါရှင့်။ သူလေးကတော့ လိမ်းလိုက်တိုင်းအေးမြတဲ့ခံစားမှုလေးရယ် စိတ်ကျေနပ်စေတဲ့ရနံ့မွှေးမွှေးလေးရယ်ကြောင့် လိမ်းပြီးရင်းလိမ်းချင်နေလို့ Cassie အိတ်ထဲမှာအမြဲဆောင်ထားရသူလေးလည်း ဖြစ်ပါတယ်ရှင့်။

လုပ်ငန်းခွင်အတွင်းမှာဘဲဖြစ်ဖြစ် လူအများကြားသွားလာရတဲ့အခါဖြစ်ဖြစ် တက်တက်ကြွကြွလန်းလန်းဆန်းဆန်းလေးနဲ့ ပန်းလေးတစ်ပွင့်လို တောက်ပနေစေဖို့အတွက်ဆိုရင်တော့ Peach Moisturizing Lotion လေးကိုသာ ဆောင်ထားပါတော့နော်။ 😍😍

Photos from Cassie's Skincare's post 02/05/2023

Cassieရဲ့ ချစ်တို့အတွက် အသားအရည်ခြောက်ခြင်းအကြောင်းလေးတွေနဲ့ ဘယ်လိုထိန်းသိမ်းသင့်လဲဆိုလဲ သဘာဝနည်းလမ်းလေးတွေကို အရင် post မှာမျှဝေခဲ့ပါတယ်နော်

ဒီတစ်ခါတော့ အသားအရေအတွက်လိုအပ်သော အာဟာရဖြည့်ခြင်းနဲ့ စိုပြေကြည်လင်ခြင်းတို့အတွက်အထူးကောင်းမွန်တဲ့ လျှို့ဝှက်ချက်လေးတစ်ခုကိုပြောပြပေးပါမယ်ရှင့်..

ဒါကတော့အသားအရေအတွက် ပုံမှန်လိုအပ်သောအာဟာရဖြစ်တဲ့ vitamin E၊ စိုပြေကြည်လင်ခြင်းအတွက် အဖြေစစ် moisturizing ရေဓာတ်ဖြည့်ပေးခြင်း၊ အသားလေးနုနုအိအိဖြစ်ပြီး အရေးအကြောင်းလေးတွေ မပေါ်လာအောင်လည်း ကာကွယ်ပေးနိုင်အောင်၊ အသားအရောင် ညီညီညာညာလေးနဲ့ လင်းလင်းထင်းထင်းလေးဖြစ်နေအောင် စတဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းပုံဖော်ထားတဲ့ Cassie’s Skincare Products ရဲ့ ထုတ်ကုန်လေးဖြစ်တဲ့ Moisturizing Lotion လေးတွေရှိနေပါပြီရှင့်..

သဘာဝပစ္စည်းတွေကနေအခြေခံထုတ်လုပ်ထားတဲ့ Lotion လေးတွေဖြစ်တဲ့အတွက် ကလေးငယ်တွေကစလို့ လူကြီးသူမတွေအထိ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်ရှင်.

ကိုယ့်အသားအရေအမျိုးအစား လိုအပ်ချက်ပေါ်မူတည်ပြီးရွေးချယ်အသုံးပြုနိုင်ဖို့အတွက် Moisturizing Lotion (၄)မျိုးတောင် ရွေးချယ်စရာလည်းရှိပါတယ်နော်.
ကဲ… ဒါဆိုရင်တော့ နေတွေဘဲပူပူ လေတွေဘဲတိုက်တိုက် air con ထဲမှာအကြာကြီးနေရလို့ဘဲဖြစ်ဖြစ် အသားအရေ ခြောက်ကပ်ပျက်စီးမှုတွေအတွက် ဘာမှစိတ်ပူစရာမရှိတော့ဘူးနော်..

Cassie’s Moisturizing Lotion လေးပုံမှန်လိမ်းထားလိုက်ရုံနဲ့ အေးဆေးဖြစ်သွားပြီရှင့်
ရွေးချယ်စရာ (၄)မျိုးကတော့..
(၁) Peach Moisturizing Lotion
(၂) Neem Moisturizing Lotion
(၃) Sandalwood Moisturizing Lotion
(၄) Thanakha Moisturizing Lotion တို့ရှိပါတယ်။ Lotionတစ်မျိုးချင်းရဲ့ ပုံလေးတွေမှာလည်း ကြည့်လို့ရပါတယ်နော်..

17/04/2023

မင်္ဂလာရှိ​သော နှစ်သစ်ဖြစ်ပါ​စေရှင့် 🙏🙏

♥️ Cassie ချစ်သူများနှင့်အတူ မြန်မာပြည်သူပြည်သားများအားလုံး မြန်မာ့နှစ်သစ်ဦးအချိန်အခါမှစပြီး ​ကျန်းမာရွှင်လန်းကြပါ​စေ။ ​​​ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပြီး ​နေ့ရက်တိုင်းမှာ ​ပျော်ရွှင်ချမ်း​မြေ့ကြပါ​စေလို့ ဆု​တောင်း​မေတ္တာပို့သလိုက်ပါတယ်ရှင်.. ။ ♥️

02/04/2023

Cessie ရဲ့ ချစ်သောတို့ရေ..

နွေလယ်​ခေါင်ရောက်လာပြီဆိုတော့ နွေပူလေပူမှာ အသားအရေတွေမွဲခြောက်ခြောက်ဖြစ်ကုန်မှာ အရေပြားအရောင်လေးတွေမညီမညာနဲ့ ညိုကုန်မှာ ရေဓာတ်ခမ်းခြောက်လို့ အသားအရေခြောက်ပြီးယားတာတွေ ဖြစ်ကုန်မှာ စိုးနေရပြီလား...

ပြင်ပနေပူလေတိုက်ထဲ မထွက်ဖြစ်ပေမယ့် air con ခန်းထဲမှာ အနေများပြီး အသားတွေခြောက်ကပ်ကပ်ဖြစ်သလိုခံစားရတာတွေရော ရှိနေသေးလားရှင့်..
ကိုယ့်နဂိုအသားစိုစိုလေးတွေ ခြောက်သွေ့ပျက်စီးမှာတွေးပူနေတဲ့ ချစ်တို့အတွက် အရေပြားမှာရှိတဲ့အစိုဓာတ်လေးတွေ ထိန်းသိမ်းဖို့ နေ့စဉ်ဘဝမှာ အလွယ်တကူကျင့်သုံးနိုင်တဲ့နည်းလမ်းကောင်းလေးတွေ မျှ‌ဝေပေးမယ်နော်..

၁. အိပ်ယာထတာနဲ့ အရင်ဆုံးလုပ်တတ်တဲ့ မျက်နှာသစ်ခြင်း၊ ကိုယ်လက်သန့်စင်ခြင်းနဲ့ ရေချိုးခြင်းတွေ ပြုလုပ်ရာမှာ အရေပြားကို ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ခြင်း အချိန်ကြာမြင့်စွာဆေးကြောသန့်စင်ခြင်းနဲ့ cleaser (သို့မဟုတ်) ဆပ်ပြာနဲ့ လိုတာထပ်ပိုပြီး ထပ်ကာထပ်ကာ တိုက်ချွတ်ခြင်းတွေ မပြုလုပ်ရပါဘူး။ အဲ့လိုပြုလုပ်ခြင်းတွေကြောင့် အရေပြားအပေါ်ယံအလွှာမှာရှိသင့်တဲ့ အဆီဓာတ်နဲ့ ရေဓာတ်တွေ ဆုံးရှုံးပြီး ခြောက်သွေ့တဲ့အသားအရေမျိုးဖြစ်သွားနိုင်ပါတယ်နော်။

၂. တစ်ချို့သောအေးတဲ့ဒေသတွေမှာဆိုရင် ကိုယ်လက်သန့်စင်ရာမှာ ရိုးရိုးရေအစား ရေနွေးလေးစပ်ပြီး သုံးလေ့ရှိပါတယ်။ အဲ့လိုသုံးတတ်သူတွေအနေနဲ့လည်း ရေရဲ့အပူချိန်ကို အတတ်နိုင်ဆုံးလျှော့ချပြီး နွေးတယ်ဆိုရုံ အပူပျော့ပျော့လေးသာ ရောစပ်သုံးသင့်ပါတယ်။ ဒါမှသာ ကိုယ့်အသားအရေအစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်ရှင့်။

၃. မျက်နှာသစ်ပြီးစ ရေချိုးပြီးခါစအချိန်တွေမှာ အရေပြားရဲ့ အပေါ်ယံမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားလိုက်တဲ့အတွက် အသားထိန်းသိမ်းတဲ့ ပစ္စည်းတွေ အစိုဓာတ်ဖြည့် products တွေကို သုံးပေးဖို့ အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်နော်။ အရေပြားပေါ်ကပ်နေတဲ့ အညစ်အ‌ကြေးတွေ မရှိတော့တဲ့အခါ လိမ်းလိုက်တဲ့ product ရဲ့ အာနိသင်ကို အသားအရေအတွင်းပိုင်းထိ စုပ်ယူနိုင်တာမို့ အသားအရေအားဖြည့်ဖို့ အသားအရောင်လေးကြည်လင်လာစေဖို့ ထိရောက်တဲ့ရလာဒ်ကောင်းလေးတွေ ရရှိလာမှာပါ။

၄. ညအချိန်မှာဆိုရင်လည်း အရေပြားကတစ်ဆင့် အသားအရေအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို ပိုမိုစုပ်နိုင်တဲ့အချိန်ဖြစ်တဲ့အတွက် skincare products လေးတွေကို ညမအိပ်ခင် လိမ်းပေးခြင်းဟာလည်း ကျန်းမာတဲ့အသားအရေလေးရရှိဖို့ လိုက်နာရမယ့်အချက်လေးဘဲ ဖြစ်ပါတယ်ရှင့်။

၅. နောက်တစ်ချက်ကတော့ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့အချိန်တွေမှာ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ နေရောင်ပြင်းပြင်းအောက်မှာ ကြာမြင့်စွာ မနေမိအောင် အတတ်နိုင်ဆုံး သတိထား ကာကွယ်ရမှာဘဲ ဖြစ်ပါတယ်။ နေရောင်နဲ့ထိတွေ့မှုများလာတာနဲ့အမျှ အသားအရေတွေခြောက်လာမယ်။၊ အရေးအကြောင်းနဲ့ နေလောင်ကွက် အမဲစက်တွေဖြစ်ပေါ်လာမယ်။ အသားအရောင် မညီမညာဖြစ်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် မဖြစ်မနေနေပူပူထဲသွားရပြီဆိုရင် ပူပြင်းတဲ့နေရောင်ကိုယ့်အသားပေါ် တိုက်ရိုက်မထိတွေ့ရအောင် ထီး၊ ဦးထုပ်၊ အပေါ်ထပ်အင်္ကျီပါးလေးတွေသုံးခြင်း ကိုယ့်အသားအရေနဲ့သင့်တော်တဲ့ sunscreenဖြစ်စေ (သို့) သနပ်ခါး ဖြစ်စေ (သို့) Lotion တစ်မျိုးမျိုးဖြစ်စေ လိမ်းသွားခြင်းစတဲ့ နည်းလမ်းကောင်းလေးတွေကို သုံးပြီး အသားအရေ နုပျိုမှုကို ထိန်းသိမ်းသင့်ပါတယ်နော်။

၆. ကျန်းမာစိုပြေတဲ့အသားအရေလေးပိုင်ဆိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ပုံမှန်စားသောက်မှုပုံစံကိုလည်း အရေးထားဂရုစိုက်သင့်ပါတယ်ရှင်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ရေဓာတ်နဲ့ အဆီဓာတ်တွေပါဝင်အောင် စားသောက်ပေးသင့်ပါတယ်။ သစ်သီးတွေရဲ့အစေ့အဆံ့တွေ အရည်ရွှမ်းတဲ့အသီးအနှံတွေနဲ့ omega-3 ကြွယ်ဝစွာပါဝင်တဲ့ ငါးအမျိုးမျိုးတို့ဟာ အသားအရေ​ကောင်းဖို့အတွက် ပါဝင်အောင်စားသုံးပေးသင့်တဲ့ အစားတွေဘဲဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ တစ်နေ့တာအတွက်လိုအပ်တဲ့ ရေပမာဏကို ပြည့်အောင်သောက်သုံးပေးရမှာဖြစ်ပါတယ်နော်။ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစား နဲ့ ကျား/မပေါ်မူတည်ပြီးတော့ ယေဘူယျအားဖြင့် ရေ ၂ လီတာမှ ၄ လီတာ (ရေသန့် ၂ ဗူး မှ ၄ ဗူးစာ) ပြည့်အောင်သောက်ပေးဖို့လိုပါတယ်။

၇. လုပ်ငန်းခွင်မှာ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့သူမျိုးဆိုရင်တော့ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဟာလည်း အသားအရေအတွက် အကျိုးပြုတဲ့ အချက်တစ်ချက်ပါဘဲ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေလုပ်ပေးတဲ့အခါမှာ ကိုယ်အလေးချိန်ထိန်းပေးခြင်း ကျန်းမာကြံ့ခိုင်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်းသွေးလှည့်ပတ်မှုတွေလည်း ပိုကောင်းလာပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ အောက်စီဂျင်နဲ့ အသားအရေဆဲလ်တွေအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်အတွင်းပိုင်း နေရာအနှံ့အပြားရောက်အောင် ထိထိရောက်ရောက်ပို့ဆောင်ပေးနိုင်ပါတယ်။ အရေပြားဆဲလ်တွေ အားဖြည့်ပေးနိုင်သလို ဆဲလ်သစ်ဖြစ်ပေါ်မှုနဲ့ collagen ထုတ်လုပ်နိုင်မှုတွေကို လှုံ့ဆော်ထောက်ပံ့ပေးနိုင်တဲ့အတွက်ကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေကို တားဆီးပေးနိုင်ပြီး နုပျိုတဲ့အသားအရေထိန်းသိမ်းခြင်းကို ကူညီပေးနိုင်တဲ့အချက်လေးတစ်ချက်ဖြစ်ပါတယ်ရှင့်။

အခုဆိုရင်တော့ Cassie ချစ်ရသူတွေအတွက် အလွယ်တကူနဲ့ အသားအရေထိန်းသိမ်းနိုင်တဲ့အချက်လေးတွေ အစိုဓာတ်ဖြည့်ရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်တာဘဲဖြစ်ပါတယ်ရှင့်။ နေ့တိုင်းလုပ်နေကျ အလုပ်လေးတွေလုပ်ရင်းနဲ့ဘဲ လိုက်နာနိုင်တဲ့အချက်လေးတွေဘဲဖြစ်တာကြောင့် ဆောင်ရန်ရှောင်ရန်လေးတွေကို သတိထားပြီးလုပ်ကြည့်ရအောင်နော်။
ပိုပိုလှတဲ့ နေ့ရက်တွေဆီကို Cassie နဲ့အတူ လျှောက်လှမ်းကြမယ်နော် 💗💗
အခုမျှဝေပေးတဲ့နည်းလမ်းလေးတွေအပြင် ကိုယ်သုံးနေကျ အသားအရေ ထိန်းသိမ်းနည်းလေးတွေရှိရင်လည်း comment မှာ share ပေးကြပါဦီးနော်.. အားလုံးတူတူလှလို့ရအောင်လေ 💃💃

02/04/2023

Cassie’s အချစ်များအားလုံး မင်္ဂလာနေ့လေးဖြစ်ပါစေရှင့်
ဒီနေ့ မမတို့ကိုမေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ်နော်..
ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတိုင်းလိုလို ပိုင်ဆိုင်ချင်ကြတဲ့အရာလေးတစ်ခုက ဘာများဖြစ်မလဲနော်
ဖြေကြည့်ပေးပါလား…
Cassie ရဲ့အဖြေလေးကတော့ “အလှတရား”လေးပါရှင်.
ကိုယ်တိုင်လည်း လှပတဲ့သူလေးဖြစ်ချင်သလိုမိန်းကလေးတိုင်းလိုလိုလည်း အချောအလှလေးတွေဖြစ်ချင်ကြမယ်ထင်ပါတယ်နော်.
အားလုံးမြတ်နိုးကြတဲ့အလှတရားဆိုတာလည်း သဘာ၀ပေါ်အခြေခံမှ စစ်မှန်တဲ့ အလှအပလေးတွေပိုင်ဆိုင်နိုင်ကြပါမယ်ရှင်.
ဒါကြောင့် သဘာ၀တရားထဲကနေ အလှအပလေးတွေကို ဘယ်လိုဖော်ထုတ်ကြမယ်ဆိုတာကို Cassie’s Page လေးမှာတူတူ ရှာဖွေဖော်ထုတ်ကြမယ်နော်.
ကျန်းမာလှပပျော်ရွှင်စရာ ဘ၀လေးများပိုင်ဆိုင်ကြပါစေရှင့်

12/03/2023

Cassie ရဲ့ Page လေးကိုရောက်လာသူအားလုံးမင်္ဂလာပါရှင့်
ကျန်းမာလှပစွာနဲ့ ပျော်စရာနေ့ရက်လေးတွေဆီသို့ Cassie နဲ့အတူတူလျှောက်လှမ်းကြမယ်နော် 🥰🥰

Category

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Cassie's Skincare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.